ဆင်းရဲရခြင်းအကြောင်းများ-၁

naywoon niNovember 21, 20101min1685

မနေ့ကဆူးမပိုစ့်လေးဖတ်ပြီးကထဲက…သတိရလို့လိုက်ရှာရတာတော်တော်နဲ့ကိုမတွေ့နိုင်ဘူး….။
လွန်ခဲ့တဲ့သုံးလလောက်ကသူငယ်ချင်းတစ်ယောက်ကဓမ္မဒါနပြုဝေထားတဲ့…မေတ္တရှင်ရွှေပြည်သာရဲ့ဩဝါဒလေးတွေပါ
ဆရာတော်ကစာတစ်အုပ်ထဲမှာရေးခဲ့ပါသတဲ့…မြန်မာတွေအလှူတွေမပြတ်ပြုနေပါလျက်နဲ့ဘာလို့ဆင်းရဲနေကြရသလဲဆိုတာကို
ဆန်းစစ်မိတော့ဆင်းရဲရခြင်းအကြောင်း(၁၁)ပါးပေါ်လာပါတယ်…။
အဲဒါတွေကတော့…….
၁။လိုအပ်သောနေရာတွင်မလှူဘဲ..မလိုအပ်သောနေရာတွင်လှူကြခြင်း
၂။သမ္ပဒါလေးပါးချို့ယွင်းခြင်း
၃။စီးပွားရေးကိုမေတ္တာဖြင့်မရှာဘဲဝိသမာလောဘဖြင့်ရှာဖွေခြင်း
၄။ပျင်းရိခြင်းကိုရောင့်ရဲခြင်းဟုအထင်မှားခြင်း
၅။ကိုယ့်ကိုကိုယ်မထိန်းသိမ်းနိုင်ခြင်း
၆။အချိန်တန်ဘိုးကိုမသိခြင်း
၇။ကိုယ့်ထက်သာလျှင်မနာလိုခြင်း
၈။စာပေဗဟုသုတမရှိခြင်း
၉။ဒေသန္တရဗဟုသုတမရှိခြင်း
၁၀။ခေါင်းဆောင်စိတ်နဲခြင်း
၁၁။ကိုယ့်အားကိုယ်ကိုးလိုစိတ်နဲခြင်း…….တို့ဖြစ်ပါသတဲ့.။ဒါလေးကိုသူငယ်ချင်းကစာစီပြီးတော့ဒါနပြုဝေထားတာပါ
ခေါင်းစဉ်က”ဆင်းရဲရခြင်းအကြောင်း(၁၁)ပါးပါတဲ့…….။ကျွန်တော်တို့ကောဘယ်နှစ်ချက်လောက်နဲ့လာညှိနေပါသလဲ?
နံပါ(၂)ဖြစ်တဲ့”သမ္ပဒါလေးပါးချို့ယွင်းခြင်း”ဆိုတာကိုမရှင်းလို့စာအုပ်တွေမှာလိုက်ရှာကြည့်ကြတော့ဆရာကြီးဦးသုခရဲ့
“သုခမှတ်စု”မှာဒီလိုလာတွေ့ပါတယ်…….။
လောကီသမ္ပဒါလေးပါး
(က)ဥဌာနသမ္ပဒါ =ထကြွလုံ့လစိတ်နဲ့ပြည့်စုံခြင်း
(ခ)အာရက္ခသမ္ပဒါ =လုံ့လဝီရိယကြောင့်ရရှိသောဥစ္စာပစ္စည်းတို့ကိုမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း
(ဂ)ကလျာဏမိတ္တသမ္ပဒါ =မိတ်ကောင်းဆွေကောင်းများနဲ့ပေါင်းဖော်ခြင်း
(ဃ)သဇီဝိတသမ္ပဒါ =ဥစ္စာအင်းအားနဲ့တိုင်းထွာ၍ညီမျှစွာအသက်မွေးခြင်း
လို့တွေ့ပါတယ်……။
ကျွန်တော်တို့ရဲ့တရားတော်မှာ..ဆင်းရဲခြ်ငးအကြောင်းချမ်းသာခြင်းအကြောင်းတွေရှိပြီသားပါ…။ဒါကိုဗုဒ္ဓဘာသာလို့ပြောထားတဲ့
သူတိုင်းကမလိုက်နာကြတာလို့ပါ……။မှတ်သားထားဖူးပါသေးရဲ့..ဗုဒ္ဓဘာသာလို့ပြောပြီးဗုဒ္ဓအဆုံးအမကိုမလိုက်နာနိုင်တာလည်းမြန်မာ
