လမ်းဘေးမှ ကြောင်လေကြောင်လွင့်များ …

weiweiNovember 21, 20101min46319
သနားစရာ ကြောင်မလေး
သူက ကိုယ်ဝန်ကြီးနဲ့

အခုတလော ထူးခြားတာလေးတွေမြင်ရင် ပြန်လည်မျှဝေပေးချင်တဲ့ စေတနာအလျှောက် လမ်းဘေးမှ ကြောင်ကလေးတွေကို ဓါတ်ပုံရိုက်ပြီး ပြလိုက်ပါတယ်။ ကျွန်မက တရုတ်နိုင်ငံနေရာတော်တော်များများကို လျှောက်သွားဖူးတော့ ကြောင်လေကြောင်လွင့်တွေအကြောင်း သတိထားမိတာကြာလှပါပြီ။ အခုတော့ တိုက်ဆိုင်တာနဲ့ ဈေးအသွားလမ်းမမှာတွေ့တယ့် ကြောင်ကို ဓါတ်ပုံရိုက်ပြလိုက်တယ်။ တရုတ်ပြည်က လူနေရပ်ကွက်တွေမှာ သစ်ပင်တွေကို အဝိုင်းကြီးတွေညှပ်ထားတဲ့ အပင်အလှတွေ အများကြီးရှိတယ် .. အဲဒီလို အပင်တွေရဲ့အတွင်းပိုင်းတွေမှာ ကြောင်တွေက နေကြတယ် .. ကလေးလဲ အဲဒီမှာပဲမွေးတယ် … တရုတ်မတွေက တိုက်ပေါ်က အမှိုက်ဆင်းပစ်တဲ့အခါ စားကျွင်းစားကျန်တွေကို အဲဒီကြောင်တွေကို သေသေချာချာချကျွေးပါတယ် … ကြောင်ကလေးတွေက ဝဝဖြိုးဖြိုးပါပဲ … ရာသီဥတုအေးတော့ အမွှေးတွေလဲ ထူထပ်နေတယ် … လူတွေကိုကြောက်တဲ့ ခပ်ရိုင်းရိုင်းကြောင်လေးတွေပါ …

ခွေးတွေကိုကျတော့ တယုတယနဲ့ သေသေချာချာမွေးကြတယ် … အဲဒီကြောင်ကလေးတွေကို မြင်မိတိုင်း သနားမိတယ် … တစ်ချို့စားသောက်ဆိုင်တွေမှာတော့ ကြောင်မွေးထားထာမြင်ဖူးတယ် .. ဒါပေမယ့် ကြောင်ကို လည်ပတ်နဲ့ တိုင်မှာအမြဲချည်ထားတာကလဲ အံ့ဩစရာပါ ..

ကြောင်ဖြစ်တာတောင်မှ တရုတ်ပြည်မှာကြောင်ဖြစ်ရတာ မသက်သာပါကြောင်း ….

19 comments

  • ဆူး

    November 21, 2010 at 8:51 am

    ကြောင်ဝတုတ်ကြီး.. အခုမှဘဲ ကြောင်ကြီး ပုံ သေချာ မြင်ဘူးတော့တယ်။ နှုတ်ခမ်းမွေးနဲ့ စိုက်ကြည့်နေတယ်။

  • kai

    November 21, 2010 at 9:16 am

    အခုလိုဆိုတော့… တရုတ်တွေ ကြောင်သားသိပ်မစားဖူးပေါ့နော..။
    ကြောင်မျိုးမှာ Burmese (cat)ကနာမယ်ကြီးပုံရတယ်..။
    အခုကြောင်တွေကြည့်တော့လည်း .. မြန်မာပြည်ကကြောင်တွေနဲ့တူသား..။
    ဘာကွာသလည်းတော့မသိ..။
    http://en.wikipedia.org/wiki/Burmese_%28cat%29
    အဲဒီကကြောင်အကြောင်းရေးတာ ..အရမ်းမျက်စိလည်စရာကောင်းတယ်..။
    အဲဒီကြောင်ရုပ်က မြင်မှသိပ်မမြင်ဖူးတာနော..။

  • weiwei

    November 21, 2010 at 9:47 am

    ဘယ်လိုကွာလဲဆိုတော့ တရုတ်နဲ့ဗမာကွာသလိုကွာတယ် … ရုပ်ရည်ရူပကာမတိမ်းမယိမ်းပေမယ့် တရုတ်ကြောင်က ပိုဝတယ် … ဗမာကြောင်က အကောင်သေးတယ် … 🙂

