ကြားမိတာလေး

ဆူးNovember 20, 20101min14716

ယခင် ဆန်ကြမ်း ၈၀ဝ ကနေ ယခု ၁၂၀ဝ လောက်
ယခင် ဆန်ကောင်း ၁၂၀ဝ ကနေ ယခု ၁၆၀ဝ လောက် ဖြစ်နေပြီလို့ ကြားပါတယ်။
တချို့လည်း ဆန်သစ်ပေါ်လို့ ဈေးကျနေပြီတဲ့..

16 comments

  • naywoonni

    November 20, 2010 at 11:21 am

    ခုလအတွင်းမှာ…စားအုန်းဆီက20000ကနေ25000ဖြစ်သွားတယ်…
    ကုလားပဲက1400ကနေဒီနေ1800ကျော်တော့မယ်
    ပဲဆီက3400လောက်ကနေ4000ပြည့်ပြီ…….သကြားက1600လောက်ကနေ1800
    ဆပ်ပြာနဲ့ဆားဈေးကတော့ပုံမှန်….
    လ္ဘက်ရည်နဲ့ဆေးလိပ်ကဈေးမတက်သေး

  • ဆူး

    November 20, 2010 at 11:49 am

    ယိုးဒယားဘက်က ဝင်လာတဲ့ ပစ္စည်းဈေးများ တနေ့ထက် တနေ့ ခုန်ခုန်တက်နေလို့ ကုန်သည်တွေ စိတ်ညစ်နေရကြောင်း..
    အပြိုင်အဆိုင် ဈေးတက်နေတဲ့ ခေတ်ကြီးမှာ လုပ်ငန်းရှင်တွေ ဘယ်သူ အရင်စတက်မလဲ ချောင်းနေကြောင်း

  • koyinmaung

    November 20, 2010 at 12:11 pm

    တရုတ်ပြည်မှာလဲဆန်ဈေးဆီဈေးအကုန်တက်တယ် ဆန်ဆို10kg တအိပ်ဆိုအယင်လက (36yuan) အခု(45yuan)ဖြစ်နေပြီ

  • ဆူး

    November 20, 2010 at 12:20 pm

    တရုတ်ပြည်က လာတဲ့ ပစ္စည်းတွေလည်း ဘာလို့မှန်း မသိဘူး.. တရိတ်ရိတ် တက်နေတယ်.. ယိုးဒယား ပစ္စည်းလောက်တော့ ခုန်မတက်ပေမဲ့ အခု တလော အတက်ကြီးဘဲ။
    ဒေါ်လာ ကလည်း ၉၃ဝလား မသိဘူး ကြားမိတယ်။

  • The Reds

    November 20, 2010 at 2:55 pm

    ဈေး က တော. အ တက် ကြီး ပဲ ဗျာ … အ ကျ ဆို တဲ. ခေတ် ဘယ် တော. ရောက် မှာ လဲ ဟင် …

  • bigcat

    November 20, 2010 at 5:04 pm

    ဆန်ဈေးတက်တာကတော မပြောနဲ့တော့ ကြီးဒေါ်ဆူးရေ၊ ဒီမှာလည်း အရင်က ဆင်တံဆိပ် ထိုင်းဆန် ၂၅ကီလို တအိပ်ကို ၁၆ကျပ်လောက်ကနေ ၁၉ကျပ်ဖြစ်သွားပြီ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2010 at 3:03 am

    (ဆင်တံဆိပ် ထိုင်းဆန် ၂၅ကီလို တအိပ်ကို ၁၆ကျပ်လောက်ကနေ ၁၉ကျပ်ဖြစ်သွားပြီ)

    ထိုင်းမှာနေတာလား သိပ်မဝေးကြပါဘူး
    ဒီလောက်ဈေးပေါတဲ့ဆန်တွေ မြန်မာပြည်ထဲပြန်သွင်းရင်ကောင်းမယ်
    ၂၅ ကီလိုအိတ်ကို ၂၅ ကျပ်လောက် ဈေးကောင်းကောင်းပေးပြီး
    မမပု အသွင်းခံမယ်လေ
    ဘုရင့်နောင် နေကြာပန်းဂိတ်က ကိုဓနုကိုပြောပြီး ပုံထားလိုက်
    စိတ်ကြိုက်ဖြစ်စေရမယ်။

