China’s Internet related News RSS

kaiNovember 18, 20101min1017
AFP/Reuters

တရုတ်ပြည်ဟာ တကမ္ဘာလုံးရဲ့ အင်တာနက် သူတို့ဆာဗာအဖြတ်ခိုင်းပြီး ထိမ်းချုပ်ဖို့ကြိုးစားနေပုံရပါတယ်..။(သတင်းတွေဖတ်ပါ) အဓိက ပစ်မှတ်က ယူအက်စ်ဖြစ်ပုံရပေမဲ့.. ထုးထုးခြားခြား မြန်မာပြည်ရဲ့ အင်တာနက်သုံးသူတွေမှာ ဘယ်ပရေ့ာစီမှ မခံပဲ  China IP Address တွေ ရောထွေးတက်တက်လာတတ်တာမို ့ .. မြန်မာပြည်ရဲ့ အင်တာနက်ဟာလည်း တရုတ်ရဲ့ ထိမ်းချုပ်ခံနေရပြီ(သို့) တရုတ်ကို ထိမ်းချုပ်ဖို့ခွင့်ပြုထားပြီလို့ သံသယဖြစ်ဖွယ်ရှိကြောင်း.. ။

ပြီးခဲ့တဲ့လ(အောက်တိုဘာကုန်ပိုင်း)က မြန်မာပြည်အင်တာနက် တိုက်ခိုက်ခံရတယ်ဆိုတာများနဲ့လည်း ဆက်စပ်ဖွယ်ရှိကြောင်း … သတင်းများအခြေခံသုံးသပ်လိုက်ရပါကြောင်း..။

[hungryfeed url=”http://news.google.com/news?pz=1&cf=all&ned=us&hl=en&q=china+internet&cf=all&output=rss”]

7 comments

  • koyinmaung

    November 18, 2010 at 9:51 pm

    မြန်မာနိုင်ငံရဲ့တချို့သောနိုင်ငံရေးဝက်ဆိုက်များတရုတ်ပြည်တွင်ကြည့်၍မရပါ ဒေါ်စုလွတ်လါသည့်နောက်တရုတ်သတင်းစာတစောင်တွင်ဒေါ်စုပုံတွေ့လို့ အသိတယောက်ကိုအာရဝမ်းသာ ဒါဒို့မြန်မာလူမျိုးတွေချစ်တဲ့ အောင်ဆန်းစုကြည် လို့ပြောမိတယ် အသိကသတင်းစာဖတ်ပြီးနှာခေါင်းရှုံတယ် တခုမှလဲကောင်းတာ ရေးမထားဘူးတဲ့ စိတ်ထဲမှာလေဒေါသဖြစ်စိတ်ကလဲတို အဲဒီအသိကိုမင်းတို့နိုင်ငံ ခေါင်းဆောင်နဲ့တို့နိုင်ငံခေါင်းဆောင်တွေသာမကြိုက်တာပါ ဒို့မြန်မာနိုင်ငံသား တွေကကြိုက်တယ်လို့ ပြန်အော်ပြောမိတယ် ကိုယ်ကလဲသူတို့စကားကိုနည်းနည်း ဘဲပြောတတ်လို့ဒါလေါက်ဘဲပြောမိတယ် ကိုယ်ပြောပြချင်တာအများကြီးပါ…..

    • kai

      November 18, 2010 at 10:13 pm

      ဒေါ်အောင်ဆန်းစုကြည်ဟာ .. တရုတ်နဲ့သေသေချာချာ စကားပြောသင့်တယ်လို့ထင်ပါတယ်..။
      မြန်မာပြည်ကို မပြီး အမေရိကန်ပြည်ထောင်စုနား သွားထားလို့မရတာမို ့.. အိမ်နီးချင်းတွေကိုတော့ .. သေသေချာချာ ညှိရစကားပြောရမှာပါပဲ..။
      အိန္ဒိယရောပေါ့..။ ၂နိုင်ငံစလုံးက စူပါပါဝါ လမ်းကြောင်းပေါ်တက်နေကြပြီကိုး..။ လွန်ခဲ့တဲ ့ အနှစ်၂ဝနဲ့တော့ အရမ်းကွာသွားပါပြီ။

