A unique teachar, အတုမရှိဗုဒ္ဓမြတ်စွာ (၁)

kyawmonkhantNovember 21, 20101min1025

အတုမရှိဗုဒ္ဓမြတ်စွာ
ဒီပို့စ်လေးကတော့ နိုင်ငံခြားသားတစ်ဦးရေးထားတဲ့ ဗုဒ္ဓဝင်အက်ဆေးပါ။ မူရင်းစာအုပ်ကတော့ Dimensions of Buddhist thought by Francis story ဖြစ်ပါတယ်။ အဲဒီ စာအုပ်ထဲက A Unique teacher ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးထားတာကို ကျနော်ကြိုက်နှစ်သက်လို့ MGညီအကို မောင်နှမများကိုလည်း မျှဝေလိုတဲ့ ဆန္ဒနဲ့ ဘာသာစကား အကန့်အသတ်ရှိတဲ့ကြားထဲက ကြိုးစားပြီး ဆီလျော်အောင် ဘာသာပြန်တင်ပြတာဖြစ်ပါတယ်။ နဲနဲတော့ရှည်မယ်နော်။
သမိုင်းမှာ ကြီးကျယ်မြင့်မြတ်လှတဲ့ ပုံရိပ်များ များစွာပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် လောကမှာ အကြီးကျယ်ဆုံးဘာသာရေးကိုညွှန်ပြခဲ့တဲ့ သကျမင်းသား သိဒ္ဓတ္ထ ဂေါတမလောက် စွဲမက်ဖွယ်ရာ အမှတ်တရဖြစ်စရာ ယခုမျက်မှောက်ခေတ် အချိန်စက်ဝန်းမှာ တယောက်မှ မရှိပါ။ သူဟာ ပုဂ္ဂိုလ်ရေးအနေနဲ့လည်း အတုလ, ဆရာတစ်ယောက်အနေနဲ့လည်း အတုလံ အတူမရှိ အတု မရှိတဲ့သူပါ။ သူ့ရှေ့မှာ မရေမတွက်နိုင်တဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်များ များစွာ ပွင့်ထွန်းခဲ့ပါတယ်။ နောက်လဲ ပေါ်ထွန်းလာဦးမှာပါ။ သံသရာရှည်သမျှ တွေ့ကြုံရမှာပါ။ ဒါပေမယ့် သူတစ်ယောက်တည်းသာ ကျွန်ုပ်တို့ရဲ့ စစ်မှန်တဲ့ သမိုင်းဆိုင်ရာ အသိဉာဏ်မှာ ရှိပါတယ်။ သူ့ဘဝဟာ အံ့ဩဖွယ်ရာများရဲ့ ရင်းမြစ်၊ လှုံ့ဆော်အားပေးမှုတွေရဲ့ ရင်းမြစ်အဖြစ်ရာစုနှစ်ပေါင်း နှစ်ဆယ်မက ဖြစ်တည်ခဲ့ပါပြီ။ ယနေ့တိုင်အောင်လဲ ဆက်လက်ဖြစ်တည်နေဆဲပါ။
ဗုဒ္ဓဘာသာဝင်တိုင်းလိုလို သိဒ္ဓတ္ထမင်းသားရဲ့ ဖွားတော်မူခန်း၊ ငယ်ဘဝရဲ့ ထူးခြားဖြစ်စဉ်များနဲ့ အကျွမ်းတဝင်ရှိကြပါတယ်။ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာကြတဲ့ ထုံးတမ်းစဉ်လာ ပုံပြင်တွေဟာ အဲ့ဘွယ်ရာတွေနဲ့ပြည့်နှက်နေပါတယ်။ တချို့အဖြစ်အပျက်တွေဟာ စာပေ အမှန်တရားအနေနဲ့လက်ခံဖို့ဆိုတာ ခေတ်သစ်လူတို့ရဲ့စိတ်ထဲမှာ ခက်ခဲပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာဟာ တခြားသောဘာသာတွေနဲ့ မကွဲပြားပါဘူး။ သူတို့အားလုံးမှာ သဘာဝလွန်ဖြစ်ရပ်များ၊ ဘာသာတရားကို စတင်တည်ထောင်သူရဲ့ ဘဝအတ္ထုပ္ပတ်နဲ့ ပတ်သက်လို့ ရှုပ်ထွေးနေတဲ့ ကိုးကွယ်ယုံကြည်ကိုင်းရှိုင်းမှု ခေတ်ကာလ ဒဏ္ဍာရီများရှိကြပါတယ်။ ထို့ပြင် အခြားဘာသာ အတော်များများမှာ သဘာဝလွန်ဖြစ်ရပ်များသည် တည်ထောင်သူဟာ နတ်ဘုရားနဲ့ပတ်သက်တဲ့ အရေးပါတဲ့ပုဂ္ဂိုလ်, နတ်ဘုရား ဝင်စားတဲ့ပုဂ္ဂိုလ်, ဒါမှမဟုတ် ကမ္ဘာပေါ်မှာ ဘုရားသခင်ရဲ့ ပြောရေးဆိုခွင့်ရှိသူများအဖြစ်ရွေးထုတ်လိုက်တဲ့ တမန်တော်တယောက်ဖြစ် တယ်ဆိုတာကို သက်သေပြဖို့အတွက် ဘာသာတရားရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းများဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာမှာတော့ အဲဒီ သဘာဝလွန် ဖြစ်ရပ်တွေဟာ လုံးဝအရေးမကြီးပါဘူး။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဟာ အဲဒီအရာတွေကို မပြောခဲ့လို့ပါဘဲ။ ဗုဒ္ဓဘာသာတယောက်ဟာပုံပြင်တွေကို အမှန်အဖြစ် ယုံကြည်ကောင်း ယုံကြည်နိုင်ပါလိမ့်မယ်။ စိတ်ကူးယဉ်ဝတ္ထုအနေနဲ့လည်း ယူဆကောင်းယူဆပါလိမ့်မယ်။ ဗုဒ္ဓရဲ့ အတုလ အတူမရှိ အတုမရှိတဲ့ဂုဏ်ဟာ တန်ခိုးပြာဋိဟာတွေအပေါ်မှာ တည်မှီနေတာမဟုတ်ပါ။ သူ့ဘဝနဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ တန်ဆာဆင်ထားခြင်း မရှိပါဘူး။ ရိုးရိုးလေးပါဘဲ။ ဒါဆိုရင် ဗုဒ္ဓရဲ့ အတုလ အတူမရှိ အတုမရှိတဲ့ဂုဏ်ဟာ ဓမ္မနဲ့ပတ်သက်လို့ ထိုးထွင်းသိမြင် သဘော ပေါက်နိုင်တဲ့ အမှန်တရား သစ္စာအပေါ်မှာဘဲ တည်ရှိနေပါတယ်။
အချက်အလက်များ အားလုံးဟာ ကြည်ညိုအံ့ဩဘွယ်ဖြစ်ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်မှုပြုရာမှာ အားကောင်းပြည့်စုံကြပါတယ်။ သူတို့ဟာ ကျွန်ုပ်တို့ကို ကမ္ဘာကလက်ခံထားတဲ့ တန်ဖိုးများနဲ့ အမြတ်နိုးရဆုံးပန်းတိုင်းများကို စိန်ခေါ်နေတဲ့ အပြင်ဘက်က သာမန်အတွေ့အကြုံတစ်ခုနဲ့ ရင်ဆိုင်စေပါတယ်။
သိဒ္ဓတ္ထမင်းသားခေတ်အချိန်က ကမ္ဘာလောကကြီးဟာလဲ ကျွန်ုပ်တို့ခေတ်နဲ့ သိပ်ပြီးမခြားနားလှပါဘူး။ အဲဒီအချိန်ကလဲ ယနေ့လိုဘဲ လူတွေဟာ ရာထူးအာဏာတွေကို ရှိခိုးဦးညွတ်ကြပါတယ်။ သူတို့ဟာ ဓနဥစ္စာနဲ့ နေရာရဘို့အတွက်ကြိုးစားရုန်းကန်ခဲ့ကြတာပါဘဲ။ အောင်မြင်ချိန်မှာ စည်းစိမ်ချမ်းသာနဲ့ ပျော်ရွှင်ရယ်မောခဲ့ကြပါတယ်။ ရှုံးနိမ့်ချိန်မှာတော့ ဆင်းရဲ့မွဲတေမှုတွေနဲ့ ဝမ်းနဲပူဆွေးခဲ့ကြပါတယ်။ သူတို့ဟာ ချစ်ခဲ့ကြတယ်။ မုန်းခဲ့ကြတယ်။ ရန်ဖြစ်ခဲ့ကြတယ်။ လိမ်လည်လှည့်ဖြားခဲ့ကြတယ်။ တစ်ခါတစ်ရံမှာ သူရဲဘောကြောင်သူများ တစ်ခါတစ်ရံတော့ သူရဲကောင်းများလည်းဖြစ်ခဲ့ကြပါတယ်။ တစ်ခါတစ်ရံမှာ နှမြောတွန့်တိုကြပြီး တစ်ခါတစ်ရံမှာတော့ မြင့်မြတ်ရက်ရောကြပါတယ်။ အခုခေတ်လူတွေအတိုင်းပါဘဲ။ ကာမဂုဏ်အာရုံတွေအပေါ်မှာ တန်ဖိုးကြီးကြီး မားမားထားပြီး ပတ်ဝန်းကျင်က စိတ်ပျက်ဝမ်းနည်းဖွယ်ရာတွေကို လျစ်လျူရှုဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။ နာကျင်ခံစားမှုတွေကို မျက်စိမှိတ် မသိယောင်ပြုပြီး ကျွန်ုပ်တို့အားလုံးကို စောင့်ကြိုနေတဲ့ သေခြင်း တရားမရဏကို မေ့ပျောက်ပြစ်ဖို့ ကြိုးစားနေကြတာဟာဖြင့် ဘုရင်ရော သူတောင်းစားပါ အတူတူဖြစ်ပါတယ်။

