Subliminal Message အသုံးပြုခဲ့သည့် First Eeleven ဂျာနယ် နှစ်ပတ် ပိတ်ခံရ

နွယ်ပင်November 20, 20101min18016

သွယ်ဝိုက်၍ အမှာစကားကိုပြောခြင်(Subliminal Message) အသုံးပြုခဲ့သည့် First Eleven ဂျာ နယ်အား စာပေစိစစ်ရေး မှ နှစ်ပတ် ပိတ် လိုက်သည် ဟု သတင်းရရှိသည်။ မြန်မာ နိုင်ငံတွင် အအောင် မြင်ဆုံး အားကစား ဂျာနယ် တစ်စောင် ဖြစ်သည့် First Eleven ဂျာနယ်၏ ယခု တစ်ပတ်ထုတ် စာစောင် မျက်နှာဖုံးတွင် အင်္ဂလန် နိုင်ငံ ဘောလုံး ကလပ် အသင်းများ ဖြစ်သည့် ဆန်းဒါးလန်း အသင်း နှင့် ချယ်(လ)ဆီ အသင်း တို ့တွေ ့ဆုံမှု တွင် အချို ့စကားလုံး များ ကို မင်နီတား ၍ အရောက်မြှင့် ကာ ဖော်ပြခဲ့မှု ကြောင့်အပိတ် ခံရခြင်း ဖြစ်သည် ဟု သတင်းရရှိသည်။

Eleven Media Group မှ ဝန်ထမ်း တစ်ဦးက စာပေစိစစ်ရေးမှ နှစ်ပတ် ပိတ်ခိုင်း လိုက်သည် ကို အတည်ပြု ပြောဆိုသည်။ First Eleven ဂျာ နယ်၏ ယခု သီတင်းပတ် ထုတ် မျက်နှာ ဖုံးတွင် SUNDERLAND FREEZE CHELSE UNITED STUNNED BY VILLA & ARSENAL ADVANCE TO GRAB THEIR HOPE ဟု
ဖော်ပြခဲ့သဖြင့် စီစစ်ရေး က ပိတ်ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။ ထိုစာသားသည် နိုဝင်ဘာ လ ၁၂ ရက်နေ ့က ပြန်လည် လွတ်မြာက်လာခဲ့သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်း ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံမှု ပြုသည် ဆိုသည့် စကားကြောင့် စာပေ စီစစ် ရေး က ပိတ်ခိုင်း လိုက်ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံ ဂျာနယ် သမိုင်း တွင် ယခု သီတင်း ပတ်ထုတ် ဂျာနယ်များ သည် ရောင်း အား ကောင်းးလျှက် ရှိပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာသည့် သတင်း များ ကို ထည့်သွင်း ဖော်ပြမှု ကြောင့် ရောင်းမလောက် ဖြစ်နေရသည် ဟု ဆိုသည်။

ရန်ကုန် မြို ့ရှိ သတင်းဂျာနယ် တစ်စောင် မှ အယ်ဒီတာ တစ်ဦး ကမူ ယခင်က ၎င်း တို ့ဂျာနယ်မှာ စောင် ရေ သုံးထောင်လောက်သာ ရောင်းရ သော် လည်း ဒေါ်စု လွတ်မြောက်သည့် သတင်း၊ဓာတ်ပုံ နှင့် မိန် ့ခွန်း များကြောင့် စောင်ရေ ခုနှစ်ထောင် ခန် ့ရောင်းချခဲ့ရသည် ဟု သိရသည်။

First Eleven ဂျာနယ်တွင် ပါရှိသည့် Subliminal Message နှင့် ပတ်သက် ၍ ပြည်တွင်းဂျာနယ် တစ် စောင် မှာ သတင်း အယ်ဒီတာ တစ်ဦး က ” ဒီမှာ က တိုက် ရိုက် ဖော်ပြ လို ့မရဘူး ဆိုတော့ Subliminal Message ကို သုံးပြီး ပြောတာ များတယ် Myanmar Times ဂျာနယ်မှာ ပါတဲ့ Killer Than Shwe က စလို ့တချို ့ဂျာနယ် တွေ မှာ လည်း သုံးတယ်။ First Eleven က တော့ မျက်နှာ ဖုံး မှာ ဆိုတော့ ပရိသတ် က ပို သတိထား မိတယ် ဟု FNG သို ့ပြောသည်။