ပြည်ပါပဲတဲ့လေ..
ဆူးမပြောသလိုမလှူတတ်…မမျှဝေတတ်ရင်ဆင်းရဲခြင်းကတော့နောက်ကကပ်ပါလာမှာမဆန်းပါဘူး..။ဘုရားစင်ပေါ်အသီးစိမ်းတွေ
တင်လှူတာကနဲနဲတော်ဦးမလားပဲ…..အုန်းသီးစိမ်း..ငှက်ပျောသီစိမ်းတွေတင်ထားထာကနတ်ပွဲကျနေတာပဲ..။တကယ့်တော့သာသနာပြု
နေတဲ့သူတွေထက်ဖျက်နေတဲ့သူတွေများနေတာပါ……။အုန်းပွဲ..ငှက်ပျောပွဲဆိုတာကနတ်နဲံ့ပဲဆိုင်တဲ့နတ်ရိုးရာဓလေ့ပါ..။ကျွန်တော့ဘကြီး
ပြောခဲ့တာပြန်ပြောရရင်တော့မကောင်းဘူး..။ဒါပေမဲ့မှန်နေတာတွေချည့်ဆိုတော့..ခုလူငယ်လေးတွေကြားဖူးအောင်တော့ပြန်ပြောရမှာပဲ…။
“တစ်ကယ်တော့နတ်ဆိုတာအစိမ်းသေနဲ့သေကြတဲ့သူတွေချည့်ပဲငါ့မြေး….ပြီးတော့သူတို့ကဒေါသနဲ့သေခဲ့ကြတာဆိုတော့လူတွေကကြောက်
ကြတယ်..။.ငှက်ပျောသီးအစိမ်းတောင်မှသူတို့ဒေါသတွေကြောင့်အမြန်မှည့်ကြရတယ်..အုန်းသီးကလည်းသူတို့ဒေါသကြောင့်ပဲတစ်ခါတစ်လေ
ပွင့်ထွက်ကုန်တာ……လူတွေကမစဉ်းစားတတ်လို့သာသူတို့ကိုကိုးကွယ်နေကြတာ….မစဉ်းစားတတ်တာမဟုတ်ပါဘူးလောဘကြီးကြလို့ပေါ့
ကိုယ်လုပ်ထားတဲ့အလုပ်ထက်ပိုပြီးလိုချင်တတ်မက်မောတဲ့သူ..။ဘာမှမလုပ်ထားပဲသူများဥစ္စာလိုချင်နေတဲ့သူကိုလောဘကြီးတယ်လို့ခေါ်တယ်..
သူတို့ကိုပုံမှန်မပူဇော်မပသရင်..ဒေါသပိုကြီးတယ်..။လူတွေကိုဒုက္ခပေးတတ်တယ်..။ကိုယ့်ကိုမစဖို့မသေချာပဲဒုက္ခပေးဖို့သာသေချာတဲ့သူကို
အိမ်မှာမထားသင့်ဘူး..။ဒါကြောင့်ဘကငါကအိမ်ဦးနတ်..ငါ့အပြင်တစ်ခြားနတ်မရှိရဘူးဆိုပြီးလုပ်ထားတာ..။အိမ်တွင်းအုန်းလဲဆွဲမထားရဘူး..။
အိမ်လေးလို့….အရက်သမားနတ်တွေ..သူတို့ဘယ်ဆက်သနေမလဲ..ကိုယ့်ဖာသာတောင်သောက်မဝရတဲ့ခြားထဲက……………………”
သူတို့အတွက်ကုန်မဲ့အစားဘုန်းကြီးကျောင်းသွားပြီးလိုအပ်နေတာလေးတွေလှူလိုက်ရတာကချက်ခြင်းချမ်းသာတယ်……………………
ဘာလို့လဲသိလား..နတ်ပွဲတွေမြင်ဖူးတယ်မို့လား..။ဆိုင်းသံတစ်ညံညံနဲ့..နတ်ဝင်ရင်ဆဲတဲ့နတ်ကပါလိုက်သေးတယ်..။ဘုန်းကြီးကျောင်းသွား
လှူလိုက်တော့ဆိုင်းသံလည်းမကြားရဘူး.။ဆဲသံလည်းမကြားရဘူး..။ဘုန်းကြီးကဆုတွေပေး…ကိုယ်ကသာဓုလိုက်ခေါ်ဘယ်လောက်ဧချမ်းသလဲ?

