မြန်မာ့မျိုးချစ်ခေါင်းဆောင်ကြီးသမီး (သို့မဟုတ်) နိုင်ငံခြားသားဇနီး

search123November 19, 20101min43689

ဒေါ်စုရဲ့ မိသားစု ဓါတ်ပုံနဲ့ ဗိုလ်ချုပ်ရဲ့ ဓါတ်ပုံကို တွေ့ရတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။
အမျိုးကို တစ်ကယ်ချစ်ပြီး တိုင်းပြည် အတွက် အသက်ပေးခဲ့ ကြတဲ့ ဗိုလ်ချုပ်ရဲ့အဘိုး ဗိုလ်မင်းရောင် နဲ့ အဖေ ဗိုလ်ချုပ်အောင်ဆန်း တို့ အစား ရင်နာမိပါတယ်။
ဗိုလ်မင်းရောင်ရဲ့မြစ်တော်စပ်ပြီး၊ဗိုလ်ချုပ်ရဲ့ သမီးတစ်ယောက်အနေနဲ့ နိုင်ငံခြားသားကို ယူခဲ့ပြီး ၊ ဘို ကပြားလေးတွေ မွေးခဲ့တာဟာ
တော်တော်ကြီးမားတဲ့ အမှားပါ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး တစ်ယောက်အနေ နဲ့ “စောင့်လေမျိုးနွယ်” ဆိုတဲ့
သားသမီး ဝတ် ကို အခြားသူတွေ ထက်ပိုပြီးစောင့်ထိန်း ခဲ့သင့်ပါတယ်။
(ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ပေါ့)
ဗိုလ်ချုပ်ရဲ့မြေးတွေ ကို ဘို ကပြားလေးတွေ ဖြစ်စေခဲ့တာဟာ ဗိုလ်ချုပ်ကိုစော်ကားတာနဲ့ အတူတူပဲလို့မြင်ပါတယ်။
တစ်ကယ်သာ မြန်မာလူမျိုးနဲ့၊မြန်မာပြည်ကြီး ကို ဒေါ်စုချစ်ခဲ့တယ်ဆိုရင်
မြန်မာလူမျိုးတစ်ယာက်ကို ယူပြီး၊ ဗိုလ်ချုပ်အတွက် မြန်မာစစ်စစ်မြေးလေးတွေ မွေးပေးခဲ့ရမှာပေါ့။
ဗိုလ်ချုပ်သာ အခုထိ သက်ရှိထင်ရှား ရှိခဲ့မယ်ဆိုရင် ၊
ှဗိုလ်ချုပ်ရဲ့မျိုးချစ်စိတ်နဲ့ ရှက်စိတ်ကြောင့် ဒေါ်စုကိုမြန်မာပြည်မှာတောင် နေခိုင်းမယ် မထင်ဘူး။
ဘာတွေပဲဖြစ်ဖြစ် ဗိုလ်ချုပ်ရဲ့ သမီးမို့လို့ လေးစားပါတယ်။
နိုင်ငံရေးကြောင့် မဟုတ်ပဲ မြန်မာပြည်သူတွေ အပေါ် ဘာမှ မမျှော်လင့်ပဲ ကူညီပေးနိုင်မယ်ဆိုရင် တော်တော် ကောင်းမှာပါ။
(တစ်နည်းပြောရရင် အာဏာကြောင့် မဟုတ်ပဲ ကူညီနိုင်ပါစေ။)

89 comments

  • shwepyiaye

    November 19, 2010 at 9:03 am

    ဦးအောင်ဆန်းဦးကရောဟင်
    ဘယ်မှာနေတုန်း
    ဘာလုပ်နေတုန်း
    သိချင်ပါတယ်ခင်ဗျာ……

    • kai

      November 19, 2010 at 9:53 am

      ဦးအောင်ဆန်းဦးက .. တောင်ပိုင်းကယ်လီဖိုးနီးယား.. ကျုပ်နေတဲ့နေရာက ကားနဲ့မောင်းရင် .. ၃နာရီလောက်မောင်းရတဲ့ ဆန်ဒီရေးဂိုဆိုတဲ့မြို ့မှာနေပါတယ်.။
      အရင်က..အမေရိကအစိုးရဆီမှာအလုပ်လုပ်ပြိး အခုတော့ ပင်စင်စားလို့ထင်ပါတယ်…။
      သူ့အမျိုးသမီးကလည်း မြန်မာစစ်စစ်ပါ..။ ဒေါ်လဲ့လဲ့နွယ်သိန်းတဲ့..။ မော်လမြိုင်ဖက်ကလို့ထင်တယ်..။
      အခု ယိုးဒယားမှာ နာမယ်ကြီး ဘေရုတ်ဂရုတည်ထောင်သူနဲ့..အမျိုးတော်တယ်..။
      ၂ယောက်လုံး မြန်မာနိုင်ငံသားစွန်လွတ်လို့ … အမေရိကနိုင်ငံသားတွေဖြစ်နေပါပြီ။ မြန်မာအနေနဲ့ကြည့်ရင် နိုင်ငံခြားသားပေါ့..။
      ဒါပေမဲ့ ..သူတို့က ..မြန်မာပြည်နယ်စပ်ကလာတဲ့ ပြောင်းခိုသူကရင်တွေကို ..တတ်နိုင်သလောက်ထောက်ပံ့ပေးကမ်းတာတွေရှိတယ်တော့ ကြားရတယ်..။
      အလှူလည်းလုပ်တတ်တယ်..။
      ယူအက်စ်မှာ ..မြန်မာနေ့ (Myanmar Day)ဆိုပြီးလည်း .. မြန်မာလူမျိုးကို လူသိအောင်လုပ်ခဲ့ဖူးတာပဲ..။
      အခုတော့ .. မြန်မာပြည်မှာ ပြန်သေချင်လို့လားမသိ..။ ပုဂံ(အစိုးရပေးတဲ့ မြေ.. )မှာနေဖို့ ..အိမ်ဆောက်နေတယ်.. ကြားတာပဲ..။
      ဒေါ်အောင်ဆန်းစုကြည် အခုနေနေတဲ့အိမ်ကို အမွေလိုချင်လို့ ..ပြန်တောင်းနေတယ်လည်း ကြားရတယ်..။
      ငွေကြေးကတော့ အဆင်ပြေပုံပါ..။

      စကားစပ်လို့ပြောရရင်.. ဒေါ်စုသားက ..မြန်မာမိန်းကလေးကို.. ယူထားတယ်တဲ့..။ 🙂

  • myathein

    November 19, 2010 at 9:12 am

    ဒါကတော့ဗျာ အကြောင်းအမျိုးမျိုးရှိမှာပေါ့ အမျိုးသားစိတ်ဓါတ်ဆိုတာတော့ကောင်းပါတယ်ဗျာ တစ်ခါတစ်လေကြတော့လည်း မကောင်းဘူး.. လူပဲလို တွေးထင်လိုက်ရင် သိပ်တော့ မထူးခြားလှပါဘူး အမျိုးသားရေးအမြင်က လွန်ကဲရင် ကြောက်ဖို့ကောင်းတယ်..ဘုရားဟောတရားပေါ့ဗျာ.. သူသဘောအတိုင်းဖြစ်နေကြတာ..

    • မျိုးချစ်

      November 19, 2010 at 10:19 am

      မင်းပြောသလိုဆိုရင်..
      နိုင်ငံခြားသားကို ယူခဲ့တဲ့ဒေါ်စုကမမှားဘဲ
      နယ်ချဲ့ကိုတိုက်ထုတ်တဲ့ဗိုလ်ချုပ်ကမှားတာပေါ့
      ဆက်ပြီးကျွန်ခံချင်နေတာလားကွ….

      • chityimhtoo

        October 2, 2011 at 5:17 pm

        သူ့ဟာသူနိုင်ငံခြားသားကိုယူတာမင်းစောက်ပူပါလား။ မင်းကကောနိုင်ငံအတွက်ဘာအကျိုးပြုပြီးလို့လည်း။
        အစိုးရဒလဝမ်ဆိုလည်း ဒါမျိုးစာတွေရေးမနေနဲ့တော့ ဒါသမ္မတနိုင်ငံဖြစ်နေပြီကွ။

  • ဆူး

    November 19, 2010 at 9:28 am

    သူလည်း လူသားပဲလေ.. အခု အချိန်မှာ မုဆိုးမ ဖြစ်နေပြီ.. မြန်မာ နိုင်ငံသား စစ်စစ် လို့ ပြောလို့ရနေပြီ။ သူ ဘယ်သူကို ယူထား ယူထား.. သူ လုပ်တဲ့ အလုပ် အတွက် သူကို အားပေးတာ။

    တဖက်က ပြောရရင်.. သူရဲ့ ဖူးစာဖက်က တိုင်းတပါး လူမျိုး အဖြစ်မွေးဖွားလာခဲ့တာ ဖြစ်ပါလိမ့်မယ်။

    လူတိုင်းက မွေးကတည်းက အခု လက်ရှိ ဒီစာကို ဖတ်တဲ့ အချိန်အထိ အမှား မလုပ်ခဲ့ ဘူး ဆိုတဲ့ လူမရှိဘူးလို့ထင်တယ်။ အမှား ကြီးကြီး အမှား သေးသေးဘဲ ကွာမယ်။

