Fetuses found at Thai Buddhist temple

Zaw WonnaNovember 21, 20101min12711


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခု အတွင်း ဝှက်ထားသော လူသား သန္ဓေသားအလောင်း ၂၀၀ဝ ကျော်ကို ရဲများက တွေ့ရှိခဲ့ကြသည်။ ထိုသန္ဓေသားများမှာ ကိုယ်ဝန်များကို တရားမဝင် ဖျက်ချပေးသော ဆေးခန်းများမှ လာရောက် စွန့်ပစ်သွားခြင်း ဖြစ်မည်ဟု ယူဆရသည်။

ပြင်းထန်သော အပုပ်နံ့ကြောင့် ရဲများက ရှာဖွေရာတွင် အင်္ဂါနေ့က သန္ဓေသားအလောင်း ၃၀ဝ ကျော် တွေ့ရှိခဲ့သည်။ အလုပ်သမားများသည် သန္ဓေသားအလောင်း ၂၀၀ဝ ကျော်ကို သောကြာနေ့က ထပ်မံ တူးဖော်ရရှိခဲ့သည်။

ထိုမှုခင်းနှင့် ပတ်သက်၍ လူအချို့ကို ဖမ်းဆီးထားပြီး ဖြစ်သည်။ ထိုအထဲတွင် အလောင်းများကို ဝှက်ပေးသောသူ နှစ်ဦးနှင့် ကိုယ်ဝန်ဖျက်ချပေးသော ဆေးခန်းမှ အလုပ်သမားတစ်ဦးတို့ကို လိုင်စင်မဲ့ ဆေးခန်းဖွင့်မှုနှင့် ကိုယ်ဝန်ဖျက်ချ ပေးမှုတို့ဖြင့် စွဲချက်တင်ထားသည်။

ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာရေးကို ထိခိုက်စေခြင်း၊ သန္ဓေသား ပုံမှန်မဟုတ်ခြင်းနှင့် မတရားပြုကျင့်ခံရခြင်း တို့မှလွဲ၍ ကိုယ်ဝန်ဖျက်ချခြင်းကို ထိုင်းနိုင်ငံ၏ တရားဥပဒေက ခွင့်မပြုပေ။

Source; BusinessWeek, More fetuses found at Thai Buddhist temple
Thai police have found more than 2,000 fetuses hidden away at a Buddhist temple in Bangkok that were likely smuggled from illegal abortion clinics.
A strong smell first drew police to the temple, where they . . . . . . .

11 comments

  • ဆူး

    November 21, 2010 at 4:52 am

    ဘုရားကျောင်းထဲ သွားပစ်ရတယ်လို့.. အလောင်းကလည်း ၂၀၀ဝ ကျော်တောင်မှ.. ဘယ်တုန်းတည်းက ဟာတွေလည်း မသိဘူးနော်..

  • moethidasoe

    November 21, 2010 at 5:42 am

    တစ်ကြိမ်ထဲ မဖြစ်လောက်သလို .. တစ်ပတ်အတွင်းလဲ ဖြစ်နိုင်မှာ မဟုတ်ပါဘူး ..
    ဒီလောက် များများရောက်အောင် ဘုရားမှာ ဂေါပကအဖွဲ့ မရှိလို့ မသိတာလား ..
    ဖွက်ပေးသူက ဘုရားမှာ တာဝန်ရှိသူလား .. မှီခိုနေသူလား ..

  • unclegyi1974

    November 21, 2010 at 3:29 pm

    ဘုရားကျောင်းကဘယ်သူပါပါ ဖြစ်သွားတဲ့ ၂၀၀ဝ ကျော်
    ဆိုတဲ့အရေအတွက်ကိုကြည့်တာနဲ့တင်သူတို့ဆီမှာ
    ဖြစ်နေတာတွေကိုခန့်မှန်းလို့ရပါတယ်
    မြန်မာမှာမဖြစ်ဖို့လိုပါတယ်
    ဒါပေမဲ့…..

