ယခု အချိန်အခါ ကထိန်ချိန်ခါ ဖြစ်တဲ့ အတွက်..
မြန်မာလူမျိုးတွေ အလှူရေစက် လက်နဲ့ မကွာ လှူကြတဲ့ အချိန်အခါ ဖြစ်ကြပါပြီ။ လမ်းသွားရင် လက်ထဲက ပါတဲ့ ကြွေ လေးဘဲ ဖြစ်ဖြစ်.. အိတ်ထဲက ပါတဲ့ အတန်ကြီးဘဲ ဖြစ်ဖြစ်ပေါ့.. ထည့်ဝင် လှူဒါန်းမှုတွေ ပြုကြတယ်။ လူတွေက လှူသာ လှူတယ် အလှူရဲ့ နောက်ဆက်တွဲ သိပ်မစဉ်းစားဘူး.. အသုံးတည့်သလား မတည့်ဘူးလားလည်း မသိဘူး.. လှူလိုက်တာဘဲ.. ကထိန်ဆိုတာ ဘုန်းကြီး ကျောင်းအတွက် လှူတာ ဖြစ်တဲ့ အတွက် ဘုန်းကြီး အသုံးအဆောင်နဲ့ အိုးခွက် တွေ လှူဒါန်းခြင်းက ကောင်းသည်ဟု ယူဆသော်လည်း တချို့သော လူများ ထီးဖြူ ရွှေထီး မြသပိတ် စသဖြင့်.. လှူကြတယ်။ ရွှေထီး လှူရင်တော့ ငါ ရွှေထီး ဆောင်းရချည်ရဲ့.. ဘုန်းကြီး ကျောင်းမှာ အသုံးတည့်မတည့် မစဉ်းစားဘူး.. နောက် ထီးဖြူ.. ငါထီးဖြူ ဆောင်းရချည်ရဲ့ မြသပိတ်.. လှူကြတာ.. အမှန်တကယ် လိုအပ်ပြီး အသုံးတည့်မဲ့ ပစ္စည်းတွေ အပေါ် ပိုပြီး အသုံးစရိတ်သုံးမယ် ဆိုရင် တခြား အသုံး ဆောင်နဲ့ လိုအပ်တာ ပိုရတာမယ်လို့ ထင်တယ်။ လှူပြီးတော့လည်း ပြီးသွားတာဘဲလေ.. ဘုန်းကြီးက ရွှေထီးလည်း မဆောင်းဘူး လူတွေ ၀ယ်ပြီး လှူတာ ဘုန်းကြီးကျောင်းမှာ နေရာ တနေရာစာ အပိုကုန်သွားတာဘဲ ရှိတယ်။ ထီးဖြူဆိုတာလည်း.. လိုအပ်တဲ့ စာရင်းမှာ မပါဘူး။ မြသပိတ် ဆိုတာလည်း အမှန်တော့ ကထိန် တခု အတွက် မြသပိတ် တလုံးလောက် ရှိနေပြီ (မြသပိတ်လေး ကိုင်ပြီး အလှူခံရန် အတွက်) ဆို.. နောက်ထပ် မလိုအပ်တော့တဲ့ အရာလို့ ထင်တယ်။ ကထိန် တခုခု လှည့်ပြီ ဆို သတိထားကြည့်လိုက်ရင် ပဒေသာပင် တခုမှာ တင် ရွှေထီးတွေ ၃ ၄ ၅ လက်လောက်ကို ပါတယ်။ နောက်ထပ် ပဒေသာပင်တွေ ၅ပင်လောက်ဆို.. စဉ်းစားသာ ကြည့်ပေတော့ ထီးဖြူတွေလည်း ဒီလိုဘဲ.. မြသပိတ်တွေ ဆိုလည်း သြတိုက်နေတာဘဲ.. မြသပိတ် လှူမဲ့ အစား.. ရဟန်း တပါး အသုံးပြုတဲ့ သပိတ်တလုံး လှူလိုက်တာမှ.. အမှန်တကယ် အသုံးတည့်တဲ့ အရာ ဖြစ်မယ်လို့ ထင်တယ်။ အသုံးတဲ့သော ပစ္စည်းများ လှူဒါန်းပြီး ကုသိုလ် တရားများ ပွားများနိုင်ပါစေ။
ထို့ကဲ့သို့ အသုံးမတည့်တာတွေ လှူနေကြတော့ ဘုန်းကြီးကျောင်းတိုက် တချို့ကတော့.. ပြန်ထုတ်ရောင်းရတဲ့ အထိ ဖြစ်လာတာပေါ့.. အမှန်တော့.. အစောကြီး ကတည်းက အသုံးတည့်တာ လှူလိုက်ရင် ပြန်ထုတ်စရာ မလိုဘူး။ ပြန်ထုတ်တယ် ဆိုမှတော့.. ၀ယ်လှူတဲ့ လူက ၁၀၀၀၀ (တစ်သောင်း) လောက်နဲ့ လှူထားပေမဲ့ ပြန်ရောင်းရင် ဘာမှ မရဘူး.. လောက မှာ အသုံး မတည့်တဲ့ ပစ္စည်းတွေနဲ့ လည်နေကြတာပေါ့။

ပြောသာ ပြောရတဲ့ ရွှေထီး ရောင်းတဲ့ လူ ထီးဖြူ ရောင်းတဲ့ လူ မြသပိတ် ရောင်းတဲ့ လူတွေ ရှိရင် စိတ်မဆိုးကြနဲ့နော်.. စီးပွားရေးကို နှောက်ယှက်တာ မဟုတ်ပါ။ ဗဟုသုတ နဲ့ အသိ တိုးပွားစေချင်တဲ့ ဆန္ဒနဲ့ ရေးထားပါသည်။

About ဆူး

has written 398 post in this Website..