    နိုင်ငံခြားသား ယူထားမိတဲ့ အတွက်ကြောင့်လည်း.. ထောက်ကွက် တခုလိုဖြစ်နေတာပေါ့။

  • kai

    November 19, 2010 at 9:46 am

    မြန်မာနိုင်ငံသားတယောက်အနေနဲ့ကြည့်ရင်…
    ဂေါတမဗုဒ္ဓလည်း.. နိုင်ငံခြားသားပဲ..။
    ယေရှုခရစ်တော်လည်း နိုင်ငံခြားသားပဲ..
    တမန်တော်မိုဟာမက်လည်း နိုင်ငံခြားသားပဲ..။
    မဟာဗြဟ္မာကြီးလည်း ..နိုင်ငံခြားသားပဲ..။
    ပလေတို၊ ဆိုကရေးတီး၊ ကားမတ်၊ လီနင်၊ နျူတန်၊ အိုင်စတိုင်း၊ အယ်ဒီဆင်၊ မော်စီတုံး..အကုန်ု နိုင်ငံခြားသားချည်းပဲ..။
    ဒါပေမဲ့..ဒီလိုပဲ..ကိုးကွယ်ဆည်းကပ်..အုပ်ချုပ်မှုနာယူ..သူတို့ပြောတဲ့ဝါဒ၊ သီအိုရီအတို်င်းလုပ်ကြရတာပဲ..။

    အိုဘားမားအမေကို ..သူ့အဖေယူတော့ .. နိုင်ငံခြားသား၊ ဘာသာခြား၊ အသားအရောင်ခြားပဲ..။
    အမြဲတန်းနေခွင့်တောင်မရှိတဲ့ .. ကျောင်းသားဗီဇာနဲ့ပေါ့..။
    အခုတော့ ..အိုဘားမားက … နိုဗယ်ဆုရှင်..ကမ္ဘာ့စူပါပါဝါရဲ့ ..ရာထူးအမြင့်ဆုံးခေါင်းဆောင်..။

    ကျုပ်တဦးတည်း .. အနေနဲ့ကတော့ .. လူသားအချင်းချင်း… လူမျိုးရေး။ ဘာသာရေး၊ အသားအရောင် ခွဲခြားဆက်ဆံတာ မကြိုက်ဖူး..။
    လူသားအားလုံးအတူတူချည်းမှတ်တာပဲ..။
    ဒါပေမဲ့..ဒါတွေက လူ့သဘာဝ..အုပ်စုခွဲကြ၊ စုစည်းကြ၊ ကန်ထုတ်ကြ..လုပ်ကြဖြစ်ကြတာတွေမို ့.. ဝေဖန်ရခက်ပါတယ်..။
    ဒီကိစ္စမျိုးတွေက .. တခြားကမ္ဘာက အေလီယံတွေဝင်လာမှ .. လူသားအချင်းချင်းစုစည်းမိသွားပြီး ..ပျောက်သွားမယ်မှတ်တယ်..။ 🙂

    • siamonone

      September 18, 2011 at 8:11 pm

      တစ်ထပ်တည်းပါဘဲ .. ဟီး ..

    • aye.kk

      May 27, 2012 at 5:43 pm

      သူကြီး..
      မှန်ပါ၏..။။

  • koyinmaung

    November 19, 2010 at 9:49 am

    21ရာစုထဲရောက်နေပြီ မင်းကခုထိအတွေးအခေါ်က19ရာစုမှာကျန်ခဲ့တယ် ပြုပြင်လိုက်အုံး ကိုယ့်နိုင်ငံသူကိုယ်ယူပြီးတိုင်းပြည်အတွက်ဘာမှအသုံးမတည့်တဲ့ ဗိုလ်ချုပ်သားလဒူအောင်ဆန်းဦးကျတော့ မင်းဘာမှမပြောပါလါး ဗိုလ်ချုပ်ရှိခဲ့ယင်လဲဒါလေါက်သဘေားထားမသေးဘူး မင်းတို့အတွေးအခေါ်မျိုးသာအမေရိကန်မှာရှိယင်အိုဘားမား သမတ မဖြစ်ဘူး အိန္ဒီယားမှာဆိုနီယာဂန္တီခေါင်းဆောင်မဖြစ်ဘူး အဓိက ကစိတ်ဓါတ်ပါ တိုင်းပြည်ကောင်းစေချင်တဲ့စစ်မှန်တဲ့စိတ်ဓါတ်ပါ မြန်မာရင့်မကြီးတယောက်ဖြစ်ပြီးအမျိုးဘာသာ သာသနာကိုဖျက်ဆီနေတဲ့ အာဏာရူးတွေကသာရှက်ဘို့ကောင်းတာ မင်းရုပ်မင်းမှန်ထဲပြန်ကြည့်လိုက်စမ်းခွေးလေါက်တောင်ဦးနှောက်မရှိတဲ့ရုပ် ်မြင်နေရတယ်မဟုတ်လါး…

    • မျိုးချစ်

      November 19, 2010 at 10:39 am

      မင်းမိဘရဲ့အဆင့်အတန်းကိုဖော်ထုတ်နေတာလား….
      ကောင်းမွန်စွာဆွေးနွေးပါ…မရိုင်းနဲ့လေ…
      ဘာရုတ်ရင်…ဘာကြမ်းတယ်ဆိုလားပဲကွ

  • R Ga

    November 19, 2010 at 9:53 am

    အန်တီစု ကချင်ပြည်နယ်ကိုရောက်တုန်းကလားမသိဘူး အင်တာဗျူးတစ်ခု မှာ အန်တီစုကို မေးဖူးပါတယ်။ ဘာလို့ နိုင်ငံခြားသားကို လက်ထပ်သလဲလို့
    အန်တီစုက အဲဒီမှာ ပြန်ဖြေတာက သူအရွယ်ရောက်တဲ့ အချိန်က နိုင်ငံခြားမှာဖြစ် နေလို့ အဲဒီလို နိုင်ငံခြားသာနဲ့ ချစ်ကြိုက်မိသွားတာပါတဲ့ ။ သူသာ ဒီမှာ ကြီးပြင်းလို့ရှိရင် ရှင်နဲ့တောင်(အင်တာဗျူးမေးသူ) အိမ်ထောင်ကျရင် ကျမိမှာတဲ့..။ တကယ်တော့ ဒါတွေက အရေးသိပ်မပါလှပါဘူး…။ တကယ်အရေးပါတာက စိတ်ဓာတ်နဲ့ လုပ်ရပ်ပါပဲ။

  • nyeinwailwin

    November 19, 2010 at 9:54 am

    နိုင်ငံခြားသား ယူထားမိတဲ့ အတွက်ကြောင်တော့ သူ့ကို အပြစ်တော့ပြောလို့မရပါဘူး .. သူရဲ့ အခုလက်ရှိလုပ်ဆောင်ချက်နဲ့ စိတ်ဓာတ်ကတော့ တော်တော်ရှားမယ်ထင်တယ် .. ဘာပဲဖြစ်ဖြစ် အရင်က ကိစ္စတွေထက် အခုလက်ရှိကိုပဲ ကြည့်မယ်ဆိုရင်တော့ ………nwl တို့ကတော့ အမေစုကို အားပေးတယ် .. ထောက်ခံတယ် ..

  • ဆူး

    November 19, 2010 at 9:54 am

    သိတဲ့ လူများ နဲနဲ ပြောကြပါအုန်း.. ဦးအောင်ဆန်းဦး အကြောင်းလေး.. သူလည်း အခု လူချမ်းသာ ဖြစ်နေတယ်လို့တော့ သိရတာဘဲ။

    • R Ga

      November 19, 2010 at 10:23 am

      အောင်ဆန်းဦးက အမေရိကားမှာလို့ ကြားတာပဲ သူက အမေရိကန် နိုင်ငံသား ခံယူထားတယ်တဲ့ဗျာ..။ သူမိန်းမက တော့မြန်မာပဲ ဒါပေမဲ့ ဦးနေဝင်းတို့ နဲ့ ပါတနာလို့လည်းပြောသံကြားတယ်။ နောက် ငယ်ငယ်က ခပ်ရှုပ်ရှုပ်လို့လည်းကြားတယ်။

    • char too lan

      November 20, 2010 at 6:15 am

      အန်တီဆူး အပေါ်မှာ လေးခိုင်ပြောထားတယ်လေ ကျော်သွားတာလား ပြန်ဖတ်ကြည့်ပါအုံး အောင်ဆန်းဦးအကြောင်းလေး ~~
      Post ကသုံးမရသလောက် comment တွေကကောင်းလိုက်တာဗျာ

  • အာဖျံ ကွီး

    November 19, 2010 at 10:07 am

    လူမျိုးခြားယူမိတဲ့အတွက် အမှားတစ်ခုဖြစ်ရတာတော့အမှန်ပဲ Search123 ရယ်။ သူငယ်ချင်း Search123 ပြောသလိုပဲ “စောင့်လေမျိုးနွယ်” ဆိုတဲ့သားသမီးဝတ်ပျက်ကွက်ခဲ့ရတာလဲအမှန်ပါပဲ။

