စွန့်ဦးတီထွင်မှုပညာရေး

kohtetNovember 19, 20101min550

What is an Entrepreneur? ……………
• “An entrepreneur is an individual who accepts financial risks and undertakes new financial venture”.

• Entrepreneur ကိုစီးပွားရေးလုပ်ငန်းတစ်ခုကိုဖွဲ့စည်းတည်ထောင်လုပ်ဆောင်ပြီးလုပ်ငန်းအောင်မြင်အောင်စွန့်စားတီထွင်ဆောင်ရွက်သူ” ဆိုပါသည်။

• Entrepreneur သည် ပြင်သစ်စကားလုံး “entre” (to enter) and “prendre” (to take) မှဆင်းသက်လာခြင်းဖြစ်သည်။

• Entrepreneurအတွက်အကောင်းဆုံးနဲ့အရှင်းဆုံးသောအဓိပါယ်မှာ…“စွန့်၊ဦး၊တီထွင်၊လုပ်ငန်းရှင်”ဖြစ်ပြီး

“စီးပွားရေးလုပ်ငန်းသစ်တစ်ခုကိုစွန့်စားလုပ်ကိုင်သူ၊ဦးဆောင်မှုပြူသူ၊တီထွင်ကြံဆသူ” ဟူရျ်ဖြစ်ပါသည်။