5 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2010 at 11:58 am

    ဟုတ်ကဲ့ပါခင်ဗျ ဒီနေ ့မြန်မာသက္ကရာဇ် ၁၃၇၂ ခုနစ် တန်ဆောင်မုန်းလပြည့် (21.11.2010) နေ ့ဟာဆိုရင်ဖြင့်
    ဥပုတ်နေ ့လည်းဖြစ်ပါတယ် ဒီနေ ့မှာ ဘာကြောင့်များ ဗျောက်အိုးတွေဖောက်ကြတယ်ဆိုတာကို ကျွန်တော်မသိပါ
    သိသူများဖြေစေခြင်ပါသည်။(မဖြေတတ်လျှင်လည်းကိစ္စမရှိပါ)
    အထူးသဖြင့် ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ဟာဆိုရင်ဖြင့်
    ယ္ခုအခါတွင် ဤရပ်ကွက်အတွင်း၌ သူများအမေ/အဒေါ်/အန်တီ ကို အဖွားကြီးဟူ၍ ခေါ်ခဲ့မိပါသဖြင့်
    တရားဥပဒေဖြင့်ရင်ဆိုင်နေရပါပြီး (ဟိုတစ်ယောက်နှင့်ပေါင်းပြီး သူများလင်ကိုခိုးစား၍လူမိသည်ထက်ပင်ဆိုးနေပါသည်)
    spaking ပွစိပွစိ ခြင်းငှာမတတ်သာသော်လည်း
    ဓမ္မမိတ်ဆွေ kyawmonkhant ၏
    (သူ့ရှေ့မှာ မရေမတွက်နိုင်တဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်များ များစွာ ပွင့်ထွန်းခဲ့ပါတယ်။ နောက်လဲ ပေါ်ထွန်းလာဦးမှာပါ။ သံသရာရှည်သမျှ တွေ့ကြုံရမှာပါ။
    ဒါပေမယ့် သူတစ်ယောက်တည်းသာ ကျွန်ုပ်တို့ရဲ့ စစ်မှန်တဲ့ သမိုင်းဆိုင်ရာ အသိဉာဏ်မှာ ရှိပါတယ်။) ဆိုတဲ့ စာကြောင်းများမှ
    (သူတစ်ယောက်တည်းသာ ကျွန်ုပ်တို့ရဲ့ စစ်မှန်တဲ့ သမိုင်းဆိုင်ရာ အသိဉာဏ်မှာ ရှိပါတယ်) ဆိုခြင်းအား
    ဤကဲ့သို ့လွယ်လွယ်ကူကူ ရေးခြင်းသည် လွန်လေပြီးသောနှင့် လာမည့် သမ္မာသမ္ဗုဒ္ဓဘုရားရှင်များ ၏ တရားတော်တို ့သည်
    ယ္ခုသော ဘုရားရှင်၏ တရားတော်တို ့နှင့် ကွဲပြားသည်ဟူသော သဘောကို သက်ရောက်စေသကဲ့သို ့
    ဖြစ်နေသည် ရှိပါ၍ ဤစာကြောင်း၏ သဘောအား ပညာအရာ ကြီးတော်မူကုန်သော ဆရာတော်ကြီးများအား
    မေးမြန်းလျှောက်ထား၍ စစ်ဆေးကြည့်ပါလျှင် ကောင်ပါမည်ဟု ရိုးသားစွာ အကြံပေးအပ်ရပါတော့သည်ခင်ဗျား။
    (မှတ်ချက် လုံးဝ ငပွလုပ်ခြင်းမဟုတ်ပါကြောင်း)

