အတိတ်က ကြောင်ကလေး အမှတ်တရ – ၂

etoneNovember 18, 20101min742

စိုးရိမ်စိတ်တွေနဲ့  မလှုပ်မယှက်ကြောင်လေးကို ကြည့်ပြီး ရင်ခွင်မှာထားလို့ငိုပြန်ပါတယ် …။ ကြောင်လေးက သေးသေးလေးပါ တပတ်သားဆိုတော့ လက်ခုတ်တစ်ဖက်နဲ့တင်မထားလို့ရပါတယ် ။ ကြောင်လေးသေပြီ … တစ်ကယ်သေပါပြီလို့ စိတ်ထဲကမှတ်ပြီး ထပ်ငိုပြန်ပါတယ် …။ ရင်ခွင်ထဲကပ်ထားတဲ့ကြောင်ကိုယ်လေးကိုပိုက်ပြီး တော်တော်ကြာသည်အထိ ကြောင်ကိုယ်က အေးဆက်တောင့်တင်းခြင်းမရှိတော့ မသင်္ကာတာနဲ့ ကြောင်လေးကို နေရောင်ထဲထုတ်ပြီး ဗိုက်တွေ လည်ပင်းတွေစမ်းကြည့်မှ ကြောင်လေး အသက်ရှုနေမှန်းသိရတော့တယ် ..။ အဲ့ဒီနေ့က ဝမ်းသာမှူမျိုးအရင်က တစ်ကြိမ်တစ်ခါမှမခံစားခဲ့ရဖူးပါဘူး …။ ဆုံးရှုံးသွားပြီဆိုပြီး နှမြောတသဖြစ်နေချိန်မှာမှ ပြန်ပိုင်ဆိုင်ရတဲ့ခံစားမှုမျိုးပါ ..။ ဘာနဲ့မှမတူအောင် ဝမ်းသာရပါတယ် ။ ကြည်နူးရပါတယ်။

ကြောင်လေးမသေတာသေချာသွားခဲ့ပါပြီ သို့သော်လည်း … နင်းခံရကတည်းက အမှူယာအတိုင်းပင် ဇက်ကလေးစောင်းနေပါတယ် …။ အသက်မှန်မှန်လေးဖြေးဖြေးရှူတာကလွဲလို့ ဘာမှလှုပ်ရှားမှ မရှိပါဘူး …။ ကြောင်လေး တော်တော်နာကျင်နေတယ်ထင်ပါတယ် … နာကျင်တဲ့ဝေဒနာနဲ့ သေသွားတော့မှာလား မသိပေမဲ့ သူ့အတွက် တစ်ခုခုလုပ်ပေးချင်ခဲ့တယ်လေ …။

ကျောင်းတက်တုံးက သုံးတဲ့ ခြင်းထောင်းလေးထဲကို ပိတ်စလည်းနည်းနည်းခင်းပြီးကြောင်လေးကို ထည့်ကာ (မျက်နှာပင်မသစ်၊ သွားမတိုက်ရသေးပဲ ) တိရိစာ္ဆန်ဆေးကုခန်းသို့ကြောင်လေးကို ခေါ်သွားပါတယ် …။ ဟိုရောက်တော့ တခြား တိရိစာ္ဆန်တွေလည်းပြပို့လာစောင့်နေတာကြောင့်နာရီဝက်ကျော်လောက် ထိုင်စောင့်ရပါတယ် …။ တိရိစာ္ဆန်တွေကို ဆေးထိုးတဲ့ အခါနာကျင်လို့ရုန်းသံတွေ၊ အော်သံတွေ ၊မန်ဖီသံတွေကြားရတာကလည်း စိတ်ထဲမကောင်းလှပါဘူး ..။ ကျမရဲ့သားလေးကတော့ နင်းခံရတဲ့အတိုင်းအနေထားနဲ့ပါပဲ … ။ ကျမသားကြောင်လေးကို ပြရမဲ့အလှည့်ရောက်လာတော့ ခြင်းထဲက အသာလေးထုတ်ပြီး ကုတင်လေးပေါ်တင်ပေးလိုက်ပါတယ် … ။ တိရိစာ္ဆန်ကုတင်လေးပေါ်ပေါ့ … ဆရာဝန်ကလည်း စာရွက်ကြမ်းတစ်ခုကို ကုတင်ပေါ်အရင်ခင်းပြီးမှ ကြောင်လေးကို ချစေတာပါ… ကြောင်လေးကိုတွေ့တော့ ဆရာဝန်ကဖြစ်ကြောင်းကုန်စင်ကိုမေးပါတယ် ။  ကြောင်လေးမှာ အသက်မသေသော်လည်း ကုသ၍ခက်ခဲမည်ဖြစ်ကြောင်းသိရပါတယ် ..။ နေ့စဉ်ရက်စက်ဆေးထိုးရန်လည်း ဆရာဝန်က ညွှန်ကြားထားပါတယ် …။

ဘာမှမစားတတ်သေးတဲ့ တပတ်သားအရွယ် ကြောင်လေးကို ဆရာဝန်က ဒရစ်သွင်းပါတယ် …။ ကျောကုံးအရေပြားကို ဆွဲပြီးအပ်ထည့်သွင်းတာပါ … အရေပြားထဲဆေးဝင်လို့ဖောင်းလာပြန်တော့ စိတ်မကောင်းဖြစ်ကာ မျက်ရည်ဝဲခဲ့ရပါသေးတယ် ။ ခဏကြာတော့ ဆေးတွေဝင်ပြီး ဖောင်းနေတဲ့ကျောကုံးလေးက နဂိုအနေထားပြန်ရောက်သွားပါတယ်။ တင်ပါးကို ဆေးနှစ်လုံး လည်းထိုးပေးပြီး နောက်နေ့လာခဲ့ဖို့ မှာလိုက်ပါသေးတယ် …။ သောက်ဆေးလေးအစိတ်လေးတွေလည်းပေးပါတယ် … မျောနေပေမဲ့ ဝင်အောင်တိုက်ဖို့လည်းမှာလိုက်ပါသေးတယ် ။ … ကြောင်လေးတစ်သက်လုံးမျောသွားတော့မှာလား…. အကောင်းပကတိပြန်ဖြစ်လာမှာလား …။

2 comments

  • ဆူး

    November 18, 2010 at 10:00 am

    သေပြီမှတ်နေတာ.. မသေသေးဘဲ.. အပိုင်း ၂ ရောက်နေပြီ.. အားပေးနေတယ်နော်

  • etone

    November 18, 2010 at 10:19 am

    ဟီးဟီး မသေသေးပါဘူး ပေက ရှည်ဦးမှာ ။ ရေးပြီးတာ အခုလေးတင်ပဲ အပိုင်းက လေးပိုင်းရှိတယ် ကော်နက်ရှင်မကောင်းလို့ တင်မရလို့ နောက်ဆုံးပိုင်းလေးကျန်နေတယ် ။

Leave a Reply