တစ်ချို့က လူသားတွေကို ကူညီတာကောင်းတယ်လို့ဆိုပါတယ်။ တစ်ချို့ကလည်း အခြေအနေပေါ်မူတည်ပြီး ကောင်း တယ်လို့ ဆိုပါ တယ်။ ရာခိုင်နှုန်းနဲနဲလေးကတော့ ကူညီတာမကောင်းဘူးလို့ဆိုပါတယ်။ ကူညီတာနဲ့ပတ်သက်ပြီးပြောရင် အာဖရိကတိုက်မှာ
ဖြစ်ပျက် ခဲ့တဲ့အခြေအနေလေးတစ်ခုကို ပြောပြလိုပါတယ်။ အာဖရိကတိုက်ဆိုတာအားလုံးသိကြတဲ့ အတိုင်း စစ်မက်ဖြစ်ပွားမှုတွေ၊ မျိုးဖြုတ် သတ်ဖြတ်မှုတွေ၊ကျူးကျော်မှုတွေ၊ လက်နက်မှောင်ခိုတွေ၊ သတ်ဖြတ်မှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ အဟာရချို့တဲ့မှုတွေ၊
ငတ်မွတ်ခေါင်းပါးမှုတွေ၊ စာပေမတတ် မြောက်တာတွေအားလုံးရဲ့ မူလဇာတိလို့တောင်ပြောလို့ရမယ်ထင်ပါတယ်။ အာဖရိကတိုက်မှာသဘာဝသယံဇာတ အရင်းအမြစ်တွေ အလွန်ပေါပါတယ်။ ဥပမာအားဖြင့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေသည်းချေကြိုက်ဖြစ်တဲ့ ရေနံ၊သဘာဝဓာတ်ငွေ့၊ယူရေနီယမ် အကုန်ရှိ ပါတယ်။ လူသားအားလုံးကြိုက်တဲ့ စိန်တွေရှိတယ်။ ရွှေရှိတယ်။ ကြေးရှိတယ်။ ကျောက်မီသွေးရှိတယ်။ တန်ဘိုးကြီးမားတဲ့ သတ္တုပစ္စည်း အားလုံးလိုလိုရှိပါတယ်။ ရှားပါးတဲ့ တိရစ္ဆာန်တွေရှိတယ်။ မြေသြဇာလည်းအလွန်ကောင်းပါတယ်။ဒါပေမဲ့ အာဖရိကတိုက်မှာ ရှိတဲ့ လူတွေဟာချမ်းသာသူအနည်းစုရှိမဲ့၊ အများစု ကတော့ အလွန်ကို ဆင်းရဲနွမ်းပါးကြပါတယ်။ အဟာရချို့တဲ့ပြီး ငတ်မွတ်ခေါင်းပါးမှုဒါဏ်ကြောင့် တစ်ချို့မသေမရှင် ဖြစ်နေတဲ့လူသား တွေကို ဠင်းတငှက်တွေကစားဖို့ စောင့်နေတဲ့အခြေအနေတွေအထိတောင်ဖြစ်ခဲ့ပါတယ်။ စာပေလည်းမတတ်မြောက်တော့ကျန်းမာရေး အသိလည်းမရှိတော့ဘူး။ သင်ကြားပေးဖို့လဲ့စိတ်မကူးဘူး။ သန့်ရှင်းဖို့ကိုလည်းနားမလည်တော့ဘူး။ အဟာရပြည့်ဝတဲ့ အစာတွေ ကိုဘယ်လိုလုပ်ရမယ်၊ ဘယ်လိုစားရမယ်ဆိုတာလဲမသိတော့ဘူး။ လူသားတွေကိုသင်ပေးစရာမလိုတာတွေကိုတော့တတ်တယ်။ ယခင်ကတော့ ကာလသားရောဂါလောက်ဖြစ်ပေမဲ့ အခုခေတ်မီလာတော့ HIV ရောဂါစရတော့တာပဲ၊ ဒီ HIV တွေရပြီဆိုတာနဲ့ နူရာဝဲစွဲဆိုသလို စောစောစီးစီးပဲလူ့ဘ၀ထဲကနာကျင်မှုတွေနဲ့ ဂုဏ်သိက္ခာကင်းမဲ့စွာ ထွက်ခွာသွားတော့ပါတယ်။ ထွက်သွားသူ ကထွက်သွားပေမဲ့၊ ကျန်ရစ်သူတွေကလည်း မသက်သာပါဘူး။ ဆင်းရဲခြင်း ၀ဲသြဃကြီးထဲမှာ ဆင်းရဲခြင်းနဲသာရှင်သန်ရပါတော့တယ်။ ဒါကြောင့် အာဖရိကတိုက်က သဘာဝသယံဇာတပစ္စည်းတွေဟာ လူတွေကို ကောင်းကျိုးဖြစ်စေတဲ့ Blessing လား၊ ကြိမ်စာတိုက်နေတဲ့ Curse တွေလားဆိုတာ ဝေခွဲလို့မရတော့ပါဘူး။

အာဖရိကတိုက်ကလူသားတွေဟာ အလွန်ဆင်းရဲနွမ်းပါးပြီး ဒုက္ခများလွန်းတဲ့အတွက် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးကလည်း အကူအညီပေးဖို့ကျိုးစားပါတယ်။ ချမ်းသာတဲ့ အနောက်နိုင်ငံတွေဖြစ်တဲ့ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်၊စပိန်နဲ့ အမေရိကန်နိုင်ငံတွေဟာလူသားခြင်းစာနာထောက်ထားတဲ့ အနေနဲ့ အကူအညီတွေပေးကြပါတယ်။  အကူအညီဆိုတာကတော့ လစ်လျှူ ရှုထားထက်စာရင်တော့ပိုကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့အကူအညီတွေက ရယ်စရာကြီးတွေဖြစ်ပြီး ကျန်နေခဲ့ပါတယ်။ ဒီနေရာမှာ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဇမ်ဘီယာဆိုတဲ့ နိုင်ငံလေးတစ်ခုက အဖြစ်အပျက်လေးတစ်ခုကို ပြောပြလိုပါတယ်။ ဇမ်ဘီယာဆိုတာကတော့ အာဖရိကတိုက်အလယ်ပိုင်းမှာ ရှိတဲ့ကုန်းတွင်းပိတ်နိုင်ငံလေးတစ်ခုဖြစ်ပါတယ်။ ကွန်ဂိုနိုင်ငံ၊ မိုဇမ်ဘစ်နိုင်ငံ၊တန်ဇန်နီးယားနိုင်ငံ၊မာလာဝီနိုင်ငံ၊ အင်ဂိုလာနိုင်ငံတိုနဲ့ နယ်နမိတ်ချင်းဆက်စပ်ပါတယ်။ နိုင်ငံရဲ့ အလယ်ပိုင်းမှာ ဇမ်ဘီဇိ လို့ခေါ်တဲ့ မြစ်ကြီး တစ်စင်းစီးဆင်းနေပါတယ်။ ထုံးစံအတိုင်းပဲ ဇမ်ဘီယာနိုင်ငံသားတွေဟာ အလွန်ဆင်းရဲကြပါတယ်။ အလွန်လည်းရောင့်ရဲကြပါတယ်။ ဇမ်ဘီဇီ မြစ်ကြီးနားမှာ ပဲ မှီခိုနေထိုင်ကြပြီး၊ စပါးလေးဘာလေးစိုက်လိုက်၊ ငါးလေးဖမ်းလိုက်၊ အသားစားချင်ရင်လည်း တောထဲသွားပစ်လိုက်နဲ့နေကြပါတယ်။ နေတော့လဲ ၀ါးလေး ခုတ်ပြီး၊သစ်ရွက်လေးတွေနဲ့ ကာလိုက်ရင် အိမ်ဖြစ်သွားပါတယ်။ သန့်သန့်ရှင်းရှင်းလည်းမနေတတ်တော့ ၀ဲတွေကလည်းတစီစီ၊ ယင်ကောင်တွေ ကလည်းတလှောင်းလှောင်း၊ ဒီကြားထဲ့မိုးခေါင်တဲ့နှစ်များဆိုရင်တော့စားစရာမရှိတော့လို့သေတဲ့ လူတွေကဒုနဲ့ ဒေး၊ လူတွေကလည်း ဘာမှ လုပ်စားဖို့၊ မစဉ်းစားဘူး။ အားရင်အိပ်မယ်။ ဆာလာရင် ငါးသွားဖမ်းမယ်။ ဒီလိုလူမျိုးတွေဆိုတော့ တစ်နေ့ထက်တစ်နေ့ ဆင်းရဲလာကြပါတယ်။ ဒီကြားထဲ့ငှက်ဖျားနဲ့ HIV တွေကထပ်နိုပ်စက်ပြန်တော့ နလံကိုထူနိုင်စရာအကြောင်းမရှိတော့ပါဘူး။ ဒီအခြေအနေကို ကျွန်တော့မိတ်ဆွေ အီတလီတွေက တွေ့ရတော့် ရင်ထုမနာနဲ့အတော်ခံစားကြ့ရတယ်။ ဒီလူတွေကို အကူအညီပေးမှရမယ်လို့ဆုံးဖြတ်ကြပါတယ်။

ပထမဦးဆုံး သူတို့ ဇမ်ဘီယာ အစိုးရနဲ့ တွေ့ဆုံပါတယ်။ ပြီးတော့သူတို့အကူအညီပေးလိုတဲ့ တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းကိုရှင်းပြပါတယ်။ ဇမ်ဘီယာအစိုးရကလည်း ၀မ်းပန်းတသာလက်ခံပါတယ်။ အီတလီအဖွဲ့က အကူအညီပေးဖို့ ဖွံ့ဖြိုးရေးစီမံကိန်းကတော့
ဇမ်ဘီယာနိုင်ငံရဲ့ အလွန်ကောင်းတဲ့မြေဆီလွှာရယ်၊ တသွင်သွင်စီးဆင်းနေတဲ့ ဇမ်ဘီဇီမြစ်ကြီးတို့ကိုအခြေခံပြီး ရေးဆွဲခဲ့တာဖြစ်ပါတယ်။ သူတို့စီမံကိန်းအရ အီတလီကူညီရေးအဖွဲ့က မျိုးကောင်းမျိုးသန့်ဟင်းသီးဟင်းရွက်မျိုးစေ့တွေ၊ လယ်ထွန်စက်တွေ၊ ထရပ်ကား
တွေ၊ ဂိုဒေါင်တွေနဲ့ စိုက်ပျိုးနည်းစနစ်တွေကို တင်သွင်းလာမယ်။ ပြီးတော့ စံပြကျေးရွာအဖြစ် တစ်နေရာကိုရွေးပြီးတော့ ဒေသခံတွေကိုငှားပြီးတော့ စိုက်ခင်းကြီးတစ်ခင်းစိုက်ပျိုးမယ်။ တကယ်လို့ ရွာသားတွေကျွမ်းကျင်လာရင်တော့၊ သူတို့ကိုယ်ပိုင်စိုက်ခင်းလေးတွေဖြစ်လာအောင်လုပ်ပေးမယ်။ ဒါဆိုရင် သူတို့အလုပ်အကိုင်တွေရလာမယ်။ သိပ်ပြီးတော့ ဒုက္ခမရောက်နိုင်တော့ဘူး။ နောက်ပြီးအခု စပြီးခိုင်းတဲ့အချိန်မှာဆိုရင်လည်း တစ်ရက်ကို သူတို့နိုင်ငံသုံးငွေ တစ်ကွာချာ (အမေရိကန်တစ်ဒေါလာခန့်) ပေးဦးမယ်။ ဒါကတော့မပေး၍မဖြစ်၊ ဇမ်ဘီယာအစိုးရနှင့် သဘောတူထားတဲ့အထဲမှာ ဒီအကြောင်းလည်းပါတယ်။ သူတို့တွက်ကိန်းနဲ့သူတို့ကတော့ အလွန်ကိုအဆင်ပြေနေပါတယ်။ လူသားတွေကို ကူညီနိုင်ပြီပေါ့။

