စာပေစိစစ်ရေး အချက် ၁ဝ ချက် ထုတ်ပြန်

ဂ်စ္စူNovember 22, 20101min776

ဒေါ်အောင်ဆန်းစုကြည်သတင်း သတင်းဂျာနယ်များတွင်
အချပ်ပိုအဖြစ်ရိုက်နှိပ်ပြီးပုံကြီးချဲ့ ဖော်ပြမှုကြောင့် စာပေစိစစ်ရေးက
သတင်းဂျာနယ်များကို အသိပေးကြေညာချက်ထုတ်ပြန်လိုက်သည်။

အသိပေးကြေညာချက်
စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန
ပြန်ကြားရေးဝန်ကြီးဌာန

နေ့စွဲ နိုဝင်ဘာလ ၂၁ ရက် ၊
၂၀၁ဝ ခုနှစ်
၁။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်စွဲဖြင့် ဂျာနယ် မျက်နှာဖုံး၊
အချပ်ပိုများထည့်သွင်းဖော်ပြခြင်းနှင့် ပတ်သက်ပြီး လိုက်နာရမည့်
စည်းကမ်းချက်များထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။ သို့သော်လည်း ဂျာနယ်များအနေဖြင့် လိုက်နာမှုမရှိသည့်အတွက် ထပ်မံ၍
အောက်ပါအတိုင်း ဒုတိအကြိမ် သတိပေးထုတ်ပြန်လိုက်သည်။

(က) ရှေ့မျက်နှာဖုံးတွင် ပုံနှိပ်ဖော်ပြမည့် ဂျာနယ်၏ Logo ပုံစံနှင့်
အရွယ်အစားသည် ဂျာနယ်ထုတ်ဝေရန် ဌာနသို့ စတင်တင်ပြစဉ်က
ခွင့်ပြုပေးထားခဲ့သည့် Logo ပုံစံနှင့်
အရွယ်အစားအတိုင်းသာပုံနှိပ်ဖော်ပြရမည်။

(ခ)ဂျာနယ်၏မည့်သည့်အတွင်းစာမျက်နှာတွင် မဆို ရှေ့မျက်နှာဖုံးပါ Logo
ပုံစံနှင့် အရွယ်အစားအား နောက်ထပ်အဖုံးပုံစံတစ်ခုသဖွယ် ဖော်ပြခြင်းမပြုရ။

(ဂ)ရှေ့မျက်နှာဖုံးအား အတည်ပြုပြီးပါက ထပ်မံတင်ပြခွင့်မရှိ။ သို့ရာတွင်
ဖြုတ်ပယ်ခံရပါက ၎င်းနေရာတွင် အစားထိုးရန် တစ်ကြိမ်ထပ်မံတင်ပြခွင့်ပြုမည်။

(ဃ)အချပ်ပိုတွင် ဖော်ပြမည့် Logo နှင့် ဂျာနယ် Size သည် မူုလဂျာနယ်ပါ
Logo အရွယ်အစားထက် ထက်ဝက် သေးငယ်ရမည်။

(င)အချပ်ပို(သို့မဟုတ်) Supplementary စာသားကို Logo ၏ အောက်
ဘယ်(သို့မဟုတ်) ညာတွင် ထင်ရှား ပီသစွာ ပုံနှိပ်ဖော်ပြရမည်။

(စ)ဌာနက ခွင့်ပြုထားပြီးဖြစ်သော သတင်း၊ ဆောင်းပါးနှင့် ဓာတ်ပုံများကိုသာ
အချပ်ပိုတွင် ဖော်ပြရမည်။

