ကိုယ်ပိုင်တဲ့လမ်းကလေး

manawphyulayNovember 21, 20101min1247

လူရယ်လို့ဖြစ်လာရင် ဘဝမှာ အလိုချင်ဆုံးအရာ၊ အလိုအပ်ဆုံးအရာဟာ ဘာလဲ။ ပြီးတော့ ငါဘာဖြစ်ချင်တာလဲ။ ဘယ်လမ်းသွားချင်တာလဲ။ လူတစ်ဦးနဲ့တစ်ဦးဟာ မတူပါဘူး။ အရာအားလုံးကွဲပြားခြားနားနေတယ်။ တခြားသူတွေ တွေးတာနဲ့ ကိုက်ညီအောင်ရယ်လို့ ကိုယ့်ရည်မှန်းချက်ကို မချမိစေနဲ့။ ကိုယ်အမှန်တကယ် ဘာစိတ်ဝင်စားလဲ။ ဘာလုပ်ချင်လဲ။ ဘာဝါသနာပါလဲ ကိုယ်နဲ့ကိုက်ညီတာသာ လုပ်ပါ။ ဒါမှလည်း ဘဝမှာ ပျော်ရွှင်မှုဆိုတာ ခံစားရမယ်လေ။ ဘဝဆိုတာ ပြောတော့သာ တိုတိုလေးဆိုပေမဲ့ ဒီခဏတာရနေတဲ့ဘဝမှာ စိတ်ညစ်စရာလည်း ကြုံရမှာပဲ။ စိတ်ချမ်းသာစရာလည်း တွေ့ရမှာဘဲ။ ကိုယ့်ဘဝမှာ ပျော်ရွှင်ဖို့အတွက်တော့ လုပ်သမျှတိုင်း အောင်မြင်လိုက်တာလို့ ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ဘဝအပေါ် ကိုယ်မားမားမတ်မတ်ရပ်နိုင်ပြီး အကေကိုယ်ပိုင်တဲ့လမ်းကလေး လူရယ်လို့ဖြစ်လာရင် ဘဝမှာ အလိုချင်ဆုံးအရာ၊ အလိုအပ်ဆုံးအရာဟာ ဘာလဲ။ ပြီးတော့ ငါဘာဖြစ်ချင်တာလဲ။ ဘယ်လမ်းသွားချင်တာလဲ။ လူတစ်ဦးနဲ့တစ်ဦးဟာ မတူပါဘူး။ အရာအားလုံးကွဲပြားခြားနားနေတယ်။ တခြားသူတွေ တွေးတာနဲ့ ကိုက်ညီအောင်ရယ်လို့ ကိုယ့်ရည်မှန်းချက်ကို မချမိစေနဲ့။ ကိုယ်အမှန်တကယ် ဘာစိတ်ဝင်စားလဲ။ ဘာလုပ်ချင်လဲ။ ဘာဝါသနာပါလဲ ကိုယ်နဲ့ကိုက်ညီတာသာ လုပ်ပါ။ ဒါမှလည်း ဘဝမှာ ပျော်ရွှင်မှုဆိုတာ ခံစားရမယ်လေ။ ဘဝဆိုတာ ပြောတော့သာ တိုတိုလေးဆိုပေမဲ့ ဒီခဏတာရနေတဲ့ဘဝမှာ စိတ်ညစ်စရာလည်း ကြုံရမှာပဲ။ စိတ်ချမ်းသာစရာလည်း တွေ့ရမှာဘဲ။ ကိုယ့်ဘဝမှာ ပျော်ရွှင်ဖို့အတွက်တော့ လုပ်သမျှတိုင်း အောင်မြင်လိုက်တာလို့ ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ဘဝအပေါ် ကိုယ်မားမားမတ်မတ်ရပ်နိုင်ပြီး အကောင်အထည်ဖော်နိုင်ရင် ပြီးတာပါပဲ။ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်နေရာအတွက် ကိုယ်တာဝန်ယူနိုင်တယ်လို့ ခံစားတတ်ရင်လည်း ပျော်တာပါပဲ။ ကျွန်မ အရင်တုန်းက ကိုယ့်ဘဝကိုယ် ဘယ်အရာမှ အလိုမကျခဲ့ဘူး။ စိတ်အားငယ်တတ်တဲ့အကျင့်ပေါ့လေ။ ငါလုပ်ရင် ဖြစ်ပါ့မလားဆိုတာပဲ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မငယ်ငယ်လေးထဲက သဘောကျခဲ့တဲ့ အရုပ်လေးတစ်ခုရှိတယ်။ အဲဒီအရုပ်ကို ကျွန်မကလေးဘဝတုန်းက ပွဲဈေးတန်းမှာ စတွေ့ဖူးတာ။ ဘာအရုပ်လည်းဆိုတော့ ပစ်တိုင်းထောင်အရုပ်လေးပဲ။ ငယ်ကတည်းက ခုထိ သဘောကျတယ်။ သူဟာ ဘယ်လိုပဲပစ်ပစ် ဘယ်တော့မှ မလဲဘူ မယိုင်ဘူး။ ကျွန်မ တစ်ခါတလေ ကိုယ့်ဘဝကိုယ် သဘောမကျဘူး။ စိတ်ဓာတ်ကျတဲ့အခါတိုင်း ကျွန်မမှာရှိတဲ့ ပစ်တိုင်းထောင်ရုပ်လေးကို ပစ်ကြည့်တယ်။ အဲဒီအခါကျရင် ကျွန်မရဲ့အားငယ်နေတဲ့ စိတ်၊ ကျနေတဲ့စိတ်ဓာတ်တွေ အလိုလို ပြန်ပြည့်လာတယ်။ အင်း… ဘဝမှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်လို့မှ မရှိတာ၊ ဆင်းရဲတဲ့သူက ချမ်းသာချင်သလို ချမ်းနေတဲ့သူက ပိုပြီး ချမ်းသာချင်ကြတယ်။ ဒါဟာ လူ့သဘာဝပဲ။ ဘယ်အရာမဆို တိုးတက်ဖို့လိုနေသေးတာပဲ။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အတိအကျ ရောက်မယ်လို့ မှန်းတဲ့သူဟာ မပျော်ရွှင်နိုင်ဘူး။ ငါတော့ ပန်းတိုင်တစ်ဝက်ရောက်ပြီလို့ မှန်းတဲ့သူဟာ အပျော်ဆုံးလူပါပဲ။ တချို့က ရှိသေးတယ်။ ဒါဟာ ကိုယ့်ဝန်းကျင်မှာဘဲ ရှိကြမှာပါ။ သူများလုပ်လို့ လိုက်လုပ်တယ်။ ကိုယ်ဘယ်လမ်းသွားမလဲဆိုတာ မစဉ်းစားဘူး။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားမိတယ်။ ငါ ဘယ်လမ်းသွားမှာလဲ။ လူဆိုတာ သူများကို ကြည့်နေတာထက် ကိုယ့်ဘာသာ ပြန်ကြည့်တတ်ရမယ်။ ကျွန်မကလည်း လောဘကြီးတယ်။ အလုပ်ဆိုလည်း အလုပ်၊ နောက်ပြီး ဘာကို လောဘကြီးလဲဆိုတော့ စာအုပ်တွေဘဲ။ ကျွန်မလေ စာအုပ်တွေ တွေ့ရင် မနေနိုင်ဘူး။ ဝယ်ရမှ ကျေနပ်တတ်တယ်။ နောက်ပြီးတော့ စာအုပ်ဖတ်နေရရင် ထမင်းမေ့ ဟင်းမေ့ဘဲလေ။ ကျွန်မမှာ ဖြစ်ချင်တာတွေ သိပ်များနေတယ်။ ဒါပေမဲ ခုထိ ပန်းတိုင်ကိုမရောက်သေးဘူး။ လျှောက်နေဆဲပဲ။ ပြီးတော့ အသိုင်းအဝန်းလည်း လိုအပ်သေးတယ်။ ကိုယ့်ကိုထောက်ပံ့နိုင်တဲ့ ဝန်းကျင်တစ်ခုပေါ့။ ကျွန်မမိသားစု ဝန်းကျင်ဟာ ငွေကြေးမထောက်ပံ့နိုင်ဘူး။ အင်း အရာအားလုံးဟာ ပြောင်းလဲနေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မတည်မြဲဘူးဆိုတာ သိထားပါတယ်။ ကျွန်မဆိုရင် နေရာအသစ်ပြောင်းတော့ ချက်ချင်းအံဝင်ဂွင်ကျဖြစ်မယ်လို့ မမျှော်လင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အချိန်တစ်ခုပေးသင့်ပါရဲ့။ အခြေအနေသစ်၊ ဝန်းကျင်သစ်နဲ့ ညီညွတ်ဖို့ သင်ယူရဦးမယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်မ ခုဆိုရင် ဝန်းကျင်သစ်မှာ နေတတ်နေပါပြီ။ ဘာလို့လဲဆိုတော့ ဝန်းကျင်သစ်ရဲ့ နွေးထွေးလှုှိက်လှဲတဲ့ ဖော်ရွေမှုတွေနဲ့ ကျွန်မကို