Miss X’Mas ရွေးပွဲလုပ်မည်

etoneNovember 19, 20101min754

(၇)ကြိမ်မြောက် miss X’mas ရွေးခြယ်ပွဲကို လာမဲ့ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ရန်ကုန်မြို့ရှိကုန်သည်ကြီးများ ဟိုတယ်(ထရိတ်ဒါး)၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည် ။ ပထမဆု၊ဒုတိယဆု နှင့်တတိယဆုများရွေးခြယ်သွားမှာဖြစ်ပြီး ပထမဆုအတွက် ငွေကျပ်ဆယ်သိန်းဖိုးနှင့်ညီမျှသော ပစ္စည်း+ငွေသား ၊ ဒုတိယဆိုအတွက် ငွေကျပ်ငါးသိန်းဖိုးနှင့်ညီမျှသော ပစ္စည်း+ငွေသား နှင့်တတိယ ဆုအတွက် ငွေကျပ်သုံးသိန်းဖိုးနှင့်ညီမျှသော ပစ္စည်း+ငွေသားတို့ဆုအဖြစ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည် ။ ပြိုင်ပွဲဝင်လိုသူများသည် Myanmar model management တွင် ပြိုင်ပွဲဝင်လျှောက်လွှာတင်နိုင်ပြီး ဒီဇင်ဘာ (၁၆)ရက်နေ့အထိလျှောက်လွှာလက်ခံကြောင်းလည်း သတင်းရရှိသည် ။ လူဦးရေ သုံးဆယ်ကို ဆကာတင်ရွေးခြယ်မှာဖြစ်ပြီး ဒီဇင်ဘာ (၁၆)မှ (၂၂)ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

4 comments

  • koyinmaung

    November 19, 2010 at 9:11 am

    ဆပ်ဆလူးနတ်ပူးတို့အတွက် သတင်းကောင်း ဆိုတော့ပြိုင်မဲ့သူတွေကအခြောက်တွေလါး?…မသိလို့မေးတာ။။

    • etone

      November 19, 2010 at 9:26 am

      မဟုတ်ပါဘူး မိန်းမတွေပြိုင်တဲ့ပွဲပါ ။ ဆပ်ဆလူးနတ်ပူးဆိုတာ ရွပိုးထိုးနေတဲ့ကလေးမလေးတွေကိုပြောတာပါ ပို့စ်နဲ့တော့မဆိုင်ပါဘူး အပျော်သဘောလေးရေးထားတာ ။

  • kai

    November 19, 2010 at 9:28 am

    အဲဒီသတင်းလိုက်ပေးပြီး..ဓါတ်ပုံပို ့ပေးတဲ့သူဆီက.. မန္တလေးဂေဖက် သတင်းစာအတွက်.. သတင်းဝယ်ချင်သား..။
    ဒီထဲ… ဂျာနယ်သတင်းထောက်ရှိရင် .. သတင်းဓါတ်ပုံရှယ်ဖို့ ဆက်သွယ်စေလိုပါတယ်..။
    သိတယ်မဟုတ်လား.. ယူအက်စ်မှာ ကိုကိုကာလသားတွေ ..ပေါတာမို ့.. ဒါမျိုးစိတ်ဝင်စားကြတယ်လေ..။

  • နေ ဘုန်းလျံ

    November 19, 2010 at 3:32 pm

    စိတ် သာချ ဝယ်မယ်ဆိုရောင်းပြီးသားပါ ကိုကြီး ခိုင်ရ ဘယ် လောက်ပေးမှာလဲ တပုံကို..?

Leave a Reply