    ဒါပေမဲ့ပေါ့လေ … မြန်မာနဲ.ပဲလက်ထက်၊ မြန်မာပြည်မှာပဲနေ၊ မြန်မာစစ်စစ်လေးတွေပဲ မွေးထားတဲ့ လူတစ်စုက တို.မြန်မာစစ်စစ်တွေကို နှိပ်စက်တာများ တွေးမိလိုက်လို.ကတော့ … 🙁 🙁 🙁

    တို.တွေအတွက် ကိုယ်ကျိုးမပါပဲ ကြိုးပမ်းနေရှာတဲ့ / ဒုက္ခမျိုးစုံကြုံတွေ.နေရတဲ့ / တို.တွေရဲ.ချစ်လှစွာသောအမေစုရဲ. အမှားလေးက ပျောက်သွားလိမ့်မရ်။ လူတိုင်းအမှားနဲ.ကင်းတာမှ မဟုတ်တာပဲ သူငယ်ချင်း Search123 ရယ်။

  • Necromancer

    November 19, 2010 at 10:20 am

    ကျွန်တော် ထင်ပါတယ် မြန်မာနိုင်ငံ ပြင်ပ မှာ နေတဲ့ မြန်မာလူ မျိုး ရာခိုင်နူန်း များများ ဟာ မြန်မာလူ မျိုး ကိုပဲ အိမ်ထောင် ဖက် အဖြစ် လက် ခံမယ် လို့ ထင်ပါတယ်။

  • kyawgyi

    November 19, 2010 at 10:25 am

    မင်းကဗမာမဟုတ်ဘူးနဲ့တူတယ်။အတူတူထားတဲ့အခါဖိုမသဘာဝ၊ကုသနဲ့ပပ
    ညားတာတွေရှိခဲ့တယ်လေ၊မင်းဘာတွေအတွေးခေါင်နေတာလဲ။ရာထူးဆိုတာ
    ရူးတာဟေ့။ဗိုလ်ချုပ်ကိုဘယ်သူသတ်လဲမင်းမသိဘူးလား။ပြည်သူတွေကိုဘယ်
    သူတွေသတ်နေလဲ၊အမေစုဘာတွေလုပ်နေလဲ၊မင်းကိုယ်မင်းပြန်စဉ်းစားပါ၊
    ပြည်သူတွေအတွက်အားကိုးမှူကိုမင်းမကဲ့ရဲ့ပါနဲ့။မင်းစိတ်ထဲဘယ်သူဖက်က
    ဆိုတာသိကုန်ကြလိမ့်မယ်။မင်းစိတ်ချမ်းသာရင်ရပ်ရွာအေးချမ်းပါတယ်ကွာ။

  • ba ba

    November 19, 2010 at 10:57 am

    ဘာဘဲပြောပြော …………အရေးကြီးတာက တိုင်းပြည်ကိုချစ်တတ်တဲ့စိတ်….
    ကအရေးကြီးတယ် မြန်မာယူပြီး တိုင်းပြည်ရောင်းစားနေတာ ဖက်တော့ အဆပေါင်းများစွာသာတယ် ဟ

  • ခွေးဟောင်လို ့တောင်ရွေ ့ရိုးလားမောင်တို ့ရာ
    ဒါ မင်းတို ့ပြောနေကြ ခပ်ညံ့ညံ့ စကားတွေပါ
    မင်းတို ့အဖေအမေတွေ ခြေလေးချောင်း အမျိုးတွေမဟုတ်ဘူးဆိုရင်တော့
    ဒီအဖွားလေး ရဲ ့ ( ဗိုလ်ချုပ်၏ ဇနီးသည်နှင့်တစ်ကွသော မိသားစုကို ) ဘယ်ကောင်က
    မြန်မာပြည်ကနေ ရွေ ့သွားအောင်(ဗိုလ်ချုပ်မိသားစုရဲ ့အခွင့်ရေးကို ခွေးကျင့်ခွေးကြံလုယူပြီး) ရွှေ ့လိုက်တာလည်းဆိုတာကို မင်းတို ့သိပါတယ်
    စကားမစပ် သူ ့နေရာမှာ မင်းတို ့အမေတွေ နှမတွေ(မြန်မာပြည်ထဲမှာနေပြီး ဘာဖြစ်နေတယ်ဆိုတာ မင်းတို ့အသိဆုံး) ဆို
    ဒီအခြေနေလောက်ကျန်ရင် ကံကောင်းတယ်မှတ်

  • ကြယ်လေး

    November 19, 2010 at 12:09 pm

    တနပ်စား ဉာဏ် နဲ့ အထက်လူကြီးကိုဖားပြီး post လာတင်နေတယ်

    မင်း ရဲ့နောင်တော် တွေ က ဒီ.ထက်ပိုပြစ်ပြစ်နှစ်နှစ်ရေးထားတယ်ကွ အမေစု အမျိုးဘာသာသာသနာဖျက်ဆိုပြီး

    ဒေါ်လာစား တို့ စွေစောင်း တို့ ကျေးစေတမန်တို့ပေါ့ကွာ

    မြန်မာမိန်းကလေးတွေ အတုယူမှာစိတ်ပူလို့တဲ့ဖော်ဝါဒ် မေးလ် နဲ့တောင်ဖြန့်နေကြသေး

    အမေစု အာဏာ ရမှာ အရင်စိတ်မပူနဲ့

    လက်ရှိအာဏာသိမ်းထားတဲ့ကောင်တွေ မြန်မာ့ သယံဇာတ တွေရောင်းတွယ်မြန်မာလူမျိုတွေ ဘဝချွတ်ချုံကျအောင်အုပ်ချုပ် နေတာ

    မင်းတို့တသက်ရှိပြီ မင်းတို့ဘာလို့မဝေဖန်လဲ အပြစ်ရှာမရေးတတ် ဘူးလား

    နှာစီးနေတယ်ပေါ့

    မင်းတို့ က မျိုးချစ်တွေ ကိုယ့်အမျိုးကိုယ်ချစ် တွေ

    အမေစုကတိုင်းချစ်ပြည်ချစ်

    အမေစု ပရိတ် ရေလိုပဲ လူတွေအတွက်အေးချမ်းတယ်

    သူတို့လို မကောင်းဆိုးဝါးတွေကျ ပရိတ် ရေ မြင်ယုံကြားရုံ နဲ့ သေမလောက်ကြောက်တယ်

  • koko

    November 19, 2010 at 12:24 pm

    ပြောရမယ်ဆိုရင်တော့ ဒါးထမ်း၊တုတ်ထမ်းပဲဗျို့
    ခင်ဗျားပြောတဲ့ မျိုးချစ်တယ် ဆိုတာက အခု မြန်မာပြည်မှာနေ မြန်မာလိုနေ မြန်မာလိုတွေးနေပြီး မြန်မာပြည်ကိုဦးဆောင်တဲ့ လူတွေမှာပဲရှိတယ်လ ို့ထင်နေတဲ့ လူတွေကပဲပြောနေကြစကားပဲ။ လူတစ်ယောက်က အမျိုးချစ်တယ် မချစ်ဘူး ဆိုတာက သူတစ်သက်မှာ တိုင်းပြည်ကို ကောင်းအောင်ဘာတွေလုပ်ခဲ့နိုင်သလဲဆိုတာနဲ့ပဲ မှတ်ကျောက်တင်မှာ။
    ဗိုလ်ချုပ်ကို တစ်တိုင်းပြည်လုံး ဘာလိုဒီနေထိမမေ့ကြရသလဲဆိုတာပဲကြည့်။ အံတီစု ဘာတွေလုပ်နေသလဲ ဆိုတာ လူတိုင်းသိတယ်။ သူဦးဆောင်တဲ့ လမ်းကြောင်းဘယ်ကိုဦးတည် သလဲဆိုတာ ပညာတတ်ပြီး အမျှော်အမြင် ရှိကြတယ် သူတွေအားလုံးနားလည်တယ်။
    တိုင်းပြည်ကို နိမ့်ကျသွားစေတဲ့ နိုင်ငံရေး ရေစီးကြောင်းကို ဆန့်ကျင်ပြီးလှော်တက်နေတာ။ တိုင်းပြည်ရဲ့ လွတ်လပ်ရေးရပြီး ဘယ်သူကမှ မဖြေရှင်းနိုင် ခဲ့တဲ့ ပြသနာတွေကို ရင်ဆိုင်ဘို့ကြိုးစားနေတာ။
    လက်နက်နဲ့ပဲ ဖြေရှင်းမယ် ဆိုရင်တော့ လူမျိုးစု တွေမှာ ဖြစ်နေတဲ့ ပြသနာတွေက ကမ္ဘာပျက်တောင် ပြီးမှာ မဟုတ်ဘူး။
    ကျွန်တော်ထင်တယ် ဒီခေတ်ပျက်ကို မှီတွယ်ပြီး မြန်မာနိုင်ငံရဲ့ အဆီအနှစ်ကို မတရား ရယူပြီး ကြီးပွားနေတဲ့လက်တဆုတ်စာ သူတွေသာ ဒီလိုအတွေးအရေး မျိုးနဲ့ ပြောဆိုရေးကြပါတယ် ဆိုတာပါပဲ။
    ခေတ်ပညာတကယ်ကိုတတ်လာပြီး တိုင်းပြည်ကို ကမ္ဘာနဲ့ရင်ဘောင်တန်း ကြီးပွားစေချင်တဲ့ သူတိုင်းက အံတီစုကို နားလည်တယ်၊ ထောက်ခံတယ်။
    သူတို့ တစ်သက်တာမှာ ဖြစ်စေချင်တာတွေရဲ့ နောက်ဆုံးမျှော်လင့် ချက်က အံတီစု ဆိုတာပါပဲ။

