နိုင်ငံပိုင်အားကစားကွင်း ၁၉ ကွင်း ပုဂ္ဂလိကသို့ ငှားရမ်းလိုက်ပြီ

ဂ်စ္စူNovember 18, 20101min682

http://popularmyanmar.com/mpaper/wp-content/uploads/2010/11/Aung-San.jpg

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် ဘောလုံးကလပ်များသို့ နိုင်ငံ ပိုင်အားကစားကွင်း ၁၉ ကွင်းအား နှစ် ၃ဝ စာချုပ်ဖြင့် ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်း ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။”အဖွဲ့ချုပ်ကို ၁၁ ကွင်း၊ ကလပ်အသင်းတွေအတွက် ၈ ကွင်းပါ။ အဖွဲ့ချုပ်ကို လွှဲပေးတဲ့ ကွင်းတွေထဲမှာ ပဒုမ္မာ၊ ဗထူး၊ အောင်ဆန်း၊ သုဝဏ္ဏကွင်းတွေ ပါပါတယ်။ ကလပ်အသင်းတွေ အတွက်က သက်ဆိုင်ရာဒေသက တိုင်းဒေသကြီးကွင်းတွေပါ။ ဥဿာ တစ်သင်းကတော့ ပဲခူးတိုင်းဒေသ ကြီးအရှေ့နဲ့အနောက် နှစ်ကွင်းပါ” ဟု ¤င်းက ပြောသည်။ကလပ်အသင်းများအား ငှား ရမ်းရာ၌ ၃ နှစ် မည်သည့်အခွန်အခမှ မယူဘဲ ၃ နှစ်ကျော်ပါမှ ကွင်းငှား ရမ်းခပေး သွင်းရမည်ဖြစ်ကြောင်း၊ နှစ် ၃ဝ စာချုပ်ပြည့်ပါက ၅ နှစ်တစ်ကြိမ် စာချုပ်သက်တမ်းဖြင့် ဆက်လက် ငှားရမ်းသွားမည်ဖြစ် ကြောင်း သိရသည်။
”ပြင်တဲ့အပိုင်းကတော့ ကိုယ့် ဘာသာကိုယ် ကြိုက်သလိုပြင်။ ပြင်တဲ့ ဏူညေ တော့ပြရမှာပေါ့” ဟု ¤င်းက ဆက်လက်ပြောသည်။နေပြည်တော်တွင် တည် ဆောက ်လျက်ရှိသည့် ဘောလုံး ကွင်းသစ်များနှင့် မန္တလေးတွင်တည် ဆောက်မည့် အမျိုးသားအားကစား ဥယျာဉ်စီမံကိန်း၌ပါသည့် အဆင့် မြင့် ဘောလုံး ကွင်းများအား နိုင်ငံ ပိုင်ကွင်းအဖြစ်သာ ဆက်လက်ထား ရှိသွားမည်ဖြစ်သည်။မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဘောလုံး ကလပ်များသို့ နိုင်ငံပိုင်အားကစား ကွင်းများ ငှားရမ်းပေး ရေးစာချုပ် လက်မှတ်ထိုးခြင်း အခမ်းအနားကို နိုဝင်ဘာ ၈ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည်။
မိုးမြင့်မြတ်@popular myanmar

2 comments

  • mG

    November 18, 2010 at 3:26 pm

    နိုင်ငံကပိုင်တဲ့ အရာတွေတော့ ကုန်ပြီထင်ပါတယ်။နိုင်ငံအတွက် သာမန်နည်းနဲ့ရမဲ့ဝင်တွေဆိုတာ မရှိတော့ထင်ပါတယ်ဗျာ…………………

  • char too lan

    November 19, 2010 at 7:48 am

    နှစ်၃ဝစာချုပ်ဆိုပါလားဟ!! 😉
    ဘယ်အစိုးရကငှားပေးတာလဲ ??ဘယ်သူတွေကငှားယူတာလဲ ??

Leave a Reply