Who is an Entrepreneur?
စွန့်ဦးတီထွင်သူသည်………………
1. Need for Achievement (အောင်မြင်ချင်တဲ့စိတ်ပြင်းပြခြင်း)
2. Perseverance (ကြံ့ကြံ့ခံနိုင်တဲဇွဲရှိခြင်း)
3. Moderate Risk Taker (တွက်ချက်စွန့်စားနိုင်စွမ်းရှိခြင်း)
4. Ability to see and act upon opportunities(အခွင့်အလမ်းကိုမြင်နိုင်စွမ်းရှိခြင်း)
5. Analytical Ability(ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိခြင်း)
6. Learning from mistakes(အမှားကနေသင်ယူနိုင်စွမ်းရှိခြင်း)
7. Planner (စနစ်တကျစီစဉ်ဆောင်ရွက်သူရှိခြင်း)
8. Flexibility (ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်းရှိခြင်း)
9. Energetic (ခွန်အားပြည့်ဝစွာလုပ်ဆောင်နိုင်စွမ်းရှိခြင်း)
10. Interpersonal Skill (ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ)
11. Motivator (စိတ်ဓါတ်လှူံ့ဆော်သူ)
12. Forward Looking (အနာဂါတ်ပေါ်အမြင်ကောင်းမွန်ခြင်း)…..စသည့်အရည်အချင်းများရှိသူဖြစ်သည်။
လူတစ်ဦးတစ်ယောက်တည်းတွင်ထိုကဲ့သို့သောအရည်အချင်းများအာလုံးပြည့်စုံနိုင်မည်မဟုတ်ပေ။သို့သော်ဒီအချက်တော်တော်များများကတော
Entrepreneurတစ်ယောက်ဖြစ်လာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရည်းအချင်းတွေဖြစ်ပါတယ်။ပြီးတော့ဒီအရည်အချင်းတွေရရှိလာအောင်ကိုယ့်စိတ်ဓါတ်နဲ့အပြူအမူတွေကိုပြုစုပျိုးထောင်လေ့ကျင့်လို့လည်းရနိုင်ပါတယ်။
Entrepreneurs (စွန့်ဦးတီထွင်သူ) နဲ့ Entrepreneurship education (စွန့်ဦးတီထွင်မှုပညာရေး) ကျယ်ပြန့်လာဖို့ဘာကြောင့်အရေးကြီးသလဲ…
စွန့်ဦးတီထွင်သူနဲ့ စွန့်ဦးတီထွင်မှုပညာရေး ကျယ်ပြန့်လာဖို့အတွက်အလွန်အရေးကြီးရတဲ့ခိုင်လုံတဲ့အကြောင်းပြချက်များစွာရှိနေပါသည်။ထိုသာဓက
ကောင်းတွေကိုလေ့လာကြည့်ကြရအောင်။
Japan(ဂျပန်)။ ။ဂျပန်သည်ဒုတိယကမာ္ဘစစ်အပြီးတွင်ပြာပုံဘဝရောက်ခဲ့သောနိုင်ငံဖြစ်သည်။ဒုတိယကမာ္ဘစစ်လည်းပြီးရောအရင်ကအောင်မြင်မှုတွေအာလုံးဆုံးရုံး
သွားခဲ့သည်။ဗုံးဒဏ်ကြောင့်စက်ရုံ၊အလုပ်ရုံတွေပြိုပျက်ခြင်း၊စစ်အတွင်းကျဆုံးမှုကြောင့်လုပ်သားအင်အားစုချိုတဲ့ခြင်း၊ခေါင်းဆောင်တွေထောင်
ထောင်ကျခြင်း၊တိုင်းသူပြည်သားတွေစိတ်ဓာတ်ပျက်ပြားခြင်း၊စားစရာပင်မရှိတော့ခြင်းစသည့်အခြေအနေဆိုးများကြုံတွေ့ခဲ့ရာမှနှစ်(၂၀)လောက်
အတွင်းအနောက်ဥရောပနိုင်ငံတွေရဲ့ဝင်ငွေတန်းကိုလိုက်မီသွားတယ်။၁၉၇ဝ လောက်မှာဂျပန်ရဲ့လူနေမှုအဆင့်အတန်းသိပ်မြင့်သွားပြီးသူ့ကိုသိမ်း
ပိုက်ခဲ့တဲ့အမေရိကန်အပါအဝင်အားလုံးကဂျပန်ကိုလေးစားနေကြရပြီ။ဂျပန်ရဲ့စီးပွားရေးတည်ဆောက်တဲ့နည်းလမ်းတွေဟာအနောက်ဥရောပနိုင်ငံ
တွေနဲ့အမေရိကန်ပြည်ထောင်စုသုံးစွဲနေတဲ့နည်းလမ်းတွေထက်သာတယ်လို့တောင်ပြောစမှတ်တွင်ခဲ့တယ်။
Korea(ကိုရီးယား)။ ။ကိုးရီးယားစစ်ပွဲကြောင့်၁၉၄၅ ခုနှစ်မှာကိုးရီးယားကျွှန်းဆွယ်ကိုတောင်နဲ့မြောက်ကိုရီးယားဆိုပြီးနှစ်ခြမ်းခွဲလိုက်ကြတဲ့အခါတောင်ကိုရီးယား
