ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ

Good IdeaNovember 18, 20101min622

DASSK

ဘယ်နေရာမှာပဲဖြစ်ဖြစ် ဦးဆောင်နေတဲ့ ခေါင်းဆောင်တဦးအတွက် နှလုံးရည် ပြည့်ဝဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။

လက်ရုံးရည် မည်မျှပင် ပြည့်ဝနေပါစေ နှလုံးရည်မရှိတဲ့ ခေါင်းဆောင်ဟာ အမြော်အမြင်မရှိ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတဲ

့အတွက် သူဦးဆောင်တဲ့အဖွဲ့ဟာ အောင်မြင်ဖို့ မလွယ်ပါဘူး။ အောင်မြင်ခဲ့ရင်လည်း တာရှည်မခံပါဘူး။ လူအများကိုလည်း အကျိုးမဖြစ်ထွန်းစေပါဘူး။

နှလုံးရည်ပြည့်ဝတဲ့ ခေါင်းဆောင်ကတော့ အမြော်အမြင်ရှိတယ်။ စဉ်းစား ချင့်ချိန်တတ်တယ်။ မာန၊ အာဃာတ မထားတတ်ဘူး။ အများကောင်းကျိုးကို ရှေ့ရှုလုပ်ဆောင်တတ်ပါတယ်။ ဒါကြောင့် နှလုံးရည်ပြည့်ဝတဲ့ ခေါင်းဆောင်ဦးဆောင်တဲ့အခါ ငြိမ်းချမ်းစွာ အောင်မြင်ပါတယ်။ လူအများ အကျိုးဖြစ်ထွန်းပါတယ်။

ဒီကနေ့လို ရုပ်ဝတ္ထုတွေ အပြိုင်အဆိုင်တိုးတက်ပြီး စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတွေ နိမ့်ဆင်းလာနေတဲ့ ကာလမှာ နှလုံးရည်ပြည့်ဝတဲ့ ခေါင်းဆောင်တွေ ကမ္ဘာကြီးမှာ လိုအပ်လာနေပါပြီ။

ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကရော နှလုံးရည် ပြည့်ဝတဲ့ ခေါင်းဆောင်တဦးလား။ ဒီမေးခွန်းကို ဖြေဖို့အတွက်ဆိုရင်တော့ သူမစိတ်ထား၊ သူမရပ်တည်ချက်၊ သူမလုပ်ဆောင်မှုတွေကို သိဖို့ လိုအပ်ပါပြီ။

ဒါဆိုရင်တော့ မောင်မောင်ဝမ်းဆိုတဲ့ ကျောင်းသားတဦးက “ဒေါ်အောင်ဆန်းစုကြည်” ရဲ့ နှလုံးရည်နဲ့ ပတ်သက်လို့ သူသိသမျှ တင်ပြပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။

ူဒီဆောင်းပါးလေးကို ဟစ်တိုင်မှာတင်ထားတာတော့ တွေ့မိပါတယ်။ မိုးမခမှလည်း မြင်မိသလားလို့ပါ။ သေချာတော့ မမှတ်မိပါဘူး။  ပြည်ပမီဒီယာတခုမှာ အခန်းဆက်ဖော်ပြခဲ့တာတော့ သေချာပါတယ်။ အဲဒါကို မိတ်ဆွေတယောက်က အပိုင်း ၁ ကနေ ရ အထိ စုဆောင်းပြီး PDG ဇိုင် လုပ်ပေးထားပြီး ဝေမျှလာပါတယ်။

အစားကောင်း အသောက်ကောင်းစားရတဲ့အခါ မိမိရင်းနှီးခင်မင်ရာ မိဘဆွေမျိုး မိတ်သင်္ဂဟတွေကို သတိရမိလေ့ရှိတဲ့ ကျနော့်အကျင့်ကြောင့် မိတ်ဆွေတွေကိုလည်း အသိပညာ ဗဟုသုတတိုးပွားပြီး ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အတုယူ အားကျဖိုရန် ရည်သန်၍ ဝေမျှလိုက်ရပါတယ်။

အားလုံးကို လေးစားလျှက်

Good Idea

2 comments

  • doekalay

    November 19, 2010 at 3:53 am

    အသုံးချတတ်လွန်းလို ့ဟိုဘက်ကမ်းတောင်လွန်နေသေးတယ်။အသုံးချခွင့် ့မရတာအားလုံးအသိပဲလေ။ဘာမှရှင်းပြနေစရာမလိုဘူး။

  • PaukPhaw

    November 19, 2010 at 6:53 am

    တို ့ခေါင်းဆောင်ကလဲ နှလုံးရည်ပြည့်ဝပါတယ်နော်
    ဒါပေမဲ့..
    သူ ့အတွက်ပဲ နှလုံးရည်ပြည့်တာ
    ဒို ့တွက်တော့ ဟုတ်ဘူး

Leave a Reply