  • အော်ကြယ်

    November 19, 2010 at 12:33 pm

    မင်းပထွေးတွေက ဘုန်းကြီးတွေမျက်နှာကို စစ်ထဖိနပ်နဲ့ကန်တာကောဘာပြောအုန်းမလဲ ခွေးမသားရဲ့
    ဖိနပ်နဲ့ကန်တာ တိုင်းပြည်ချစ်တာလား

  • mty

    November 19, 2010 at 12:40 pm

    တော်တော်လေးစိတ်ပျက်စရာကောင်းပါလား ဒီနေရာမှာ မင်းရဲ့ဆွေမျိုး ညီအမသာဆိုမင်းဘာပြောမလဲ ငါတို့ချစ်တဲ့အမေဟာ နိုင်ငံခြားသားယူခဲ့တာကလွဲရင် တိုင်းပြည်အပေါ် လူမျိုးအပေါ်တိုးတက်စေလိုမှုနဲ့ ငါတို့ကိုယ်စား ဒုက္ခများစွာခံ မိသားစုကိုစွန့်ပြီး ငါတို့တွေအတွက် ငါတို့တမျိုးသားလုံး တိုးတက်ရေးအတွက်လုပ်နေတာလေ မင်းပြောတဲ့ မြန်မာကိုယူမှမျိုးချစ်တာသာဆိုရင် ငါတို့ကိုချွတ်ခြုံကျ လူတကာအောက်တန်းနောက်တန်းရောက်ပြီး ကမာ္ဘမှာ မျက်နှာမပြဝံ့အောင်လုပ်နေတဲ့ ဟိုအကောင်တွေက မြန်မာလူမျိုးယူ မြန်မာတွေမွေးလို့ ပိုမျိုးချစ်တယ်ပြောပေးရမလား globalization ခေတ်ရောက်နေပြီ ဒါမျိုးအရေးအသားလောက်နဲ့ ငါတို့တွေစိတ်ဓာတ်ကိုမင်းပြောင်းလို့ ရမယ် မထင်နဲ့ လွန်ခဲ့တဲ့အနှစ်၂ဝလုံး ဒီကောင်တွေရဲ့ ဒီလက်သုံးစကားကို အခုမင်းလာသုံးလည်း ဘယ်သူကပြည်သူကိုအမှန်ချစ်တာလည်း လူတိုင်းသိပါတယ် ကိုယ့်ကိုယ်ကိုယ်ရှက်တတ်ပါစေ

  • ကြယ်လေး

    November 19, 2010 at 1:09 pm

    @search 123

    ဒေါ်အောင်ဆန်းစုကြည်ကိုလေးစား ရတဲ့အကြောင်းတွေကအများကြီး. 1.အမေစုက ဘာdegree တွေရထားလဲ သိလား? india very famous university က နိုင်ငံတကာ ဆက်ဆံရေး နဲ့ management degree ကို great horner နဲ့အောင်ခဲ့တယ် ့ by the way မင်းတို့ great horner ဆိုတာကြားဖူးလား? အရင်ဆုံး မင်းတို့ဘာနဲ့ကျောင်းပြီးခဲ့တာလဲ? ဗိုလ်ချုပ်ရဲ့မိန်းမ anty su ရဲ့အမေဟာ india international embassitor လုပ်ခဲ့တာရောကြားဖူးလား? ပြီးတော့ အမေစု က england oxford law school က Ph.D ကို နိုင်ငံရေးသုတေသီ နဲ့ management , public demand & need thesis တွေရခဲ့တယ် 2. သူဟာ သူ့ဘာသာ UN မှာ လစာကောင်းကောင်း နဲ့ 3years လုပ်ခဲ့တယ့် ဒီလိုအရည်းအချင်း နဲ့ အလုပ်အကိုင်ဆိုတာတွေဟာ ငါတို့ မင်းတို့ တွေအိပ်မက်ထဲမှာတောင် ရဖူးလို့လား? ဒီလိုနေရင်းနဲ့ သု့လိုပဲ democracy အရေး လုပ်ဆောင်တဲ့ england နိုင်ငံသားနဲ့ရခဲ့တယ်. ဒီလိုသူတို့မိသားစုတွေ မိစုံဖစုံ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းသာသာ နေထှိင်ရင်း. အမေဒေါ်ကြည် ကျန်းမာရေး အတွက် myanmar ပြည်ကိုပြန်လာရင်း 88 အရေးအခင်း ဗိုလ်ချုပ်မျိုးဆက်ဆိုတော့ မျိုးချစ်စိတ်တွေထကြွလို့ ခေါင်းဆောင်ပါဝင်ရင်း ငြိမ်းချမ်း နိုဗယ်ဆုရခဲ့တယ်. England လိုနိုင်ငံ မျိုးမှာ စည်းစိမ်ကျကျ နေလို့ရတဲ့ဘဝမှာသားပြစ် လင်ပြစ်နဲ့ သေနတ်တွေ ကြားမှာပြည်သူတွေအကျိုး ကိုယ်ကျိုးစွှန့်တာ မဟုတ်လို့ ဘာလဲ? သားသမီးထက် လင်သားထက် မိမိဘဝထက် တှိင်းပြည်ကိုပိုချစ်လို့ အနှစ်20 အကျယ်ချုပ် ကျခဲ့ရတယ် ခုလဲ လွတ်ခါစရှိသေးတယ် အသက် 65 ဖြစ်နေတာတောင် နိုင်ငံအကျိုးကို အာဏာတ မထားပဲ လုပ်ဆောင်ပေးဖို့ကျိုးစားနေပြန်ပြီ ့ မင်းတို့ကို 1လပဲ အရာအာလုံးကို ငါ ကန့်သတ်ထားမယ် ဘယ်လိုခံစားရမလဲ? သေလောက်အောင်မုန်းနေမှာမလွဲပဲ. 3.ခံစားချက်ဆိုတာ ကိုယ်တွေ့ကျုံမှလေးနက်မှန်းသိရတာပါ့ ဒါကြောင့်ကိုယ်မလုပ်နိုင်ရင်နေပါ့ ကိတ်စတခုခု ကို အတွင်းကျကျ မသိပဲ ဒီကနေ့ကစလို့ နောင်ကိုမဝေဖန်စေချင်ဘူး ့ သူများနဲ့ မတူဆန့်ကျင်ဘက်လျောက်လုပ်ရင်popular ဖြစ်တယ်ဆို့တဲ့ idea တွေကို discard လုပ်နိုင်သွားရင် ဒီထက်ပို သိတ်ခါရှိသွားနိုင်တယ်. 4. မင်းတို့တွေရဲ့ ဝေဖန်မှုတွေကိုကြည့်ရတာ အရာရာကိုလေ့လာသင်ယူမှုအားနည်း သလို. psychological view. ကကြည့်ရင် သာပေါင်းညာစား အကျင့်နဲ့ မလိုရင်မလိုသလို ပြုမူကျမဲ့ လက်ခဏာတွေ့ရတယ့် အမေစုကိုဝေဖန်လို့ပြောတာမဟုတ်ပါဘူး့ စာအသွားအလာအရ စိတ်ပညာကိုအခြေခံပြီး ပြောတာပါ့ မင်းတို့လိုလူငယ်တွေကို လောကဏီတိ စာအုပ်တွေပေး ဖတ်ဖို့လိုအပ်နေပြီ. အားလုံးကိုကျေးဇူးတင်ပါတယ်

    မင်းဖတ်ဖို့ ကူးလာပေးတာ

    • sai khunsai

      May 27, 2012 at 4:39 pm

      ရေးသွားတာကောင်းတယ်

  • zarny

    November 19, 2010 at 2:20 pm

    ငယ်ငယ်ထဲက တိုင်းတပါးမှာ ပညာသင်ရင်း ကြီးပြင်းခဲ.ရတာပါ လူလောက ထဲက သူမက လူတစ်ယောက်ပဲလေ ဒါပေမဲ. သူပညာတွေ အများကြီး သင်ယူ ခဲ.တယ်လေ ခင်ဗျားတို.ကောသူ.နေရာမှာဆိုရင် သူလို လုံးလ ရှိပါ့ မလား စဉ်းစားပါ

