တောင်ဘက်လမ်းကလေးက စစ်ကိုင်းတောင်မြင်ကွင်း

အဝေးကလှမ်းမြင်ရတဲ့လွမ်းမောစရာစစ်ကိုင်းတောင်ပါ။

သူ့ဘယ်ဘက်ခြမ်းက ဘုရားသေးသေးလေးကတော့ ရွှေကြက်ကျ ဘုရားဖြစ်ပါတယ်။

မြစ်ငယ်ကနေ စစ်ကိုင်းကိုကူးတဲ့လမ်းကလေးရဲ့တစ်နေရာကနေရိုက်ထားတဲ့ပုံလေးပါ။

(21-11-2010) တန်ဆောင်မုန်းလပြည့်နေ့ကပေါ့။

7 comments

  • ဆူး

    November 21, 2010 at 10:14 am

    ရွှေကြက်ကျ ဘုရားကို ပါးစပ်ရာဇဝင် ဖြစ်ဖြစ် သိရင် နဲနဲ ပြောပြပါလား.. ဗဟုသုတပေါ့

  • manawphyulay

    November 21, 2010 at 11:10 am

    (21-11-2010) တန်ဆောင်မုန်းလပြည့်နေ့ကပေါ့။ ဆိုလို့ ဘယ်နေ့ကများလဲလို့ ဒီနေ့ဖြစ်နေတာကိုး အဲလိုဆို တန်ဆောင်မုန်းလပြည့်နေ့ရဲ့ ကြည်နူးစရာ မြင်ကွင်းလို့ရေးလည်း ရပါတယ်။ နေ့က ဆိုတာ ပြီးခဲ့တဲ့ အတိတ်ကို ဖော်ပြတာလေ ခုလက်ရှိက မပြီးသေးဘူးဆိုတော့……….. ဟဲဟဲ နည်းနည်း ဆရာဝင်လုပ်ကြည့်တာ ချိတ်ချိုးနဲ့နော်….

  • koyinmaung

    November 21, 2010 at 11:22 am

    အို ဟုတ်ပ ဒါကြောင့်အပြင်မှာလမင်းကြီးထိန်ထိန်သာနေတာကို..သတိရလိုက်တာ

  • fatty

    November 21, 2010 at 12:40 pm

    တန်ဆောင်မုန်းလပြည့်ည … အမှတ်ရဆုံးက စစ်ကိုင်းတောင်တခုလုံးက ချောင်တွေမှာ လုပ်တဲ့ ဖဲဝိုင်းတွေကိုပါဘဲ။
    အင်မတန်ပျော်ဖို့ကောင်းပါတယ်။ တညလုံး တောင်တက်ကျတဲ့သူတွေရှိသလို မန်းလေးဘက်က ကားတွေနဲ့ဆိုင်ကယ်တွေနဲ့လာပြီး ဖဲရိုက်ကြတာလဲ မှတ်မိပါသေးတယ်။ အခုကောရှိသေးလားမသိ။
    တနှစ်ကတော့ ပြန်စားရိတ်မရှိတော့လို့ တောင်ပေါ်ကနေ မြို့ထဲထိ မြင်းလှည်းတောင်မစီးရဘဲ ခြေလျှင်ကျိတ်ခဲ့ရတာ
    သတိရဆဲပါ။ ပါသမျှ အကုန်ပြောင်တဲ့နှစ်ပေါ့။

    • thidakywewa1

      November 21, 2010 at 1:03 pm

      ူအဲဒီနေ့လေးကို တစ်နေ့မှမေ့လို့မရပါဘူး

  • kopauk mandalay

    November 21, 2010 at 2:20 pm

    (တနှစ်ကတော့ ပြန်စားရိတ်မရှိတော့လို့ တောင်ပေါ်ကနေ မြို့ထဲထိ မြင်းလှည်းတောင်မစီးရဘဲ ခြေလျှင်ကျိတ်ခဲ့ရတာ
    သတိရဆဲပါ။ ပါသမျှ အကုန်ပြောင်တဲ့နှစ်ပေါ့။)
    ဘော်ဘော် ကျနော်လဲ ဒီအတိုင်းဖြစ်ဘူးပါရဲ့ ။
    လားရှိူးသိန်းအောင် သီချင်းလေးလိုပေါ့။
    ငါလဲ မင်းလိုဘဲ အဲဟယ်……………………………

  • kopauk mandalay

    November 21, 2010 at 3:20 pm

    ရွှေကြက်ယက် ရွှေကြက်ကျ အကြောင်းကို ဘုရားလူကြီးကိုူမေးပြိး ပုံနှင့်တကွတင်ပြပါမယ်နော်
    ခရီးစရိတ်အဖြစ်ကတော့ …………………..ဒန် ဒန် ဒန်

Leave a Reply