အားလုံးသဘောတူချက်တွေရပြီးပြီဆိုတာနဲ့ သူတို့စီမံကိန်းကို အကောင်အထည်ဖေါ်မဲ့စံပြကျေးရွာလေးကိုရွေးချယ်ကြပါတယ်။ ဒီနေရာလေးကတော့ ခီရန်ဒူ လို့ခေါ်ပါတယ်။ ဇမ်ဘီဇီမြစ်ကြီးဟာတငြိမ့်ငြိမ့်နဲ့ ခီရန်ဒူ ရွာလေးနဘေးမှာစီးဆင်းနေပါတယ်။ မြစ်ထဲမှာလည်း
ရေကြံ့ကြီးတွေဟာ ခေါင်းလေးတွေဖေါ်ပြီး ရေစိမ်နေကြပါတယ်။ အီတလီအဖွဲ့ ရောက်လာတော့ရွာသားတွေက လည်းအတော်ကို အားတက်နေကြပါတယ်။ နောက်တနေ့ မနက်မှာတော့ စံပြစိုက်ခင်းကြီးအတွက် ရွာသား (၃၀) ဦးအလိုရှိပါတယ် လို့ ကြေညာလိုက်တဲ့
အချိန်မှာ တစ်ရွာလုံးမှာ ရှိတဲ့အမျိုးသား (၂၀၀) ကျော်ကလာပြီးစာရင်းပေးပါတယ်။ အီတလီ အဖွဲ့သားတွေကလည်း လက်မတစ် ထောင် ထာင်နဲ့ ပေါ့။ သူတို့ရဲု့စီမံကိန်းတာထွက်က ထင်တာထက်ပိုကောင်းနေတယ်ပေါ့။ ပြောလိုက်သေးတယ်။ ဒီလူတွေက သိပ်အလုပ်
ကြီုးစာချင်တာ။ အလုပ်အကိုင်အခွင့်အလမ်းမရှိလို့သာ ဒီလိုဖြစ်နေတာပေါ့လို့။

နောက်တစ်နေ့မှာတော့ ဇကာတင်ရွေးချယ်ထားတဲ့ ၀န်ထမ်း (၃၀)ဦးဟာ မနက်မိုးမလင်းခင် ကတည်းက စီမံကိန်းရုံးကိုရောက်နေပါတယ်။ အီတလီတွေဟာ ရွာသားတွေကိုအတော်အထင်ကြီးသွားပါတယ်။ အလွန်အလုပ်ကြိုးစား လိုသူတွေပေါ့။ ဒါနဲ့တစ်နေ့လုံးမြေ
ပေါက်လိုက် ဘောင်တွေဖေါ်လိုက်နဲ့ မနေမနား အလုပ်လုပ်ကြပါတယ်။ ညနေပိုင်းမှာတော့အားလုံးပဲ လုပ်အားခကို ထုတ်ပြီးပြန်သွား ကြပါတယ်။ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ နောက်နေ့မနက်မှာ ပြဿနာကစပါတော့တယ်။ မနေ့ကလုပ်ခထုတ်သွားတဲ့ရွာသားအားလုံးမလာ
ကြတော့ပါဘူး၊ ဒီတော့ အီတလီတွေက စိတ်ပူသွားပြီး ရွာထဲကို လိုက်သွားပါတယ်။ ရွာထဲမှာတော့ တစ်ဒေါ်လာလောက်ရတဲ့ရွာသားတွေဟာ အငြိမ့်စားနဲ့အိမ်မှာအနားယူနေပါပြီ။ တစ်ဒေါ်လာလောက်က သူတို့ အတွက် တောတော့်ကို အသုံးခံပါတယ်။ ပြောင်းမှုန့် ၂၅
ကီလိုလောက်ဝယ်လို့ရတယ်ဆိုတော့နဲနဲ နောနောမဟုတ်၊ မြစ်ထဲမှာငါးတွေကလည်းပေါမှပေါ။ ခြုံပုတ်ထဲကအကောင်ပလောင်တွေ လိုက်ဖမ်းနဲ့ အတော်ကိုအဆင်ပြေနေပါတယ်။ စိတ်ချမ်းမြေ့ဖွယ်ရာရွာလေးပါပဲ။ အီတလီတွေ အတော် စိတ်ညစ်သွားပါတယ်။