  • koyinmaung

    November 19, 2010 at 4:32 pm

    ရှားပါဓါတ်ပုံလေးတွေတင်ပေးတာတော့ကျေးဇူးတင်တယ် ကူးထားလိုက်တယ် ဒေါ်စုနဲ့ပါတ်သက်ပြီးပြောစရာဆိုလို့ဒါဘဲရှိတာမို့လါး ကောင်းတာလေးတွေလဲ ပြောအုံမှပေါ့ မင်းပထွေးကတပြည်လုံးကိုရောင်းစားနေတာကုန်တော့မယ် တရုတ်ကလဲမြန်မာပြည်ကိုသူပြည်နယ်တခုလိုမှတ်နေတာ မန္တလေးဆို တရုတ်မြို့ဖြစ်မှန်းမသိဖြစ်နေပြီ

    • koko

      November 20, 2010 at 11:23 am

      ဖတ်တဲ့သူနှစ်ယောက်နဲ့တစ်ပိုင်းရှိတဲ့ site ပါ။ web statistic ကို ကြည့်တော့ လာကြည့်တာ ၁၀၀ဝတောင်မကျော်တဲ့ site မှာ အများဆုံးလာကြတာက russia ဆိုတော့ စဉ်းစားသာကြည့်ကြပါတော့၊

  • moethidasoe

    November 20, 2010 at 1:58 am

    ရှာ ၁၂၃ ရေ .. မင်းကို ခန့်မှန်းရတာ .. ဟိုဖက်ကဖြစ်နိုင်တယ် ..
    ရှေးမီနောက်မီ ပြောတာတွေ ပြန်စုစည်းပေးမယ်နော် ..
    မြန်မာနိုင်ငံလွတ်လပ်ရေးရတော့ .. ဗိုလ်ချုပ်အောင်ဆန်း မရှိတော့ဘူးဆိုတာ ပြန်ပြောစရာ လိုမယ် မထင်ဘူးနော် .. ဝန်ကြီးတမတ် ဆိုတဲ့ စကားလဲ ကြားဖူးမှာပါ ..
    ဗိုလ်ချုပ် မရှိတော့ပေမယ့် .. ဗိုလ်ချုပ်ရဲ့ အရှိန်အဝါက မသေးလေတော့ .. ကျန်ရစ်သူမိသားစုလဲ အရှိန်အဝါ ရှိတာပေါ့ .. ဒါကို မလိုချင်တဲ့လူတွေလဲ ရှိနေလေရဲ့ ..
    တစ်ဦးထက်တစ်ဦး အဆင့်မြင့်တာကို လုပ်ချင်ကြတဲ့ မြန်မာပြည် အကြောင်း ထည့်သွင်း ပြောပြမယ် ..
    ဗိုလ်ချုပ်အောင်ဆန်းကို တို့ ငယ်ငယ်လေးကတည်းက general aung san လို့ပဲ ခေါ်ခဲ့ကြတယ် .. ဒါပေမယ့် ဘာလုပ်ခဲ့ကြသလဲ သိလား .. bogyke aung san တဲ့ .. ဒီတော့ သူ့ထက် မြင့်အောင်လို့ general ဆိုတဲ့ အဆင့်ကို သတ်သတ်မှတ်မှတ် လုပ်လာကြတယ် .. အခုကြတော့ .. သူ့ထက်သူတွေက senior general ဆိုတာတွေ ထပ်လုပ်လာတာ သိပြီးသားမဟုတ်လား ..
    ကဲ ကဲ စကားလမ်းလွဲနေဦးမယ် ..
    ဗိုလ်ချုပ် မိသားစု ထင်ပေါ်လာမှာကို မကြည့်ချင်တဲ့ လူတွေက အဝေးပို့ စီမံချက်နဲ့ သံအမတ်ကြီး ဆိုပြီး အိန္ဒိယကို ပို့လိုက်တယ် .. အမေသွားတော့ သမီး ပါရတာပေါ့ .. အဲဒီနောက် ကလေးတွေ ဘယ်မှာ ကြီးရသလဲ .. နိုင်ငံခြားမှာပေါ့ .. ဘယ်သူတွေနဲ့ အတွေ့များလဲ .. နိုင်ငံခြားသားနဲ့ပေါ့ ..
    အမျိုးချစ်ပါတယ် ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်တောင်မှ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီ စွပ်စွဲချက်တွေနဲ့ ပုတ်ခတ်နေရင်း သူ့သားက ဖိလစ်ပိုင် မကို ကောက်ယူလိုက်လို့ .. သားအဖြစ်မှ စွန့်လွှတ်ခြင်းကို အရှက်ပြေ လုပ်ခဲ့ရသေးတယ် မဟုတ်လား ..
    အမျိုးချစ်ပါတယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတောင်မှ လက်ရှိ မြန်မာမကို ကွာပြီး ဂျူးမကြီးကိုတောင် ယူခဲ့သေးတယ် မဟုတ်လား ..

    အောင်ဆန်းဦး မြန်မာမကို ယူရတာ ဘယ်သူလုပ်လို့လဲ သိလား .. ဘာကြောင့် ဘယ်တော့မှ ယူသလဲ သိလား .. သူ့ယောက္ခမ ဘယ်သူလဲ သိလား .. (စမူဆာ အဖွဲ့က ဦးနန်းနွယ်လို့ သိထားတယ်) .. မသိပဲ အောင်ဆန်းဦး မျိုးချစ်တယ်လို့ သိပ် မပြောနေနဲ့ ..
    ဒီလူ အဲဒီမိန်းမကို ယူပြီး ဘယ်လောက် ကြောက်ရသလဲ ဆိုတော့ သူ့ယောက္ခမက ခိုင်းတဲ့အတိုင်း ညီမဖြစ်သူကို တရားပြန်စွဲတာ သိသလား .. ပြောနေရင်း ဒေါသဖြစ်လာတာ မဟုတ်ဘူးနော် .. သမိုင်းတွေ ပြောင်းကုန်မှာစိုးလို့ပါ ..
    နောက်ပြီး အမေရိကန်မှာ မြန်မာနေ့ရက်များ လုပ်တာက သူက ဦးဆောင်လို့လား .. ပါဝင်ရုံပဲလား ..
    မြန်မာပြည်ကိုရော .. ဘာတွေ အကျိုးပြုခဲ့သလဲ .. ဒီလောက်ဆိုရင် ရှာ ၁၂၃လဲ ..

  • bigcat

    November 20, 2010 at 2:15 am

    ဟာဟာဟ… မင်းတို့တွေ ဒေါ်စုကို အနောက်တိုင်းက ရုပ်သေးရုပ်၊ စီအိုင်အေသူလျှို၊ ကူမြူနစ် လိုလားသူ၊ မွတ်စလင်ကုလားမယား၊ ဂျုးလူမျိုးရဲ့မိန်းမ လို့ဆိုပြီး အဆီအငေါ်မတဲ့ အရူးချီးပန်းသလို ပြောချင်ရာတွေပြောနေတာ မရှက်ဘူးလား။ မင်းရေးတာတွေက မြန်မာ့အလင်းတို့၊ ကြေးမုံတို့၊ မင်းတို့အင်တာနက်ဆိုက်တွေအတွက်ပဲ ကောင်းပါတယ်ကွာ။ ဒီမှာပို့စ်လာတင်ရင် အိုင်ဒီယာ အသစ်လေး ဘာလေးထုတ်စမ်းပါ။ မင်းလိုမျိုး ယုတ်ညံ့တဲ့အတွေးနဲ့ ဒေါ်စုကိုတိုက်ခိုက်တဲ့သူတွေ ဒီဆိုက်မှာ ရှိပါတယ်။ မင်းရေးသလိုတော့ မတုံးကြဘူးဟေ့။ ကမာ္ဘကြီးမှာ နံပါတ်တွေက ဘီလျံတွေ ထရီလျံတွေရောက်နေပြီ၊ မင်ကအခုမှ တစ်နှစ်သုံးကို ရှာနေတုံးဆိုတော့ ကိုယ့်အကြောင်း ကိုယ်သိပါကွာ။

  • စာဖတ်သူ

    November 20, 2010 at 3:53 am

    နင့်မှာ နှမရှိရင် အရင်မေးကြည့်ပါဦး ခုနေများ နိုင်ငံခြားသားတယောက်က လိုတာအားလုံးဖြည့်ဆည်းပေးမယ် ဆိုရင် (ဟင့်အင်း) လို့ ငြင်းနိုင်မလားဆိုတာ …. မြန်မာတနိုင်ငံလုံးလက်ညိုးထိုးရောင်းစားနေတဲ့ နင့်ယောက်ဖတွေ ပထွေးတွေထက်တော့ သာတယ်ဟ ဒေါ်စုက