  • ဆူး

    November 21, 2010 at 10:04 am

    ဗမာကြောင်က အိမ်မှာ အချစ်တော် အနေနဲ့ မွေးထားတာတောင် ဒီပိုစ်က ရုပ်ရည်လိုမျိုး မျက်နှာ ဝိုင်းဝိုင်း မဖြစ်ဘူး.. အမြင်ကို အမြင်အတိုင်းပြောရရင် ဒီကြောင်က ဝတုတ်ပြီး မျက်နှာ ပြဲကွဲနေတာဘဲ.. ချစ်ချာကြီး။ ဗမာပြည်က ကြောင်က ကြွက်ခုပ်လို့ ကိုယ်ရည်စစ်ပုံရတယ်

  • koyinmaung

    November 21, 2010 at 10:06 am

    ဟုတ်တယ်ဗျ တရုတ်ပြည်မှာကြောင်လေကြောင်လွင့်ဘဲရှိတယ် ခွေးလေခွေးလွင့်မရှိဘူး kai ပြောတာဟုတ်တယ်တရုတ်တွေကကြောင်သားမစာကြဘူး အိမ်မှာခွေးကိုကြိုးနဲ့ချည်မွေးပြီးကြီးလါတော့သတ်စားကြတယ်။။

  • ဆူး

    November 21, 2010 at 10:17 am

    တရုတ်တွေ အစား ဒီလောက် သောင်းကျန်းတာ.. ကြောင်သား မစားတာ အကြောင်း တခုခုတော့ ရှိနိုင်တယ်။ ဗမာပြည်မှာတောင် ကြောင်သားစားကြတယ်။ အနံညှီလို့များလား မသိဘူး။

  • PaukPhaw

    November 21, 2010 at 10:41 am

    အနော်တို ့နိုင်ငံမှာလို ကြွက်မပေါလို ့ ကြောင်တန်ဖိုး နားမလည်တာနေမှာပေါ့ဂျ

  • paukpauk

    November 21, 2010 at 12:32 pm

    တရုတ်ပြည်မော်စီတုန်းခေတ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အအောင်မြင်ဆုံးဗျူဟာတွေထဲမှာ ခွေးလေခွေးလွင့် ပပျောက်ရေးတဲ့။
    တစ်နိုင်ငံလုံးရှိသမျှခွေးတွေ သတ်သတ်စားလိုက်ကြတာ ….
    ၁၀၀% အောင်မြင်တယ်ဆိုပဲ..။
    (ခွေးတွေ သတ်စားပစ်လို့လေ)
    အဲဒီနောက် သေသွားတဲ့ခွေးတွေကခွေးလှလှလေးတွေအဖြစ်ပြန်ဝင်စားပြီး သင်းတို့ကို ပြန် လုပ်ကျွေးခိုင်းကြတာတဲ့။
    ကံကြမာတပတ်လည်တယ်ပြောရမျာပေါ့။

    သူတို့ခမြာသားသမီး(ကလေး)လဲ တစ်ယောက်အပြင် မမွေးရဘူးဆိုတော့
    ခွေးတွေနဲ့ပဲ ဘဝဇာတ်သိမ်းရရှာတယ်။

    ကဲ… တရုတ်မှာ တိုးတက်တယ်ဆိုပြီး လူဖြစ်ချင်ကြသေးလား။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2010 at 1:12 pm

    တစ်ခါတစ်လေ ဒီခေတ်ကြီးထဲမှာ ဒီလို တိုက်ဆိုင်မှု ့လိုလို ဘာတွေကလည်းခပ်များများဗျ
    ကျွန်တော်ကြားဘူးတာကတော့ ကြောင်တွေနဲ ့ပတ်သက်ရင် ဝဋ်လိုက်မြန်တယ်ပြောကြတာဘဲ
    ဗမာပြည်မှာကတော့ အပီဝါးတဲ့လူတွေ တစ်ကယ်ရှိတယ်

  • naywoonni

    November 21, 2010 at 4:14 pm

    အောင်ပုရယ်………..နင်လည်းပါတယ်မို့လား

  • bigcat

    November 21, 2010 at 4:22 pm

    ကြောင်လေကြောင်လွင့်လို့ လက်လွတ်စပယ်မသုံးပါနဲ့ဗျာ။ လွတ်လပ်စွာနေလိုတဲ့ သခင်စိတ်နဲ့ လမ်းပျော်ကြောင်တွေပါ။
    ယူအက်စ်မှာလည်း အိမ်ထဲပိတ်လှောင်ထားတဲ့ ကြောင်များစွာရှိပါတယ်။ အထူးသဖြင့် မြို့ပြဒေသတွေမှာပါ။ နယ်တွေမှာတော့ လုံးချင်းအိမ်တွေနဲ့မိုလို့ အပြင်ထွက်ကြပုံပေါ်ပါတယ်။ ဟိုးတလောက နယ်မြို့တမြို့ မြို့ကောင်စီက ကြောင်တွေစည်းကမ်းမရှိ လမ်းသလားကြ၊ သူများခြံတွေထဲ ကျူးကျော်ဝင်ကြလို့ သူတို့ကိုလည်း ခွေးတွေလို လည်ပတ်ထားရမယ်ပြောလို့ သတင်းဖြစ်လိုက်သေးတယ်။

