၈၉နှစ်မြောက်အမျိုးသားနေ ့စာပေဟောပြောပွဲ – Los Angeles

kaiNovember 21, 20091min1142

အမေရိကန်ပြည်ထောင်စုလော့စ်အိန်ဂျလိစ်မြို့မှ Mandalay Gazette – ရတနာပုံနေပြည်တော်သတင်းစာနှင့် အယ်လ်အေစုစည်းသူများ(မြန်မာပြည်) – LA Organizer for Burma  မှ ကြီးမှူးကျင်းပမည့် ၈၉ကြိမ်မြောက် အမျိုးသား နေ့အထိမ်းအမှတ်စာပေဟောပြောပွဲကို၂၀၀၉ခုနှစ်နိုဝင်ဘာလ၂၂ရက်တနင်္ဂနွေနေ့တွင်မွန်ထရီပတ်မြို့နယ် ၆၂၉ အောင် ဇေ’ခန်းမတွင်စည်ကားသိုက်မြိုက်စွာပြုလုပ်ကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိသည်။   အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေကြသောအနုပညာရှင်၊စာရေးဆရာများ ဖြစ်ကြသည ဂန္တဝင်တေးသံရှင်မာမာအေးကအမျိုး သားရေးဂီတ၊ ကဗျာဆရာအောင်ဝေးဂတိနဲ့တာ ဝန်၊ စာရေးဆရာမမေငြိမ်းကချစ်စိတ်စသည့် စိတ်ဝင်စားဖွယ်ခေါင်းစဉ်တို့ဖြင့် စာပေချစ်မြတ် နိုးသူတို့အား ရင်းရင်းနှီးနှီးတွေ့ဆုံဟောပြော သွားကြမည်ဖြစ်ကြောင်းသိရသည်။

နေ့လည်၂နာရီမှညနေ၆နာရီအထိပြုလုပ်မည့် စာပေဟောပြောပွဲသို့မည်သူမဆိုအခမဲ့သွား ရောက်နားထောင်နိုင်ပြီး ပွဲစီစဉ်သူများကလာ ရောက်ကြသည့် စာချစ်ပရိသတ်များအား ကောက်ညှင်းပေါင်းနှင့်အကြော်စုံ၊ လ္ဘက်ရည်၊ ကုလားပဲသူတ်တို့ဖြင့် အခမဲ့ဧည့်ခံကြမည်ဖြစ်ကြောင်းသိရ သည်။

စတင်စီစဉ်ကြစဉ်က ဆရာကြီး မောင်စွမ်းရည် ပါ ပါဝင်ဖိတ်ကြားထားသော်လည်း ဆရာကြီးမှာ ကျမ်းမာရေးအခြေအနေအရ ကြွရောက်နိုင်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။
ယမန်နှစ်က စာရေးဆရာကြီး မောင်သာရနှင့် ဆရာကြီးမောင်စွမ်းရည်ပါ ကြွရောက်ဟောပြောခဲ့ကြသည်။

2 comments

  • thin

    December 14, 2009 at 7:21 am

    အစဉ်အလာကောင်းဖြစ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါတယ်။နောင်လည်းပဲ အလားတူ စာပေလှုပ်ရှားမှုတွေ တိုးသည်ထက်တိုးပြီး လုပ်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါသဗျာ။

  • alinsett (gazette)

    April 1, 2014 at 4:39 pm

    ဂတိနဲ့ တာဝန် ဆိုတာလေး နားထောင်ချင်လိုင်တာ. . .

Leave a Reply