ဝန်ထမ်းဟူသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်……။

naywoon niNovember 20, 20101min27320

ကျွန်တော်ပြောတဲ့စကားမဟုတ်ပါဘူး..။ 1990လောက်ကဝန်ထမ်းတွေကိုသတ်မှတ်ထားတဲ့စည်းကမ်းချက်ပါ
တစ်ရုံးကနေတစ်ရုံး.. တစ်မြို့ကနေတစ်မြို့စာတွေပို့ကြရင်စာအိတ်ပေါ်မှာ အဲဒိစာသားကိုရော်ဘာတံဆိပ်တုံးနဲ့ရိုက်ပြီးစာပို့ရပါတယ်။
ခုမှသိလာရတာလေးတွေကြောင့်ဒီပိုစ့်ကိုရေးဖြစ်တာပါ..။ အဲဒိအချိန်တုံးကဝန်ထမ်းဆိုတာကဆူးကြားထဲကဘူးသီးလေးတွေပါ..။
မေးခွန်းတွေခဏခဏဖြေခိုင်းပါတယ်.။ သူတို့အကြိုက်လိုက်မဖြေနိုင်ရင်မဖြေတတ်ရင်ပြုတ်ပါတယ်..။ ပြောင်းရပါတယ်..။ ရာထူးတိုးမပေးပါဘူး
ဒီစာသားနဲ့အောက်ခြေဝန်ထမ်းတွေကိုချုပ်ကိုင်ထားတာပါ..။ ဒီကိစ္စတွေကျွန်တော်စိတ်မဝင်စားပါဘူး..။ ဒါပေမဲ့မပြောရကိုမနေနိုင်ဖြစ်လာလို့
ရေးတင်လိုက်တာပါ..။ ကျွန်တော်တို့ကိုပါတီနိုင်ငံရေးမလုပ်ရဘူး..။ ဝန်ထမ်းဆိုတာအမျိုဲးသားနိုင်ငံရေးလုပ်နေတာပဲလို့အမြဲပြောကြပါတယ်…။
ဟုတ်ပါတယ်..။အမျိုးသားနိုင်ငံရေးကိုပဲသဆဘာကျပါတယ်..။ စိတ်လည်းဝင်စားပါတယ်..။ လုပ်လည်းလုပ်ပါတယ်..။ ကျွန်တော်တင်တဲ့ပို့စ်တွေ
မှာကဗျာကလွဲရင ်ဒါကိုတွေ့နိုင်ပါတယ်..။
ခုဘာလို့ပြောရသလဲ..။ သူတို့ပြောခဲ့တဲ့စကားနဲ့သူတို့ပြန်ညှိနေတာတွေ့လို့ပါ..။
ခင်ဗျားတို့သိတဲ့အတိုင်း ရွေးကောက်ပွဲဝင်ခဲ့တဲ့သူတွေဟာ.. သူတို့ရာထူးတွေမစွန့်ခဲ့ကြပါဘူး..။
ခုနောက်ပိုင်လည်းရာထူးလက်ရှိပါ..။ သူတို့ရွေးကောက်ပွဲဝင်ခဲ့တာ ပါတီတစ်ခု ခေါင်းစဉ်နဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ
အဲဒါဘာလိုသဘောလဲ…။ ကျွန်တော်ပြောတာမှားနေရင်လည်းပြောပြကြပါဦး…….။

20 comments

  • weiwei

    November 20, 2010 at 4:39 pm

    ကျွန်မလဲ နားမလည်ပါဘူး … ဒါပေမယ့် နဲနဲနားလည်တဲ့ ဝန်ထမ်းတစ်ယောက်ကို မေးကြည့်ဖူးတယ် … သူပြောတာကတော့ ဝန်ကြီးအဖွဲ့ဆိုတာ အစိုးရအဖွဲ့ဖြစ်တယ်တဲ့ … နိုင်ငံ့ဝန်ထမ်းမဟုတ်ပါတဲ့ … ဥပဒေအရ ပါတီနိုင်ငံရေး လုပ်ခွင့်ရှိတယ်လို့ ရှင်းပြပါတယ် …

  • naywoonni

    November 20, 2010 at 4:52 pm

    ဘယ်ဥပဒေပါလိမ့်…။
    ဥပဒေတွေကများလို့ပြောတာနော်…
    ဟိုး…….ကိုလိုနီခောတ်ကဥပဒေတောင်အသက်ဝင်နေတုန်းမို့ပါ
    1923နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဆိုတာလေ……..
    အဲဒီဥပဒေနဲ့ဆိုဂဇက်တက်ကတစ်ရွာလုံးမလွတ်ဖူးနော့……..