Subliminal Message အား ဒစ်စနေ ရုပ်ရှင် ထုတ်လုပ်ရေး နှင့် အမေရိကန် ဟောလိဝုဒ် ရုပ်ရှင် ကား အချို ့တွင် တွင်တွင် ကျယ်ကျယ် သုံးပြီးနောက် ကမာ္ဘ သို ့ပျံ နှံ ့ခဲ့ခြင်းဖြစ်သည်။ First Eleven ဂျာနယ်အား ထုတ်ဝေသည့် Eleven Media Group သည် ရွေးကောက် ပွဲ မသမာ မှုများ အား ဖော်ပြခဲ့သည့် မီဒီယာ တစ်ခု ဖြစ်သည်။

ရွေးကောက် ပွဲ ပြီး နောက် ပြည်တွင်း မီဒီယာများက နအဖ အပေါ် မုန်းတီး စက်ဆုပ်လာပြီး နိုင်ငံရေး အံတုမှုများ ပြုလာကြသည်။

F

Freedom News Group မှဖော်ပြပါသည် ။

http://freedomnewsgroup.com/2010/11/19/%E1%80%BDsubliminal-message-%E1%80%A1%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%BB%E1%80%95%E1%80%B3%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-first-eeleven-%E1%80%82%E1%80%BA/

16 comments

  • Maung Dae`

    November 20, 2010 at 3:58 am

    ဒီသတင်းကိုစောင့်နေတာကြာပီ… အဲ့ဒီဂျာနယ်စထွက်လာကတည်းကိုက အပိတ်တော့ခံရတော့မှာပဲလို့တွေးမိတာ.. ကွက်တိပဲ..

    Eleven Media Group ကအယ်ဒီတာတွေကိုရော.. တာဝန်ရှိသူအားလုံးကို.. တကယ်ကိုချီးကျူးပါတယ်..အရမ်းတော်တယ်…

    BRAVO!

  • PaukPhaw

    November 20, 2010 at 4:04 am

    SUNDERLAND FREEZE CHELSE UNITED STUNNED BY VILLA & ARSENAL ADVANCE TO GRAB THEIR HOPE ဟု ဖော်ပြခဲ့သဖြင့် စီစစ်ရေး က ပိတ်ခဲ့ခြင်း ဖြစ်သည်

  • bigcat

    November 20, 2010 at 4:34 am

    အေးဗျာ အဲဒီခေါင်းစီးနဲ့ ဂျာနယ်ထွက်လာပြီး နောက်ဆက်တွဲသတင်း ဘာမှမထူးလို့ စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတာ အခုမှရှင်းသွားတယ်။ အလဲဗင်းကပဲ ဆော်ထည့်လိုက်သလား၊ အလဲဗင်းက ဒေါ်စုသတင်းတွေ အွန်လိုင်းမှာတင်လို့ အတွင်းက သူတို့လူတွေကပဲ တိုက်အပိတ်ခံရေအောင် လုပ်လိုက်သလား၊ တခုခုတော့ တခုခုပဲ။ မြန်မာ့ဓနက အယ်ဒီတာထုတ်တဲ့ ဂျာနယ်တစောင်လည်း ဒေါ်စုမိန့်ခွန်းပြောတာကို တက်ရောက်လာတဲ့ လူထုပုံနဲ့ တွဲတင်လို့ အနားခံရတယ်။ လုပ်ကြအုံးပေါ့ကွာ မင်းတို့ခေတ်ကိုး။

  • soemoe

    November 20, 2010 at 8:36 am

    မှန်တာပြောတော့လည်း ရွာပြင်ထုတ်ခံရတာပေါ့…

  • aungkhant

    November 20, 2010 at 9:56 am

    တကယ့်ကိုချီူးကျူးပါတယ်…Eleven အမြဲတမ်း ထာဝရပရိတ်သတ် အဖြစ်ရှိနေမှာပါ.. အမှန်တရားအတွက် ELEVEN

  • intro

    November 20, 2010 at 10:07 am

    အမှန်အကန်ကို အားပေးနေမှာပါ Eleven!