  • winyungwe

    November 20, 2010 at 4:40 am

    အတွေးခေါ်တွေကတော်တော်ရှုးတာပဲနော်…

  • photwenty

    November 20, 2010 at 5:05 am

    search 123 ရေ
    မင်းဘာကောင်လဲ ဘယ်သူလဲတော.မသိဘူးပေါ.ကွာ
    ဒါပေမယ်. မြန်မာပြည်မှာမွေး မြန်မာပြည်က ရေနဲ. အချင်း ဆေးထားတဲ.မင်းကကော မြန်မာပြည် ကြီးကိုဘာတွေများကောင်းကျိုးပေးပြီးပြီလဲဆိုတာပြန်တွေးကြည်.ပါအုံး
    ဗိုလ်ချုပ်ကတော.သူ.ရဲ.လိပ်ပြာကိုခုံရုံးတင်ပြီးအစစ်ခံရဲတယ်တဲ.မင်းကော မင်းကော မင်းရဲ.လိပ်ပြာကိုတရားရုံးမှာ လာဘ်ပေးပြီးသွားအစစ်ခံကြည်.ပါအုံးလား

    လူးသားအားလုံးကိုလေးစားလျက်။။။။။။။။။။။

  • ခင်ဗျားတို ့ပြောနေကြတဲ့ ထားပါတော့ ခင်ဗျားတို ့အမေ/အဒေါ်/အန်တီ ဘာဘဲဖြစ်ဖြစ် ပေါ့
    သူမကို ဒီနေရာမှ ဒီပုံစံတွေနဲ ့လာပြောလို ့ကတော့ ဝိုင်းအော်ကြမယ်ဆိုတာကိုသိလို ့ကို သူက တမင်သက်သက်
    ဒီလို လာပြောတယ်ဆိုတာကို ခင်ဗျားတို ့အရင်နားလည်တတ်ရမယ်
    ကျုပ်ကတော့ ခင်ဗျားတို ့လိုမတွေးဘူးဗျ
    အကျိုးလိုလို ့ အကြောင်းဖန်တီးတယ်လို ့ဘဲ ကျုပ်မြင်တယ်
    ဘာဖြစ်နေပြီလဲဆိုတော့ ခင်ဗျားတို ့တော်တော်များများဟာ အဲ့သည် ့အမေ/အဒေါ်/အန်တီ လို ့ခေါ်ပြီး လေပြည်ထိုးနေတယ်လို ့ဘဲကျုပ်ထင်တယ်
    ကျုပ်တို ့ဟာ ခေါင်းဆောင်တစ်ယောက်ရဲ ့နောက်က ဘာလုပ်သင့်တယ်ဆိုတာ ကို လေးလေးနက်နက်ဆွေးနွေးတာ မျိုးကို
    လုံးဝမတွေ ့ဖူးဘူး
    ဒါပေမယ့် ကျုပ်အမြင်ကို ပြောတာနော် ဒီပို ့စ်ရဲ ့ရည်ရွယ်ချက် ပြစ်မှတ်ဟာ
    ဒီပို ့စ်ရဲ ့အနောက်ဘက်မှာရှိတဲ့ ဆွေးနွေးလုပ်ဆောင်ရေးကို ရည်ညွှန်းတဲ့ ကော်မန် ့သို ့ ပို ့စ်တစ်ခုရဲ ့ လူအာရုံစိုက်မှု ့ကို လမ်းလွှဲုပစ်လိုက်တယ်လို ့ဘဲ
    ထင်တယ် အဲ့သည်တော့ကာ ဘယ်ပို ့စ် သို ့ ဘယ်ကော်မန် ့ဟာ ဆွေးနွေးလုပ်ဆောင်ရေးကို ဦးတည်နေသလဲ ဆိုတာ ရှာဖွေကြပေတော့
    ကျုပ်ကတော့ ခင်ဗျားတို ့လို ့အမေ/အဒေါ်/အန်တီ လို ့မခေါ်ဘဲ
    အဖွားကြီးလို ့ခေါ်တဲ့အတွက် နောက်တစ်ခါလည်း မခေါ်တော့ပါဘူး
    ခင်ဗျားတို ့နဲ ့လည်းဘယ်တော့မှ မဆွေးနွေးတော့ပါဘူး
    ခင်ဗျားတို ့ကို ကျုပ်ပြောခဲ့ဘူးပါတယ် ကျုပ်နေတတ်ပါတယ်
    ဒါပေမယ့် ကျုပ်လေးလေးနက်နက် သတိပေးခဲ့ပါတယ်
    ခင်ဗျားတို ့တစ်ကယ်လုပ်ရမဲ့အလုပ်ဟာ အခြေခံလူတန်းစားတွေ( ဒေါ်စုလွတ်တဲ့နေ ့က ကိုယ်တိုင်ကိုယ်ကြ ပါဝင် ကြိုဆိုခဲ့တဲ့သူတွေ လိုမျိုးနဲ ့ အခြားပြည်နယ်
    နှင့်တိုင်းအနှံ ့မှာရှိတဲ့ပြည်သူတွေ) အားလုံး စနစ်တစ်ကျ ချိတ်ဆက်မိဖို ့ကို အင်တိုက်အားတိုက် လုပ်ဆောင်ကြပါလို ့
    ပြောတာကို ယုံခြင်ယုံမယုံခြင်နေပါ

  • kai

    November 20, 2010 at 6:39 am

    ဪ..
    ကိုအောင်ပုရယ်..
    လူထုဆိုတာက ..စိတ်ဓါတ်စစ်ဆင်ရေးတို့.. ကန်င်ပိန်းတို့.. နားလည်နိုင်တာမှ မဟုတ်တာနော..။
    ဒီအတိုင်း အီမိုးရှင်းတွေ.. အိုပီနီယန်တွေပါပြီး ရေးကြပြောကြမှာပေါ့..။ ဒါကိုက မိဘပြည်သူ ဆိုတဲ့သဘောပဲလေ..။
    ရင့်ကျက်တဲ့နိုင်ငံရေးသမား ဆိုတာမျိုးက .. ဒီလိုစာတွေအပေါ်မှာ စိတ်ဖြာလေ့လာပြီးလူထုသဘော.. အတိုက်အခံသဘောထား ဆွဲထုတ်ယူရင်း နောက်ဘာလုပ်ရမယ်..လမ်းကြောင်းရှာရတာပေါ့..။

    ပြောရရင် ..search123 ပို့စ်မှာအချက်အလက်ပါတယ်..။
    (တစ်နည်းပြောရရင် အာဏာကြောင့် မဟုတ်ပဲ ကူညီနိုင်ပါစေ။)
    ဆိုတာက .. တခြားတဖက်ရဲ့ စိတ်သဘောကိုဖွင့်ပြထားတာလို့ထင်ပါတယ်..။
    စဉ်းစားဖို့မကောင်းဖူးလား…။
    ဘာပဲဖြစ်ဖြစ်..
    ကျုပ်တို့မီဒီယာအလုပ်က .. အားလုံးသိစေဖို့ပါပဲ..။ ယူနိုင်သူတွေ ယူကြပါစေ..။ သုံးနိုင်သူတွေ သုံးကြပါစေ..။
    ဆဲတာတွေတော့ မလုပ်ကြစေလိုပါဘူး..။

    ကဲ..ကဲ.. သိကြစေသတည်း..။

    စကားမစပ်..။
    ခင်ဗျားက အဖွားကြီးသုံးတော့ ကျုပ်တောင်ကြိုက်ပြီး လိုက်သုံးလိုက်သေးတယ်..။ အန်တီလို့ခေါ်တာနဲ့စာရင်.. အဖွားကြီး ဆိုတာကို ပိုကြိုက်တယ်ဗျ..။
    ကျုပ်တို့ဂျင်နရေးရှင်းက .. အိမ်ကအဖိုးကြိး..။အဖွားကြီးဆိုတာ ..အဖေအမေကိုခေါ်တာပဲ..။
    ဗမာဆန်ပြီး .. စကားလှတယ်..။
    ဒေါ်စုကို စကားပြောနေရင်… တည့်တည့်ကြီးသွားခေါ်ရင်တော့ .. ဘယ်ကောင်းမလဲ..ဒီလိုပဲ ဆွေးနွေးစကားပြောရင် ..အဖွားကြီးနစ်နိမ်းက ..ပိုအဓိပါယ်ရှိတယ်ထင်တာပါပဲ..။
    တပ်ထဲလည်း.. အပေါ်ဆုံးအရာရှိ… အဘ ၊ အဘ လုပ်တယ်မဟုတ်လား..။
    ကဲ…အဖွားကြီးဗျို ့..အဖွားကြီး..။

    • thantmonzaw

      October 2, 2011 at 5:45 pm

      ုkai
      ခင်ဗျားရဲ.ဒီcommentကိုfacebook မှာဆိုရင်
      ူLIKEလို.CLICKမိမှာဗျ
      အခုတော.ကြိုက်တယ်ဗျာလို.ပဲရေးလိုက်တယ်

  • thargyi

    November 20, 2010 at 11:14 am

    ဘာတွေပဲဖြစ်ဖြစ်မင်းတို့ငါတို့အားလုံး အန်တီလိုမျိုးချစ်စိတ်ရှိကြစမ်းပါ…

  • sayargyi

    November 20, 2010 at 4:38 pm

    အမေ/အန်တီ/ အဒေါ်/ အဖွားကြိး..ဘယ်လိုဘဲခေါ်ခေါ် အခေါ်အဝေါ် ဆိုတာလေးစားမူကိုပြသသော နမ်စားတခုပါဘဲ
    အချို့ကလဲချစ်စနိုး နဲ့ခေါ်တာတွေလဲရှိမှာပေါ့..ဥပမာ..ခွေးကောင်..နွားလေး..စသည်ပေါ့
    သေချာတာကတော့ ကိုယ်ကမုန်းတဲ့..မကောင်းတဲ့မိန်းမတစ်ယောက်ကို အမေတပ်မခေါ်မှာတော့ကျိန်းသေတယ်..