လက်ကမ်းကြိုဆိုခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။ အားလုံးရဲ့စိတ်ရင်းကိုလည်း ကျွန်မ နားလည်ခဲ့ရပါတယ်။ ကျွန်မပန်းတိုင်ကို မရောက်သေးပေမဲ့ ပန်းတိုင်ရဲ့ တစ်ဝက်ကို ရောက်ပြီလို့ ပြောလို့ရပြီပေါ့နော်။ ကျွန်မရဲ့စိတ်က ငယ်ကတည်းက အေးချမ်းပျော်ရွှင်တဲ့ဘဝ၊ အေးချမ်းတဲ့နေရာမှာ နေချင်ခဲ့တာပါ။ ဘဝက ကြမ်းတော့လည်း ဒီလိုပဲ နေလာခဲ့ရတယ်။ ကျွန်မရဲ့ဝန်းကျင်မှာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အားပေးမှု၊ နှစ်သိမ့်မှုတွေလည်း ရရှိနေပါပြီ။ ဒါဟာ တစ်ဦးနဲ့ တစ်ဦး စိတ်ရင်းနဲ့ ဆက်ဆံခဲ့ကြလို့ဘဲဆိုတာ ကျွန်မ ယုံကြည်မိပါတယ်။ ပြောရရင် လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာကြီးပါလို့ ကျွန်မကို အားပေးခဲ့တဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေလည်း ဝန်းရံနေမှတော့ ကျွန်မအတွက် ဘာလိုသေးလဲ။ ကျွန်မလျှောက်မဲ့ ပန်းတိုင်နီးသလား ဝေးသလား မစဉ်းစားတော့ပါဘူး။ ရောက်နေတဲ့နေရာကနေ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းပြီး လောကဓံကို ကြံ့ကြံ့ခံရင်း ဘဝခရီးကို ကျွန်မ ဆက်လျှောက်သွားတော့မှာပါ။ ကမ္ဘာလောကကြီးရှိနေသေးမှာတော့ ပြဿနာပေါင်းစုံ ဆိုတာလဲ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ လောကပါလတရားရှိတယ်ဆိုတဲ့ အဆုံးအမတော့ အကောင်းအမှန် အမွန်အမြတ်ကသာ အောင်နိုင်တယ်ဆိုတာ ယုံကြည်မိပါတယ်။ ကိုယ်ဘယ်လမ်းလိုက်ရမယ်ဆိုတာ အမှားအမှန်ကို ချင့်ချိန်နိုင်ပြီး လမ်းမှန်ကို လျှောက်နိုင်ကြပါစေလို့ ုဆန္ဒပြုရင်း…… ပြည် – သရေခေတ္တရာ မြို့ဟောင်းရဲ့ လေ့လာရေးခရီးစဉ်ကို တင်ပြပေးဦးမှာပါ။ စောင့်မျှော် ဖတ်ရှုကြပါဦးနော်။ အမြဲလာရောက်လည်ပတ်ကြသော မိတ်ဆွေမောင်နှမ သူငယ်ချင်းများအားလုံးနဲ့ အချိန်မအားလို့ရယ်၊ နက်မကောင်းလို့ရယ် မလာဖြစ်ကြတဲ့ မိတ်ဆွေမောင်နှမ သူငယ်ချင်းများအားလုံးကိုလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လုပ်သမျှ အောင် ကြံသမျှ ဆောင်နိုင်ကြသော သူများ ဖြစ်ကြပါစေလို့… မေတ္တာပို့သလိုက်ပါတယ်။ ာင်အထည်ဖော်နိုင်ရင် ပြီးတာပါပဲ။ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်နေရာအတွက် ကိုယ်တာဝန်ယူနိုင်တယ်လို့ ခံစားတတ်ရင်လည်း ပျော်တာပါပဲ။ ကျွန်မ အရင်တုန်းက ကိုယ့်ဘဝကိုယ် ဘယ်အရာမှ အလိုမကျခဲ့ဘူး။ စိတ်အားငယ်တတ်တဲ့အကျင့်ပေါ့လေ။ ငါလုပ်ရင် ဖြစ်ပါ့မလားဆိုတာပဲ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မငယ်ငယ်လေးထဲက သဘောကျခဲ့တဲ့ အရုပ်လေးတစ်ခုရှိတယ်။ အဲဒီအရုပ်ကို ကျွန်မကလေးဘဝတုန်းက ပွဲဈေးတန်းမှာ စတွေ့ဖူးတာ။ ဘာအရုပ်လည်းဆိုတော့ ပစ်တိုင်းထောင်အရုပ်လေးပဲ။ ငယ်ကတည်းက ခုထိ သဘောကျတယ်။ သူဟာ ဘယ်လိုပဲပစ်ပစ် ဘယ်တော့မှ မလဲဘူ မယိုင်ဘူး။ ကျွန်မ တစ်ခါတလေ ကိုယ့်ဘဝကိုယ် သဘောမကျဘူး။ စိတ်ဓာတ်ကျတဲ့အခါတိုင်း ကျွန်မမှာရှိတဲ့ ပစ်တိုင်းထောင်ရုပ်လေးကို ပစ်ကြည့်တယ်။ အဲဒီအခါကျရင် ကျွန်မရဲ့အားငယ်နေတဲ့ စိတ်၊ ကျနေတဲ့စိတ်ဓာတ်တွေ အလိုလို ပြန်ပြည့်လာတယ်။ အင်း… ဘဝမှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်လို့မှ မရှိတာ၊ ဆင်းရဲတဲ့သူက ချမ်းသာချင်သလို ချမ်းနေတဲ့သူက ပိုပြီး ချမ်းသာချင်ကြတယ်။ ဒါဟာ လူ့သဘာဝပဲ။ ဘယ်အရာမဆို တိုးတက်ဖို့လိုနေသေးတာပဲ။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အတိအကျ ရောက်မယ်လို့ မှန်းတဲ့သူဟာ မပျော်ရွှင်နိုင်ဘူး။ ငါတော့ ပန်းတိုင်တစ်ဝက်ရောက်ပြီလို့ မှန်းတဲ့သူဟာ အပျော်ဆုံးလူပါပဲ။ တချို့က ရှိသေးတယ်။ ဒါဟာ ကိုယ့်ဝန်းကျင်မှာဘဲ ရှိကြမှာပါ။ သူများလုပ်လို့ လိုက်လုပ်တယ်။ ကိုယ်ဘယ်လမ်းသွားမလဲဆိုတာ မစဉ်းစားဘူး။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားမိတယ်။ ငါ ဘယ်လမ်းသွားမှာလဲ။ လူဆိုတာ သူများကို ကြည့်နေတာထက် ကိုယ့်ဘာသာ ပြန်ကြည့်တတ်ရမယ်။ ကျွန်မကလည်း လောဘကြီးတယ်။ အလုပ်ဆိုလည်း အလုပ်၊ နောက်ပြီး ဘာကို လောဘကြီးလဲဆိုတော့ စာအုပ်တွေဘဲ။ ကျွန်မလေ စာအုပ်တွေ တွေ့ရင် မနေနိုင်ဘူး။ ဝယ်ရမှ ကျေနပ်တတ်တယ်။ နောက်ပြီးတော့ စာအုပ်ဖတ်နေရရင် ထမင်းမေ့ ဟင်းမေ့ဘဲလေ။ ကျွန်မမှာ ဖြစ်ချင်တာတွေ သိပ်များနေတယ်။ ဒါပေမဲ ခုထိ ပန်းတိုင်ကိုမရောက်သေးဘူး။ လျှောက်နေဆဲပဲ။ ပြီးတော့ အသိုင်းအဝန်းလည်း လိုအပ်သေးတယ်။ ကိုယ့်ကိုထောက်ပံ့နိုင်တဲ့ ဝန်းကျင်တစ်ခုပေါ့။ ကျွန်မမိသားစု ဝန်းကျင်ဟာ ငွေကြေးမထောက်ပံ့နိုင်ဘူး။ အင်း အရာအားလုံးဟာ ပြောင်းလဲနေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မတည်မြဲဘူးဆိုတာ သိထားပါတယ်။ ကျွန်မဆိုရင် နေရာအသစ်ပြောင်းတော့ ချက်ချင်းအံဝင်ဂွင်ကျဖြစ်မယ်လို့ မမျှော်လင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အချိန်တစ်ခုပေးသင့်ပါရဲ့။ အခြေအနေသစ်၊ ဝန်းကျင်သစ်နဲ့ ညီညွတ်ဖို့ သင်ယူရဦးမယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်မ ခုဆိုရင် ဝန်းကျင်သစ်မှာ နေတတ်နေပါပြီ။ ဘာလို့လဲဆိုတော့ ဝန်းကျင်သစ်ရဲ့ နွေးထွေးလှုှိက်လှဲတဲ့ ဖော်ရွေမှုတွေနဲ့ ကျွန်မကို လက်ကမ်းကြိုဆိုခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။ အားလုံးရဲ့စိတ်ရင်းကိုလည်း ကျွန်မ နားလည်ခဲ့ရပါတယ်။ ကျွန်မပန်းတိုင်ကို မရောက်သေးပေမဲ့ ပန်းတိုင်ရဲ့ တစ်ဝက်ကို ရောက်ပြီလို့ ပြောလို့ရပြီပေါ့နော်။ ကျွန်မရဲ့စိတ်က ငယ်ကတည်းက အေးချမ်းပျော်ရွှင်တဲ့ဘဝ၊ အေးချမ်းတဲ့နေရာမှာ နေချင်ခဲ့တာပါ။ ဘဝက ကြမ်းတော့လည်း ဒီလိုပဲ နေလာခဲ့ရတယ်။ ကျွန်မရဲ့ဝန်းကျင်မှာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အားပေးမှု၊ နှစ်သိမ့်မှုတွေလည်း ရရှိနေပါပြီ။ ဒါဟာ တစ်ဦးနဲ့ တစ်ဦး စိတ်ရင်းနဲ့ ဆက်ဆံခဲ့ကြလို့ဘဲဆိုတာ ကျွန်မ ယုံကြည်မိပါတယ်။ ပြောရရင် လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာကြီးပါလို့ ကျွန်မကို အားပေးခဲ့တဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေလည်း ဝန်းရံနေမှတော့ ကျွန်မအတွက် ဘာလိုသေးလဲ။ ကျွန်မလျှောက်မဲ့ ပန်းတိုင်နီးသလား ဝေးသလား မစဉ်းစားတော့ပါဘူး။ ရောက်နေတဲ့နေရာကနေ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းပြီး လောကဓံကို ကြံ့ကြံ့ခံရင်း ဘဝခရီးကို ကျွန်မ ဆက်လျှောက်သွားတော့မှာပါ။ ကမ္ဘာလောကကြီးရှိနေသေးမှာတော့ ပြဿနာပေါင်းစုံ ဆိုတာလဲ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ လောကပါလတရားရှိတယ်ဆိုတဲ့ အဆုံးအမတော့ အကောင်းအမှန် အမွန်အမြတ်ကသာ အောင်နိုင်တယ်ဆိုတာ ယုံကြည်မိပါတယ်။ ကိုယ်ဘယ်လမ်းလိုက်ရမယ်ဆိုတာ အမှားအမှန်ကို ချင့်ချိန်နိုင်ပြီး လမ်းမှန်ကို လျှောက်နိုင်ကြပါစေလို့ ုဆန္ဒပြုရင်း…… ပြည် – သရေခေတ္တရာ မြို့ဟောင်းရဲ့ လေ့လာရေးခရီးစဉ်ကို တင်ပြပေးဦးမှာပါ။ စောင့်မျှော် ဖတ်ရှုကြပါဦးနော်။ အမြဲလာရောက်လည်ပတ်ကြသော မိတ်ဆွေမောင်နှမ သူငယ်ချင်းများအားလုံးနဲ့ အချိန်မအားလို့ရယ်၊ နက်မကောင်းလို့ရယ် မလာဖြစ်ကြတဲ့ မိတ်ဆွေမောင်နှမ သူငယ်ချင်းများအားလုံးကိုလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လုပ်သမျှ အောင် ကြံသမျှ ဆောင်နိုင်ကြသော သူများ ဖြစ်ကြပါစေလို့… မေတ္တာပို့သလိုက်ပါတယ်။

