ဘော်ဒီဂတ်

etoneNovember 18, 20101min820

ဟိုးတလောက မင်းသမီးနန်းဆုရတီစိုး ပျောက်သွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး အင်တာနက်စာမျက်နှာများပေါ်မှာ တော်တော်လေး သတင်းဆူသွားခဲ့တာ မှတ်မိကြမှာပါ ။ ပျောက်သွားတဲ့အကြောင်းရာကို မင်းသမီးကရှင်းပြပေမဲ့ ကျေနပ်လောက်အောင် ပရိတ်သတ်မယုံသေးပါဘူး ။ အခုလည်းကြားရတဲ့သတင်းက မင်းသမီးနန်းဆုရတီစိုးအတွက် အမျိုးသမီးဘော်ဒီဂတ်တစ်ဦး ငှားထားပါတယ် ဆိုတာပဲ ။ သူမဟာ နန်းဆုဘေးမှာ အချိန်ပြည့်နေရမည်ဖြစ်ကြောင်းလည်းသိရပါတယ် ။ နိုင်ငံကျော်မင်းသမီးတို့များ စိတ်ပူပြီး ကာကွယ်လိုက်ပုံက ပိုင်ပါပေတယ် ။ … ထိုသတင်းလေးကြားကြားချင်း အဆက်ဆက်မရှိ တွေးမိလိုက်တာက နေအိမ်အကျယ်ချုပ်က လွတ်လာတဲ့ အန်တီစုအကြောင်းပါပဲ ။ နေအိမ်အကျယ်ချုပ်က လွတ်လာတာ တစ်ပတ်တောင် မပြည့်သေးတဲ့ အန်တီစုက ပြည်သူတွေကြားမှာ သွားလာနေသော်လည်း သူမဧ။် အသက်အန္တရာယ်အတွက် ဘော်ဒီဂတ်ထားခြင်းဆိုတာမျိုးတွေ မတွေ့ရပါဘူး ။ ပါတီဝင်တွေသာ ဘေးမှာရှိနေခဲ့တာပါ ။ ဒီလောက် တိုင်းချစ်ပြည်ချစ် ဒီမိုကရေစီခေါင်းဆောင် တစ်ဦးမှာ မမြင်အပ်တဲ့ အန္တရာယ်တွေရှိလာနိုင်တဲ့အတွက် သက်တော်စောင့်တွေထားသင့်ပါတယ် ။ မနေ့က DVB က လာတဲ့သတင်းတွေကြည့်လိုက်ရပါတယ် အန်တီစုသွားတဲ့နေရာတိုင်းမှာ ပြည်သူတွေတခဲနက်အားပေးထောက်ခံ နှုတ်ဆက်ကြတာတွေ့ရလို့ ကြည့်ရင်းနဲ့တောင် မျက်ရည်ဝဲသည်အထိ ဖြစ်ခဲ့ရပါတယ် ။ http://thawthikho.blogspot.com/ မှာ ဖတ်ရတဲ့သတင်းအရဆိုရင် အန်တီစုအတွက်စိတ်ပူမိပါတယ် ။ ဘော်ဒီဂတ်တွေဘေးမှာ များများထားပါလို့လည်း ဆန္ဒပြုချင်ပါတယ် ။ ပြည်သူတွေဘက်ကလည်း ဟောပြောပွဲတွေသွားတဲ့အခါမှာ မသမာသူတွေရဲ့ အဖျက်လုပ်ရပ်တွေမလုပ်လာနိုင်စေရန် ဘေးဘီဝဲယာကြည့်ပြီး ဟောပြောပွဲကို အားပေးကြပါလို့ မှာလိုက်ချင်ပါတယ် ။ မနေ့က ကြားရတဲ့သတင်းအရဆိုရင ်ဆီးတီးစတာ းဟော်တိုအောက်ထပ်က အင်တာနက်ဆို်ငမှာ ဗုံးတွေ့ကြောင်း ကြားရပါတယ် ။ ထိုဖြစ်ရပ်နဲ့ ဆိုင်မဆိုင်မသိပေမဲ့ မနေ့က ညဆယ်နာရီကျော်အထိ ဗိုလ်ချုပ်လမ်းမကြီးပေါ် လသာမှတ်တိုင်နားမှာ မြို့ထဲက ပြန်တဲ့ကားတွေကို တစ်စီးစီစစ်နေတာလည်း တွေ့ခဲ့ပါသေးတယ် ။ ဆူးလေအနီးတဝိုက်နဲ့သိမ်ကြီးဈေးနားထိ လမ်းဘေးဈေးသည်လေးတွေလည်း စောစောစီးစီး ဈေးသိမ်းတာ တွေ့ရပါတယ် ။ မန္တလေးဂေဇက် မန်ဘာတွေ အားလုံးပဲ သတိနဲ့ ယှဉ်၍ သွားလာကြပါလို့ ဆန္ဒပြုရင် း …….. ။ ။