ပြီးတော့ဘုရားကိုမလှူရတဲ့အရာတွေရှိသေးတယ်…အရက်နဲ့မူးယစ်စေတတ်တာတွေမလှူရဘူး..။စားဖွယ်တွေလှူရင်လည်းချက်ခြင်းစားသောက်
နိုင်တာကိုပဲရွေးလှူရတယ်..။ပြီးရင်မွန်မတိမ်းခင်ပြန်စွန့်ရတယ်..။သစ်သီးတွေကိုလည်းအစိမ်းမလှူရဘူး..။အဆင်သင့်ဘုန်းပေးနိုင်ရုံပြုပြင်ပြီးမှကပ်လှူ
ရတယ်…။ခုတော့မဟုတ်ကြပါဘူး..။ငှက်ပျောသီးကိုလည်းအစိမ်း..။သရက်သီးဆိုလည်းအတွဲလိုက်..။မလုပ်ရဘူး.။ကိုယ့်ထက်ကြီးတဲကသူ..။ဧည့်သည်
လာရင်တောင်မှအဲဒိလိုကျွေးဖူးသလား?ဟိုကဘုရား….။ပြီးတော့သက်ရှိရှင်ကြားရှိစဉ်ကတည်းက..ဆားတစ်ဆုပ်သိမ်းထားခဲ့တယ်လို့ဘယ်ကျမ်းဟန်မှာ
မှမရှိခဲ့ဘူး..။မင်းတို့နတ်တွေသာ..ဝါဝင်ကဝါထွက်သူတို့စင်ပေါ်အတင်ခံတာ..။ပြီးတော့ဝါဝင်တာထွက်တာနဲ့ပါတ်သက်ပြီးပြောစရာရှိသေးတယ်..။
နောက်မှဆက်ပြောပြမယ်..။ခုတော့လှူတာလောက်နဲ့ပဲရပ်ကြစို့………။လူတွေကမလှူတတ်လို့ကုသိုလ်ရသင့်သလောက်မရ..
ဘယ်လိုလုပ်ရပါ့မလဲ..လှူတယ်ဆိုတာကိုယ်ပိုင်ပစ္စည်းဥစ္စာကိုစွန်ံလွှတ်လိုက်တာပဲဒါကိုငါ့အလှူဆိုတဲ့စိတ်ကစွဲနေတယ်……..။သံသရာကိုတိုတိုဖြတ်ရမှာ
သံသရာရှည်ချင်နေကြတော့ဆင်းရဲကြတာပေါ့..။

5 comments

  • weiwei

    November 21, 2010 at 4:40 pm

    သိသင့် ဖတ်သင့်တဲ့ အချက်တွေပါ … ကျေးဇူးတင်ပါတယ် …

  • ယုကတော့ ဘယ်အရာကို မဆို စိတ်ဖြေတတ်တယ်လို့ ကိုယ့်ကို ယုံကြည်နေတတ်တယ်၊ စိတ်ထိခိုက်စရာ ရှိရင်လည်း ငါပြုတဲ့ကံ ကြောင့် ငါ့အခုဘဝမှာဒီလိုဖြစ်တာလို့ တွေးမိတယ်။ ကိုယ်ကြိုးစားပေမယ့် မအောင်မြင်တဲ့ အခါ စိတ်ဓာတ်ကျ မနေတော့ဘူး၊ ငါမကြိုးစားတာမှ မဟုတ်တာ ငါ့ကုသိုလ်ကံ ကိုက ဒီလိုဖြစ်တာပါလားလို့ ဖြည့်တွေးမိတယ်၊ ဒါဟာမှန်လားမှားလား၊ ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု အထင်မှားခြင်းအချက်နဲ့ ညှိနေလား ကျေးဇူးပြုပြီးယုကိုအကြံပေး ကြပါ၊ ဒီ post လေးတင်ပေးတဲ့ naywoonniကို ကျေးဇူးတင်ပါတယ်၊

