တရာစွဲချင်ရင် ၁ဝ သိန်းတင်ရမယ် … deposit 10 lakh to sue

fattyNovember 22, 20101min14311

ပြီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မသမာမှုများကို အချို့ အဖွဲ့အစည်းများ ဟာ မှတ်တမ်းမှတ်ရာနဲ့
အသေအချျာ မှတ်တမ်းတင်ထားကြောင်းသိရပါတယ်။ ဒါပေမဲ့ တရားစွဲလိုရင် ၁ဝသိန်း ဒီပိုစစ်
တင်ရမယ်၊ ပြီးတော့တရားမမှုဖြစ်မှာမို့ အမှုကနှစ်နဲ့ချည်ကြာပါလိမ့်မယ်။ အမှုမပြီးမခြင်း ငွေ
တွေဆက်ကုန်နေအုံးမှာဘဲလို့သိရပါတယ်။ တကယ်တန်းပြောရရင်တော့ အမှန်တရားကိုသိခွင့်မရအောင် အသေအချာ အစီအစဉ်လုပ်ပြီး ပိတ်ပင်ထားတာနဲ့များတူနေသလားလို့။ မတရားအမှုဆင်ပြီးတိုင်ရင် တိုင်တဲ့သူကိုပြန်ပြီးတရားစွဲလို့ရတယ်ဆိုတော်သေးတယ်။ အခုထိတော့ဘယ်အဖွဲ့အစည်းမှ
တရားစွတြာမကြေားမိသေးပါကြောင်း ..။

11 comments

  • moethidasoe

    November 22, 2010 at 5:16 am

    ဟုတ်ကဲ့ .. နိုင် နိုင် ရှုံး ရှုံး အနည်းဆုံး တစ်ဆယ်သိန်း ကုန်ဦးမှာ ..
    ရှုံးမယ် ဆိုရင် ထောင်ကျဦးမှာ ဆိုတော့ .. ဘယ်သူပြိုင်လို့ စွဲပါတော့နိုင် .. လို့ မှတ်ချက်ချရင် လွန်မှာလား ..

  • zawana

    November 22, 2010 at 6:13 am

    အစကတည်းက ဒီချောတိုင်ကို မတက်ပါနဲ့လို့ ဝိုင်းအော်နေတဲ့ကြားက တက်ချင်ဦးဟ။
    အခုမှတော့ ဘယ်သူမှလည်း မကယ်နိုင်တော့ပါဘူး။
    အမတ်ဖြစ်မလားလို့ ကြိုးစားလိုက်တာ အငတ်ဖြစ်ကိန်းကြီးပါလား။

  • etone

    November 22, 2010 at 7:12 am

    x ကျင့် x ကြံ ကြံမှတော့ ဘယ်သူယှဉ်လို့ရမှာလဲ ။

  • white

    November 22, 2010 at 7:27 am

    တရားစွဲလိုရင် ၁ဝသိန်းပေး
    နိုင်မနိုင်တော့ မသိသေး
    နှစ်နဲ့ချီပြီး စောင့်လိုက်လေး
    ရှုံးသွားရင်တော့ ဂျေး ……….။

    တကယ်လို့များ နှစ်နဲ့ချီစောင့်ပြီး နိုင်သွားခဲ့ရင်တောင် အဲဒီအချိန်ကိုရောက်ရင်
    ဘာမှလုပ်လို့မရတော့မှာ အသေအချာပါ။
    အင်း… ရှုံးသွားရင်တော့ ……….

  • char too lan

    November 22, 2010 at 10:36 am

    ငါပြောတယ်မှတ်လား ဒါပဲလေ ဒီလိုပဲဖြစ်ရမှာပေါ့ ဒါအမှန်ပဲလေ ~~~~:D

  • seaman

    November 22, 2010 at 12:36 pm

    ဒီအကွက်တွေကိုသိလို. ကြိုတင်စီစဉ်ထားတာပဲ
    UN က ချမှတ်ထားတဲ. Rule တွေကိုတောင် ဟာကွက်ရအောင်ရှာနိုင်တာပဲ
    ဒီအကွက်လောက်က အပျော.ပေါ.
    ဘယ်လိုလိမ်ညာရမလဲ (ပြည်သူတွေနဲ.တကမာ္ဘလုံး) ကို ကြိုတင်စီစဉ်ပြီးသားပါ
    Plan A to ……….

  • paukpauk

    November 22, 2010 at 12:59 pm

    ကိုယ့်ကိုမတရားလုပ်တာတောင် ပြန်မပြောရဲတဲ့ အမတ်လောင်းတွေ….
    မှန်တယ်ဆိုရင် ၁ဝ သိန်းဆုံးယုံမက…
    ထောင်ကျမယ်ဆိုရင်တောင် ရှေ့ကနေရင်ဆိုင်တိုက်ပွဲဝင်သွားမယ်လို့ ဆိုတဲ့ စိတ်ဓါတ်မရှိသင့်ပေဘူးလား ခင်ဗျာ..။

    သူတို့ကများ…
    ပြည်သူအတွက် လုပ်ပေးဦးမတဲ့..
    ပြည်သူရှေ့ကမားမားရပ်ပြီးရင်ဆိုင်ပေးမတဲ့..