    • bigcat

      November 21, 2010 at 5:28 pm

      ဘကြီးပုနဲ့ ကွဲလွဲခွင့်ပြုပါ။ စာရေးသူက သမ္မာသမ္ဗုဒ္ဓဘုရားရှင်များအားလုံးသည် ဂုဏ်တော်အားဖြင့် အတူတူဖြစ်လို့ သူဆိုတဲ့ နာမ်စားသုံးတယ်လို့ထင်ပါတယ်။ ဘုရားလောင်းဘဝနဲ့သာ ပါရမီ ဖြည့်ဆည်းရတဲ့ ဘဝအရေအတွက်သည် ကွာခြားမှုရှိပြီး ဘုရားဖြစ်တော်မူပြီးနောက် ဘယ်ဘုရားက ပိုပြီး ကံ၊ညဏ်၊ဝီရိယ ကြီးသည်ဟု မကြားမိပါ။ အဆင်းပုံသဏ္ဍန်ခြင်းတော့ ကွာကောင်းကွာ ပါလိမ့်မည်၊ ဘာလို့လဲဆိုတော့ ဂေါတမမြတ်စွာဘုရား၏ ရောင်ခြည်တော် ၆သွယ် ကွန့်မြူးတာသည် နောင်တော် ရှေးဘုရားများလောက် မပွင့်လန်းဟု စာမှာဆိုပါသည်။ ဒါလည်းစာဖြစ်ပြီး အဓိက မကျသော အချက်ဖြစ်ပါသည်။ မြင်တတ်လျင် ဘုရားလည်းဘုရား၊ တရားလည်းဘုရား၊ သံဃာလည်း ဘုရားဖြစ်ပါသည်။