  • ဆူး

    November 22, 2010 at 8:27 am

    အဘနီ ဆူး ရေးတဲ့ အကြောင်းတွေနဲ့ ဒီလို ပိုစ်ကောင်း လေး ထွက်လာတဲ့ အတွက် ဂုဏ်ယူမိပါ၏။
    လှူသာလှူတယ် ကုသိုလ် အကျိုး အပြည့်အဝ ခံစားရနိုင်ဖို့နဲ့ စိတ်ကလေးတွေ ထားတတ်စေဖို့ တတ်နိုင်တဲ့ နည်းနဲ့ သိတာလေးတွေ မျှဝေတဲ့ သဘောပါ။ ကိုယ်သိတာကို သိသလို ပြောပေမဲ့ သိတာနည်းတော့ စတတန် ပေတဖွဲ့ မပြောတတ်တော့ အဲလောက် ပိုစ် ရှည်ရှည် မရေးနိုင်ဘူး။ ဆူး က စာဖတ်ပျင်းတော့ တချို့ ကိစ္စတွေ အဲဒီလို အချက်ကျကျ မရေးတတ်ဘူး။ သေချာ အချက်အလက်နဲ့ ရေးပေးတော့ ကောင်းတာပေါ့။ နောက် လည်း စိတ်ကူးပေါက်ရင် ခဏ ခဏ လက်တို့လိုက်မယ်နော် အဘနီ.. သိလား။

  • အာဖျံ ကွီး

    November 22, 2010 at 11:14 am

    ဟုတ်တရ် … ဆရာတော်ဘုရားတွေရဲ. တရားစာအုပ်တွေ လူငယ်တွေကိုရွေးလှုုရမရ် (လူငယ်တွေက အနာဂတ်ရဲ.လူကောင်းလူမွန်တွေဖြစ်စေဖို.ရာ)။ စာအုပ်တွေက တစ်အုပ်ကို ထောင်ကျော်တရ်ဆိုတော့ ပိုက်ဆံစုလိုက်အုံးမရ်။ မနေ.က Seminar တစ်ခုသွားတော့ ကောင်လေးတစ်ယောက်က ” မြန်မာတွေဘာလို့ဆင်းရဲနေကြရသလဲ” ဆိုတာကို မေးတရ်။ ဟောပြောတဲ့ဆရာကတော့ သူဆွေးနွေးနေတဲ့ ရှုထောင့်ကပဲ ရှင်းသွားပါတရ်။ အာဖျံကွီးဖြင့် ပြောချင်လိုက်တာ အူကိုယားနေတာပဲ။ ကိုယ့်သူငယ်ချင်းဆိုရင်တော့ စာအုပ်လက်ဆောင်ပေးပီးသားပဲ။ Seminar ပီးလို.လိုက်ကြည့်တော့လဲ မတွေ.တော့ဘူး၊ ဘယ်ကတည်းက လစ်သွားမှန်းမသိဘူး။

  • naywoonni

    November 24, 2010 at 2:33 pm

    ကျွန်တော်အခုလက်ကမချတဲ့စာအုပ်က…မေတ္တာရှင်ရွှေပြည်သာဆရာတော်ရဲ့……
    လူဖြစ်ရခြင်း၏အဓိကရည်ရွယ်ချက်တဲ့…….ဖတ်ကြည့်ကြပါ…………..
    ဘယ်လိုရည်ရွယ်ချက်နဲ့လူဖြစ်လာရသလဲကိုယ့်ကိုပြန်ဆန်းစစ်ကြဖို့အချိန်တန်ပါပြီ……….
    ကိုယ်အလုပ်နဲ့ကိုယ်ရှုပ်နေကြတဲ့အချိန်မှာ..သာသနာပြုနေကြတ့ဆရာတော်တွေသတိပေးတာ
    လိုက်နာမှတ်သားကျင့်ကြံသင့်ပါတယ်..။ကျွန်တော်တိုဘာသာဆုတောင်းလို့ပြည့်တဲ့အယူဝါဒမဟုတ်ချေဘူး
    ဒါလေးတော့သတိချပ်ပေးကြပါ

Leave a Reply