စစ်ကိုင်းတံတားအသစ် အဝေးမြင်ကွင်း တစ်

ကုန်းကြီး သုံးခုနဲ့တည်ဆောက်ထားတဲ့ စစ်ကိုင်းတံတားအသစ်ကလဲလှပပါတယ်။မြစ်ငယ်ဘက်ကနေ စစ်ကိုင်းကို လာတဲ့ လမ်းဘေးတစ်နေရာကနေပြီးမှတ်တမ်းတင်ထားတဲ့ပုံလေးဖြစ်ပါတယ်။မပီဝိုးတစ်ဝါးပေမယ့်လှပတဲ့ ရူ့ခင်းလေးလို့ခံစားရပါတယ်။

(21-11-2010) တန်ဆောင်မုန်းလပြည့်နေ့က မှတ်တမ်းတင်ထားပါတယ်။

3 comments

  • ဆူး

    November 21, 2010 at 10:20 am

    လေးပေါက်ကြီး မြစ်ငယ် ဘက်က နေရိုက်ထားတာ ဆိုတော့.. အဲဒီဘက်က ကြက်သွန် စိုက်တာ မဟုတ်လား။ ရေတက်လို့ ကြက်သွန်ခင်းတွေ ပျက်တယ်ဆို ဟုတ်လား.. အခု အခြေအနေ ဘယ်လိုလဲ..

  • KoNyeinChan

    November 21, 2010 at 12:51 pm

    ဒီလိုမေးပုံထောက်တော့ ကြက်သွန်တွေ လှောင်ထားတယ် ထင်တယ် 😀

  • kopauk mandalay

    November 21, 2010 at 3:12 pm

    ကျနော်လာတဲ့လမ်းမှာ တစ်ချို့နေရာတွေက ရေတွေကျန်သေးတယ်။
    ဒါပေမယ့်လည်းစိုက်ခင်းတွေက တော့ စိမ်းစိမ်းစိုစိုနဲ့သာယာပါသဗျာ။
    လေကောင်းလေသန့်လဲရ မျက်စေ့လဲအေး။
    ဒါပေမယ့် တိုးတက်ခေတ်မှီတဲ့ခေတ်ကြီးမှာ တောင်သူဦးကြီးများရဲ့ပွားစီးထားတဲ့ သားသမီးများက ဆိုင်ကယ်ကိုယ်စီနဲ့ တဘူးဘူး တဝူးဝူးလုပ်နေတော့ သိပ်တော့လဲ သဘာဝကြီးကို စိတ်လွတ်ကိုယ်လွတ်မခံစားရဲဘူး။ ဝင်အောင်းသွားမှာစိုးလို့ ရယ်။

Leave a Reply