7 comments

  • unclegyi1974

    November 21, 2010 at 1:46 pm

    ဖြူလေး ကိုယ်ဝါသနာပါတာနဲ့ကိုယ့်အလုပ်နဲ့တထပ်တည်း
    ကျတာကအကောင်းဆုံးပေါ့ ဒါကလူနဲစုဘဲဖြစ်မှာပါ
    ဒါပေမဲ့လူ့ဘဝမှာဝါသနာပါတိုင်းလုပ်လို့မရပါဘူး
    ကိုထီးသီချင်းလို ဝါသနာထက်ဝမ်းရေခက်တယ်လေ
    အကောင်းဆုံးကဗုဒ္ဓရဲ့ရောင့်ရဲခြင်းလမ်းစဉ်လို့မြင်ပါတယ်
    တိုက်ဆိုင်မှုမရှိရင်ခွင့်လွတ်..

  • manawphyulay

    November 21, 2010 at 1:55 pm

    အင်း မှန်ပါတယ် အန်ကယ်ရယ် လွမ်းရေးထက် ဝမ်းရေးခက်ဆိုတာတော့ ကြားဖူးတယ် အဟိ
    ဒါပေမယ့် ဝါသနာပါတာကို လုပ်နေရင် ပိုအောင်မြင်မယ်လို့ မနောတော့ ထင်မြင်မိတယ်လေ……..

  • ဆူး

    November 22, 2010 at 9:03 am

    လုပ်တဲ့ အလုပ်ကို ဝါသနာ ပါသွားရင် ပိုမကောင်းဘူးလား..

    • manawphyulay

      August 25, 2011 at 10:45 am

      ဟုတ်တယ် ဆူးရေ…. လုပ်တဲ့အလုပ်ကို လုပ်ရင်းနဲ့ ဝါသနာပါသွားတော့ ပျော်ရွှင်မှုရရှိတာပေါ့နော်…

  • ပေါက်ဖော်

    August 25, 2011 at 11:43 am

    “ကိုယ်ပိုင်တဲလမ်းကလေး..”
    ခွေးလေခွေးလွင့် တွေလဲ ချီးပါလို ပါသွားရဲ့
    လစ်တာနဲ ့ အမှိုက် လာ ပစ်လို ပစ်သွားရဲ့
    ကားပေကားစုတ်…ကွေ ့လိုကွေ ့..ရပ်လို ရပ်ထားရဲ့
    လှည်းကျင်းမဲ့လူမရှိ.
    ပြုပြင်မဲ့လူမရှိ..
    အနံ ့ တစ်ထောင်းထောင်း..ယင်တစ်အောင်းအောင်း..နဲ ့..
    ရွံဖွယ်အတိ..သာယာဖွယ် နတ္ထိ ပင် ဖြစ်နေလေရဲ့
    ဒါတောင်.မှ
    ပုဏ္ဏရိပ်ပင် စိုက်သလိုလို..
    မြောင်းဖော်သလိုလိုနဲ ့
    .မြေခိုးချင်တဲ့ဟာတွေလဲ ရှိသေးရဲ့
    ဪ..
    ကိုယ့်ထမင်းကိုယ်စား..ကိုယ့်လမ်းကိုယ်လျှောက်တာတောင်
    သိုင်းဆန်ဆန် လျှောက်မှ ဖြောင့်သော ငါပိုင်တဲ့ လမ်းပါကလား..

    🙄

  • manawphyulay

    August 25, 2011 at 11:51 am

    ဒူ့လမ်းလဲ အဲဒီလမ်းက ကျော တေချာ ကျောနော်…

Leave a Reply