    • weiwei

      November 21, 2010 at 4:37 pm

      ကိုကြီးကြောင်လဲ ယူအက်စ်မှာ အနေကြာပြီး ဗမာစကားတွေလဲ မေ့ကုန်ပြီထင်တယ် …

  • ကရင်လေး

    November 21, 2010 at 4:25 pm

    တရုတ်တွေ အစား ဒီလောက် သောင်းကျန်းတာ.. ကြောင်သား မစားတာ အကြောင်း တခုခုတော့ ရှိနိုင်တယ်။ ဗမာပြည်မှာတောင် ကြောင်သားစားကြတယ်။ အနံညှီလို့များလား မသိဘူး။

    အန်တီဆူးမေးထားတာလေးပြန်ဖြေပေးလိုက်မယ်…

    တရုတ်တွေကြောင်သားစားပါတယ်..အိမ်မွေးတဲ့ကြောင်တော့မဟုတ်ဘူး..တောကြောင်ကိုဆေးနဲ့ပေါင်းစားတာ…ရင်ကြပ်ရောဂါပျောက်အောင်လို့..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 22, 2010 at 2:28 am

    ဪ ကဗျာဆရာကြီးရယ်
    ကျွန်တော်က စားတဲ့အချိန်မှာ ကြောင်အသားကိုစားတယ်လို ့ နှလုံးမသွင်းဘူးဗျ
    မြူးထူးခြင်းငှာ မာန်ရစ်ခြင်းငှာ တန်စာဆင်ခြင်းငှာ အရေအဆင်း ဖွံ ့ဖြိုးတိုးပွားခြင်းငှာ မဟုတ်
    ဤကိုယ်၏ ဆာလောင်ခြင်းနှင့် ပင်ပန်းခြင်းကို ပယ်ပျောက်စေခြင်းငှာ အဲ့ဂလို စားတာဗျ
    နောက်ပြီး သတ္တဝါဆိုတာက ကိုယ်ချွတ်မှကျွတ်တာလေ
    ကြောင်သားက ထန်းရည်နဲ ့ဆို ချိုးဘူး

  • bigcat

    November 22, 2010 at 2:49 am

    ကိုပုရယ် ကြောင်သားကဆေးခြောက်နဲ့ဆို ခင်ဗျား နတ်သုဒ္ဒါနဲ့တောင် မလဲနိုင်ဘူး မဟုတ်လား။ ခင်ဗျားစားလွန်းလို့ ရွာနီးချုပ်စပ်ဝန်းကျင် ကြောင်မျိုးတုံးရတယ်လို့ အသိဆရာဝန်တဦးက ပြောတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 22, 2010 at 2:59 am

    ဥတုဘောဇနသင်္ခ ါရကျမ်းမှာ
    ကြောင်သည် ညောင်ဟူ၍အော်၏ အစာဝလွန်းလျှင်ကြွက်မခုတ် အိုလျှင်ကြွက်မလေး
    အိပ်ယာထဲ ရှုရှုးပါ အီအီပါလုပ်တတ်၏
    အသားသည် ချို၏ ပူ၏ ဆပ်၏
    အောင်ပုတို ့သီးခြေကြိုက်ဖစ်၏
    အဲ့ဒလိုလာတာ

  • Maung Dae`

    November 22, 2010 at 3:18 am

    တရုတ်တွေက ကြောင်တွေတောင် ကြောင်ပါးဝနေတာ… လူတွေဆိုရင်…

  • လင်းဝေကျော်

    November 22, 2010 at 6:55 am

    ကြူရတနာ မောင်မြကြိုင် ရဲ့ ကြောင်တစ်ရာဗိုလ် ဆိုတဲ့ ဝတ္ထုလေးသွားသတိရမိတယ်။
    ကြောင်ရဲ့ အသုံးဝင်ပုံနဲ့ ကြောင်သားစားတဲ့သူတွေ အကြောင်း။
    ဟိုတစ်လောက သူ့ဝတ္ထုကို ဗီဒီယိုခိုးရို်က်ထားပုံရတယ်။ စာရေးဆရာကလည်း သေရှာပြီဆိုတော့ ခိုးကြတာပေါ့လေ။

  • char too lan

    November 22, 2010 at 10:57 am

    မဝေ အပမ်းမကြီးဘူးဆိုရင် အဲဒီလမ်းဘေးကကြောင်လေကြောင်လွင့် (လွတ်လပ်စွာနေလိုတဲ့ သခင်စိတ်နဲ့ လမ်းပျော်ကြောင်)တွေကို အဘပုအတွက်အိတ်စပို့ ပို့ပေးလိုက်စမ်းပါဗျာ

Leave a Reply