  • weiwei

    November 20, 2010 at 4:56 pm

    အဲဒါတော့မသိဘူးဗျို့ … ကြားဖူးနားဝရှိတာလေး ပြန်ပြောပြတာ …

  • bigcat

    November 20, 2010 at 4:58 pm

    ဆရာနီက ဝန်ထမ်းဆိုတဲ့ စကားအဓိပါယ်ကို နားမလည်လို့ပါ။ အစိုးရအဖွဲ့ဝင်ဆိုတာ ဝန်ကြီး၊ လက်အောက်ငယ်သားတွေက ဝန်ထမ်း၊ သဘောက သူတို့ဝန်ကိုထမ်းရမယ်လို့ ဆိုလိုဟန်ရှိပါ၏။ အန်တီဝေနဲ့တော့ သွားစကားမများပါနဲ့၊ သူက တရုပ်ပြည်ကြံ့ဖွံ့စည်းရုံးရေးမှူးလို့ ပြောသံကြားတယ်။ တလကို ယွမ်တသိန်း အသေးအသုံးစရိတ် ရတယ်ဆိုလား ဘာလား။

  • weiwei

    November 20, 2010 at 5:05 pm

    မသိနားမလည်တဲ့ကိစ္စကို ဝင်ပါမိတာ နောင်တရပါသည် … သို့ပေမယ့် မန်းထားတာ ပြန်ဖျက်လို့မရတော့ ဘွာတေးနော် .. ဘွာတေး …

