ဝူတန်းတောင်ကို ရောက်ဖြစ်ပုံကတော့ တိုက်တိုက်ဆိုင်ဆိုင်ပေါ့ … 2008 အောက်တိုဘာလမှာ တရုတ်ပြည်မှာ နိုင်ငံတကာ ၀ူရှု ပွဲတော်ကျင်းပပါတယ် … နေရာကတော့ ဟူးပေပြည်နယ် ရှီရန့်မြို့က ၀ူတန်းတောင်ခြေမှာဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံက ၀ူရှုပညာရှင်တွေလာရောက် ပြိုင်ပွဲဝင်ကြမှာဖြစ်လို့ ဘာသာပြန်လုပ်ဖို့ တရုတ်ကျောင်းသားတွေကို စုဆောင်းပါတယ် … ရှားရှားပါးပါးပဲ ဆိုရမှာပေါ့ ဗမာစကားသင်ယူနေတဲ့ တရုတ်ကျောင်းသား ရှာမရဖြစ်တာနဲ့ ကျွန်မကို ဘာသာပြန်ဖို့ ကမ်းလှမ်းတယ်။ ပိုက်ဆံမပေးပေမယ့် စရိတ်ငြိမ်း တာဝန်ယူမယ်လို့ပြောပါတယ်။ စုစုပေါင်း ၉ ရက် အဲဒီမြို့မှာ သွားနေရပါတယ်။

ကျွန်မဘ၀မှာတော့ အမှတ်တရတစ်ခုပါပဲ … မြန်မာဆိုပြီး ဂုဏ်တက်ခဲ့ရတဲ့အချိန်ပေါ့ … မြန်မာ ၀ူရှူးက ပြိုင်ပွဲဝင် ၄ ယောက်ဝင်ပြိုင်ပါတယ် … ပထမ ဒုတိယဆုတွေ ရကြလို့ ၀မ်းသာဂုဏ်ယူစရာကောင်းခဲ့ပါတယ် … ကျွန်မက ဘာသာပြန်လုပ်ဖို့ လိုက်သွားပေမယ့် ဗမာဝူရှူးအဖွဲ့ခေါင်းဆောင်က ကျွန်မထက်တောင် တရုတ်စကား ပြောတတ်နေလို့ အလုပ်မလုပ်ရပဲ ဧည့်သည်အဖြစ် ပြိုင်ပွဲတွေကြည့်ရတယ် … တရုတ်ကျောင်းသားတွေနဲ့ အနီးကပ်နေရလို့ သူတို့ဓလေ့စရိုက်တွေကိုလဲ ပိုသိခဲ့ရပါတယ် ..

ဝူတန်းတောင်ကတော့ (taoist) တာအိုဘာသာရေး သင်တန်းတွေ၊ သုတေသနတွေ၊ တရားအားထုတ်မှုတွေ၊ သိုင်းလေ့ကျင့်မှုတွေ၊ တိုင်းရင်းဆေးပညာတွေ လေ့လာသင်ယူဆည်းပူးတဲ့ နေရာအဖြစ် ရှေးနှစ်ပေါင်းများစွာကထဲက ထင်ရှားခဲ့ပါတယ်။ အေဒီ (၂၅-၂၂၀) ဟန်မင်းဆက်လက်ထက်ကထဲက ဘုရင်ရဲ့ အလေးထားခံရတဲ့ နေရာဖြစ်ပါတယ်။ တန်မင်းဆက် အေဒီ (618-907)မှာ နဂါး ၅ ကောင်ဘုရားကျောင်း ကို တည်ဆောက်ခဲ့ပါတယ်။ တောင်ထိပ်ပိုင်းက ပုပ္ပါးတောင်လိုပါပဲ … ဘုရားကျောင်းအဆောက်အဦးလက်ရာတွေကတော့ ရှေးလက်ရာအတိုင်း ယခုအထိ ရှိနေပါသေးတယ်။ အဲဒီကိုရောက်တုန်းက လူတွေကအရမ်းများနေတာနဲ့ ဓါတ်ပုံသေချာမရိုက်ခဲ့နိုင်လို့ တချို့ပုံတွေကို စာအုပ်ထဲကနေပဲ ပြန်ရိုက်ပြီး တင်ပေးလိုက်ပါတယ်။ တောင်မကြီးအပြင် တောင်တန်းတွေ အများကြီးနဲ့ အင်မတန် သာယာလှပပါတယ်။ သိုင်းကျင့်နေတဲ့ သိုင်းပညာရှင်တွေနဲ့ ၀ူတန်းဂိုဏ်းချုပ်ကြီးတစ်ယောက် အခုထိ ရှိပါတယ်။

တာအိုဘာသာအကြောင်း အနဲငယ်ရှင်းပြချင်ပေမယ့် သိပ်ရှည်သွားမှာမို့ အချိန်ရမှ သီးသန့်ပို့စ်တစ်ခုအနေနဲ့ တင်ပြတော့မယ် …

တောင်ကလပ်ပေါ်က ဘုရားကျောင်း

ဝူရှူးပွဲတောင်ဖွင့်ပွဲ

သိုင်းကွက်ကစားတဲ့လုအင်အား တစ်သောင်းသုံးထားတယ်

ညီညာလှပ သိုင်းအက

ဖွင့်ပွဲ မီးရှူး

ရောင်စုံ မီးရှူးတွေ

ဓါးမျိုးစုံ လှမှလှပဲ

တောင်အလယ်လောက်က ဘုရားကျောင်း

ဘာလုပ်နေတာလဲတော့ မသိဘူး

တောင်ထိပ်က ရွှေခရမ်းရောင်ဘုရားကျောင်း

မိုးနဲ့မြေကိုဖော်ပြတဲ့ သင်္ကေတ

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....