  • မောင်မိုးညို

    November 21, 2010 at 2:21 am

    မောင်မိုးညိုတွေ့ကြုံဆက်ဆံခဲ့ရဘူးတဲ့ဌာနအကဲ (ရာထူးကြီးထဲက)တယောက်ရဲ့အဆိုအမိန့့်လေးမျှမယ်နော်..။ “ဒေါ်စုသာကျုပ်သမီးဆိုရင် Michael Aris လို Oxford University ကပါမောက္ခနဲ့ဘာမှသဘောမတူစရာအကြောင်းလုံးဝမရှိတဲ့အပြင ်ယူဘို့တောင်အားပေးလိုက်အုံးမယ်ဗျာ”တဲ့။ (နဝတ)ခေတ်စစိေိုလ်ချုပ်များရဲ့နိုင်ငံခြားငွေကိစ္စတွေတာဝန်ယူလုပ်ပေးရတဲ့ ဌာနကြီးတခုကအကြီးအကဲရဲ့တိုးတိုးတိပ်တိပ်မှတ်ချက်ပါ။
    6 degree of seperation ဆိုတာကြားဘူးကြမှာပါ။ လူသားတိုင်းဟာသူတို့ရဲ့ဘိုးစဉ်ဘောင်ဆက်မျိုးနွယ်ဆက်စပ်မှုကိုသုတေသန ပြုကြည့်ရင်အလွန်ဆုံးအဆက်(၆)ခုမြောက်မှာတစ်ဦးတယောက်သော လူစိမ်းတဦးဦးနဲ့အမျိုးတော်ကြောင်း တွေ့ရမယ်လို့သုတေသီတွေကဆိုကြပါတယ်။ ဖူးစာဆိုတာဆန်းကျယ်ပေမဲ့သဘာဝတရားဆိုတာမမေ့ကြဘို့သတိပေးလိုပါတယ်။ တိုးတက်တဲ့အတွေးအခေါ်တွေထွန်းကားတဲ့ဒီခေတ်ကြီးမှာမှာ ခေတ်နောက်ပြန်ဆွဲတဲ့ultra-nationalism တွေလိုလူမျိုးရေးတွေစွန့်သင့်ပါတယ်။ “”ပြည်တွင်းရဲ့အားပြည်တွင်းမှာရှိသည်” ဆိုတဲ့လမ်းစဉ်ပါတီခေတ်ကကြွေးကြော်ချက်ရယ်၊ မြန်မာလူမျိုးတို့ရဲ့ထုံးတမ်းစဉ်လာရှေးရိုးဆံမှုတွေက ဒီအတွေးအခေါ်တွေကို “အမျိုးသားစိတ်”ဆိုပြီးတားဖြစ်ထားပါတယ်။
    ဗိုလ်ချုပ်ဆောင်ဆန်းသာသက်ရှိထင်ရှားရှိခဲ့ရင်လဲ၊ သူ့သမီးနိုင်ငံခြားသွေးနှောသူကိုယူတဲ့ကိစ္စပြဿနာရှိနိုင်မယ်လို့ မထင်ရေးချမထင်ကြောင်းပါခင်ဗျား။ ခေတ်မှီပြီးနိုင်ငံအနာဂါတ်ကိုအမြဲတွေးနေတဲ့ဗိုလ်ချုပ်ရဲ့အတွေးအခေါ်ကဒီလောက်ခေတ်နောက်ကျမယ်မထင်ကြောင်းပါ။

  • Shwe

    November 21, 2010 at 9:34 am

    မြန်မာပြည်ရှေ့ရေး ရင်လေးစရာကောင်းလိုက်တာ။ ကိုယ်တိုင်လည်း ဘာမှ မလုပ်တတ်ဘူး။ အန်တီစုကို အရမ်းချစ်တယ်ဆိုတာပဲသိတယ်။ ဘာမှလည်း မတတ်နိုင်ဘူး။ အခုလိုပို့စ်မျိုးဖတ်လိုက်ရတော့ စိတ်ဓာတ်တအားကျတယ်။ ဒီကောင်တွေ မြန်မာတစ်ပြည်လုံးရောင်းစားလို့ကုန်ရင်တောင် လူငယ်တွေရဲ့ စိတ်ဓာတ်ကိုရောင်းစားလို့မရစေချင်ဘူး။ ကုန်လွန်ခဲ့တဲ့ နှစ်၂ဝ တွင်းမှ အစစ အရာရာပျက်စီးသွားလိုက်တာ။ အပျက်စီးဆုံးက စိတ်ဓာတ်တွေများလား။

  • တိုင်းပြည့်ကျေးဇူးရှင်အမောင်စစ်သည်

    November 21, 2010 at 9:35 am

    အရူးတေါ
    မသေမချက်းမျတ်ထား
    အင်အားထက်ဘျူဟာကအရေးကြီးတယ်

    • တူရိယမောင်

      November 21, 2010 at 11:27 am

      commentပေးကြတဲ့မိတ်ဆွေတွေရေားsearch123ကိုရေားပြေားချင်တယ် ဒါကကျနော်ထင်မြင်ချက်ပေါ့ဘယ်သူမှားလဲလို့ပြေားရင်search123ခင်ဗျားမှားတယ်လို့ပြေားချင်တယ်ဗျ အာဏာဆိုတာကဘယ်သူလက်ထဲပဲရောက်ရောက်သူရဲ့ အကျိုးသက်ရောက်နိင်စွမ်းကရှိနေမှာပဲ ပြေားချင်တာကဒေါ်အောင်ဆန်းစုကြည်အနေနဲ့က အာဏာမရဘဲကျနော်တို့အပါအဝင် ခင်ဗျားဘဝကိုပါပြောင်းလဲပေးနိင်မှာမဟုတ်ဘူး ဒီလိုတထစ်ကြပြေားရတာကလဲရာခို်င်နှုန်းနဲ့ တွက်ရင်ဒေါ်စုကကျနော်တို့ရဲနောက်ဆုံးမျှော်လင့်ချက်လို့ပြေားလို့ရတယ်

  • paukpauk

    November 21, 2010 at 11:44 am

    Mandalay Gazette ခင်ဗျာ
    ဒီလို အဆင့်အတန်းမရှိ .. ရည်ရွယ်ချက်မကောင်းတဲ့ post မျိုးကို မတင်စေချင်ပါ။
    မသူတော်တွေရဲ့ အသုံးချခံ post အဖြစ် ရောက်သွားပါလိမ့်မယ်။
    ခုတလော ဒီလိုကောင်စားတွေ တက်တက်ပြီး ကလိတဲ့ site တွေရှိနေပါတယ်။
    စဉ်းစားဆင်ခြင်ပြီးမှ တင်ခွင့်ပြုသင့်ပါတယ်။
    လူအများစုကဖတ်ပြီးတိုင်း ဒေါသဖြစ်စေတဲ့ post မျိုးကို ဘာသာရေး post များပိတ်ပင်သကဲ့သို့ တားဖြစ်သင့်ထားပါတယ်။

  • တူရိယမောင်

    November 21, 2010 at 11:46 am

    ဘယ်အစိုးရတက်တက်ဒီကနေ့ကြုံတွေ့နေရတဲ့
    အခက်အခဲတွေကျနော်တို့စားဝတ်နေရေးလူနေ
    မှုနည်းပညာအစရှိတာတွေကိုအပြုသဘေားဆောင်
    တဲ့ဖြေရှင်းဖို့အတွက်ဆိုရင်နိင်ငံတကာနဲ့အထူး
    တဖြင့်အနောက်အုပ်စုနဲ့LINK UPဖြစ်တဲ့အစိုးရ
    တခုတက်လာမှအဆင်ပြေလိမ့်မယ်အဲဒါကိုဘယ်
    ူသူမှငြင်းလို့မရဘူးလို့ပြေားချင်တယ်ဘာကြောင့်
    အနောက်ဘက်အုပ်စုကအထူးသဖြင့်ရေးသလဲ
    ဆိုရင်အရှေ့ဘက်မှာကကျနော်တိုမှီဖို့ရာသင်ခန်း
    စာတွေရခဲ့ပြီးပြီယနေ့တရုတ်နဲ့နအဖအစိုးရရဲ့
    ဆက်ဆံရေးကရလဒ်တွေအပေါ်သုံးသပ်ရင်မြင်နိင်ပါတယ်
    ဒီအခြေအနေမျိုးမှာဘယ်သူကဦးဆောင်သင့်တယ်ဆို
    တာSEARCH 123သိနိင်ပါစေလိုပြေားချင်တယ်
    အရေမရတာတွေပြေားမဲ့အစားလက်တွေ့ကျကျ
    စဉ်းစားသင့်တယ်လို့ထင်မိတယ်ကျနော်တို့နိင်ငံ
    အနေနဲ့တောင်ကိုရီယားရဲ့နဲ့ထိုင်းနိင်ငံတို့ရဲနိင်ငံရေး
    မှုဝါဒကိုအတုယူသင့်တယ်အဲလို့နိင်ငံရေးမျိုးကိလုပ်
    နိင်စွမ်းသူဟားလဲယနေ့ခေတ်မှာဘယ်သူလဲဆိုတာ
    SEARCH 123သိနိင်ပါစေလိုဆုတောင်းလိုက်ပါတယ်