ဘက်ခြမ်းမှာဘာမှသိပ်မကျန်ခဲ့ဘူး။ဂျပန်တွေကကိုရီးယားကျွှန်းဆွယ်ကိုဆယ်စုနှစ်ပေါင်းများစွာသိမ်းပိုက်အုပ်ချုပ်ခဲ့တယ်။ဂျပန်တွေဆောက်
ထားခဲ့(ရေအားလျှပ်စစ်၊ဓာတုဗေဒ၊ဓါတ်မြေဩဇာ)စက်ရုံတွေအားလုံးလိုလိုမြောက်ကိုရီးယားဘက်ခြမ်းရောက်သွားတယ်။ဒါတင်မကအင်အား
တစ်သိန်းကျော်ရှိတဲ့မြောက်ကိုရီးယားတပ်တွေကဆိုလ်းမြို့တော်အနားတောင်ရောက်လာခဲ့တယ်။သက်တမ်းနုနုပဲရှိသေးတဲ့တောင်ကိုရီးယား
နိုင်ငံမြေပုံပေါ်ကပျောက်ပြီလို့ထင်ကြရတဲ့အထိပဲ။ဒီလိုအခြေအနေကနေအခုကမာ္ဘကသိနေရတဲ့ Hyundai၊ Samsung၊ Daewoo၊ LG၊ စတဲ့
Company အုပ်စုကြီးတွေပေါ်ပေါက်လာတဲ့အထိအောင်မြင်ခဲ့တယ်။
Taiwan(ထိုင်ဝမ်)။ ။ ၁၉၄၉ ခုနှစ်မှာအမျိုးသားရေးပါတီ၊တရုတ်ဖြူချန်ကေရှိတ်တို့အဖွဲ့ကွန်မြူနစ်တွေကိုစစ်ရူံးပြီးဖော်မိုဆာလို့လည်းခေါ်၊ထိုင်ဝမ်လို့လည်းခေါ်တဲ့
ကျွန်းကိုထွက်ပြေးလာခဲ့ရတယ်။ထိုင်ဝမ်ကျွန်းမှာကအရင်းအမြစ်ချို့တဲ့၊စီးပွားရေးဦးဆောင်တဲ့လုပ်ငန်းရှင်လက်တစ်ဆုပ်စာလောက်၊ငွေကြေး
အရင်းအနှီးကနတ္တိ၊စစ်ဒဏ်လည်းပြင်းပြင်းထန်ခံခဲ့ရတယ်။တရုတ်တိုင်ပေရဲ့ Public-Private Partnership အစီအစဉ်အကောင်အထည်ဖော်
ခဲ့ပြီးဆယ်နှစ်လောက်အတွင်းမှာပို့ကုန်ဝင်ငွေဟာနှစ်ဆယ့်ငါးဆလောက်တိုးတက်လာသည်အထိအောင်မြင်ခဲ့ပြန်တယ်။
ဂျပန်၊ ကိုရီးယား ၊ထိုင်ဝမ် တို့ (၃) နိုင်ငံလုံးသုညဘဝကနေကမာ္ဘသိအောင်မြင်လာရခြင်းမှာတူညီတဲ့အဓိကအကြောင်းရင်း(၃)ချက်ရှိသည်။
(၁) သေရေးရှင်ရေးထလုပ်မှဖြစ်မယ်ဆိုတဲ့စိတ်ဓာတ် (Sense of Urgency for Survival)
(၂) ပို့ကုန်ဦးဆောင်သောစီးပွားရေးမဟာဗျူဟာ (Export-led Strategy)
(၃) စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကြီးပွားရေးအတွက်ရေခံမြေခံဖန်တီးပေးရေး (Environment for Entrepreneurship) တို့ဖြစ်သည်။
ဤသို့ဆိုလျှင်နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်စွန့်ဦးတီထွင်လုူ့အဖွဲ့အစည်းမည်မျှအရေးပါသည်ကိုသိမြင်လေ့လာနိုင်မည်ဖြစ်သည်။အခြားအချက်များကတော့
(၁)Entrepreneurship is the engine of the income generation and poverty alleviation
(စွန့်ဦးတီထွင်မှုသည်ဆင်းရဲမှုကိုလျှော့ကျစေပြီးနိုင်ငံဝင်ငွေ၏မောင်းနှင်အားဖြစ်သည်)
(၂) Entrepreneur creates values for society
(စွန့်ဦးတီထွင်သူသည်လူအဖွဲ့အစည်းအတွက်တန်ဖိုးများဖန်တီးပေးသည်)
(၃) Entrepreneurs are people who drives the economy and enhance competitiveness of the country
(စွန့်ဦးတီထွင်သူများသည်စီးပွားရေးကိုမောင်းနှင်သူများဖြစ်ပြီးနိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်းကိုတိုးတက်စေသည်)

ကျမ်းကိုး။ ။ဦးဇေယျသူ(နိုင်ငံတစ်ခုကြီးပွားခြင်း)
ဦးအောင်ကျော်(MIEDC, New Enterprise Creation)
ဦးရဲမြင့်(စွန့်ဦးတီထွင်လုပ်ငန်းရှင်)
အင်တာနက်။

if you interest in entrepreneurship education come and join to http://entrepreneurs.wall.fm/