သီပေါမင်းသား၏ ကျောင်းသားဘဝ ( Student Thibaw )

fattyNovember 20, 20101min20621

ကျနော်ဒီစာစုလေးကိုရှာဖွေ ကိုးကားဖေါ်ပြရခြင်းမှာ … အချို့လူငယ်တို့သည် ဘုရင်များလက်ထက် ကဆိုသည်နှင့် စာအုပ်မရှိ ရေးစရာမရှိသေး … မှတ်တမ်းမှတ်ရာတို့မှာ
မသေချာလှဟု ထင်မှတ်မှားနေကြရျ် .. အနည်းငယ်မျှလေ့လာနိုင်ရန် ရည်ရွယ်ပါသည်။

ရတနာပုုံ့ရွှေမြို့တော်တွင် ထိုအချိန်က ဂျူးသွေးပါသော ဒေါက်တာမတ် ဆိုသူ နိူင်ငံခြားသားမှာ လူသိများလှသည်။
ဗြိတိသျှပိုင်အောက်မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ပြီး မြန်မာစကားကိုကျွမ်းကျင်စွာပြောနိုင်သည်။
မြန်မာများနှင့်လည်းရင်းနှီးစွာပေါင်းသင်းနိုင်သူဖြစ်ရာ သူ၏ခရစ်ယာန်သာသနာပြုလုပ်ငန်းများကိုမန်းလေးနန်းမြို့တော်အထိ ပေါက်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

ထိုစဉ်က မင်းတုန်းဘုရင်၏ ဝန်ကြီးများတွင်လည်း ဖန်ချက်ဝန်မှာ နိုင်ငံခြားအတွေ့အကြုံမြောက်များစွာရှိခဲ့သည်။
သူသည် ပြင်သစ်နိုင်ငံ ပဲရစ်တက္ကသိုလ်မှ ဘွဲ့ရထားသူလည်းဖြစ်သည်။
ဒါဆိုလျှင် မင်းတုန်းခေတ် က နိုင်ငံခြားဆက်သွယ်မှုများကို စဉ်းစားနိုင်ပါပြီ။

ထိုဒေါက်တာမတ်သည် မန်းလေးနေပြည်တော်တွင် စာသင်ကျောင်းများ သာသနာပြုကျောင်းများကို မင်းတုန်းမင်း၏ အကူအညီဖြင့်ဆောက်နိုင်ခဲ့သည်။
မင်းတုန်းမင်းတွင်သားတော် ၇ဝ မျှ မက ရှိသည်။
ဒေါက်တာမတ်၏ကျောင်းသို့ မင်းသားများကျောင်းလာအပ်ပုံ ကို အနည်းငယ်ဖေေါ်ပြလိုပါသေးသည်။
တပည့်ကျောင်းသားတဦးက ဒေါက်တာမတ်၏အခန်းတွင်းသို့ဝင်ပြီး ကျောင်းသားသစ်များ ရောက်လာကြောင်းသတင်းပို့သည်။
ဒေါက်တာမတ်ထွက်ကြည့်သောအခါ ကကြိုးတန်ဆာဆင်ထားသောဆင်ပေါ်တွင် မင်းသားငယ်များကိုတွေ့ရသည်။
မင်းသားငယ်များကိုရွှေထီးမိုးထားသည်။ လက်နက်ကိုင်များ နောက်တော်ပါး များလည်းပါသည်။ သူတို့၏အစေအပါးများက ကွမ်းအစ်များရေတကောင်းများ
သယ်ဆောင်လာကြသည်။

မင်းသားများစာသင်ခန်းတွင်းဝင်လာသောအခါ သာမာန်ကျောင်းသားများက ရုတ်တရက်ထပြီးဝတ်တွားကြသည်။
ဒေါက်တာမတ်သည် ကြမ်းတွင်ဝတ်နေသောေကျောင်းသားတဦးကိုဆွဲထူသည်။
သို့သော် တယောက်ကိုလွှတ်ပြီး နောက်တယောကိကိုထူသောအခါ ပထမတဦးမှာ ပြန်ဝတ်သွားပြန်သည်။
ထိုဖြစ်ရပ်ကို မင်းသားငယ်တို့မြင်သော် တသောသောနှင့် ရီကြသည်ဟူ၏။