နောက်တစ်ရက်မှာ လူပြောင်းပြီးခေါ်ကြည့်တယ်။ ဒါပေမဲ့ အတူတူပဲ နဲနဲလေးအဆင်ပြေတာနဲ့ ဆက်လုပ်ဖို့စိတ်ကူးကို မရှိတော့ဘူး။ တစ်ပတ်မှာတစ်ရက်ပဲအလုပ်လုပ်လိုသူတွေနဲ့လုပ်မယ်ဆိုရင်သူတို့ရဲ့ငါးနှစ်စီမံကိန်းဟာ (၄၅) နှစ်ကြာသွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်
လိုလုပ်ကြမလဲဆိုတာ ၀ိုင်းပြီးစဉ်းစားကြပါတယ်။

တစ်ချို့ ကလုပ်ခရှော့ပေးရင်ကောင်းမယ်လို့အကြံပြုကြပါတယ်။ ဒါကလည်းမဖြစ်ဘူး။ သူတို့အစိုးရနဲ့ သဘောတူထားစဉ်တုန်းက တစ်ရက်တစ်ဒေါ်လာပေးရမယ် လို့သဘောတူထားပြီးဖြစ်တယ်။ တစ်ဒေါ်လာသူဌေးကြီးတွေက လည်းအလုပ်မလုပ်လိုတော့ဘူး။
ဒီအချိန်မှာ အီတလီအဖွဲ့ကလူငယ်လေးတစ်ယောက်က အကြံရလာပါတယ်။ ဒီရွာသားတွေ အလုပ်မလုပ်လိုတာဟာ ရောင့်ရဲစိတ်ကြောင့်ဖြစ်တယ်။ သူတို့ဟာနည်းနည်းလေးအဆင်ပြေရင်အလုပ်မလုပ်လိုတော့ဘူး။ ဒီတော့ သူတို့ရဲ့ရောင့်ရဲစိတ်ကိုဖျောက်ပြီး၊ ဘယ်လိုအလုပ်ကျိုးစားလာအောင်လုပ်မလဲပေါ့။သူတို့လိုချင်တာတွေရှိလာရင်အလုပ်ပိုလုပ်လာမယ်ပေါ့၊သူတို့လိုချင်တွေရှိလာအောင်ဘာတွေလုပ်ကြမလဲ။ အီတလီက ခပ်ပေါပေါ ဂျင်းဘောင်းဘီတွေ၊ ရှုးဖိနပ်တွေ၊နေကာမျကမှန်တွေ၊ ပိုက်ဆံအိတွေ၊ ရှပ်အကျီတွေ၊ ရေမွှေးတွေ၊
မိတ်ကပ်တွေ၊ တီဗွီတွေ၊ အောက်စက်တွေကို၊ အထူးသဖြင့်က အီတလီမှာဈေးချိုတဲ့ ၀ိုင်နဲ့ အရက်ပုလင်းတွေကို သယ်လာပြီးဆိုင်ဖွင့်ဖို့ပါပဲ။ ဒီအကြံအစီက အလွန် အောင်မြင်ပါတယ်။ ဒီဆိုင်ဖွင့်ပြီးတဲ့နေ့မှာပဲ ရွာသားတွေဟာ အလွန်အလုပ်ကျိုးစားလာကြပါတယ်။
လုပ်ခထုတ်ပြီးတာနဲ့ ဂျင်းဘောင်းဘီဝယ်သူက၀ယ်၊ အရက်လေးတမြမြနဲ့ အိမ်က မိန်းမအတွက်လည်းမိတ်ကပ်လေး၊ ရေမွေးလေးဝယ်သွားနုင်တော့မျက်နှာကောင်းကရအတော့်ကို အဆင်ပြေလာပါတယ်။ ဒီလိုနဲ့တစ်ရက်ပြီးတစ်ရက်ကြာလာတော့၊ အာဖရိကတိုက်ကမြေဆီလွှာတွေကလည်းကောင်း၊ အီတလီကယူလာတဲ့မျိုးစေ့တွေကလည်းကောင်း၊ စိုက်ပျိုးနည်းကလည်းကောင်း ဆိုတော့စိုက်ခင်းကြီးတွေကစိမ်းစိမ်းစိုစို၊ ရွာသားတွေကလည်း ယခင်က