    ချင့်ယုံကြ… ဆရာတို့

  • ကြယ်လေး

    November 22, 2010 at 1:40 pm

    နအဖရဲ ့ ၂၀၁ဝ ရွေးကောက်ပွဲနဲ ့ပတ်သက်ပြီး မဲပေးမှုတွေနဲ ့ ပတ်သက်ပြီး မမှန်ကန်မှုတွေကို တိုင်ကြားနိုင်ပါတယ်ဆိုပြီး နအဖလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီတွေကို တိုင်ကြားနိုင်ပါတယ်ဆိုပြီး စာပို ့ပါသတဲ့။

    နအဖ ရွေးကောက်ပွဲ ကော်မရှင်ရဲ ့ပါတီတွေကို အကြောင်းကြားစာဟာ အချက်အလက်မှန်ကိ ု တမင်သက်သက် ထိန်ချန် ဖုံးကွယ်ထားတဲ့၊ ရိုးသားဖြောင့်မတ်မှု မရှိတဲ့စာ ဖြစ်ပါတယ်။ သူတို ့ဥပဒေအရ ရွေးကောက်ပွဲ မသမာမှု မှာ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများနှင် ့ ပြစ်ဒဏ်များ (အခန်း ၁၃) နဲ ့ တရားမဲ့ ပြုကျင့်မှုများ (အခန်း ၁၄) ဆိုပြီး ရှိတဲ့ အနက်၊ ရဲအရေးယူပိုင်ခွ င့် ရှိတဲ့၊ ရွေးကောက်ပွဲနေ ့ကနေ ၁၅ ရက်အတွင်း ရဲစခန်းကို တိုင်ရမဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများကို တိုင်ကြားနိုင်တယ် ဆိုတာကို ချန်ထားခဲ့ပါတယ်။

    တမင်ငွေ ၁ဝ သိန်းနဲ ့ခြောက်ပြီး လမ်းလွဲအောင် လုပ်တယ်လို ့ ယူဆစရာဖြစ်ပါတယ်။ တကယ်တော့ အခန်း (၁၃) ပုဒ်မ ၅ရ ကနေ ပုဒ်မ ၆၃ အထိ ပြဌာန်းထားတဲ့ ပြစ်မှုတွေဟာ အခု ပါတီတွေ ကိုယ်စားလှယ်လောင်းတွေ ပြောနေတဲ့ ကိစ္စ အများစု အကြုံးဝင်ပါတယ်။ သက်သေ
    (သို ့) အထောက်အထားရှိရင် ရဲကိုတိုင်ရမှာ ဖြစ်ပါတယ်။ အမှုဖွင့်တာကို လက်ခံပြီး ခိုင်လုံ မခိုင်လုံ စုံစမ်း၊ အမှုကို တည်ဆောက်ပြီး တရားရုံး တင်ရမှာက ရဲ ရဲ ့ ့အလုပ်ဖြစ်ပါတယ်။

    ရွေးကောက်ပွဲမှာ အကြမ်းဖက်တာ၊ လိမ်တာ၊ ခြိမ်းခြောက်တာ၊ မလျော်ဩဇာသုံးတာ (မင်းတို ့ ့ဝန်ထမ်းတွေ ကြံ့ ဖွတ်ကိုဘဲ ထဲ့ရမယ် လို ့ ့အထက်ပြောတယ် ဆိုတာမျိုးပေါ ့) မဲ အပိုတွေလုပ်ထားတာ၊ ဗလီဆောက်ခွင့် ပေးပြီး ပါတီဝင် မဲထဲ့ခိုင်းတာ၊ စာရင်းတွေပြင်ရေ းတာ၊ ငွေပေးပြီး မတရားလုပ်ခိုင်းတာ၊ ဘေးကနေ ခြင်္သေ့ကို အမှန်ခြစ်ခိုင်းတာ၊ ကိုယ်စားမဲပေးတာ စသည်ဖြင့် အားလုံးဟာ ရဲမှုတွေ ချည်းပါဘဲ။

