ကံတို့၏အကြောင်း

asiamastersNovember 18, 20101min695

အသုံးများတဲ့ စကားလုံးတွေထဲမှာ ကံဆိုတဲ့စကားလုံးပါဝင်ပါတယ်။ မအောင်မမြင်ဖြစ်ရတဲ့ အခြေအနေမျိုးမှာ လူတစ်ချိုု့ ဟာ ကံပေါ့လေ လို့ပြောတတ်ကြပါတယ်။ တစ်ချို့ကလည်း ကံ ကံ၏အကျိုးပေါ့လေလို့ပြောတတ်ကြပါတယ်။ ကံကိုပါမလာဘူးလို့ပြောသူတွေလဲ
ရှိကြပါတယ်။ ဆိုးရွားတဲ့အခြေအနေတွေနဲ့ တွေ့ကြုံရတဲ့ အခြေအနေမျိုးမှာတော့ ကံဆိုးလိုက်တာလို့ပြောတတ်ကြပါတယ်။ အခွင့် အရေးတွေရပြီး မမျှော်လင့်ပဲ အောင်မြင်မှုတွေ၊ ပစ္စည်းဥစ္စာတွေရရှိချိန်မှာတော့ ကံကောင်းလိုက်တာလို့ ပြောလေ့ရှိပါတယ်။ ကံ ဆိုတဲ့
စကားလုံးလေးဟာ အလွန်သေးငယ်ပေမဲ့ ဒီစကားလုံးကို ဘယ်လိုနဲ့ ဘယ်လောက်နားလည်သလဲဆိုတာကတော့ လူသားအပေါ်မှာ အကျိုးသက်ရောက်မှုကအလွန်ကြီးပါတယ်။ နားလည်မှုလွဲမှားတဲ့လူတွေတစ်ချို့ဟာ လူပျင်းတွေဖြစ်လာပါတယ်။ တစ်ချို့၊ကလည်း
ဘဝမှာ ဦးတည်ချက်ပျောက်ပြီး ရော့တိရော့ရဲနဲ့ ဇွဲလုံးလမရှိသေူတွေဖြစ်လာကြပါတယ်။ တစ်ချိုု့ကလည်း ဘယ်အရာမဆို အလကားလိုချင်ပြီး၊ အခွင့်အရေးကိုသာစောင့်သူတွေဖြစ်လာပါတယ်။ တစ်ချို့ကလာဘ်စားသူတွေဖြစ်လာကြပါတယ်။ ကံရဲ့အကြောင်းကို
သေသေချာချာ နားလည်သဘောပေါက်သူတွေဟာ မဆုံ့မနစ်သော ဇွဲလုံးလရှိသူတွေဖြစ်လာပါတယ်။ ရေရှည်မှာ အောင်မြင်သူတွေဖြစ်လာပါတယ်။ ဒါကြောင့် ကံဆိုတဲ့ စကားလုံးအကြောင်းကို  သေသေချာချာ နားလည်သဘောပေါက်ရန်လိုလာပါတယ်။ ကံဆိုတာကိုအင်္ဂလိပ်ဘာသာစကားနဲ့ပြောရင် စကားလုံးတွေအများကြီးရှိပေမဲ့ အကြမ်းဖျင်းအားဖြင့် Karma , Destiny နဲ့ Luck ဆိုပြီး သုံးမျိုးပြောနိုင်ပါတယ်။

Karma ဆိုတဲ့ စကားလုံးဟာ Oxford Dictionary မှာသွင်းထားပြီးဖြစ်တဲ့စကားလုုံးဖြစ်ပါတယ်။ အသံထွက်က ကာမဂုဏ်ကိုဆိုတဲ့ ကာမ နဲ့နဲနဲဆင်နေတော့မမှားဖို့တော့လိုပါတယ်။ Karma ဆိုတဲ့စကားလုံးကို ့Hindu နဲ့ Buddhist တွေအသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်။
action & reactiion သဘောကိုပြောတာဖြစ်ပါတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ယုံကြည်ခြင်းဖြစ်ပါတယ်။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ ကိုယ်ခန္ဒာနဲ့ သော်လည်းကောင်း၊ နုတ်အားဖြင့်
သော်လည်းကောင်း၊ စိတ်အားဖြင့်သော်လည်းကောင်း ပြုကျင့်လုပ်ဆောင်မိခဲ့အကြောင်းများအားလုံးဟာ မိမိထံသို့ အကျိုးများအဖြစ်နဲ့ တန်ပြန် သက်ရောက်တယ်ဆိုတဲ့အယူအဆပဲဖြစ်ပါတယ်။ action & reaction ဆိုတဲ့သဘောကို ယနေ့ခေတ်သိပ္ပံပညာရှင်များကလည်း
ရှာဖွေတွေ့ရှိပြီး၊ လက်ခံယုံကြည်ပါတယ်။ Hindu တွေနဲ့ Buddhist တွေယုံကြည်တာကတော့ ဒီလို အကြောင်းများက အကျိုးကိုဖြစ်စေတဲ့နေရာမှာ ဒီဘဝမှာ လက်ငင်း အကျိုးပေးတာတွေရှိတယ်။ ဒီဘဝမှာပဲ နည်းနည်းကြာမှ အကျိုးပေးတတ်တာတွေရှိတယ်။ နောင်ဘဝ
တွေမှာမှ အကျိုးပေးတတ်တယ်လို့ယုံကြည်ကြပါတယ်။ ယခုဘဝမှာ ရရှိနေတဲ့ အခြေအနေတွေဟာ ယခင်ဘဝပေါင်းများစွာက ပြုလာခဲ့တဲ့ အကြောင်းများကြောင့် အကျိုးများဖြစ်နေကြောင်းယုံကြည်ကြပါတယ်။ ဒါတွေဟာ Karma ရဲ့သဘောဖြစ်ပါတယ်။

