အင်း… ရဝတတွေမကောင်းကြောင်းအခုတစ်လော တော်တော်ကြားနေရတယ်… ရဝတ တွေအားလုံးက ဒီလိုပါပဲ… ကျွန်တော့်ဇာတိမြို့မှာ ကျွန်တော်နေတဲ့ ရပ်ကွက်ရဲ့ ရပ်ကွက်လူကြီးက မုဒိန်းမှုနဲ့ ထောင်ကထွက်လာတဲ့သူ… စဉ်းစားသာကြည့်တော့ အရပ်ကတို့ရေ… ဘယ်မှာများလူစိတ်ရှိပါ့မလဲလို့… ပြီးတော့ ဘွဲ့ရပညာတက်တွေမဟုတ်ကြပါဘူး… ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိပဲ.. အထက်ကခိုင်းတာလုပ်.. ဆက်ကြေးကောက်.. ဒီနေရာလေးရထားတာကို အဟုတ်ကြီးမှတ်နေတဲ့ သူတွေများပါတယ်…

အမေစုကိုလွှတ်ပေးတယ်ဆိုတာလည်း… သူတို့တွေက ချွေးသိပ်တဲ့သဘောလို့ထင်တယ်…. ရွေးကောက်ပွဲရလဒ်ကို မကျေနပ်လို့  နိုင်ငံတကာအစိုးရတွေနဲ့ မြန်မာပြည်သူတွေ ပူညံပူညံဖြစ်နေတဲ့အချိန်မှာ  အမေစုဘက်ကိုအာရုံပြောင်းသွားအောင်လုပ်လိုက်တာပါ…

ပြီးတော့သူတို့က ရွေးကောက်ပွဲရလဒ်နဲ့ ပါတီတွေကိုသွေးခွဲထားတယ်လေ.. ဥပမာ.. NDF ကိုတစ်ချို့နေရာမှာ အနိုင်ပေးပြီး တစ်ချို့နေရာမှာရှုံးထားတော့ ရှုံးတဲ့သူက ပူညံပူညံလုပ်ပေမယ့်… နိုင်တဲ့သူကတော့ နှုတ်ပိတ်နေတာပေါ့.. တကယ်လို့ ဒီရလဒ်ကိုမကျေနပ်လို့ လက်မှတ်မထိုးဘူးဆိုရင် နိုင်တဲ့သူရော ရှုံးတဲ့သူရော အားလုံးမထိုးသင့်ပါဘူး… လူညီရင်ရပါတယ်…

အမေစုလုံခြုံရေးအတွက်ကတော့ စိုးရိမ်နေရတုန်းပါပဲ… ကျွန်တော့်အမြင်ကိုပြောမယ်နော်… အမေစုပြည်သူတွေကြားထဲကို တရင်းတနှီးမသွားသင့်ဘူးလို့ထင်တယ်….

နောက်ပြီးတော့ အမေစု ဟောပြောပွဲလုပ်တဲ့အခါမှာ သူတို့က သူတို့ စွမ်းအားရှင်တွေ ကြံ့ဖွတ်တွေကို လွှတ်ပီးတော့ ပွဲဆူအောင်လုပ်ခိုင်းမယ်… ဥပမာ.. ဟေးဟေးနဲ့ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်အော်မယ်.. နောက်.. ဘေးမှာရှိနေတဲ့သူတွေကို ရန်စမယ်… အဲ့သည်မှာ ရန်ဖြစ်ပြီး ဝရုန်းသုန်းကားဖြစ်ရင် အမေစုကို တစ်ခုခုလုပ်ကြလိမ့်မယ်… ဒီပဲယင်း ကိစ္စကိုလဲမေ့လို့မရပါဘူး… ဘာမှလုပ်လို့မရလိုက်ရင်တောင်မှ.. နောင်ကို ဟောပြောပွဲလုပ်ခွင့်မရှိဆိုတဲ့ အမိန့်ကြီးထွက်လာမှာတော့ သေချာပါတယ်… တနည်းမဟုတ်တနည်းနဲ့ အမေစုကို ပြန်ချုပ်ကြပါလိမ့်မယ်…

အခုလည်းလမ်းဖောက်ရန် ပိုက်ဆံလိုက်ကောက်တုန်းကကောက်ပီး လမ်းကတန်းလန်းကြီးဖြစ်နေတော့ ရပ်ကွက်လူကြီးတွေက နှာစေးနေကြတယ်လေ… ပြောတာကတော့ ပြီးစေချင်ရင် ပိုက်ဆံထပ်ထည့်တဲ့….

နိုင်ငံရေးပါတီတွေအော်နေကြတာ… စီးပွားရေးဘယ်လိုတိုးတက်ရေး… နိုင်ငံတိုးတက်ရေး… ဘာရေးညာရေးပေါ့နော်.. ဒါပေမယ့် ပညာရေးနဲ့ပါတ်သတ်ပီး ပြောသံမကြားရသလိုပဲ…  မြန်မာနိုင်ငံရဲ့ စုတ်ချာလှတဲ့ ပညာရေးစနစ်ကြီးကို ပြောင်းလဲပစ်ဖို့ရာတော့ မမေ့သင့်ပါဘူး.. သင်ကြားမှုစနစ်က လုံးဝမကောင်းသလို.. အထောက်အပံ့ကလည်းမရှိ… ဆရာက ကကြီးပဲသင်ပေးရင် တပည့်က ခခွေးကိုဆက်မလေ့လာတော့ပါဘူး….

အခုကြံ့ဖွတ်က အမတ်လောင်းတွေကတော့ ဘာတွေလုပ်ကြမလဲမသိဘူး… သေချာတာကတော့ စီးပွားရေး တိုးတက်အောင်တော့လုပ်ကြလိမ့်မယ်… ဒါမှလည်း သူတို့ရဲ့ကုမ္ပဏီတွေ ဘဏ်တွေ ဘိလပ်မြေစက်ရုံတွေ အဆင်ပြေမှာပေါ့… အဲ့သည်တော့ ချမ်းသာပီးသားသူတွေပဲ ချမ်းသာပါလိမ့်မယ်… ကျန်တာတွေကတော့ ဒုံရင်း ဒုံရင်းပါပဲ…

တပ်ချုပ်ကြီးက သူတို့မိသားစုကို Royal Family ဖြစ်အောင်လုပ်ချင်နေတယ်… ဒါမှ သူတို့သေသွားလည်း သူတို့သားတွေ မြေးတွေ ဆွေစဉ်မျိုးဆက် အာဏာတည်မြဲနေအောင်လို့ပေါ… အရူးထတာပါ.. လုံးဝ မဖြစ်လာနိုင်ပါဘူး… တပ်ထဲကခွဲထွက်ရေးတွေအနေနဲ့လည်း.. ပြတ်ပြတ်သားသားလုပ်သင့်နေပါပီ..

ဘာရယ်မဟုတ်ပါဘူး အတွေးပေါက်လို့လျှောက်ရေးလိုက်တာ.. ရောက်တက်ရာရာပေါ့.. (အင်းစိန်ထဲရောက်မသွားပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ.. အဟီး… :D)

About Minn Zin

Minn Zin has written 8 post in this Website..

မအားလပ်တဲ့ကြားကနေ စာရေးဖို့ကြိုးစားနေတဲ့ သာမန်လူတစ်ယောက်ပါ။

   Send article as PDF