အိပ်မက်ဆန်း …

fattyNovember 21, 20101min16111

ကျနော်အိပ်ခါနီးတိုင်း ….အိပ်ယာထဲဝင်ပြီဆိုလျှင် နှာသီးဖျားလေးကို စိတ်ပို့ရျ် အာနာပါန ခေါ် ထွက်သက်ဝင်သက်ရှုမှတ်ခြင်းကို ပြုလေ့ရှိ၏။
ပထမဆုံး အလေ့အကျင့်မရခင်မှာ မိမိစိတ်ကိုတည်ငြိမ်အောင် ၅ မိနစ်ရရန် မနဲကြိုးစားရသည်။ စိတ်တို့သည် ဟိုဟိုဒီဒီ ပြေးကြကုန်၏။

နေ့ခင်းပိုင်းကမကျေနပ်မှုများ … မပြီးပြတ်မှုများ … သူများကိုပြောချင်သည့်စကားများ စိတ်ထဲတွင်ပြောနေလေ့ရှိသည်။ နောက်နေ့အတွက် ကြိုတင်စဉ်းစား
နေသည့်အခါလည်းရှိ၏။ အာနာပါန အရှိန်ရလာသောအခါ တဖြည်းဖြည်း စိတ်ကလေးပြေးတာကို သတိထားနေရာမှ ငြိမ်သက်မှု လေးရလာသည်။

ထိုငြိမ်သက်မှု ပီတိလေးကို မိနစ်အနည်းငယ်ခံစားပြီးမှ စိတ်ကို ( ဘဝင်စိတ် ) ကိို အသာလေးဖြုတ်ချပြီး အိပ်စက်ခြင်းကို ယူလိုက်ပါသည်။

ထိုအခါအများအားဖြင့် အိပ်မက်မက်လေ့မရှိ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည့်သဘောပင်။ အိပ်မက်တို့မည်သည်မှာ နိုးတဝက်ပျော်တဝက်မှာမှ မက်တတ်ကြောင်း
သိရသည်။

မနေ့ကမူ ဇာတ်လမ်းကြည့်တာများသွားသဖြင့် ခါတိုင်းကဲ့သို့ မအာနာပါနနိုင်တော့ … အိပ်မက်မက်တော့သည်။
ထူးခြားပါဘိ မစွဲလမ်းပါဘဲနှင့် mandalaygazette ကို မက်နေသည်။ ရေးဖေါ်ရေးဖက်များ၏ ရုပ်များကို အိပ်မက်ထဲတွင်မြင်နေရသည်။
အထူးခြားဆုံးကား … mandalay Admin သည် အဖွဲ့သားများအားလုံးကို ထုပ်ပြန်ကြေငြာသမှုပြုလေသည်။

အကြောင်းအရာမှာ …. လာမည့် new year တွင် member များအားလုံးသို့ ဗလာမပါ ကံစမ်းမဲ ဖေါက်မည် ဟု ကြေငြာလိုက်ခြင်းပင်။
အနိမ့်ဆုံးဆုမှာ … cannon EOS ဖြစ်ပါသည်တဲ့ ….။ ipod ipad microwave …. $ 10000 တန် ဘရာလဲပါသည်။
အော် အိပ်မက်များ ဆန်းလှခြေသည်တကား ….။ တခုတော့ရှိသည် ကျနော့အိပ်မက်မှန်တတ်သည်။

11 comments

  • PaukPhaw

    November 21, 2010 at 12:52 pm

    အင်မတန် မှန်သင့်တဲ့ အိပ်မက်ပါပဲ

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2010 at 12:55 pm

    ဟုတ်တယ်ဗျို ့
    အဲ့လို ကိန်းဂဏန်း အမျိုးအမည် တိကျတဲ့ အိပ်မက်မျိုးက ရှားတယ်
    မှန်တတ်တာမဟုတ်ဘူး
    တစ်ကယ်ကိုမှန်တာ

  • manawphyulay

    November 21, 2010 at 1:09 pm

    အိပ်မက်မဟုတ်ဘူးလေ…. ဒါ တကယ်ပေးမှာ……. အိပ်မက်ဆို နိုးရင် ပျောက်တယ်တဲ့။ ခုက အစစ်စီစဉ်ပေးမှာတဲ့ အက်ဒမင်ရဲ့စိတ်ကူးတစ်ခုပေါ့ အဟိ

  • unclegyi1974

    November 21, 2010 at 1:54 pm

    ကောင်းလိုက်တဲ့အိမ်မက်
    ဒါပေမဲ့3d ကိုမက်လိုက်ရင်ပိုပြီးကောင်း
    လက်တွေ့ပိုကျမယ်

  • naywoonni

    November 21, 2010 at 2:14 pm

    အဲဒါသမာဓိရပြီးအကြားအမြင်ပေါက်သွားတာဖြစ်နိုင်တယ်

  • bigcat

    November 21, 2010 at 4:26 pm

    ဖြစ်နိုင်ပါတယ်။ ကိုခိုင် ထီအပတ်စဉ် ထိုးနေတာပဲဟာ။

  • zawana

    November 21, 2010 at 11:48 pm

    အင်း… ဦးရဲ့ အိမ်မက်အရဆိုရင် “$ 10000 တန် ဘရာ” ပေါက်တဲ့လူတော့ ခပ်ခက်ခက်ပဲဗျို့။ သုံးရမှာလည်း နှမြောစရာ၊ ပြန်ရောင်းဖို့ကလည်း အခက်။ ထီပေါက်ပြီး ထီလက်မှတ်ပျောက်တဲ့သူလို ဖြစ်နေမှာ မြင်ယောင်သေးတော့တယ် ……