    ကိုကြောင်ကြီးပြောသလိုရရင် သိပ်ကောင်းမှာပဲ …

  • မောင်မိုးညို

    November 21, 2010 at 1:43 am

    မောင်မိုးညိုဝန်ထမ်းဘဝ (၁၉၉၀)ရွေးကောက်ပွဲကာလက၊ရုံးစာတွေမှာ “ဝန်ထမ်းများပါတီနိုင်ငံရေးကင်းရှင်းရမည်”ဆိုတဲ့တံဆိပ်တုံးတွေကိုကောင်းကောင်းမှတ်မိပါတယ်။ လမ်းစဉ်ပါတီခေတ်မှာအနဲဆုံးအရံပါတီဝင်ဖြစ်မှရာထူးတိုးရေးမှာအထောက်အကူဖြစ်သလို၊ နိုင်ငံခြားသွားခွင့်ဆိုတဲ့ဧရာမအခွင့်ရေးကြီးရနိုင်ပါတယ်။ တင်းပြည့်ပါတီဝင်ဖြစ်ရင်၊ သက်ဆိုင်ရာဌာနအကြီးအကဲကိုကျော်ပြီးဌာနဆိုင်ရာအခြေခံအလုပ်သမားအစည်းအရုံးမှာဥက္ကဌကြီးများတောင်ဖြစ်လို့ဝန်ထမ်းရေးရာကိစ္စတွေအမောက်ကမဖြစ်ရတာတွေနေရာအနှံ့ပါ။ အဲ့ဒီလောက်အထိ ပါတီဝင်ဖြစ်မဖြစ်ဆိုတဲ့အခြေအနေကလွှမ်းမိုးဩဇာရှိခဲ့ပါတယ်။ ပါတီဝင်မဟုတ်ရင်လူရာမဝင်တော့သလောက်တောင်ပါဘဲ။ လမ်းစဉ်ပါတီဘုံးဘုံးလဲပြီး(၁၉၉၀)ဝန်းကျင်ရောက်လို့ရွေူးကောက်ပွဲကာလရောက်တော့နေ့ချင်းညချင်းဘဲပါတီနိုင်ငံရေးကင်းရမယ်ဆိုပြီး၊ဖောက်ထိုးမိုးမျှော်အခြေအနေရောက်သွားပါတယ်။ တပါတီစနစ်တုံးကပါတီနိုင်ငံရေးရှိမှနိုင်ငံချစ်သလိုလိုပြောရာကနေ၊ ပါတီစုံစနစ်ပြောင်းချိန်မှာ၊ ပါတီဝ်ငဖြစ်တာနဲ့တိုင်းပြည်သစ္စာဖေါက်လိုချက်ချင်းသတ်မှတ်လိုက်တာဝန်ထမ်းတွေခံလိုက်ကြရသလို၊ မောင်မိုးညိုရဲ့အကိုတော်အပါအဝင်အစိုး၇ဝန်ထမ်းသိန်းနဲ့ချီပြီးအလုပ်ပြုတ်သွားကြတာဒီနေ့အထိပါ။ းဒါဟာစနစ်ရဲ့လက်ချက်ပါ။
    ဟောအခုကျတော့ဒီကိစ္စကိုမလိမ့်တပါလုပ်ပြီး၊ ပါတီဝင်တာမဝင်တာထက်၊ စစ်အာဏာတည်မြဲရေးအတွက်ထောက်ခံသူမှန်သမျှပါတီဝင်ဖြစ်ဖြစ်မဖြစ်ဖြစ်ဖြစ်နေ့ချင်းညချင်းအမတ်ဖြစ်ကုန်ကြပါပြီ။ (ဘိန်းစိုက်စားသူ နအဖနှင့်အလွမ်းသင့်သောတိုင်းရင်းသားခေါင်းဆောင်များ၊ စီးပွားရေးသမားများ၊ ဖေါ်လံဖားများ) မင်းသားလွင်မိုးတို့တောင်လွှတ်တော်ကိုမျက်စောင်းထိုးနိုင်တဲ့အခြေရောက်နေပါပေါ့။ ဒါလဲစနစ်ကြောင့်ပါဘဲ။
    ရှင်းပြချင်တဲ့ကိစ္စတခုက..ဝန်ထမ်းအဖြစ်သတ်မှတ်တဲ့ကိစ္စပါ…
    အစိုးရအဖွဲံနဲ့ဝန်ကြီးများ၊ဒုတိယဝန်ကြီးများ၊ဦးစီးဌာနနဲ့လုပ်ငန်းအဖွဲ့များရဲ့အကြီးအကဲများဖြစ်တဲ့ညွှန်ကြားရေးမှူးချုပ်၊ဦးဆောင်ညွှန်ကြားရေးမှူးများနဲ့ဥက္ကဌများဟာဝန်ထမ်းများမဟုတ်ပါဘူး။ မှတ်မိသလောက်ပါတီခေတ်ကဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥပဒေ နဲံ ဖဆပလအစိုးရခေတ် public service board act တွေမှာအတိအကျပြဆိုထားပါတယ်။ ဒါကြောင့်အဲ့ဒီရာထူးတွေမှာရှိတဲ့ဝန်ကြီးဝန်ကလေးများရဲ့လစာငွေကိုလစာလို့မခေါ်ဘဲ၊ ထောက်ပံ့ခံစားခွင့်လို့သတ်မှတ်ပါတယ်။ ဆိုလိုတာကနိုင်ငံအခွန်အခကိုခံစားကြသူချင်းတူပေမဲ့ လစာနဲ့ခံစားခွင့်ကွာခြားပါတယ်။ political positions တွေဖြစ်ပါတယ်။ အစိုးရပြန်တမ်းနဲ့ခန့်ရသလို၊အစိုးရပြန်တမ်းနဲ့ဖြုတ်ရပါတယ်။ ဒါပေမဲ့ခံစားခွင့်အါပါအဝင်အိမ်၊ကား၊ခရီးစရိတ်နဲ့အမှုထမ်းစရိတ်အားလုံးကိုဥပဒေနဲ့သတ်မှတ်ပြီးတိုင်းသိပြည်သိကြေငြာရသလို၊ အခြားဝင်ငွေမှန်သမျှလက်ဆောင်ကအစစားရင်းနဲ့အတူတရားရုံး၊ကော်မီရှင်ကို declare ကြေငြာရပါတယ်။ လူထုနဲ့မဲဆန္ဒရှင်တွေကတောင်းယူစစ်ဆေးခွင့်မေးမြန်းခွင့်ရှိရပါတယ်။ ဒါပေမဲ့ဒါတွေကို public service act လို့ခေါ်တဲ့နယ်ချဲ့အစိုး၇ရဲ့တရားမျှတတဲ့ဥပဒေမှာသာတွေ့ရပြီး၊ ကိုယ့်မင်းကိုယ့်ချင်းနဲ့ရှိတဲ့အစိုးရလက်ထက်တွေမှာ..မောင်မိုးညိုတို့အပါအဝင်းပြည်သူ သန်း(၆၀)ကာဘယ်မှာမှရှာမတွေ့ကြောင်းပါခင်ဗျား။