      အပြုသဘောနဲ့ အကြံပေးတာဖြစ်ပါကြောင်း…။

  • fatty

    November 19, 2010 at 2:49 am

    အမှန်တကယ်လိုအပ်နေပါပြီ .. လိုအပ်သောကြိုတင်ပြင်ဆင်မှုများ အသေအချာလုပ်ပြီးမှပေါ့။ ဒီရက်ပိုင်းအတွင်း
    internet ကို အစိုးရက တခုခုပြင်ဆင်နေပုံရကြောင်း IT ပညာရှင်များပြောနေကြပါသည်။ ပြည်တွင်းမှပညာရှင်များ
    ခြေအနေကိုမျက်ခြေမပြတ်စောင့်ကြည့်နေကြကြောင်းသိရသည်။

  • weiwei

    November 19, 2010 at 2:59 am

    တရုတ်တွေက အင်တာနက်ကို ပြည်တွင်းမှာ အလွန်အကျွံထိန်းချုပ်ထားတယ် … facebook, twitter, blogspot စသဖြင့် မြန်မာပြည်ကသုံးတာတွေ ဒီကနေ ကျော်ခွပြီးမှ ဝင်လို့ရတာပါ … သူတို့ပိတ်ထားတယ့်ဆိုဒ်ဆိုရင် တော်ရုံနည်းပညာနဲ့ ကျော်လို့မရလို့ မြန်မာပြည်က သူတို့ဆီက နည်းပညာယူလိုက်မှာကို အမြဲစိုးရိမ်နေမိတယ် … လက်ရှိအခြေအနေအရ အင်တာနက်လွတ်လပ်ခွင့်က မြန်မာက တရုတ်ထက်တောင် ကောင်းနေသေးတယ် …

  • doekalay

    November 19, 2010 at 5:19 am

    တရုတ်ဆိုတဲ ့အေပေးတွေကအကုန်လုံးကိုသိမ်းပိုက်ချင်နေတာလေ…..
    မြန်မာပြည်ကပုဇွန်ဥနှောက်တွေကတော်တော်လေးကိုလေးစားနေကြတယ်…
    စောက်ရူးတွေ..တရုတ်တွေရဲ ့စောက်သုံးမကျတဲ ့ပစ္စည်းတွေနဲ ့ကျေနပ်နေကြတာ
    တရုတ်ကိုလည်းအထင်မကြီးပါဘူး……..တရုတ်တွေအမေစုကိုဘာမှပြောစရာမလိုဘူး။

  • PaukPhaw

    November 19, 2010 at 5:25 am

    ဟုတ်တယ်ဗျာ
    မနေ ့က တော်တော်ဆိုးတယ်
    နေရင်းထိုင်ရင် ဘယ်အိုင်ပီမှလဲ မပြောင်းပဲနဲ ့ hk ip ဖြစ်နေတာ
    ကြောင်တောင်တောင် တောင်ဖြစ်သွားတယ်
    စဉ်းစားစရာပဲ

  • မှော်ဆရာ

    November 22, 2010 at 12:49 pm

    ကျွန်တော့်အထင်ပြောရရင် မြန်မာက ဟောင်ကောင်ဆာဗာကို သုံးနေတာ လို့ထင်ပါတယ်။google ကအစ google.com.hk ဖြစ်နေတယ်။ နောက်မှ redirecting ဖြစ်သွားတယ်။gmail အသစ်ဖွင့်ရင် location နေရာမှာလဲ အရင်က မြန်မာ အခု ဟောင်ကောင်ဆိုပြီး ဖြစ်နေတယ်။ကျွန်တော်ကတော့ အင်တာနက်ပါ မလွတ်လပ်တော့မှာ စိုးပါတယ်။ ဒီနေရာလေးက ကိုယ်ကြိုက်သလို နေလို့ရတာကိုး ၊ကြောက်ရမယ့်သူ နဲတယ်လေ။

Leave a Reply