  • တူရိယမောင်

    November 21, 2010 at 12:25 pm

    အစ်ကိုကြီးခင်ဗျာကျနော်ထက်အသက်ကြီးတယ်
    လို့ထင်မိတဲ့အတွက်ဒီအတိုင်းပဲခေါ်လိုက်ပါတယ်
    သူရေးလိုက်တဲ့စာကိုကျနော်အနေနဲ့တော့
    လက်ခံလိုပါတယ်ဘာကြောင့်ဒီလိုပြေားရသလဲ
    ဆိုရင်ကျနော်တတ်သိသလောက်ဆိုရင်နောင်
    ပွင့်မဲ့ဘုရားတွေဟာလဲဗုဒ္ဓဟေားခဲ့တဲ့ဒီသစ္စာတရား
    တွေကိုပဲပြန်ဟေားကြမယ်လိုသိထားပါတယ်ဒါကြောင့်
    အစ်ကိုကြီးပြေားချင်တဲ့POINTကဒါလိုထင်ပါတယ်
    ဒါပေမဲ့လက်ရှိသမိုင်းမှာတော့ဗုဒ္ဓဘုရားရှင်ဟာ
    စစ်မှန်တဲ့အသိဉာဏ်ကိုပေးသူဖြစ်ပါတယ်နောင်ပွင့်မဲ့
    နောင်ကာလနောင်ကမာ္ဘဟာကျနော်တို့အနေနဲ့တော့မြင်
    ိနိင်စွမ်းမရှိတာကြောင့်မပူပန်တာပဲကောင်းတယ်လို့ထင်မိပါ
    တယ်ဖြစ်နိင်ရင်ဒီသာသနာမှာပဲတခါတည်းကျွှတ်လွတ်သွား
    တာဟာပိုကောင်းတယ်ဆိုတာလဲရိုးသားစွာရင်ဖွင့်ပါတယ်ခင်ဗျာ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2010 at 12:46 pm

    သာဓု
    သာဓု
    သာဓု ပါခင်ဗျား

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 22, 2010 at 2:51 am

    ဟုတ်ပါတယ် အတူတူဘဲဆိုတာက ဆရာတော်ကြောင်ကြီးတို ့လို ဉာဏ်ပညာပြည့်စုံသူများသာအလွယ်တကူသိနိုင်မှာဖြစ်ပြီး
    ထိုအရာက အကြောင်းမဟုတ်ပါ
    ဘုရားရှင်တိုင်းရဲ ့ အသွင်အပြင်နဲ ့အခြားအကြောင်းကလည်း သူ ့သဘောနဲ ့သူရှိကြမှာပါ
    ကျွန်တော်ဆွေးနွေးတာလေးက
    ((သူတစ်ယောက်တည်းသာ ကျွန်ုပ်တို့ရဲ့ စစ်မှန်တဲ့ သမိုင်းဆိုင်ရာ အသိဉာဏ်မှာ ရှိပါတယ်) ဆိုတာက
    လွန်လေပြီးသောနှင့် လာမည့် သမ္မာသမ္ဗုဒ္ဓဘုရားရှင်များ ၏ တရားတော်တို ့သည်
    ယ္ခုသော ဘုရားရှင်၏ တရားတော်တို ့နှင့် ကွဲပြားသည်ဟူသော သဘောကို အနည်းငယ်သက်ရောက်စေသကဲ့သို ့
    ရှိတယ်လို ့မြင်လို ့ပါ
    အဲ့သည်နေရာမှာမသိမသာ လွဲသွားတတ်တာက နိဗ္ဗာန်၏ မျက်မှောက်ပြုခြင်းကို ဘုရားရှင်၏ မျက်မှောက်တော်၌ (ဝါ)
    နောင်ပွင့်လာမည့် ဘုရှင်တို ့၏ မျက်မှောက်တော်၌သာ ရရှိနိုင်တယ်ဆိုတာကို သဘောသက်ရောက်သွားတတ်ပါတယ်
    ဘုရားရှင်ပရိတ်နိဗ္ဗာန်ပြုခါနီးဝယ် ရှင်တော်ဘုရား မရှိမူ မည်သူသည် ဘုရားအရာ ရှိမည်နည်းကို
    သာဝကတပါးမှ လျှောက်ခြင်း၌ နောင်အခါ ကျန်ရစ်သော သာဝက တို ့မှ ဆက်လက်ရွက်ဆောင်မည့် အကြောင်းကို
    ဘုရားရှင်မှ အတိလင်းဟောခဲ့ပါတယ်
    အထူးသဖြင့် ကျွန်တော်ဆိုလိုတာက ဘုရားရှင်တို ့၏ တရားတော်တို ့သည် အတူတူပင်ဖြစ်သည်ကို ပေါ်လွင်စေခြင် ခြင်းမျှသာဖြစ်ပါကြောင်း။

Leave a Reply