  • moethidasoe

    November 21, 2010 at 2:18 am

    ကိုမိုးညိုရေ .. ဝန်ကြီး ဒုဝန်ကြီးအထိပဲ နိုင်ငံ့ဝန်ထမ်း မဟုတ်တာ .. ဦးဆောင်ညွှန်ကြားရေးမှူးတို့ ညွှန်ချုပ်တို့က ဝန်ထမ်းစစ်စစ် .. ပြည်သူ့ဝန်ထမ်း စစ်စစ်ထဲမှာ ရာထူးအကြီးဆုံး (စစ်တပ်တော့ မပါသေးဘူးပေါ့) .. ဒါကြောင့် သူတို့တတွေ ရွေးကောက်ပွဲ ဝင်ချင်ရင် ရာထူးက ထွက်ပေးရတယ် ..

    ရာထူးက ထွက်ပေးရပြီး မနိုင်ခဲ့ရင် နစ်နာသွားမှာ စိုးလို့ ဆိုပြီး မနိုင် နိုင်အောင်လို့ အကြံအဖန်တွေ လုပ်ပေးခဲ့ရတာကို ခွင့်လွှတ်ပေးဖို့ အနူးအညွတ် တောင်းပန်ပါရစေ ..

    တချို့ဆို အဖွဲ့အစည်းတွေကနေ နုတ်ထွက်ပြီး ရွေးကောက်ပွဲကို ကြက်ဖွတ်ပါတီအောက်က ဝင်ပြိုင်တာ .. အရွေးမခံရတော့ .. နှစ်ဖက် နစ်နာသွားရှာတယ် (ဥပမာ ဒေါက်တာတင်ထွန်းဦး .. ဦးတင်ခ .. )

    တချို့ကျတော့ အပိုင်ပဲ ဆိုပြီး လုပ်ခဲ့ပေမယ့်လဲ ရှုံးသွားတယ် (ဥပမာ .. ဒေါက်တာပိုင်စိုး – လက်ရှိ ဒုဝန်ကြီး) ဒါပေမယ့်လဲ သူက ဝန်ကြီးလောက်တော့ ဖြစ်နိုင်ပါသေးတယ် (သမတက အစိုးရအဖွဲ့ကို တိုက်ရိုက်ဖွဲ့စည်းခွင့် .. ဦးသန်းရွှေကလဲ ကောင်လေး သနားပါတယ် .. ကြည့်လုပ်ပေးလိုက်ကြပါလို့ ဆိုတယ် .. မှတ်ချက် အမျိုး အရင်းကြီးလေ .. အမျိုးချစ်သူကြီးမို့ပါ) ..

    ဒါကြောင့် ဝန်ထမ်းတွေ ပါတီနိုင်ငံရေးကင်းရမယ် ဆိုပြီး ချမှတ်ထားတာ အခုထိ မှန်အောင် လိုက်နာတယ် လို့ မြင်တယ် ..

    ဒါပေမယ့် .. အကြောက်တရားတွေ များနေတဲ့ ဝန်ထမ်းတွေ ဘယ်လို နေရမှာလဲ ဆိုတာကို မသိနိုင်တော့လို့ ကင်းရမယ် ဆိုတဲ့ ပါတီနိုင်ငံရေးကို မကင်းရဲကြဘူး (ဒါ .. နိုင်ငံတော်ရဲ့ သစ္စာ ဖောက်ဖျက်မှု) .. နီးရာဓါးကို ကြောက်လို့ ကြက်ဖွတ်ပါတီကို ကြောက်ကြောက်နဲ့ မဲပေးခဲ့ရတယ် ..

