မင်းတို့ သိရဲ့လား

whiteNovember 18, 20101min19312

နွားခြံတစ်ခုမှာပေါ့
နွားသိုး က ၃ကောင်ရှိတယ် နွားမက ၁၀ဝ ရှိတာပေါ့ ……… နွားသိုး ၃ကောင်က
ခွဲတမ်းနဲ့ နွားမတွေကို ပိုင်ကြတယ်။ အကြီးဆုံးကောင်က ၅ဝ ပိုင်တယ်၊
အလတ်ကောင်က ၃၀၊ အငယ်ဆုံးကောင်က ၂ဝ ပေါ့။
တစ်နေ့မှာ ခြံရှင်က နွားပေါက်နှုန်းနည်းလို့ဆိုပြီး နွားသိုးတစ်ကောင်ထပ်ဝယ်တော့ ……

နဂိုရှိတဲ့ ၃ ကောင်က မကျေနပ်ဘူး။ သူတိုရဲ့  နွားမတွေခွဲပေးရမှာဆိုတော့ …….
သူတို ၃ ကောင် တိုင်ပင်တာပေါ့။ အကြီးဆုံးကောင်က စပြီးပြောတယ်၊
” ငါကတော့ တစ်ကောင်မှ မခွဲပေးနိုင်ဘူးကွ ” အလတ်ကောင်ကလည်း “ငါလည်းမပေးနိုင်ဘူး”
ဒေါသတွေ ထွက်နေကြတာပေါ့ ၃ ကောင်စလုံး…..
ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့ နွားသိုးအသစ်က ရောက်လာရော။ ၁ဝ ဘီးကားနဲ့ ခြံထဲဝင်လာတယ်။
ကားပေါ်ကနေ နွားသိုးကြီးလည်းဆင်းလာရော (၁၀) ဘီးကားက ခေါင်းတောင် ထောင်သွားတယ်။
နွားသိုး ၃ကောင်လန့်သွားတာပေါ့။ ဒါနဲ့အကြီးဆုံးကောင်က “ငါတော့ ၂၀
ကောင်လောက် ခွဲပေးလိုက်တော့မယ်ကွာ။”  အလတ်ကောင်ကလည်း “အေး….ငါလည်း ၁၀
ကောင်လောက်တော့ ခွဲပေးမှဖြစ်မယ်ကွ”
အငယ်ဆုံးကောင်က ဘာမှမပြောဘူး။ နှာမှုတ်လိုက် ခွာယှက်လိုက်ပဲလုပ်နေတယ်…..ဒါနဲ့
အကြီး ၂ ကောင်ကမေးတာပေါ့။ “ဟေ့ကောင်….. မင်းလဲ နည်းနည်းခွဲပေးလိုက်လေကွာ မင်းနာအုံးမယ်”ပေါ့။ ဒါနဲ့ အငယ်ကောင်က ပြန်ပြောတယ် ” အေး……ငါသိတယ်ကွ၊
ငါ့ကို အထီးမှန်းသိအောင် ငါလုပ်ပြနေတာ မင်းတို့ သိရဲ့လားတဲ့။

12 comments

  • intro

    November 18, 2010 at 9:23 am

    သူ့အလှည့်ကျတော့ ကြောက်တတ်သား… 😀

  • ဆူး

    November 18, 2010 at 10:10 am

    ဖတ်ရင်းနဲ့ နောက်ဆုံး စာကြောင်း ရောက်တော့ ရီမိတယ်။

  • koyinmaung

    November 18, 2010 at 10:18 am

    ဘာလဲကိုယ့်ကိုယ်ကိုဖြိုးရေးနေတဲ့ဇာတ်ကောင်ထင်သွားမှာစိုးလို့မို့လါး အမလို့ထင်သွားတော့လဲပေါင်းလို့ရနေတဲ့ခေတ်ရောက်နေပြီ… လါလေရော့ဖြိုး…

  • white

    November 18, 2010 at 10:32 am

    အင်း ……. ဖြိုးနဲ့အပေါင်းပါတွေကတော့ ဒီပို့စ်ဖတ်ပြီး ကျောချမ်းနေမှာတော့ မြင်ယောင်သေးဗျာ ……… ဟားဟား

  • naywoonni

    November 18, 2010 at 4:04 pm

    ဒီအခြောက်တွေလားကျောချမ်းနေမှာ…….