မင်းတုန်းဘုရင်၏ သားတော်များ ကျောင်းပြေးကြပုံလည်း ဖေါ်ပြထားသည်။ သီပေါအကြောင်းကိုသာရေးလိုရျ် ချန်လှပ်ခဲ့ပါသည်။
သီပေါမင်း၏ ကျောင်းသားမှတ်တမ်းးများအရ … သီပေါမင်းသားသည်တည်ငြိမ်သည်။ မှတ်ဉာဏ်ကောင်းပြီး စာသင်ရျ် တတ်လွယ်သောသူဖြစ်သည်။
စိတ်နေသဘောထားကောင်းပြီး ခေတ်မီသူတစ်ဦးဖြစ်သည်။ သူ၏ညီအကိုမင်းသားများ အခြားကစားဖေါ်များနှင့် ခရစ်ကက် ရိုက်ကစားလေ့ရှိသည်။

ဒီမျှလောက်ဆိုလျှင်ဖြင့် မင်းတုန်း သီပေါ ခေတ်ကို အနည်းငယ်မျှ မှန်းနိုင်ကြပြီဟုယူဆပါသည်။

21 comments

  • ဆူး

    November 20, 2010 at 7:02 am

    ဦးလေး ဝတုတ် ပိုစ်ဖတ်တော့ ရုပ်ရှင် တခု သတိရမိတယ်.. တရုတ်ပြည်ရဲ့ နောက်ဆုံးဘုရင် သူ့အကြောင်း ရိုက်ထားတာ.. အဲဒီလို မှတ်တမ်းရှိမယ်ဆိုရင် သရုပ်ကို အကွက်ကျကျပေါ်အောင် ရုပ်ရှင် ရိုက်နိုင်ရင် သိပ်ကောင်းမှာဘဲနော်..

  • fatty

    November 20, 2010 at 7:11 am

    kai ကို producer ဖို့ပြောယုံပါဘဲ။

  • kai

    November 20, 2010 at 10:35 am

    http://www.imdb.com/title/tt0093389/
    The Last Emperor (1987)
    အဲဒီကားပြောတာထင်ပါတယ်..။
    ပရိုဂျူဆာတော့ မလုပ်နိုင်ပါဘူး.။ Co-Director တော့ လုပ်နိုင်တယ်..။ ဟဲ..ဟဲ..။
    ဟောလိဝုဒ်လဲ.. ပရိုဂျူဆာတွေဆိုတာက ..ဒီလိုပဲသူဌေးတွေခေါ် ငွေစုထည့်ကြတာမဟုတ်လား..။
    အခုခေတ်က ဒါရိုက်တာကောင်းရင် မြတ်မှာသေချာတာမို ့.. ရုပ်ရှင်ထဲ ..ငွေရင်းနှီးမြုတ်နှံချင်သူတွေများမှများပဲ..။

    ပြသနာက ..မြန်မာဘုရင်သီပေါမင်းအကြောင်း ..ဘယ်သူမှစိတ်မဝင်စားတာမို ့.. ငွေပြန်ဝင်ဖို့တော့မလွယ်..။
    ဆိုတော့..။
    မင်းတုန်းမင်းဆိုဖြစ်နိုင်သေးတယ်ထင်မိတာပါပဲ..။
    သားတော်ချည်း ၇ဝ မျှ မက ဆိုတော့ သမီးတော်ပါဆို .. ရာချီနေမှာပဲ..။ သဘောက …
    မိဘုရားတွေလည်း ရာချီမှာပဲ..။ ရှုပ်ယှက်ခတ်နေတဲ့ လူမှုရေးတွေနဲ့ ..မဆုံးနိုင်တဲ့ တီဗီဇတ်လမ်းတွဲတောင်ဖြစ်သွားနိုင်တယ်..။
    နောက်သမိုင်းဝင် ..ပြည်ဖျက်အလုပ်တခု.. သူလုပ်ခဲ့တာရှိသေးတယ်လေ..။
    သတ္တဝါတွေသေကြေပျက်စီးကုန်တော့မယ်ဆိုပြီး ဆွမ်းမစားပဲထထွက်သွားတဲ့.. ဘုန်းကြီးသဘောအတိုင်းကနောင်မင်းကို ရေမြုတ်ဗုံးလုပ်ခွင့်ရပ်ခိုင်းလိုက်တဲ့.. ဘုရင်ပေါ့..။
    ဒါလေးတွေနဲ့တော့ … စီစဉ်ရိုက်ချင်သား..။

    သီပေါမင်းထက်စာရင် စုဘုရားလတ်က လူပိုစိတ်ဝင်စားကြတာမို ့.. ဝတ္ထု၊ မှတ်တမ်း တွေတောင် တော်တော်ထွက်ခဲ့တယ်ထင်ပါတယ်..။
    စကားမစပ်…
    ဦးဖက်တီး စာထဲ.. ရှေးမြန်မာမင်းညီမင်းသားကို လူတွေနှုတ်ဆက်ပုံပါတယ်နော..။
    အမှတ်တရပေါ့..။

  • ဆူး

    November 20, 2010 at 11:00 am

    ဦးလေးခိုင် ရိုက်တဲ့ ဇတ်လမ်း ဆူး ပွိုင့်နဲ့ ရှယ်ယာပါမယ်နော်.. အမြတ်ရရင် အချိုးကျ ပေးဖို့ မမေ့နဲ့နော်.. ဟဲဟဲ..