    တချိန်က အဲဒီလို ပါတီ ဘက်လိုက်ပြီး မဲပေးခဲ့ကြလို့ ဥပဒေကို ငြိတယ် ဆိုပြီး တပ်မတော်က ဗိုလ်မှူးကြီးတွေ ပြုတ်ခဲ့တာ အစဉ်အလာ ရှိတယ် .. (ဥပမာ .. ဦးအောင်ရွှေ ဦးတင်ဖေ တို့ လို့ ထင်တယ်) .. အခုတော့ တပ်မတော်ကအစ ဝန်ထမ်းတွေအဆုံး ပါတီတစ်ခုရဲ့ ဗြောင် မဲဆွယ်တာကို လိုက်လုပ်ကြတယ် .. သူတို့ကိုလဲ အလုပ်ဖြုတ်သင့်တယ် .. (ဘွာတေး .. တော်တော်ကြာ စတီးလက်ကောက် ရနေဦးမယ် ..)

  • koyinmaung

    November 21, 2010 at 2:36 am

    မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်….မြန်မာ့ဒီမိုကရေစီလမ်းစဉ်…မြန်မာ့ရွေးကောက်ပွဲ…မြန်မာ့တရားဥပဒေ…မြန်မာ့ဝန်ထမ်း. .မြန်မာ့တရားသူကြီး..အားလုံးမြန်မာမှု့ပြုထားပါသည်.. မေးမြန်းချင်းသီခံပါ……(.ပုံ.ဂျိုဂုတ်ဒူးကြီးရင်မောင်)

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2010 at 2:55 am

    ဪနှစ်လုံးတည်းနဲ ့ဘောင်းဘီကျပ်နေတယ် ဆိုသလိုဖြစ်နေပါပြီ ကွယ်
    မောင်လေးမိုးညို နဲ ့ ညီမလေး မိုးသီတာစိုး တို ့ပြောတာတွေက မဆိုးပါဘူး
    မမပု အမြင်မှာတော့ ကျွေးတာစား ခိုင်းတာ လုပ်ရတဲ့ မောင်လေး နေပူ တို ့လို လူတန်းစားတွေကြတော့
    ဝန်ထမ်း လို ့ခေါ်ပြီး
    ဟိုအကြံဖန် ဒီအကြံဖန် တွေ ပေါပေါသီသီရကြတဲ့ လူတွေကိုကြတော့
    ဝန်ထမ်းခေါ်လို ့ မရတော့ဘူး သူတို ့က တိုင်းပြည်ကို အမွေရထားတာလေ
    တနည်းသဖြင့် အမွေဆိုင်တွေလေ အဲ့ဒလိုခေါ်ရဒယ်ကွဲ ့