  • bigcat

    November 19, 2010 at 2:58 am

    ဟားဟားဟားနဲ့ အားမရလို့ ဟီးဟီးဟီး.. ဟိုးဟိုးဟိုး… လို့ပါအော်ဟစ်ရယ် လိုက်ရပါတယ်။

  • နိုဝင်ဘာ (၆)ရက်နေ့က အာဂျင်တီးနား နိုင်ငံတွင် Gay များ စုရုံးအင်အားပြ ချီတက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ လိင်တူချင်း လက်ထပ်ခွင့်ကို ပထမဆုံး တရားဝင် ခွင့်ပြုခဲ့သည့် နိုင်ငံအဖြစ် အာဂျင်တီးနားက မှတ်တမ်းရေးထိုးခဲ့ပြီးနောက် ယင်းအတွက် ထောင်နှင့်ချီသော Gay များက အောင်ပွဲခံ စီတန်းလှည့်လည်ကြခြင်းဖြစ်သည်။ ရောင်စုံခြယ်သထားသူ Gayများစွာတို့သည် ယခုချီတက်မှုတွင် စုရုံးပါဝင်ခဲ့ကြပြီး လိင်ပြောင်းလဲ ခွဲစိတ်ထားသူများအတွက် အခွင့်အရေးများကို တောင်းဆိုသွားနိုင်ရန် ရည်ရွယ်ထားးကြောင်းလည်း ပြောဆိုသွားသည်။

    အာဂျင်တီးနား Gay၊ Lesbianများနှင့် လိင်ပြောင်းလဲထားသူများ အဖွဲ့ချုပ်မှ ဥက္ကဌဖြစ်သူ အန်စတာဘန်ပေါ်လိုက ဇူလိုင်(၂၁)ရက်နေ့ ဥပဒေကို အတည်ပြုခဲ့ပြီးနောက်ပိုင်း လိင်တူချင်း လက်ထပ်သည့် စုံတွဲပေါင်း (၅၀၀)ကျော် ရှိလာပြီဟု ပြောကြားခဲ့သည်။ ဗျူနိုအေးရီးစ်ရှိ Gayနှင့် Lesbianချိန်ဘာ တည်ထောင်သူ ပက်ဘလိုဒီလူကာက ဥပဒေကြောင့် နိုင်ငံ၏ ခရီးသွား လုပ်ငန်းအပေါ် အထောက်အကူ ပြုခဲ့ပြီး ဥပဒေ ပြဌာန်းချိန်နောက်ပိုင်း အာဂျင်တီးနားသို့ လာရောက်လည်ပတ်သူ Gayကမာ္ဘလှည့်ခရီးသည် တစ်သိန်းကျော် တိုးပွားလာကြောင်း ပြောဆိုသွားသည်။ “ကျွန်တော်တု့ိဆိုရင်လည်း Gayအခွင့်အရေး အပြည့်အဝရှိတဲ့ နိုင်ငံမျိုးကိုပဲ ပိုသွားချင်တာပေါ့”ဟု ဒီလူကာကဆိုသည်။ အစိုးရက အတည်ပြု ပြဌာန်းပေးလိုက်သော ဥပဒေကို အာဂျင်တီးနား၏ ဩဇာကြီးမားသော ရိုမန်ကက်သလစ် ဘုရားကျောင်းကမူ အစဉ်တစိုက် ကန့်ကွက်နေဆဲဖြစ်သည်။ နိုဝင်ဘာ (၆)ရက်နေ့ စီတန်းလှည့်လည်မှုကို ဗျူနိုအေးရီးစ်တွင် ပြုလုပ်ခဲ့ပြီး လိင်တူ ဆက်ဆံသူများအတွက် အခွင့်အရေး အပြည့်အဝရရန် သံပြိုင်အော်ဟစ်ကာ Gayများစုရုံးချီတက်ခဲ့ကြောင်း သိရှိရသည်။
    (ဘာရယ်ဟုတ်ပါဘူး သတင်းတစ်ခုမှာ ဖတ်ရလို ့ပြောပြတာနော် ကော်မန် ့ အနေနဲ ့ဘဲ ဖြစ်တဲ့အတွက် ဆိုက်နာမည် တော့ မပြောတော့ပါဘူး)