  • char too lan

    November 22, 2010 at 5:38 am

    ယောက်ျားလေးဆို၁ပွင့်တိုးရတာလား လျှော့ရတာလားဦးဖက် $10000 တန်ဆိုရင် $10001 Or $ 9999 တန်တခုခုပေါ့နော်~~ ရှယ်ပဲ ရှယ်ပဲ 😛 😀

  • eros

    November 22, 2010 at 7:35 am

    ဦးဖတ်ပျောက်သွားလို့ စိတ်ပူနေတာ။ အခုတော့ အိပ်မက်မက်နေတာကိုး။

  • kai

    November 22, 2010 at 8:21 am

    အောက်က စာရင်းက အရင်ပေါက်ခဲ့တဲ့နံပါတ်တွေပါ..။
    အခုလောလောဆယ်… ထီထိုးလို့ပေါက်ရင် .. ၃၄သန်းရပါမယ်..။
    http://www.calottery.com/Channels/
    ဆိုတော့ ..။
    နောက်လ လယ်လောက်ထိုးဖို့ထီအတွက် ..စိတ်ပါဝင်စားသူများ အိပ်မက်ဆန်းအကောင်ထည်ဖေါ်ရန် အတိတ်နဲ့…ထိုးရမဲ့ထီနံပါတ်ကို နီးရာ၊ ဘိုးတော်၊ဘွားတော်၊ နတ်ဆရာ၊ နတ်ကတော်၊မနဲလေး၊ တာတေ။ ပေတိုး၊ ဘီလူး၊ အာဠာဝက၊ ယက္ခ ၊ ကု မ္ဘဏ် ၊ ရက္ခသ ၊ ရက္ခိုသ် ၊ ပေတ၊ ပိသာစ ၊ အမနုဿ ၊ ပြိတ္တာ ၊ ဖုတ် ၊ တာနော၊ဇော်ဂျိ၊ ဇော်ပျံ၊သူယောင်မယ်၊ ဘိုးဘိုးအောင်။ ဘွားဘွားအောင်၊ ဘိုးမင်းခေါင်၊ ဘွားမင်းခေါင်၊ အိမ်တွင်းမင်းမဟာဂီရိ စသဖြင့် အဆင်ပြေရာ ထွက်ရပ်ပေါက်၊ တန်ခိုးရှင်၊ ပညာရှင်တွေထံချည်းကပ်ပြီး မေးပေးစေလိုပါတယ်..။
    ရရင် .. ဒီမှာပဲ တင်ပေးစေလိုပါတယ်..။
    မြင်တဲ့အတိုင်း ဂဏန်း ၂လုံးတွဲ၅ခုနဲ့ မက်ဂါ တတွဲဖြစ်ရပါမယ်..။ ကယ်လီဖိုးနီးယားထိုးပုံစံနစ်အရ ပေးတဲ့နံပါတ်အတိအကျကို ထိုးလို့ရပါတယ်..။တစောင် ၁ဒေါ်လာနဲ့ ၁ဝစောင်တိတိထိုးပေးမှာဖြစ်ပါကြောင်းး……. 🙂

    Past Draw Results
    As of 11/21/2010 11:53:09 PM
    Draw Results Draw # Draw Date Winning Numbers Mega
    View Details 565 11-19-2010 31 54 14 51 07 35
    View Details 564 11-16-2010 26 39 46 01 27 21
    View Details 563 11-12-2010 38 35 28 26 09 10
    View Details 562 11-09-2010 53 28 26 08 33 11
    View Details 561 11-05-2010 46 19 34 25 53 15
    View Details 560 11-02-2010 54 16 01 12 03 46
    View Details 559 10-29-2010 28 19 39 26 04 14
    View Details 558 10-26-2010 32 21 31 15 30 26
    View Details 557 10-22-2010 53 18 07 02 32 18
    View Details 556 10-19-2010 42 02 09 14 37 41
    View Details 555 10-15-2010 31 10 09 50 13 10
    View Details 554 10-12-2010 36 43 31 37 10 15
    View Details 553 10-08-2010 37 29 48 24 50 19
    View Details 552 10-05-2010 10 19 44 37 24 27
    View Details 551 10-01-2010 03 52 28 08 21 43
    View Details 550 09-28-2010 38 10 02 13 36 18
    View Details 549 09-24-2010 55 28 38 02 42 25
    View Details 548 09-21-2010 43 52 47 03 20 26
    View Details 547 09-17-2010 14 27 18 04 03 13
    View Details 546 09-14-2010 55 50 06 56 14 01
    View Details 545 09-10-2010 17 11 23 12 21 20
    View Details 544 09-07-2010 08 38 18 22 24 23
    View Details 543 09-03-2010 13 28 20 36 10 09
    View Details 542 08-31-2010 20 29 10 48 47 38
    View Details 541 08-27-2010 04 10 26 32 41 31

  • ဆူး

    November 22, 2010 at 8:47 am

    ထီးမထိုးဘဲ ၁ဝဒေါ်လာဖိုး ဒီက လူတွေ ကံစမ်းမဲ နိက်ခိုင်းလိုက်ပါလား။ ကုန်မဲ့ တူတူ မထူးဘူး.. အဲလို မြင်သာအောင် အကုန်ခံလိုက်

Leave a Reply