We must work for democracy, ဒီမိုကရေစီဆိုတာအားလုံးဝိုင်းလုပ်ကြမှရနိုင်တယ်

timothyNovember 21, 20101min862

အမေစုပြောတာမှတ်မိကြတယ်နော်။ သူတယောက်ထဲဒါကိုရအောင်လုပ်လို့မရဘူး။အားလုံးဝိုင်းလုပ်မှရမယ်ဆိုတာ။

ရှင်းပြပါရစေ။

ဗိုလ်သန်းရွှေအောက်ဆွဲ၊ခေါင်းပေါင်းဝတ်လူရွှင်တော်များက ကုလသမဂ်ဂမှာ ဗမာပြည်သူလူထုအများစုက ၂၀၁ဝ ရွေးကောက်ပွဲအတုကိုစောင့်မျှော်နေကြကြောင်း၊မကြာခင်မှာပြည်သူ့ကိုယ်စားလှယ်များကို လူထုကတခဲနက်ရွေးကောက်တင်မြှောက်မဲ့အကြောင်း၊

ဘယ်နိုင်ငံရဲ့အကူမှမလိုကြောင်း၊ဗြောင်လိမ်ပေါ့ဗျာ။ ခုခေါတ်မှာကမ္ဘာ့ဇာတ်ခုံပေါ်အရှက်မဲ့စွာတက်လိမ်နေတဲ့၊

အထူးသဖြင့်တော့အာဏာရှင်တိုင်းပြည်တွေများလာပြီ။တရုပ်နဲ့ရုရှားကအာဏာရှင်များအဖွဲ့တောင့်တင်းအောင်၁၀ဝရာခိုင်နှုံးထောက်ခံတယ်။

ကျုပ်တို့နင်းပြားဗမာများအတွက်ကတော့လူထုအားမပါလို့ကတော့လွတ်လပ်ရေးအတွက်မျှော်လင့်ချက်မရှိဘူး။

ဖိနှိပ်နေတဲ့အာဏာရှင်ဗိုလ်သန်းရွှေကဗမာလူမျိုးဆိုတော့ ဗမာတနိုင်ငံလုံးပျော်နေပါတယ်လို့ဗျောင်လိမ်တော

့တကမ္ဘာလုံးမယုံချင်၊လဲသေ၊ယုံရတာဘဲ။ တရုပ်နဲ့ကုလားကကြံ့ဖွတ်မဲလိမ်ပြီးနိုင်တဲ့ပွဲကို သောင်းဖြစွာထောက်ခံမှတော့ဘာတပ်နိုင်မှာတုံး။

သူကသာ၊ဆိုပါစို့၊ဝ လူမျိုး၊ဝစစ်တပ်ဖြစ်ခဲ့ရင်၊ လူနဲစုအစိုးရဖြစ်လို့ ခုနကလိုဇာတ်ခုံပေါ်တက်လိမ်လို့ကမလွယ်လှဘူး။

လူနဲစုအသားဖြူက၊အများစုလူမဲများကိုလူမျိုးခွဲချားရေးမူနဲ့ခွဲခြားဖိနှိပ်တော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ဝိုင်းတိုက်လျုက်တာ၊

အဖြူအစိုးရကလိမ်လို့ကိုမရဘူးဗျာ။ ဒါတောင်အာဖရိကနေရှင်နယ်ကွန်ဂရက်က နှစ်၄ဝလောက်တိုက်ယူရတယ်။

လူများစုဗမာစစ်အာဏာရှင်နဲ့ဗမာတပ်ကတနိုင်ငံလုံးဖိနှိပ်ထားတာ ဘက်ကမ္ဘာ့နိုင်ငံအဖွဲ့အစည်းမှမကယ်နိုင်ဘူး။

အမေစုလဲ လူထုအင်အားမပါဝင်ဘဲ သူဘာမှမလုပ်နိုင်ဘူး။

ဗိုလ်သန်းရွှေကမိုးမွှန်အောင်လိမ်လဲအားလုံးယုံရတာဘဲ။

သူကရွေးကောက်ပွဲနိုင်တာကိုမသိမသာကြေငြာတော့လဲ၊ကျုပ်တို့တကမ္ဘာလုံးမယုံလို့ဘာတပ်နိုင်လို့လဲ။

ဒါဆိုလူထုအင်အားသာလျှင်ဒီမိုကရေစီကိုဆောင်ကျင်းပေးနိုင်တယ်လို့၊အမေစုပြောတာပိုနားရှင်းသွားပြီပေါ့။

ဒါဆိုအားလုံးဝင်လုပ်ကြဘို့ဆုံးဖြတ်ကြပြီပေါ့။

2 comments

  • maungmoenyo

    November 22, 2010 at 1:17 am

    လာပြီလေ…၂၁ ရာစုပင်လုံ။
    ဒေါ်စုကိုဝိုင်းထောင်ခံယုံမဟုတ်ဘူး။ လက်တွဲပြီးလမ်းပေါ်ထွက်ကြရတော့မယ့်အချိန်ဆိုတာ……………။
    စစ်အစိုးရခေါင်းကိုက်မဲ့ပွဲပါ။

  • bigcat

    November 22, 2010 at 1:57 am

    ဦးမိုးညိုရယ်

    ဒီကောင်တွေ ခေါင်းကိုက်ရုံတင်ဘယ်ကမလဲ၊ ခေါင်းပါပြုတ်တော့မှာ။

Leave a Reply