နိုဝင်ဘာ (၂၃) ရက်နေ့သတင်းတို

အမျိုးသားအဆင့် အဖြစ် စတင်လိုက်သော ရတနာပုံ ဝက်ဘ်ပေါ်တယ်လ်တွင် ဟက်ကာများက ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားကို မကြာသေးမီက တင်သွားပြီးနောက် ယခုအခါ အဆိုပါဆိုဒ်မှာ လုံးဝ ပိတ်သွားသည်ကို တွေ့ရသည်။ ပြည်တွင်း အင်တာနက် လုံခြုံရေးကွန်ရက်အတွက် အမေရိကန် ဒေါ်လာ ၈ သန်း အကုန်အကျ ခံထားရကြောင်း၊ စစ်အစိုးရ ထိန်းချုပ်ထားသည့် ပြည်တွင်း ဆာဗာများ DDoS ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ ဒေါ်လာ သန်း ၂၀ ဖိုးခန့် ဆုံးရှုံးနစ်နာနေကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

အမျိုးသားအဆင့် ဝက်ဘ်ပေါ်တယ် … ဝိုင်မေးလ်လုပ်မယ် … ဝိုင်တော့ခ် လုပ်မယ် ဘာညာ ကြွေးကြော်ပြီးသကာလ တလကျော် ကြာအောင် တိုက်ခိုက်ခံနေရပါတယ်ဆိုတဲ့ ရတနာပုံ ဝက်ဘ်ပေါ်တယ် ဟိုတလောကတော့ ပြန်ပွင့်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ပိတ်မသွားခင် ဟက်ထားတာကို ဒီလို တွေ့လိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မက်ဆေ့ခ်ျ အောက်ဆုံးမှာတော့ “သန်းရွှေ၊ အင်တာနက် ပြန်ရချင်ရင်တော့ အမေစုကို အာဏာလွှဲလိုက်” လို့ ရေးထားပါတယ်။

မြန်မာ ဟက်ကာများရဲ့အစွမ်းကို တန်ဖိုးထားသောအားဖြင့် ……
source: ဧရာဝတီ

About white

A. W has written 41 post in this Website..

"A beauty of life not depend on how happy you are, but depend on how the others happy because of you."