ပေါ်တော်မူ(4)

သစ်သားပြားရဲ့အလင်းပိတ်နေရာမှာရှိနေတဲ့ ပုံတော်တွေက ရေအောက်မှာ အရိပ်လာထင်နေတာ  က ထူးဆန်းတယ်လို့ ထင်ပါတယ် ကျနော့်အမြင်ပြောတာနော်။ဟိုအစွန်းက ခွက်ကလေးတောင် ရေထဲပါ အရိပ်ထင်နေပါသေးတယ်။

4 comments

  • mandalaythar

    November 22, 2010 at 3:24 am

    သိပ်နားမလည်ဘူး။ ဘာလည်းမသိဘူးနော်..

    ကျွန်တော်တွေ့တာက ဆင်းတုတော်အရိပ် ရေပေါ်မှာ ပေါ်နေတာလေ.. သစ်သားပြားက အနက်ရောင်လေ.. နောက်ရေစိုနေတော့ အရိပ်ပေါ်မှာပေါ့..

    ရှင်းပြပေးပါအုံး ကိုပေါက်…

  • bigcat

    November 22, 2010 at 5:27 am

    အနော်လည်း သိပ်မရှင်းပါ။ ပေါ်တော်မူဆိုတဲ့စကားလုံးသည် ဘုရားဆင်းတုတော်များကို ရည်ညွှန်းဟန် ရှိပါသည်။ ဒါပေမဲ့ ပုံအရ ရုပ်ပွားတော်များသာမက အစွန်ကခွက် အရိပ်ပါ ရေထဲမှာပေါ်သည်ဆိုလျင် အောက်ခံသစ်သားပြားက စွမ်းရင်စွမ်း၊ မစွမ်းရင် အလင်းရောင်ပြန်ခြင်း တခုခုဖြစ်နိုင်ပါသည်။

  • kopauk mandalay

    November 22, 2010 at 11:45 am

    ဘုရားဆင်းတုတော် တင်ထားသော နေရာကနေ အောက်မှာအရိပ်ထင်ဘို့ဆိုတာ ကွယ်မနေမှာဖြစ်မှာပါ။
    အခုဆင်းတုတော်ပုံကတော့ အောက်ခြေအထိပေါ်နေလို့ ပါ။
    နောက်တင်ထားတဲ့ပုံလေးပုံလုံးတွေ့ရင်ခြားနားမူ့တွေ ကိုတွေ့လာမှာပါ။
    ကော်နက်ရှင်မကောင်းတော့ တင်လို့မကောင်းဘူး

  • picikway

    November 23, 2010 at 6:07 am

    သေချာကြည့်ကြည့်ရင်ထင်ရှားပါတယ်။ ခွက်က သစ်သားပြားပေါ်မှာ ရုပ်ပွားတော်တွေနဲ့ အမြင့်က တပြေးညီတယ်ရှိပါတယ်။ အရိပ်ကတော့ ခွက်ရဲ့ အရိပ်ထက် ရုပ်ပွားတော်တွေက အရိပ်က ပိုမြင့်နေပါတယ်။

Leave a Reply