  • fatty

    November 20, 2010 at 12:02 pm

    ကဲ စုဖုရားလတ်နေရာမှာ ဆူး နဲ့ဆိုသင့်တော်မယ်ထင်တယ်။

  • ဆူး

    November 20, 2010 at 12:19 pm

    ဦးလေးဝတုတ်ပြောတာနဲ့ မျက်စိထဲ မြင်သွားတယ်.. ဘာရယ်တော့ မသိဘူး.. သူများတွေက ဆူးကို နဖူးကျယ်ကျယ် မျက်နှာ တင်းတင်း နုတ်ခမ်း စူစူ မိန်းမ ထင်သွားမလားလို့.. အဲဒီ နေရာ လုပ်ချင်ဘူး.. ပရိုဂျူဆာ လုပ်မှာ..

  • koyinmaung

    November 20, 2010 at 12:23 pm

    ကိုကြောင်ကြီးကို ကနောင်မင်းသားကြီး နေရာသင့်တော်မယ်ထင်တယ် ကိုပုကတော့ညောင်ရမ်းမင်းသားလုပ် ကြည့်ကောင်းလိုက်မဲ့ဖြစ်ချင်း

  • ဆူး

    November 20, 2010 at 12:24 pm

    ဒါနဲ့ တခု ကျန်သွားလို့ ပြန်လာမန်းတာ.. မင်းသား မင်းသမီး လုပ်လို့ သေရင် ပဟာသ ငရဲ ကျတတ်တယ်တဲ့.. အဲဒါကြောင့် ဆူး ကြောက်တယ် သရုပ်ဆောင်လုပ်ရဲဘူး..

  • char too lan

    November 20, 2010 at 1:18 pm

    ဦးဖက် ၈ဝဆို အန်တီဆူးက ၁၀ဝ လောက်ရမယ်ထင်တယ်နော်

    • ဆူး

      November 21, 2010 at 4:00 am

      ဆြာချာ ဘာလဲဟင်.. ၈ဝ ၁၀ဝ နားလည်ဝူး.. ဘာကို ပြောတာလဲ.. ငရဲကို ၁၀၀% ရောက်မှာ ကိုပြောတာလား

  • naywoonni

    November 20, 2010 at 3:26 pm

    ဆူးမရေ……
    ညည်ပြောသလိုဖြင့်…ငရဲရောက်မဲ့သူတွေများသား….
    အဲဒိထဲတော့တို့မပါ………

  • kopauk mandalay

    November 20, 2010 at 4:42 pm

    ရှေးမြန်မာများ သည် နိုင်ငံတိုးတက်ရေးအတွက် အမျှော်အမြင်ရှိစွာဖြင့် ခေတ်ပညာကို သင်ကြားခဲ့ကြတာကတော့
    အမှန်တကယ်ကိုလေးစားစရာကောင်းပါတယ်။
    နိုင်ငံခြားအထိကို သွားရောက်လို့ ပညာတော်သင်ထွက်ခဲ့တာလဲ အမှန်ပါဘဲ။
    မဲနယ်အတတ် ဖန်ချက်အတတ် ဒင်္ဂါးသွန်းအတတ်တွေကို ကျွမ်းကျင်စွာတတ်မြောက်ခဲ့ကြပါတယ်။
    ခက်တာက နိုင်ငံအရေးနဲ့ သာသနာရေးကိုရောထွေးခဲ့မိတာရယ် ၊ မိဘုရားများတော့ သားသမီးများ ဘယ်သူကိုနန်းမွေဆက်ခံရမယ်ဆိုတာကလဲ အခက်အခဲတရပ်လိုဖြစ်တာရယ်၊ကြောင့် တိုင်းပြည်ပျက်ခဲ့ရတာပါ။
    ကောင်းတာတွေပြောပြီးပါပြီ။
    ရှေးမြန်မာပြည်သူပြည်သားအရပ်သားတွေက ဘုရင် မိဘုရား မင်းညီမင်းသားတွေ့တာနဲ့မြေကြီးပေါ်ကိုပြားနေအောင်ဝပ် လက်ကရှိခိုး ခေါင်းကိုမြေကြီးနဲ့အပ်လို့မော့မကြည့်ရဆိုတဲ့ တစ်ဖက်သတ်ဥပဒေသနဲ့ နုတ်ဆက်ခဲ့ရတာပါဗျာ။.
    ကောင်းတာတွေပြောလို့ပြီးတဲ့အခါ။
    ကိုပေါက်မန္တလေး ရဲ့ ရန်တွေ့ခန်းစပါပြီ။
    မန်းလေးကိုလွမ်းတဲ့အကြောင်းတွေကိုအခန်းဆက်ဖြစ်အောင်ကြံဖန်စဉ်းစားပြီး မန်းလေးဂေဇက်ဆိုတဲ့ နေရာမှာရေးနေရှာတဲ့ မန်းလေးသား ကိုပေါက်ကိုတော့ မန်းလေးအကြောင်းရိုက်မယ့်ဇာတ်လမ်းထဲမှာ တစ်နေရာပေးဘို့ ဘယ်သူမှ သတိမရကြဘူး စိတ်ဆိုးတယ် ဒီနေ့ကစပြီး ဘယ်သူ့မှ မမန်းတော့ ဘူး ဒါဘဲ။