နောက်တစ်မျိုးက Destiny ဖြစ်ပါတယ်။ မြန်မာအဘိဓာန်အရ Destiny ကို ကံ၊ ကြမ္မာ လို့ပဲဘာသာပြန်ပါတယ်။ ဒီ Destiny ကိုတော့ထာဝရဘုရားကို ယုံကြည်တဲ့ဘာသာရေးများကိုု ကိုးကွယ်သူတွေသုံးတာများပါတယ်။ အဓိပ္ပာယ်ကတော့ လူသားတွေမှာ ပါလာပြီးဖြစ်တဲ့၊
လူသားတွေစွမ်းရည်နဲ့ မကျော်လွှားနိုင်တော့တဲ့ အခြေအနေမျိုုးကို ဆိုလိုတာဖြစ်ပါတယ်။ ပြင်သစ် နိုင်ငံမှာ အင်ပါယာ ဘုရင်ဖြစ်ခဲ့တဲ့ နပိုလီယန် ဘိုနာဘတ် ( August 15th, 1769 to May 5th, 1821) ရှိခဲ့ဖူးပါတယ်။ နပိုလီယန်ကို ကော်ဆီကန်ကျွန်းမှာ မွေးခဲ့ပြီး ပြင်သစ်
တပ်မတော်မှာ သာမန်အမြောင်တပ်သားလေးအနေနဲ့ ဘဝကိုစခဲ့ပါတယ်။ ရည်မှန်းချက် အလွန်ပြင်းထန်ပြီး ကြိုုးစားလွန်းတဲ့ အတွက် ပြင်သစ်နိုင်ငံရဲ့ စစ်ရေးရော နိုင်ငံရေးမှာ ပါဦးစီးနိုင်သူဖြစ်လာခဲ့ပါတယ်။ ၁၉ ရာစုနှစ် ဥရောပတစ်ခွင်လုံးရဲ့ နိုင်ငံရေးအပြောင်းအလဲတွေ
အားလုံးလိုလိုမှာနပိုလီယန်ရဲ့လွှမ်းမိုးမှုရှိပါတယ်။ သူအင်အားတောင့်တင်းလာချိန်မှာ ရုရှားနိုင်ငံကို ကျူးကျော်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ သူရှုံးပါတယ်။ သူ့ကို Elba လို့ခေါ်တဲ့ကျွန်းမှာ အကျဉ်းချထားခဲ့ပါတယ်။ သူဟာ ဒီကျွန်းက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး၊ အင်အားပြန်
လည် တည်ဆောက်ပါတယ်။ နောက်တစ်ခါတိုက်ပွဲဝင်ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာ တော့ အင်္ဂလိပ်တွေနဲ့တိုက်တဲ့ Waterloo တိုက်ပွဲမှာ ထပ်ရှုံးပါတယ်။ ဒီအချိန်မှာတော့အင်္ဂလပ်တွေက Saint Helena ကျွန်းမှာ အကျဉ်းချထားခဲ့ပါတယ်။ ဒီကျွန်းမှာ ပဲသေပါတယ်။ သမိုင်း
ပညာရှင်တွေက နပိုလီယန်ဟာ အစာအိမ်ကင်ဆာနဲ့ သေတယ်ဆိုပါတယ်။တစ်ချို့ကတော့ အာဆင်းနစ်လို့ခေါ်တဲ့အဆိပ်ခပ်သတ်ခဲ့တယ်လို့ဆိုပါတယ်။ သူသေခါနီးမှာ သူ့ဇနီးအတွက် လည်ဆွဲ Locket လေးတစ်လုံးပေးခဲ့ပါတယ်။ ဒီ Locket လေးထဲ့မှာစကားလုံးလေး
တစ်လုံးရေးထားပါတယ်။ ဒီစကားလုုံးလေးကတော့ Destiny ပဲဖြစ်ပါတယ်။ ငါဟာဘယ်လောက်ပဲကြိုးစားကြိုးစား နောက်ဆုံးတော့ ဒီလောက်ပဲရမယ်လို့ ဆိုသွားတာပါပဲ။