  • chityaaung

    November 21, 2010 at 6:35 am

    ကိုမိုးညိုနဲ့မသီဒါတို့ခင်ဗျား…ကျွန်တော်နားလည်နေတာလေးဝင်ရွှီးကြည့်ဦးမယ်ဗျာ…ဒီစာတွေကိုဖတ်နေရင်းနဲ့
    တစ်ချိန်ကသူရို့ပြောခဲ့တာလေးတွေမှတ်မိလာလို့ပါ…။သူရို့ဟာ..နောက်တက်လာမဲ့အရပ်သားအစိုးရကိုလွဲအပ်ပြီး
    ရင်စစ်တန်းလျား
    ကိုပဲပြန်သွားကြမှာပါဆိုတာလေ……သူတို့စစ်တန်းလျားကလွှတ်တော်ဝန်းထဲမှာရှိတာကိုး…..
    ပြီးတော့ရှိသေးတယ်ဗျ…။ကိုနေဝန်းလိုပဲကျွန်တော်လည်းပြောချင်နေတာပဲမပြောတတ်လို့လေ……..သူရို့တပ်ကထုတ်
    ထားတဲ့ဘာလဲ……..ဗျာစစ်သည်တော်ကျင့်ဝတ်ဆိုတဲ့စာအုပ်ထဲမှာ”စစ်သည်တော်ဆိုသည်မှာအောက်ဆုံးအဆင့်
    ရဲဘော်မှသည်အမြင့်ဆုံးအဆင့်မှူးကြီးအထိအဆင့်အတန်းအားလုံးအကျုံးဝင်သည်”လို့ရေးထားသဗျ…..အဲဒိတော့
    ဝန်းကြီးရာထူးသာယူထားတယ်….စစ်အဆောင်အယောင်ကိုယူထားဆဲဖြစ်လို့ရာထူးအခေါ်ခံ…အလေးပြုခံနေဆဲ
    ဖြစ်လို့ဝန်ထမ်းလို့သတ်မှတ်လို့မရဘူးလား…ဒါဆိုရင်သူရို့(ရွေးကောက်ပွဲဝင်ဝန်ကြီးတွေကဘယ်ကလစာရိက္ခာထုတ်
    နေကြပါသလဲ…)ပါတီကပေးတဲ့ထောက်ပံ့ကြေးနဲ့ပဲနေကြပါသလား..။တစ်ပါတီစနစ်တုန်းကပါတီခေါင်းဆောင်တွေက
    လာစာမရပါ…။ပါတီကထောက်ပံ့ရတယ်လို့ကြားဖူးပါတယ်..။ပါတီစာရေးတွေလစာသုံးလလောက်နေမှပေါင်းထုတ်ရ
    တာလဲကြားဖူးပါတယ်..။သူတို့ကဝန်ထမ်းမဟုတ်ကြပါ..။ကောင်စီစာရေးသာဝန်ထမ်းဖြစ်ပါတယ်..။ခုတော့ရဝတစာရေး
    ပေါ့……….။တစ်ပါတီစနစ်မှာပါတီဝင်တွေဟာလစဉ်ကြေးဆိုတာပေးရပါတယ်..။အဲဒိငွေတွေဟာသူတို့ရန်ပုံငွေဖြစ်ပြီး
    ပါတီခေါင်းဆောင်တွေရဲ့ထောက်ပံ့ကြေးကိုအဲဒိထဲကကျခံသုံးစွဲပါတယ်..။ခုကော…ကိုပုပြောသလိုအမွေဆိုင်ဖြစ်ကုန်ပြီ
    လားမသိ………

  • bigcat

    November 21, 2010 at 7:39 am

    စစ်အာဏာသိမ်းပွဲအပြီးမှာ ဝန်ထမ်းတွေကို သုံးကြိမ်သုံးခါလားမသိ မေးခွန်းမျိုးစုံမေးပြီး ဖြုတ်ထုတ်သတ် လုပ်ခဲ့တာတွေကို အမှတ်တရ ရေးနိုင်ကြရင် ကောင်းမယ်ထင်ပါတယ်။ သတ္တိရှိရှိနဲ့ အလုပ်ပြုတ်ခံပြီး စစ်အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ခဲ့ကြသူများကို ဂုဏ်ပြုအမှတ်တရပေါ့။

  • chityaaung

    November 21, 2010 at 8:27 am

    သုံးကြိမ်တိတိပါ………ပထမဆုံးမေးခွန်း33ခုနောက်22နောက်ဆုံး16ခုနဲ့တူတယ်……….
    ကျန်တာတွေတော့သိပ်မမှတ်မိတော့ဘူး…တစ်ခုကတော့နိုင်ငံတည်ဆောက်ရေးကာလဘယ်လောက်ကြာမလဲဆိုတဲ့
    မေးခွန်းတော့မှတ်မိတယ်ဗျို့……..တစ်ချို့က10နှစ်လို့ဖြေတယ်……..နှစ်တိုးရပ်ခံရပါတယ်။20နှစ်လို့ဖြေတဲ့သူကို
    သတိပေးပါတယ်……..26နှစ်လို့ဖြေတဲ့သူကပြုတ်ပါတယ်……30လို့ဖြေတဲ့သူကနယ်ပြောင်ခံရပါတယ်………….
    သူတို့လိုချင်တဲ့အဖြေကဘာလဲသိလား”မခန့်မှန်နိုင်ပါ”တဲ့……….