  • weiwei

    November 20, 2010 at 4:46 pm

    မင်းတုန်းမင်းနေရာအတွက် ကိုပေါက်ကို လျှာထားတယ်လို့ လျှို့ဝှက်သတင်း ကြားထားတယ် … ကိုပေါက် စိတ်ဆိုးနေတယ်ဆိုလို့ secret ကို open လိုက်ပြီ … 🙂

  • bigcat

    November 20, 2010 at 4:53 pm

    ကောင်းပါတယ်၊ ဦးပေါက်က မင်းတုန်းမင်းဆို မိဖုရားများနေရာကို ခေတ်နဲ့လျော်ညီအောင် လိင်တူချစ်သူများက သရုပ်ဆောင်ပါလိမ့်မယ်။ ဦးပေါက်ရေ သဏ္ဍန်လုပ် သရုပ်တူပစေနော်။ ဒါရိုက်တာ ဦးဖက်နဲ့လည်း ရိုက်ကွင်းထဲမှာ လုမနေကြနဲ့အုံး။ ပရိုဂျူဆာ ဦးခိုင်အတွက်ကတော့ စပယ်ရှယ်ဂေးများကို အိမ်အရောက်ပို့ပေးပါမယ်။ ကျနော်ကြောင်ကြီးကတော့ ဒီလိုကိလေသာ အညစ်အကြေးတွေကို စိတ်ကုန်လို့ မော်ဒယ်ဂဲလ်အစစ်လေးများနဲ့ မြ်န်မာပြည်အနှံ့ ဘုရာဖူးထွက်ပါမယ်။

    • ဆူး

      November 21, 2010 at 4:46 am

      ဦးကြောင်ကြီးက သာမန်တော့ မဟုတ်လောက်ဘူး.. ဘိုးတော်ဘဲ ဖြစ်ရမယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2010 at 3:11 am

    ဒါဆို
    ဖြစ်…………………
    ပြီ
    မင်းသမီးနေရာတွက်ကို ပုပုက တာဝန်ယူအုန်း………………မှာ ယူအုန်းမှာ ..ယူအုန်းမှာ
    ဒါပေမယ့် ဘုရင်ကြီးကိုတော့ သေသေချာချာ ချက်ကင်လုပ်ဘို ့တော့လိုလိမ့်မယ်နော်
    တောင့်တောင့်တင်းတင်း သန်သန်မာမာ ထွားထွားကြိုင်းကြိုင်း ကြီးလားဆိုတာကိုလေ

  • kopauk mandalay

    November 21, 2010 at 8:19 am

    34-40-58ဆိုက်ရှိပါတယ်။
    ပေါင်ချိန်စက်အများစုက ပေါင်ချိန်မယ်ဆိုရင် စက်ပျက်နေတယ်လို့ ငြင်းတာများပါတယ်။
    ဒါဆိုရင်ခန့်မှန်းလို့ ရလောက်ပါပြီ။
    ပုပုရေ ထမင်းသာ ဝအောင်စားထားပေတော့

    • gigi

      November 21, 2010 at 1:16 pm

      ဘာမှလည်းပြန်မပြောဘူးနော်..ဟဟဟဟ

  • fatty

    November 21, 2010 at 1:27 pm

    ပုပု စကားမပြောနိုင်အောင် ကို ထမင်းအဝစားနေရပါတယ်။

  • nigimi77

    February 10, 2011 at 2:54 am

    ဟုတ်နိုးဟုတ်နိုးနဲ ့ လွဲပြန်ပြီဟ လမ်းကြောင်း

Leave a Reply