    တခြားကိစ္စတွေမှာ ကျူးလွန်တဲ့ အလားတူပြစ်မှုတေ ွနဲ ့အတူတူပါဘဲ။ ဒါကို ၁၅ ရက်ကန် ့သတ်ထားတာကိုက ဥပဒေနဲ ့မညီပါ။ ရှေ ့နေတွေ ဥပဒေနားလည်တဲ့ သူတွေနဲ ့တိုင်ပင်ပြီး အမြန်ဆုံး ရဲစခန်းမှာ အမှုဖွင့်သင့်ပါတယ်။ သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၇၊ ၆၈ နဲ ့ နည်းဥပဒေ ၈ရ တို ့ဟာ အရွေးခံရတဲ့ သူဟာ တရားမဲ့ပြုကျင့်မှုတွေကြောင့် အရွေးခံရတာ ဖြစ်တယ်၊ ဒါကြောင့် အဲဒီ မဲဆန္ဒနယ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး ဆိုတာကိုု ကန် ့ကွက်ဘို ့ပါ။ ရွေးကောက်ပွဲ ဥပဒေ အခန်း (၁၄) မှာ ပြဌာန်းထားတဲ့ တရားမဲ့ပြုကျင့် မှုများဆိုတာနဲ ့ ့ဘဲဆိုင်ပါတယ်။ အဲဒါတွေအတွက် ကန် ့ကွက်မှသာ ငွေ ၁ဝ သိန်းသွင်းရမှာ ဖြစ်ပါတယ်။ နောက်ပြီး အကြောင်းကြားစာမှာ ခြိမ်းခြောက်ထားတဲ့ ပုဒ်မ ၆၄ ဆိုတာကလဲ လိမ်လည်စွပ်စွဲ တိုင်တန်းမှသာ ငြိစွန်းမှာ ဖြစ်ပါတယ်။ ဒိတော့ ရွေးကောက်ပွဲ ဥပဒေ ကိုယ်၌က တရားဥပဒေနဲ ့မညီညွတ်တဲ့ အပြင် ဒီအကြောင်းကြားစာသည်ပင်လျှင် ဥပဒေကို ချိုးဖောက်ထားတယ်လို ့ မြင်မိကြောင်းပါ ခင်ဗျား။

    အဲဒီ ရွေးကောက်ပွဲ ကော်မရှင်ရဲ ့ပါတီတွေကို အကြောင်းကြားစာဟာ အချက်အလက်မှန်ကို တမင်သက်သက် ထိန်ချန် ဖုံးကွယ်ထားတဲ့၊ ရိုးသားဖြောင့်မတ်မှု မရှိတဲ့စာ ဖြစ်ပါတယ်။

    သူတို ့ဥပဒေအရ ရွေးကောက်ပွဲ မသမာမှု မှာ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများနှင် ့ ပြစ်ဒဏ်များ (အခန်း ၁၃) နဲ ့ တရားမဲ့ ပြုကျင့်မှုများ (အခန်း ၁၄) ဆိုပြီး ရှိတဲ့ အနက်၊ ရဲအရေးယူပိုင်ခွ င့် ရှိတဲ့၊ ရွေးကောက်ပွဲနေ ့ကနေ ၁၅ ရက်အတွင်း ရဲစခန်းကို တိုင်ရမဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများကို တိုင်ကြားနိုင်တယ် ဆိုတာကို ချန်ထားခဲ့ပါတယ်။

    တမင်ငွေ ၁ဝ သိန်းနဲ ့ခြောက်ပြီး လမ်းလွဲအောင် လုပ်တယ်လို ့ ယူဆစရာဖြစ်ပါတယ်။ တကယ်တော့ အခန်း (၁၃) ပုဒ်မ ၅ရ ကနေ ပုဒ်မ ၆၃ အထိ ပြဌာန်းထားတဲ့ ပြစ်မှုတွေဟာ အခု ပါတီတွေ ကိုယ်စားလှယ်လောင်းတွေ ပြောနေတဲ့ ကိစ္စ အများစု အကြုံးဝင်ပါတယ်။ သက်သေ
    (သို ့) အထောက်အထားရှိရင ် ရဲကိုတိုင်ရမှာ ဖြစ်ပါတယ်။ အမှုဖွင့်တာကို လက်ခံပြီး ခိုင်လုံ မခိုင်လုံစုံစမ်း၊ အမှုကိုတည်ဆောက် ပြီး တရားရုံး တင်ရမှာက ရဲ ရဲ ့ ့အလုပ်ဖြစ်ပါတယ် ။ ရွေးကောက်ပွဲမှာ အကြမ်းဖက်တာ၊ လိမ်တာ၊ ခြိမ်းခြောက်တာ၊ မလျော်ဩဇာသုံးတ ာ (မင်းတို ့ ့ဝန်ထမ်းတွေ ကြံ့ ဖွတ်ကိုဘဲ ထဲ့ရမယ် လို ့ ့အထက်ကပြောတယ် ဆိုတာမျိုးပေါ ့) မဲ အပိုတွေလုပ်ထားတာ၊ ဗလီဆောက်ခွင့် ပေးပြီး ပါတီဝင် မဲထဲ့ခိုင်းတာ၊ စာရင်းတွေပြင်ရေ းတာ၊ ငွေပေးပြီး မတရားလုပ်ခိုင်းတာ၊ ဘေးကနေ ခြသေ့င်္ကို အမှန်ခြစ်ခိုင်းတာ၊ ကိုယ်စားမဲပေးတာ စသည်ဖြင့် အားလုံးဟာ ရဲမှုတွေ ချည်းပါဘဲ။