သစ်ရွက်လေးတွေပတ်ပြီးနေသူတွေဟာ အခုတော့ ဂျင်းဘောင်းဘီနဲ့၊ နေကာမျက်မှန်တ၀င်းဝင်းနဲ့ ညနေပိုင်းဆိုရင်လဲဝိုင်လေးသောက်လိုက်၊ အရက်လေးသောက်လိုက်နဲ့ လောကနိဗာန်ကိုဖြစ်နေတာပါပဲ။ အီတလီတွေက လည်း သူတို့အကူအညီပေးတာ ရွာသားတွေ ဘယ်လောက်ပြောင်းလဲလာကြောင်း ဟိုကြွားသည်ကြွားပေါ့လေ။

စိုက်ခင်းကြီးတွေ ရိတ်သိမ်းချိန်ရောက်လာပါပြီ။ စိုက်ခင်းထဲမှာ စိုက်ထားတဲ့၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊  အားလုံးလည်းဝင်းမှဲ့နေပါပြီ။ စီမံကိန်းအောင်မြင်စွာပိတ်သိမ်းမဲ့ နေ့ မတိုင်မီ ညမှာအလွန်ဆိုးရွားတဲ့အဖြစ်အပျက်ကြီးတစ်ခုကို ဖြစ်ပျက်ပါတော့တယ်။ ဇမ်ဘီဇီ မြစ်ထဲ
မှာနေတဲ့ ရေကြံ့အုပ်စုကြီးတစ်ခုဟာ အပေါ်တက်လာပြီး စိုက်ခင်းကြီးတစ်ခုလုံးကိုပွဲတော်တည်တော့တာပါပဲ။ ရေကြံ့ ကြီးတွေဟာ အကောင်ကြီးတွေကလည်းကြီး၊ အစားကလည်းကြီးဆို တော့စိုက်ခင်းကြီးတစ်ခုလုံးကို တစ်ပင်မကျန်စားပစ်တော့တာပါပဲ။ ပျော်မြူးပြီး
အချင်းချင်း လူးလှိမ့်ထားလိုက်ထားကြတာတွေကလည်း စိုက်ခင်းကြီးတစ်ခုလုံးဟာ ဘူဒိုဇာနဲ့ ထိုးထားသလိုပါပဲ။ ဒီတော့ အောင်မြင်စွာပိတ်သိမ်းပွဲ မလုပ်နိုင်တော့ပါဘူး။ အီတလီတွေလည်းစိတ်ပျက်ပြီးပြန်သွားကြပါတယ်။ ဒီတော့ပွဲသိမ်းပြီပေါ့။ ဒါပေမဲ့ပွဲမပြီးသေးပါဘူး။အရင်ကဘာမှမလိုချင်တဲ့လူတွေဟာ ညနေကျရင် လေချဉ် လေးတက်တက်တော့တာတော့တာပါပဲ။ စိုက်ခင်းကြီးကအောင်မြင်သလား၊မအောင်မြင်သလားတော့မသိပါဘူး။ ရွာသားတွေကတော့ အရက်သမားတွေဖြစ်ပြီးကျန်နေခဲ့ပါတယ်။ အလုပ်ကို လည်းကျိုးစားပြီးမလုပ်လို၊ အလွန်ရောင့်ရဲပြီးနေလေ့ရှိတဲ့ရွာသားတွေ ဖွံ့ဖြိုးတိုးတက်လာမလာကိုတော့ မသိပါ။ ဒီရွာသားတွေလိုအကျင့်စာရိတ္တပျက်ပြားပြီး အရက်သမားဖြစ်အောင် ကူညီရန်သင့်မသင့် ဆုံးဖြတ်ကြပါတော့။

About asiamasters

Khin Maung Lwin has written 78 post in this Website..

I'm interested to change for the better of Myanmar people. I value income, knowledge, strength, technology and humanity.