  • ကြယ်လေး

    November 21, 2010 at 11:57 am

    တင်ပါ စေ ဗျာ

    ကျနော်တို့ ပြန် ထင်မြင်ချက်ပေးလို့ရတာပဲ

    သူတို့လူတွေလဲလာဖတ်မိမှာပဲ

    ကော်မန့်တွဲဖတ်မိတော. သူတို့အတွက်အတွေးမြင်သစ်တွေရသွားတာပေါ့

    တိရိစ္ဆန် တောင် သင်ပါများရင်လိမ္မာ လာပါတယ်

  • timothy

    November 21, 2010 at 3:12 pm

    What is နိုင်ငံခြားသားဇနီး? So What?
    Search 123 တယောက် က တော့အဓိပ္ပါယ်မဲ့ပြီးခေါတ်နောက်ပြန်ဆွဲတဲ့ ဗိုလ်သန်းရွှေနဲ့အယူအဆများနဲ့တထေရာထဲပါဘဲလား။
    ခင်ဗျားလူတယောက်ကိုလူမျိုးရေးအမြင်နဲ့( Racism) လူတယောက်ကိုနှိမ့်ချပြီးပြောလိုက်တာ၊
    အသုံးမကျတဲ့စစ်အစိုးရဖိနှိပ်ထားတဲ့တိုင်းပြည်မှာဖြစ်နေတာအများကြီးကုသိုလ်ကောင်းတင်္ယမှတ်ပါ။
    ယဉ်ကျေးသော၊လူယဉ်ကျေးများအုပ်စိုးသောတိုင်းပြည်များမှာတော့ ဘုရင်တို့၊ သမ္မတ၊ဝန်ကြီးချုပ်တို့များလူမျိုးရေးနှိမ်ချသလို၊နိုင်ငံခြားသားယူတာကိုခနဲ့သလိုပြောကြည့်လို့ကတော့
    ရာထူးပြုတ်ယုံမကဘူး၊လူ့လောကမှအပြီးအပိုင်အပါယ်ခံရပြီမှတ်ပါ။ခင်ဗျားလိုလူမျိုးကို မိသားစု၊သားသမီးများကပါရွံရျာလို့ရှောင်ရှားကြလိမ္မယ်။
    ခင်ဗျားနဲ့ ဗိုလ်သန်းရွှေတို့ရိုင်းပြစွာစော်ကားမော်ကားလုပ်တာကိုအပြုံးမပျက်၊
    သဘောထားကြီးကြီးနဲ့ခွင့်လွှတ်နိုင်တဲ့ အန်တီစုကို ဘယ်လိုလူမျိုးတွေကလေးစားစွာနဲ့ဂုဏ်ပြုချီးကြူးမှတ်တမ်းတင်ထားတယ်ဆိုတာ
    http://www.theelders.org/initiatives/burma-myanmar-suffering မှာကြည့်ကြပါ။
    ကမ္ဘာ့လူမျိုးပေါင်စုံပါဝင်တဲ့၊လူအများကချစ်ခင်လေးစားစွာနဲ့ ရွာသူကြီးများ the elders လို့ခေါ်ရတဲ့၊
    အငြိမ်းစားကမ္ဘာ့ခေါင်းဆောင်ကြီးများ ( Nelson Mandela, Kofi Anand) က အမေစုကိုတရိုတသေလေးလေးစားစားနဲ့ဘယ်လိုဂုဏ်ပြုထားတင်္ယဆိုတာပါ။
    ခင်ဗျားတို့ဗဟုသုတလေးရစေချင်လို့ဘဲ။ ဒီ့ထက်ပိုပြောရမယ်ဆိုရင်တော့ ဗိုလ်သန်းရွှေဟာခုဆိုရင်
    တရုပ်၊ရုရှားတို့ရဲ့ကျွန်လုံးလုံးပေါ့ဗျာ။တိုင်းပြည်တပြည်လုံးလဲရောင်းစား၊ကျွန်းသစ် ရေနံ ဓါတ်ငွေ့ ကျောက်သံပတ္တမြားကုန်သလောက်ရှိလို့သူ့မိသားစုတောင်ပေါင်တဲ့အဆင့်ဘဲ။
    တိုင်ပြည်ကခိုးထားတဲ့ပိုက်ဆံများလဲ စင်ဂပူဘဏ်တိုက်မှာဖွက်ထားတက်လေ။
    ခင်ဗျားရဲ့အတွေးအခေါ်များဘယ်လောက်အထိအောင်တန်းကျပြီးအဆင့်အတမ်းမဲ့လဲဆိုတာဒီ web site က comments များကဖေါ်ပြနေတာဘဲ။
    နောက်တခုက အမေစုကို ဗမာပြည်သူလူထု သန်း၆ဝက အမေလို့ခေါ်ပြီးတကယ်ချစ်ကြတယ်ဆိုတာ ဗိုလ်သန်းရွှေကကောင်းကောင်းသိလို့ အချုပ်အနှောင်အမျိုးမျိုးနဲ့ကန့်သတ်ထားတယ်ဆိုတာကောင်းကောင်းနားလည်စမ်းပါ။

  • maungmoenyo

    November 22, 2010 at 12:52 am

    ဒေါ်စုနဲ့ပါတ်သက်ပြီး comments ပေးသူတွေကပြည်တွင်းကဆိုတာ ကြားရတော့ဝမ်းသာအားရဖြစ်မိပါတယ်။ ခေတ်ရေစီးကြောင်းနဲ့နိုင်ငံရဲ့ အဓိကလိုအပ်ချက်ကို ကွဲကွဲပြားပြားသိတဲ့အတွက် ပီတိဖြစ်မိပါတယ်။ ခေတ်လူငယ်တွေရဲ့ မှန်ကန်ဆန်းသစ်တဲ့ အတွေးအခေါ်တွေကိုဒေါ်စုအားရမိတာမဆန်းပါဘူး။ အမှန်တရားကိုတကယ်မြင်တတ်ဆင်ချင်တတ်နေကြပြီကိုး…။

    search123 ေ၇…. ဒီလောက်ဆို”ပြည်တွင်းရဲ့အား “ကိုရိပ်စားမိလောက်ပါပြီ။ survey results ကိုသက်ဆိုင်ရာသို့လျှောက်တင်စေဗျား…။

  • maungmoenyo

    November 22, 2010 at 1:00 am

    ဒေါ်စုကို “၂၁ရာစုပင်လုံ”အတွက်တိုင်းရင်းသားေ ခါင်းဆောင်တွေနဲ့ ဝါရင်းနိုင်ငံရေးခေါင်းဆောင်တွေအားလုံးက တာဝန်ယူဘို့မေတ္တာရပ်ခံလိုက်ပြီးဆိုတဲ့သတင်းကောင်း….။
    “ဝေဖန်ရေးနဲ့မိမိကိုယ်ကိုဝေဖန်ရေး”ဆိုပြီး လမ်းစဉ်ပါတီခေတ်ကကြက်မွှေးနဲ့ သုံးသပ်ခဲ့တဲ့ဝေဖန်ရေးခေတ်၊ နောက်…”စု”ဆိုတဲ့အသံကိုကြားတာ နဲ့နှာနှပ်ရလောက်အောင် အဝေဖန်ခံနိုင်ရည်နိမ့်ကျတဲ့ ဂျိုကုန်ဒူးကြီးတိုခေတ်နဲ့မတူ…။ ဒေါ်စုကအပြန်အလှန်ဝေဖန်မှုကို လက်ကမ်းကြိုပြီးအများက လက်ခံတဲ့ “အမျိုးသားပေါင်းစည်းရေဒ အစစ်အမှန်”ကိုဦးတည်နေပြီဆိုတာယုံကြည်ကြောင်းပါ…။

  • Angelic Pricess

    November 22, 2010 at 6:55 am

    တစ်ခါက အန်တီ ပြောဖူးတဲ့စကားလေးတစ်ခွန်းကို ပြန်ပြောပြချင်ပါတယ်။

    ကျွန်မ ဟိုမှာ မို့လို့ ဟိုက လူနဲ့ ရတာပေါ့။ ဒီမြန်မာနိုင်ငံမှာသာ နေရင် ရှင်နဲ့တောင် ရချင်ရမှာ တဲ့။

    ပွင့်လင်းတယ်။ အဲဒီစကားကို အပြောခံရတဲ့ လူကလည်း ဘဘကြီး တစ်ပါးပါ အခုတော့ . . . .

    အန်တီပြောတာလည်း မမှားဘူးလို့ ထင်ပါတယ်။

Leave a Reply