  • ဆူး

    November 21, 2010 at 3:14 am

    ကော်ဖီ အထုတ်သေး ၅ဝထုတ် ပါတဲ့ အထုတ် တထုတ်ဝယ်ရင် တထုတ်ကို ၆၅ကျပ်လောက်ကျတယ် လက်လီဝယ်ရင် ၁၀ဝကျပ်
    ဆိုင်မှာသောက်ရင် ရေနွေးပေးလို့ ၂၅ဝကျပ် နို့ဆီဆိုက်ရင် ၃၅ဝကျပ်

    • bigcat

      November 21, 2010 at 5:23 am

      ဈေးကောက်ကြီး ဒေါ်ဆူးရေ အထုပ်၅ဝပါ ကော်ဖီတထုပ်ကို ၆၅ကျပ်ဆိုတာ မှားနေပါတယ်။ မန်းလေးဂေဇက်မှာရေးဖို့ မြန်မာစာနဲ့ဘွဲ့ရဖို့မလိုပေမဲ့ သဒ္ဒါလေးတော့ ဂရုစိုက်စေလိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာရေးသမျှကို ကကကွန်လို့ခေါ်တဲ့ ကွန်ပစ်ပြီးရှာဖွေစားသောက်ရတဲ့ သတ္တဝါတွေ မျက်စိလည်ကုန်မှာစိုးလို့ပါ။ ကြုံလို့ရေးလိုက်အုံးမယ်၊ ဒီမှာ အောင်းလ် ဇီကွက်တံဆိပ် ရယ်ဒီမိတ် လဘက်ရည် အထုတ်၃ဝ စာ (မြန်မာပြည်မှာရှိစဉ်က စတိုးဆိုင်တွေမှာရတယ်၊ စင်္ကာပူကဝင်တာ) အထုပ်ကြီးတထုတ်ကို ၆ဒေါ်လာပေးရတယ်။ ဗူးနို့ဆီဗူးတဗူး (မြန်မာပြည်ကထက် လေးချိုးတချိုးလောက် သေးတယ်) ကို ၂ဒေါ်လာခွဲ။

      • ဆူး

        November 21, 2010 at 5:38 am

        ဆူး အပြောလောသွားတာ.. MIKKO မီကို အထုတ်ကြီး ၅ဝ ပါ အိတ် ၃၅၀ဝ ဝန်းကျင် ရှိတယ်။
        တထုတ်ကို ၆၅ ကျပ် ဝန်းကျင်ရှိတယ်။ အဲဒါပြောတာ တခြား အထုတ်တွေတော့ ဈေး အတိအကျ မသိဘူး။ နို့ဆီ တဘူး ၇၅ဝ လား မသိဘူး.. လွန်ခဲ့တဲ့ ၁လကျော်က ဝယ်ထားတာ။
        သဒ္ဒါမှားတယ်ဆိုရင်တော့ ပြင်ဆင်ဖတ်ရှူပါရန်လို့..

  • weiwei

    November 21, 2010 at 4:38 am

    ဈေးကျတာလေးများ ကြားမိရင် သိချင်ပါတယ် ….

  • ဆူး

    November 21, 2010 at 4:55 am

    ဈေးကျတာတွေ ရှိတယ်.. စကားပုံရှိတယ်လေ.. ရွှေပေးလို့ မရ မဟုတ်တော့ဘူး ရေပိတ်လို့ မနိုင် ဖြစ်နေပြီ.. မြောင်းမလာလည်း ရေက ဖြစ်သလို စီးမှာဘဲ.. အဲလို အဲလို.. ဈေးတွေ ကျတာ.. သောက်သောက်လဲ.. ဘာလဲတော့ သိဝူးး. ဆိုင်မလားလို့ ပြောကြည့်တာ..

  • weiwei

    November 21, 2010 at 5:02 am

    ဪ .. ဪ … ဪ ..
    နေပါအုန်း .. အဲဒါ ဘာပစ္စည်းလဲ ??

  • ဆူး

    November 21, 2010 at 5:21 am

    စိတ်ဝင်စားရင် ဝယ်ဖတ်.. ဂျာနယ် တစောင် ၇၀ဝ စိတ်ဝင်စားစရာ သတင်းပါလို့ ၁၀ဝ ဈေးတက်တယ်။

  • koyinmaung

    November 21, 2010 at 5:25 am

    တက်တာကဈေးနှုံးကျတာကစိတ်ဓါတ်….

  • chityaaung

    November 21, 2010 at 7:55 am

    ကိုအောင်ပုရေ……..ရွှေဝါဆပ်ပြာဈေးမတက်သေးပါ…လှောင်ချင်ရင်လှောင်ထားပါ..
    မကြာမီနွေပေါက်ရင်တက်ပါလိမ်မည်………။

Leave a Reply