(ဆ) အချပ်ပို စာမျက်နှာကို A,B,C…… အက္ခရာစဉ်ဖြင့်သာ ဖော်ပြရမည်။

(ဇ)အချပ်ပို စာမျက်နှာကို အများဆုံး ၈ မျက်နှာထိသာ ခွင့်ပြုသည်။

(ဈ) ဂျာနယ်မူကြမ်းတွင် စာမျက်နှာအဖုံးတွင် ဖော်ပြရန် ခွင့်မပြုထားသော
သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံများကို အချပ်ပိုစာမျက်နှာ၏ပထမစာမျက်နှာတွင်
ထည့်သွင်းဖော်ပြခြင်းမပြုရ။ အချပ်ပို၏ အတွင်းစာမျက်နှာတွင်သာ ဖော်ပြရမည်။

(ည) အချပ်ပိုထည့်သွင်းလိုပါက သက်ဆိုင်ရာ ဂျာနယ်က မည်သည့်အတွက်ကြောင့်
ထည့်သွင်းလိုခြင်းနှင့် မည်သို့ ထည့်သွင်းဖော်ပြမည်ကို ဌာနသို့ ဦးစွာ
တင်ပြခွင့်ပြုချက်ရယူရမည်။

စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန

by ဧရာဝတီ

6 comments

  • လင်းဝေကျော်

    November 22, 2010 at 9:14 am

    ကောင်းပါလေ့ကွယ်
    ဘယ်လိုမျိုးရင်ကြားစေ့ရေးကို ဘယ်သူက စပြီး တကယ်လုပ်ကြမှာလဲ

    Protocol ကို နှစ်ဘက်စလုံး က အလေးထားသင့်တယ်

  • paukpauk

    November 22, 2010 at 10:07 am

    အရူးချေးပန်း စာပေစိစစ်ရေးပါ။
    ဒေါ်စုအကြောင်းမရေးရဆိုလဲ တိုက်ရိုက်မပြောနိုင်တော့
    ဘာလိုလို မရေမရာ စည်းကမ်းချက်တွေထုတ်ပေါ့။

    ဘာက်ကြောက်နေတာလဲ၊ ပြည်သူတွေကြောက်ဘို့လဲ ထားပါဦး။

    Freedom from fear ဆိုတာ သင်တို့အတွက်ပါလား။

    ဘာပြောပြော ဂျာနယ်ကျော်တွေက သင်တို့ထက် ပိုဦးဏှောက်ရှိတယ်။
    အမြော်အမြင်ရှိတယ်။
    သတ်တိရှိတယ်။

    Cheer… Journals
    Now.. they are frightened and shivering.
    Bravo! Bravery Awards merit for our journalists.

  • နေ ဘုန်းလျံ

    November 22, 2010 at 12:20 pm

    အခြေခံဥပဒေလဲဆွဲပြီးပြီ ရွေးကောက်ပွဲလဲ ပြီး ဘာမှ လွတ်လပ်ပီုင်ခွင့်မရှိတာ စောက်ရူးအာဏာရှင်တွေ………..။

  • seaman

    November 22, 2010 at 1:29 pm

    ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတယ်လဲဆိုသေး
    media လွတ်လပ်ခွင်.လဲမရှိ
    အားလုံးပိတ်ပင်
    ဘယ်လို ဒီမိုကရေစီလမ်းကြောင်း ကိုသွားနေတာလဲ။

  • nay paing

    November 22, 2010 at 3:26 pm

    ဒေါ်စုထွက်တဲ့သတင်းလေးပါတာလေးတောင် ဒိလိုလုပ်နေတာမကောင်းပါဘူး၊ နိုင်ငံတိုးတက်ကြီးပွားလိုစိတ်ရှိတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိကိုရှိရပါမယ်၊ ဒီလိုမျိုးလုပ်တာကန့်ကွက်ပါတယ်

  • Maung Dae`

    November 23, 2010 at 5:57 am

    အလကား စာပေကင်ပေတိုင်… အရူးချီးပန်းလျှောက်လုပ်နေတယ်.. ဒါလား ဒီမိုကရေစီ.. စာနယ်ဇင်းလွတ်လပ်ခွင့်မှမရှိရင် ဒီမိုကရေစီဆိုတာ အရှက်မရှိပြောမနေကြနဲ့ အာဏာရူးတွေရေ…..

Leave a Reply