မန္တလေးမှာ ဗုံးကွဲ၊ ၂ ယောက် ဒဏ်ရာရ -Bomb xploded @ mdy

ဂ်စ္စူNovember 20, 20101min8110

http://i53.tinypic.com/2ymgm6e.jpg
ဧရာဝတီက တင်ထားတဲ့ ကြေးမုံ သတင်းစာ ဖြတ်စ။

http://www.news-eleven.com/images/stories/nov10/we/bomb.jpg

foto:eleven

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မှာဒီနေ ့မနက်  ၈နာရီ၊၉နာရီ ဝန်းကျင်လောက်မှာဗုံးကွဲခဲ့တယ်လို ့သိရပါတယ်။ဒီသတင်းနဲ ့ပတ်သတ်ပြီး လက်လှမ်းမီသော သတင်းမီဒီယာအချို ့မှ ရှာဖွေစုဆောင်း  ၍ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် ၈ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ ့မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Freedom News Group မှ သတင်းရရှိသည်။

”နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူ လည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့
ဘုရား မှာ ဝေယျာ ဝစ္စ လုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ
ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ အခုတော့ သက်ဆိုင်ရာက ရှာ
ဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး
ဧည့်သည်တွေ ဝင်ခွင့်မရှိပါဘူး”ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပါသည်။

၇၃ လမ်းနှင့် လမ်း ၈၀  ရဝတရုံး အနီးရှိ  ထရန်စဖေါ်မာနေရာ တွင် လည်း ဗုံး နှစ် လုံးကွဲ သည် ဟု သတင်းရရှိသည်။

Ref:FNG

မန္တလေး ချမ်းအေးသာဇံ မြို့နယ် သီရိဟေမာအရှေ့ မဟာလောကရံသီ အိမ်တော်ရာ ဘုရားဝင်းထဲက နာဂါးရုံဘုရားနားမှာ ဒီနေ့ မနက် ၉ နာရီခွဲလောက်က ပေါက်ကွဲမှုတခုဖြစ်လို့ သန့်ရှင်းရေး လုပ်တဲ့သူ၂ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

အထုပ်တထုပ်ကို တွေ့လိုက် ကိုင်လိုက်တာ ပေါက်ကွဲသွားတာလို့ မြို့ခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်လို့ သက်ဆိုင်ရာက စစ်ဆေးမှုတွေ လုပ်နေလို့ အိမ်တော်ရာဘုရားရဲ့ အရှေ့ဖက်မုခ်ကို ပိတ်ထားတယ်လို့ ပြောပါတယ်။
Ref:anyarnwaytamarmyay

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ယနေ့ နံနက် ၈ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

”နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူလည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့မှ ဘုရား သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ အခုတော့ သက်ဆိုင်ရာက ရှာဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး ဧည့်သည်တွေ ဝင်ခွင့်မရှိပါဘူး”ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပါသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာသည် အိမ်တော်ရာဘုရားဝင်း အတွင်းရှိ တောင်ဘက်မုခ် နဂါးရုံဘုရား အနီးတွင် ဖြစ်ကြောင်း သိရသည်။

(မည်သည့် ပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း ဆက်လက် စုံစမ်းဆဲဖြစ်ပါသည်။)
Ref:eleven

10 comments

  • char too lan

    November 20, 2010 at 12:16 pm

    အေး~~ အဲဒီသတင်ကြားလို့ရွာထဲဝင်လာတာ တို့ရွာကလူတွေဘေးကင်းကြပါစေ

  • ဆူး

    November 20, 2010 at 12:23 pm

    လေးပေါက်ကြီးနဲ့ မန်းသားတွေ ဘယ်နား ရောက်နေကြတုန်း အဲဒီ အချိန်တုန်းက… အင်ဒါဗျူးမလို့.. ရှိသေးရင် အကြောင်းပြန် ဒါဗြဲ…