  • mandalaythar

    November 22, 2010 at 4:03 am

    အိုး ၂၀၀ဝ ကျော်တောင်နော်.. လာပစ်သွားတာလဲ ဘာလို့ ဘုန်းကြီးကျောင်းမှာ သွားပစ်တာလဲ တခြားနေရာမရှိဘူးလား။ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေ၊ ဂေါပကတွေ၊ တာဝန်ရှိတဲ့သူတွေက ဘာလို့လက်ခံထားတာလဲ။ မသိတာတော့ မဖြစ်လောက်ဘူး။ ဒီလောက်ကြီးများနေပြီး အနံတွေ ထွက်နေတာ မသိဘဲ မရှိလောက်ဘူးနော်… သိမှာဘဲ။

    အဲဒါဆို သိသိကြီးနဲ့…

  • bagyiaung

    November 22, 2010 at 5:19 am

    အိုး ၂၀၀ဝ ကျော်တောင်နော်.. လာပစ်သွားတာလဲ ဘာလို့ ဘုန်းကြီးကျောင်းမှာ သွားပစ်တာလဲ တခြားနေရာမရှိဘူးလား။ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေ၊ ဂေါပကတွေ၊ တာဝန်ရှိတဲ့သူတွေက ဘာလို့လက်ခံထားတာလဲ။ မသိတာတော့ မဖြစ်လောက်ဘူး။ ဒီလောက်ကြီးများနေပြီး အနံတွေ ထွက်နေတာ မသိဘဲ မရှိလောက်ဘူးနော်… သိမှာဘဲ။

    အဲဒါဆို သိသိကြီးနဲ့…

  • moethidasoe

    November 22, 2010 at 5:59 am

    မန္တလေးသား နှင့် ဘကြီးအောင် စာတွေ ဘာလို့ တူနေတာလဲ ဟင် ..

  • char too lan

    November 22, 2010 at 8:55 am

    ဒါကြီးကကြည့်ရတာမူမမှန်ဘူး 🙁 🙁 🙁

  • အာဖျံ ကွီး

    November 22, 2010 at 8:57 am

    အာလာ … တော်တော်ထူးဆန်းတရ် …
    ဘာလို.မီးမသဂြိုလ်ဘဲနဲ. မြေမြုပ်တာလဲမသိဘူး။

  • ဆူး

    November 22, 2010 at 9:10 am

    တခု စဉ်းစား မိတယ်.. အိမ်မှာ အသားငါးတွေ ချက်စားရင် အပိုအစတွေ ဒီလိုဘဲ ပစ်လိုက်တာဘဲ.. စည်ပင်ကလည်း သိမ်းသွားတာဘဲ.. အမှန်တော့ ခုတ်ထစ်ပြီး ဟင်းသား အပို အစ တွေလို ပစ်ရင် ဘယ်သူက သိမှာလဲနော်.. ဟုတ်တယ်မလား..

  • Black Jack

    November 22, 2010 at 3:11 pm

    ကျွန်တော်တွေးမိတာလေးတစ်ခုပါ…ထိုင်းလူမျိုးတွေဟာတမလွန်လောကကိုအယုံအကြည်များလွန်းတယ်လေ….
    ကိုယ်ဝန်လွယ်ထားတဲ့မိခင်ရော..ဖျက်ချပေးတဲ့ပုဂ္ဂိုလ်ပါ..ဒီကလေးတွေရဲ့ဝိဉာည်တွေရဲ့အနှောက်အယှက်ကင်းအောင်..နောက်တစ်ခုကဘုရားကျောင်းမှာဒီခန္ဓာတွေရှိနေတဲ့အတွက်..သူတို့ဝိဉာည်တွေဘုရားကျောင်းကအမျှဝေသံနဲ့
    မြန်မြန်ကျွတ်တန်းဝင်စေချင်တဲ့သဘောလို့….ထင်တာပဲ…..

Leave a Reply