    တခြားကိစ္စတွေမှာ ကျူးလွန်တဲ့ အလားတူပြစ်မှုတေ ွနဲ ့အတူတူပါဘဲ။ ဒါကို ၁၅ ရက်ကန် ့သတ်ထားတာကိုက ဥပဒေနဲ ့မညီပါ။ ရှေ ့နေတွေ ဥပဒေနားလည်တဲ့ သူတွေနဲ ့တိုင်ပင်ပြီး အမြန်ဆုံး ရဲစခန်းမှာ အမှုဖွင့်သင့်ပါ တယ်။ သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၇၊ ၆၈ နဲ ့ နည်းဥပဒေ ၈ရ တို ့ဟာ အရွေးခံရတဲ့ သူဟာ တရားမဲ့ပြုကျင့် မှု တွေကြောင့် အရွေးခံရတာ ဖြစ်တယ်၊ ဒါကြောင့် အဲဒီ မဲဆန္ဒနယ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး ဆိုတာကိုု ကန် ့ကွက်ဘို ့ပါ။

    ရွေးကောက်ပွဲ ဥပဒေ အခန်း (၁၄) မှာ ပြဌာန်းထားတဲ့ တရားမဲ့ပြုကျင့် မှုများ ဆိုတာနဲ ့ ့ဘဲဆိုင်ပါတယ်။ အဲဒါတွေအတွက် ကန် ့ကွက်မှသာ ငွေ ၁ဝ သိန်းသွင်းရမှာြ ဖစ်ပါတယ်။ နောက်ပြီး အကြောင်းကြားစာမ ှာ ခြိမ်းခြောက်ထား တဲ့ ပုဒ်မ ၆၄ ဆိုတာကလဲ လိမ်လည်စွပ်စွဲ တိုင်တန်းမှသာ ငြိစွန်းမှာ ဖြစ်ပါတယ်။ ဒီတော့ ရွေးကောက်ပွဲ ဥပဒေ ကိုယ်၌က တရားဥပဒေနဲ ့မညီညွတ်တဲ့ အပြင် ဒီအကြောင်းကြားစာသည်ပင်လျှင် ဥပဒေကို ချိုးဖောက်ထားတယ်လို ့ မြင်မိကြောင်းပါ ခင်ဗျား။http://www.niknayman-niknayman.co.cc/2010/11/blog-post_1958.html

  • unclegyi1974

    November 22, 2010 at 4:04 pm

    ဟုတ်တယ်ဆိုစွဲရဲရမှာပေါ့
    မဟုတ်လို့နေမှာပါ

  • The Reds

    November 22, 2010 at 4:07 pm

    အ မေ စု စ ကား နာ မ ထောင် တဲ. ဟာ တွေ ခံ ပေါ. ….

  • shwe

    November 22, 2010 at 6:10 pm

    ဦးနှောက်ကိတ်စပါပဲ။ စည်းလုံးကြဆိုလို့ စည်းလုံးတဲ့အကြောင်း ပြည်သူတွေက ပြသပြီးပါပြီ။ ဘယ်လမ်းကိုဘယ်နည်းနဲ့ ဘယ်လိုသွားရမယ်ဆိုတာကို မသိကြတာပါ။ ဟိုးအရင်က ဝန်ကြီးချုပ်ဦးနုဟာ သူသာလျှင်ဝန်ကြီးချုပ်ဖြစ် ကြောင်း ကြေငြာသွားပါတယ်။ အဲဒါကိုဆက်လုပ်လို့ ရမလားမသိဘူး။ လူတွေ ကို လမ်းလျှောက်စေချင်ရင် လျှောက်ရမယ့်လမ်းကိုလည်း ပြပေးရမယ်လေ။ လမ်းမသိဘဲ ဘယ်လိုလျှောက် မလဲ။ အန်တီစုအိမ်ရှေ့မှာ သွားရပ်ရုံနဲ့ ဘာမှဖြစ်လာမှာမှ မဟုတ်တာ။ ဒီလိုပြောလို့ အန်တီစုကိုမလိုလားသူလို့ မထင်ပါနဲ့ ။ အန်တီစု ကို သိပ်ချစ်တာ မပြောပြတတ်လောက်အောင်ပါပဲ။ ဘာမှမတတ်နိုင်လို့သာ။ တစ်ခုခုလုပ်ပေးနိုင်တာများရှိရင် အကြံပေးကြပါဦး။

Leave a Reply