  • Khine Htoo

    November 20, 2010 at 12:48 pm

    ဘယ်သူ ပဲလုပ်လုပ် လုပ်တဲ့ကောင် တွေ ကိုဟို ဟာပဲကွာ။ လူမဟုတ်တဲ့ကောင်တွေ။

  • mandalaythar

    November 20, 2010 at 1:17 pm

    ဟိုတနေ့က ရန်ကုန်အင်တာနက်ဆိုင်မှာ ဗုံးပေါက်တုန်းကလဲ ရေးပြီးပြီနော်.. ဘာတွေ ထပ်ဖြစ်အုံးမလဲဆို…. ပြောတဲ့ အတိုင်းဘဲ တန်းဖြစ်တာ… ခုလဲကြည့် ဟိုသောင်းကျန်းသူ စွပ်စွဲ ဒီသောင်းကျန်းသူစွပ်စွဲနဲ့ နောက် ဒေါ်စုဘက်လှည့်လာမှာ ဒီတွေက သိပြီးသားအကွက်တွေပါ။

    သိပ်ရင်မခုန်တော့ဘူး။ ဒါပေမဲ့ အလို အမြဲ အသုံးချ ခံနေရတာ။ စိတ်မကောင်းဘူးဗျာ။

  • thidakywewa1

    November 20, 2010 at 1:50 pm

    ဘာလို အပြစ်မဲ့တဲ့ ပြည်သူကြားမှာ လုပ်ရတာလဲ …….သူတိုလုပ်တိုင်း ပြည်သူတွေက ခံနေရမှာလား …………….ကြာလာရင် ငါတို့လည်း ပြေးရတော့မယ်ထင်တယ်……….

  • The Reds

    November 20, 2010 at 2:46 pm

    အဲဒါကြောင်. ကိုယ် နေ တဲ. နေ ရာ က နေ ဘယ် မှ မ သွား ကြ နဲ. အုးံ …. တနိုင် ငံ လုးံ က မိုင်း မြေ ပြင် ကြီး လို ဖြစ် နေ ပြီး ..

  • thuya

    November 21, 2010 at 1:15 am

    မန္တလေးမှာနေရတာကြာတော့ မနေရဲတောဘူ ကြောက်တောင်ကြောက်လို့ လူစည်စည်ဆိုရင်သိပ်မသွားရဲ့တော့ဘူ
    အကြမ်းဘက်အဖွဲစည်းများကလဲ ပြည်သူတွေကိုဒုက္ခပေးရမှလား မလုပ်ကျပါနဲ့ တိုက်ချင်ရင်စစ်တပ်နဲ့သာသွားရှင်းပါ
    ပြည်သူတွေမှာ အပြစ်မရှိဘဲနဲ့ ဒိလိုလုပ်နေတာကတော့ မြန်မာနိုင်ငံမှာနေပြိ မြန်မာအကျင့်မကြံလို့ဒိလိုဖြစ်နေရတာပါ မြန်မာနိုင်ငံဟာ အိရက်လဲမဟုတ်ဘဲနဲ့ အိမ်ပြင်မထွက်ရဲတဲလူတွေ များနေပါပြိ ဒိလိုသာလုပ်နေရင်တော့ မြန်မာတွေ ထမင်းငတ်သေကုန်လိမ့်မယ်

  • thuya

    November 21, 2010 at 1:20 am

    မန္တလေးမှာနေရတာကြာတော့ မနေရဲတောဘူ ကြောက်တောင်ကြောက်လို့ လူစည်စည်ဆိုရင်သိပ်မသွားရဲ့တော့ဘူ
    အကြမ်းဘက်အဖွဲစည်းများကလဲ ပြည်သူတွေကိုဒုက္ခပေးရမှလား မလုပ်ကျပါနဲ့ တိုက်ချင်ရင်စစ်တပ်နဲ့သာသွားရှင်းပါ
    ပြည်သူတွေမှာ အပြစ်မရှိဘဲနဲ့ ဒိလိုလုပ်နေတာကတော့ မြန်မာနိုင်ငံမှာနေပြိ မြန်မာအကျင့်မကြံလို့ဒိလိုဖြစ်နေရတာပါ မြန်မာနိုင်ငံဟာ အိရက်လဲမဟုတ်ဘဲနဲ့ အိမ်ပြင်မထွက်ရဲတဲလူတွေ များနေပါပြိ ဒိလိုသာလုပ်နေရင်တော့ မြန်မာတွေ ထမင်းငတ်သေကုန်လိမ့်မယ် H

Leave a Reply