နောက်ကံကောင်းခြင်းလို့ လူသုံးများတဲ့ Luck ဆိုတာတစ်ခုရှိပါတယ်။ Luck ဆိုတဲ့အဓိပ္ပာယ်ကတော့ The power that make you good ဖြစ်ပါတယ်။ အနက်ကတော့ မိမိကို ကောင်းခြင်းဖြစ်စေတဲ အင်အားလို့ဆိုပါတယ်။ ဒါကြောင့်မို့ ကံကောင်းပါစေတို့လိုဆုတောင်း
တဲ့ကိစ္စမျိုးမှာ သုံးပါတယ်။

ဒါကြောင့်မိမိက ကံ ဆိုတဲ့အသုံးအနှုံး သုံးလိုက်တဲ့အချိန်တိုင်း၊ Karma ကိုသုံးတာလား၊ Destiny ကိုသုံးတာလား၊ Luck ကိုသုံးတာလားဆိုတာ ခွဲခွဲခြားခြားသိရန်လိုပါတယ်။ လူူသားတွေဟာ ဘယ်လောက်အသက်ရှင်ခွင့်ရမယ်ဆိုတာမသိပေမဲ့ လက်ရှိဖြစ်နေတဲ့အခြေအနေ
တွေကနေ ကောင်းသထက်ကောင်းအောင်ကြိုးစာနေကြရမှာဖြစ်ပါတယ်။ ဒီနေ့ဖြစ်နေတာတွေဟာအတိတ်ကံသိုသာ ယိုးမယ်ချနေမယ်ဆိုရင် ကြိုးစားအားထုတ်မှုတွေယုတ်လျှော့သွားပါလိမ့်မယ်။ ကြိုးစားအားထုတ်မှုတွေမရှိရင် ကောင်းမွန်တဲ့ဘဝ တစ်ခုကိုမရနိုင်တော့ပါဘူး၊
လူသားတွေဘယ်အချိန်မှာသေမယ်၊ ဘယ်လိုမျိုးလူ့ဘဝကနေထွက်ခွာသွားရမယ်ဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ ဒါကတော့ လူသားတွေအကြီးမားဆုံး ပဟေဠိပါပဲ။ ချမ်းသာကြွယ်ဝတဲ့သူတွေမှာ အပြစ်ကင်းမဲ့ပြီးအလိုအလျှောက်ချမ်းသာလာသူတွေရှိတယ်။
မိမိရဲ့ ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားနဲ့ ကြွယ်ဝချမ်းသာလာသူများရှိတယ်။ တစ်ချိုု့ ချမ်းသာလာသူများကတော့အကျင့်စာရိတ္တ ဖေါက်ပြန်ပြီး၊ ကလိမ်ကကျစ်တွေနဲ့ ခေတ်ပျက်သူ ဌေးတွေ၊ ရာဇဝတ်ကျူးလွန်သူတွေဖြစ်တယ်။ ဒီလိုချမ်းသာမှုမျိုးဟာ အတိတ်ကကံကောင်း
လို့မဟုတ်ဘူး၊ တာဝန်ကင်းမဲ့မှုတွေဖြစ်တယ်။ လောဘတွေဖြစ်တယ်။ လူသားတွေမှာဘယ်လို Destiny မျိုးလည်းဆိုတာလည်းမသိနိုင်တဲ့အတွက် လူသားတွေဟာ ရှင်သန်ခွင့်ရတဲ့အချိန်အတွင်း မိမိ၏ရှင်သန်ဖွံ့ဖြိုးရာအတွက်သော်လည်းကောင်း၊ မိမိရဲ့ လူအသိုင်းအဝိုင်းရှင်သန်ဖွံ့ဖြိုးရန်သော်လည်းကောင်း မဆုံမနစ်သော ဇွဲ၊ လုံးလ များနှင့် နောက်ဆုံးထွက် သက်အထိကျိုးစားသွားရမည်ဖြစ်ပါကြောင်းရေးသားအပ်ပါတယ်။

5 comments

  • PaukPhaw

    November 18, 2010 at 1:18 pm

    အတိုတို ့ရေ
    ကံသုံးမျိုးထဲမှာ တစ်ခုမရှင်းဘူးဖြစ်နေတယ်
    Luck ဆိုတဲ့ကံအကြောင်းလေးပါ
    နားလည်လွယ်အောင် ဥပမာလေး တစ်ခုလောက်နဲ ့ရှင်းပြပေးပါဦးနော့်

