ကျနော်အိပ်ခါနီးတိုင်း ….အိပ်ယာထဲဝင်ပြီဆိုလျှင် နှာသီးဖျားလေးကို စိတ်ပို့ရျ် အာနာပါန ခေါ် ထွက်သက်ဝင်သက်ရှုမှတ်ခြင်းကို ပြုလေ့ရှိ၏။
ပထမဆုံး အလေ့အကျင့်မရခင်မှာ မိမိစိတ်ကိုတည်ငြိမ်အောင် ၅ မိနစ်ရရန် မနဲကြိုးစားရသည်။ စိတ်တို့သည် ဟိုဟိုဒီဒီ ပြေးကြကုန်၏။

နေ့ခင်းပိုင်းကမကျေနပ်မှုများ … မပြီးပြတ်မှုများ … သူများကိုပြောချင်သည့်စကားများ စိတ်ထဲတွင်ပြောနေလေ့ရှိသည်။ နောက်နေ့အတွက် ကြိုတင်စဉ်းစား
နေသည့်အခါလည်းရှိ၏။ အာနာပါန အရှိန်ရလာသောအခါ တဖြည်းဖြည်း စိတ်ကလေးပြေးတာကို သတိထားနေရာမှ ငြိမ်သက်မှု လေးရလာသည်။

ထိုငြိမ်သက်မှု ပီတိလေးကို မိနစ်အနည်းငယ်ခံစားပြီးမှ စိတ်ကို ( ဘဝင်စိတ် ) ကိို အသာလေးဖြုတ်ချပြီး အိပ်စက်ခြင်းကို ယူလိုက်ပါသည်။

ထိုအခါအများအားဖြင့် အိပ်မက်မက်လေ့မရှိ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည့်သဘောပင်။ အိပ်မက်တို့မည်သည်မှာ နိုးတဝက်ပျော်တဝက်မှာမှ မက်တတ်ကြောင်း
သိရသည်။

မနေ့ကမူ ဇာတ်လမ်းကြည့်တာများသွားသဖြင့် ခါတိုင်းကဲ့သို့ မအာနာပါနနိုင်တော့ … အိပ်မက်မက်တော့သည်။
ထူးခြားပါဘိ မစွဲလမ်းပါဘဲနှင့် mandalaygazette ကို မက်နေသည်။ ရေးဖေါ်ရေးဖက်များ၏ ရုပ်များကို အိပ်မက်ထဲတွင်မြင်နေရသည်။
အထူးခြားဆုံးကား … mandalay Admin သည် အဖွဲ့သားများအားလုံးကို ထုပ်ပြန်ကြေငြာသမှုပြုလေသည်။

အကြောင်းအရာမှာ …. လာမည့် new year တွင် member များအားလုံးသို့ ဗလာမပါ ကံစမ်းမဲ ဖေါက်မည် ဟု ကြေငြာလိုက်ခြင်းပင်။
အနိမ့်ဆုံးဆုမှာ … cannon EOS ဖြစ်ပါသည်တဲ့ ….။ ipod ipad microwave …. $ 10000 တန် ဘရာလဲပါသည်။
အော် အိပ်မက်များ ဆန်းလှခြေသည်တကား ….။ တခုတော့ရှိသည် ကျနော့အိပ်မက်မှန်တတ်သည်။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.