  • char too lan

    November 19, 2010 at 8:44 am

    hahaa 😀 😀 😀 တော်တော်ရီရတယ် ဦးကြောင်ကြီးလိုတောင်အော်ရီချင်သေးတယ် အဘပုဇာတိပြလာပီနော်
    တူမကြီးဖြိုးလဲ ဘယ်ဂိုးသွာပါလိမ့် ~~~:P

  • kopauk mandalay

    November 19, 2010 at 11:57 am

    ကိုကိုချန်တာလူးရယ်
    လွမ်းနေရင် လူပျောက်ရှာပြီးလိုက်သွားလိုက်ပေါ့ ။

    ကိုကြီး ပုနီကယ်အောင်ဂျော်မိုက် ရေ
    ခင်ဗျားနဲ့ကျနော် အဲဒီ နိုင်ငံကိုသွားပြီး မင်းတုန်းမင်းလက်စွဲ ဆရာခဲ ရဲ့ စာကလေးဆေးတော်ကြီးသွားရောင်းရင်
    သူဌေးဖြစ်လောက်တယ်နော်။

    ကိုအတော တို့ မဆူးမမ တို့ မမယ်မတို့ ကိုဝှီတီတ ို့ ကိုနီဝန်းနေ တို့ ကိုချုးတာလန်တို့ ကိုကြောင်ယောင်ဆောင်တို့လဲ ဒီဆေးရောင်းတဲ့အထဲကို ရှယ်ယာပါမယ်ဆိုရင် တစ်ယောက်ကို ဆယ်ရာခိုင်နှုန်းရှယ်ယာပါခွင့် ပြုပါမယ်။
    ဘော်ဘော်တွေမို့လို့ပါ သေချာတာတောင် ဒီလောက်မသေချာနိုင်ဘူး အခွင့်အရေးဆိုတာ တစ်ခါဘဲလာတယ်နော်
    ပါချင်ရင် စာရင်းပေးထားလိုက်နော်.

    • bigcat

      November 20, 2010 at 1:05 am

      ဝင်မယ်ဗျာ၊ တခြားသူတွေ ရှယ်ယာမဝင်ရင် သူတို့ဝေစုကိုပါ ဝယ်မယ်။ အမြတ်တင်ပြီး ရှယ်ယာပြန်ရောင်းမယ်ဆိုလည်း ဝယ်အုံးမှာ။

  • char too lan

    November 20, 2010 at 7:46 am

    လုပ်လိုက်လေကြာသလားလို့ လေးပေါက်ကိုယ့်လူတော့ကိုယ်နိုင်အောင်ထိန်းပေးနော် 😉

  • naywoonni

    November 20, 2010 at 11:48 am

    ကိုပေါက်ရေ…..
    ခင်ဗျားပြောတဲ့ဆေးကမင်းတုန်းမင်းဟုတ်ရဲ့လား?
    ဘာလို့လဲဆိုတော့ကနောင်မင်းသားကအဲဒိဘက်မှာပိုစွမ်းတယ်ကြားဖူးလို့ပါ…
    ရှယ်ယာခေါ်တော့လဲပါရတာပေါ့…တော်ကြာ…တောကြောင်ကြီးကလက်ဝါးကြီးအုပ်သွားမှ………
    အစုရှယ်ယာရောင်းတာကိုအွန်လိုင်းကနေကြေညာမှာလား…တီဗွီကကြေငြာမှာလား….ထိုင်းဈေးကွက်လိုလေ……..နှစ်လုံးကစားမဲ့သူတွေကိုလိုင်းကြေးတောင်းရအောင်လို့…………..

Leave a Reply