  • naywoonni

    November 20, 2010 at 10:47 am

    အင်းဘောပွဲတွေတစ်ပ်အပေးကောင်းတယ်နဲ့တူတယ်နော်………
    အလဲဗင်း……..က

  • fatty

    November 20, 2010 at 12:28 pm

    အမှန်က အယ်ဒီတာကို အလုပ်ဖြုတ်ခိုင်းတာပါ စာပေစစ်ဆေးရေးက။ ဂျာနယ်က အယ်ဒီတာကိုတော့မဖြုတ်ပါရစေနဲ့
    ပြစ်ဒဏ်အနေနဲ့ သူတို့နားပေးပါမယ်ဆိုပြီး ပြစ်ဒဏ်ခံလိုက်တာပါ။ စာပေစိစစ်ရေးက နောက်ပိုင်းဂျာနယ်တွေမှာ
    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစား ပယ်ဖျက်ပြီးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပယ်ဖျက်ပြီးသောအမျိုး
    သားဒီမိုကရေစီအဖွဲ့ချုပ်ရုံး စသည်ဖြင့်သာအသုံးပြုရန်ညွှန်ကြားကြောင်းသိရပါသည်။ ရှေ့နေကြီး ဦးဉာဏ်ဝင်းက
    ယင်းကိစ္စမှာ တရားရုံး လျှောက်ထားဆဲဖြစ်သဖြင့် တရားရုံးအားမထေမဲ့မြင်ပြုမှု အဖြစ်ပြောကြားလိုက်သည်။

  • koyinmaung

    November 20, 2010 at 12:46 pm

    (SU)NDERLAND (FREE)ZE CHELSE UNITED STUNNED BY VILLA & ARSENAL ADVANCE TO GRAB THEIR HOPE (su free)ဒါကြောင့်အပိတ်ခံလိုက်ရတာမို့လါး

  • char too lan

    November 20, 2010 at 1:01 pm

    သိနေတယ် ဒီလိုပဲလာမယ်ဆိုတာ ELEVEN ကတော့ ELEVEN ပါပဲ
    တော်တယ်ဗျာ ~~~

  • The Reds

    November 20, 2010 at 3:00 pm

    Eleven ကို တော. လေး စား တယ် ဗျာ .. အ မှန် တရား ကို မ နာ လို သူ တွေ က တော. ဘယ် ခံ နိုင် မ လဲ ..

  • ကြယ်လေး

    November 21, 2010 at 1:04 am

    “Su Free Unite & Advance to grab the hope”

    ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီ၊ စည်းလုံးညီညွတ်ကြ၊ မျှော်လင့်ချက်ပန်းတိုင်ကို ဆုပ်ကိုင်ထားပြီး လုပ်ဆောင်ကြ

    လို့ ထည့်လိုက်တာ ကိုရင်မောင် ရေ 🙂

  • MYO MIN

    November 21, 2010 at 10:38 am

    eleven က မိုက်တယ်ကွာ

  • မန္တလေးဂေဇက်

    November 21, 2010 at 3:54 pm

    လူထုကိုကိုယ်စားပြုတဲ.၊အမှန်ကိုရဲရဲဖေါ်ပြရဲတဲ.မီဒီယာဆိုတာတိုင်းပြည်ရဲ.ရတနာတစ်ပါုးပါပဲ။

  • koyinmaung

    November 23, 2010 at 10:47 am

    ကျေးဇူးဘဲ ကြယ်လေးရေ ကျေးဇူးဘဲ….

Leave a Reply