  • myomyo

    November 21, 2010 at 9:18 am

    အမှန်ကတော့နိုင်ငံသားတိုင်းနိုင်ငံရေးကိုစိတ်ပါဝင်စားရမှာပဲ
    ဒါမှကိုယ်အခွင့်အရေး၊ကိုယ့်ရပိုင်ခွင့်တွေကိုသိရှိနားလည်မှာ
    အခုကမြန်မာနိုင်ငံမှာနိုင်ငံရေးဆိုရင်
    တည်ဆဲအစိုးရကိုဆန့်ကျင်တယ်လို့ယူဆနေတာတော်တော်များနေတယ်
    အဲဒါကြောင့်လည်းအခုလိုအဖြစ်အပျက်တွေဖြစ်နေတာလေ

  • kai

    November 21, 2010 at 9:26 am

    အဲဒါ ဗမာစကား အကြွယ်လွန်ပြီး ရှုပ်တာလား.. ခေတ်မမှီလို့ဖြစ်တာလား..။ မကြွယ်တာလား တခုခုပဲ..။
    ပါတီနိုင်ငံရေး။အမျိုးသားနိုင်ငံရေး၊ နိုင်ငံရေး ဆိုတဲ့ စကားလုံးတွေနဲ့ရှုပ်နေတာလေ..။
    အင်္ဂလိပ်မှာ တော်တော်ရှင်းရှင်းရှိပါတယ်..။
    Asiamasters ကဝင်ပြီး ရှင်းလင်းရေးလုပ်ပြရင်ကောင်းမယ်..။

  • koko

    November 21, 2010 at 10:02 am

    မြန်မာပြည်မှာဥပဒေ၊ စည်းကမ်းဆိုတာက ခြုံကြည်ရင်နှစ်မျိုးတည်းရှိတာပါ။
    ”အခုတမျိုး၊ တော်ကြာတမျိုးလေ”

  • koyinmaung

    November 21, 2010 at 10:14 am

    ကိုကို ..ဝုတ်တယ်ဝုတ်တယ်….

  • koyinmaung

    November 21, 2010 at 10:18 am

    အရူးလင်တော်ရသလိုပါဘဲ…

  • naywoonni

    November 21, 2010 at 1:53 pm

    ကျွန်တော်ကလည်းအနားမှာပြောစရာလူမရှိလို့ရေးတင်လိုက်တာ
    သူငယ်ချင်းတို့အလုပ်ရှုပ်သွားပြီလားမသိဘူး
    အဟုတ်…..စကားပြောဘက်ညီတဲ့သူကိုအနားမှာမရှိဘူး

  • gwato

    November 21, 2010 at 3:29 pm

    သူတို့က နိုင်ငံရေးလုပ်လို့ ရရ/မရရ ထားလိုက်ပါအုံး
    အဲ့ အနိုင်ရပါတီ၏ ပါတီဝင်များကတော့ ဝန်ထမ်းတွေဖြစ်ပါတယ်

  • maungmoenyo

    November 22, 2010 at 12:28 am

    ဟုတ်လိုက်လေ…မေးခွန်း(၃၃)ခုအပါအဝင်နောက်ဆက်တွဲမေးခွန်းတွဲတွေကအလုပ်ပြုတ်တဲ့အထိဖြစ်သွားကြတာ…။ နိုင်ငံတကာကတောင်လက်ဖျားခါရလောက်တဲ့ survey တွေပါနော်။
    မှတ်မိကြသေးလား..တော်လှန်ရေးကောင်စီခေတ်ကလည်း…ဆံရှည်တွေကို”ရှေ့တလက်မနောက်ပြောင်” (စစ်ပုံစံ)သွင်းတဲ့ဒီမံချက်တွေရဲ့လက်ရာနဲ့ပြည်သူအချို့ မနက်မိုးလင်းတော့ဆံပင်ပုံစံချက်ချင်းပြောင်းသွားကြတာတွေ။ နှစ်ကြိမ်၊ ဒါမှမဟုတ်(၃)ကြိမ်လောက်လုပ်ခဲ့ဘူးတယ်ထင်တယ်။ အဲ့ဒီစီမံချက်အမည်ခံစစ်ဆင်ရေးတွေကအုပ်ချုပ်သူတွေအတွက်လူထုကြားထဲဝင်ရာမှာအတော်အထောက်ကူဖြစ်ခဲ့တာကလား။

Leave a Reply