  • kyawmonkant

    November 18, 2010 at 2:41 pm

    karma ဆိုတာကတော့ အင်္ဂလိပ်စကားလုံ းမဟုတ်ပါဘူး၊ သက္ကတစကားလုံးပါ၊ ပါဠိလိုတော့ ကမ္မ kamma မြန်မာလိုတော့ကံပေါ့။ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ“ ဆိုတဲ့ အတိုင်း စေတနာ သည်ကံမည်ပါသည်။ စေတနာ ဆိုတာလဲ စေ့ဆော်တိုက်တွန်းမှုလေးပါ။ စေတနာမပါဘဲ ကံမမြောက်ပါဘူး။ ဥပမာ ပုရွက်ဆိတ် တစ်ကောင်ကို မတော်တဆတက်နင်းမိလို့ သေသွားရာမှာ ပါဏာတိပါတ ကံ မမြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သေစေလိုတဲ့ စေတနာမပါလိုပါဘဲ။ စေတနာပါမှသာ ကံမြောက်ပါသည်။

  • kai

    November 18, 2010 at 10:04 pm

    ဒီစာလေးလဲကောင်းပါတယ်..။ စေတနာကိုမြင်ရလို့ဖြစ်ပါတယ်။
    ကံ၊စိတ်၊ဥတု၊ အဟာရ ဆိုပြီးလူတွေကိုထိမ်းကြောင်းနေတာရှိရမှာ ..မြန်မာတွေက..ကံကိုပုံချလွန်းအားကြီးနေတာကိုလည်း မီးမောင်းထိုးပြနေလို့ပါပဲ.
    ကံ၊ စိတ်၊ ဥတု၊ အဟာရ ဆိုပြီး..တကယ်က … ၄ပုံပုံမှ ကံဆိုတာ ၁ပုံရယ်ပါ။
    အဲဒီကံကိုပဲ.. ဘုရားစာမှာလည်း ကံအမျိုးအစားတွေကို အဆင့်ဆင့်ခွဲသွားပြလိုက်တာ.. အသေးစိတ်တောင်မမှတ်မိတော့ပါဘူး..။ ကာလ၊ ဒေသ၊ အလုပ်လုပ်ပုံတွေနဲ့ဆင့်ဆင့်ခွဲတာမို ့..
    တော်တော့်ကိုများတယ်တော့ သိပါတယ်..။
    ပါဏာတိပါတ ..သူ့အသက်သတ်ခြင်းဆိုတာပဲကြည့်ပါဦး..
    အင်္ဂါငါးမျိုးနှင့် ပြည့်စုံမှ ဒီကံမြောက် (သတ်မှုမြောက်)တယ်ဆိုပါတယ်.. သတ္တဝါဖြစ်ခြင်း၊ သတ္တဝါလို့ သိခြင်း၊ သတ်လို သေစေလို သော စေတနာရှိခြင်း၊ အားထုပ်ခြင်း (သတ်ခြင်း)နှင့် သတ်လို့သေခြင်း တဲ့..။ ကံမြောက်မမြာက်မှာကိုပဲ ..ထပ်ပြီးစိတ်ဖြာထားပါသေးတယ်..။
    ဆိုတော့..။
    နောက်ဆို ..လူမှုကိစ္စတွေလုပ်ရာမှာ … ကံနဲ့ပါတ်သက်ပြီး ပြောတာမျိုးမလုပ်ကြရင် ..တိုးတက်တဲ့လမ်းကြောင်းပေါ်ရှိလာမယ်ထင်ပါကြောင်းလေးပါ..ဖြည့်စွက်လိုက်ရပါတယ်.။

    ==
    asiamasters အနေနဲ့(တတ်နိုင်ပါရင်)ရေးထားတဲ့ပို့စ်တွေကို အီးမေးလ်နဲ့မဖြေပဲ တိုက်ရိုက် ဒီမှာပဲဖြေစေလိုပါတယ်..။
    ဒါမှနောက်ဖတ်တဲ့သူတွေအတွက်လည်း အဖြေရ..အကျိုးရှိ…ဆက်ဆွေးနွေးလို့လည်းရမှာမို ့ပါ..။

  • manawphyulay

    November 19, 2010 at 3:19 am

    ်ိမနောကတော့ ဘယ်လောက်အသက်ရှင်ခွင့်ရမယ်ဆိုတာမသိပေမဲ့ လက်ရှိဖြစ်နေတဲ့အခြေအနေ
    တွေကနေ ကောင်းသထက်ကောင်းအောင်ကြိုးစားနေမှာဖြစ်ပါတယ်။

  • char too lan

    November 19, 2010 at 8:35 am

    ခုတလော asiamasters ရဲ့ပိုစ်တွေအရမ်းကောင်းတယ်နော် ကျနော်ကူးပီးသိမ်းထားတာတွေများနေပီ ကျေးဇူးတင်ပါတယ်

Leave a Reply