အုန်းထမင်း အလွယ်ချက်နည်း

weiweiNovember 22, 20101min21510
အဆင်း အနံ့ အရသာနဲ့ ပြည့်စုံတဲ့ အုန်းထမင်း
ဆန် ၂ ခွက်
ဥနီ ပဲစိမ်းစေ့နဲ့ အုန်းနို့ရေ

ဒီနေ့ အုန်းထမင်းချက်ဖြစ်တယ် … ခပ်လွယ်လွယ်ချက်လိုက်တာပါ …

ပါဝင်သောပစ္စည်းများ

၁။ ဆန် ခွက်သေး (၂) ခွက်

၂။ အုန်းနို့ရည် (၁၀၀) မီလီလီတာခန့်

၃။ ပဲစိမ်းစေ့ (၁၀၀) ဂရမ်

၄။ မုန်လာဥနီ အနည်းငယ်

၅။ သကြား ဆား ဆီ အနည်းငယ်

ချက်ပြုတ်နည်း အဆင့်ဆင့် …

ထမင်းပေါင်းအိုးထဲကို ဆန်ဆေးထည့်ပြီး ရေနဲ့ အုန်းနို့ရေ ပမာဏကို ယခင်ထမင်းချက်တဲ့အချိုးအတိုင်းထည့်ရပါတယ်။ ဆားနဲ့ သကြားအနည်းငယ်ထည့်ပြီး ဆူပွက်သည်အထိ ချက်ထားရပါမယ်။ ဆူလာတဲ့အခါ ဆီအနဲငယ်နဲ့ ပဲစိမ်းစေ့နဲ့ ဥနီလှီးထားတာထည့်ပြီး မွှေပေးရပါတယ်။ ၃ မိနစ် တစ်ခါလောက် မွှေပေးပြီးတာနဲ့ အလွန် အနံ့မွှေးကြိုင်သော အုန်းထမင်း ဖြစ်လာပါတယ်။

လှလည်းလှ အရသာလဲရှိပြီး အလွန်လွယ်ကူသည့်ချက်နည်းတစ်ခုဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ….

10 comments

  • ဆူး

    November 22, 2010 at 10:52 am

    အုန်းထမင်း ဝင်ပြီး စားသွားပါတယ်။ အအီပြေလေး တခုခု ထပ်လုပ်အုန်းနော်.. ရင်ပြည့်တယ်။

  • weiwei

    November 22, 2010 at 11:01 am

    အအီပြေကိုတော့ လိမ်မော်သီးပဲ စားလိုက်တယ် …

  • ဆူး

    November 22, 2010 at 11:19 am

    အား….. သွေးတက်တော် မူတယ်.. ဘာလုပ်ရမလဲ.. ခေါင်းတော်တွေ မူးတော်မူတယ်.. လောကကြီး တခုလုံး လည်ပတ်တော်မူနေတယ်… တက်ဆေးပြီးရင် ကျဆေး တော့ ပေးပါအုန်း.. အမတော်… အမတော်… ရဲ့….

  • weiwei

    November 22, 2010 at 11:24 am

    ဒီလို မူးတာတော့ သွေးရိုးသားရိုး မဖြစ်နိုင်ပေဘူး … ရွာထဲက သမားတော်တွေ အမြန်ပင့် .. ချက်ခြင်း ကုသတော်မူပါ ညီမတော် …

  • ဆူး

    November 22, 2010 at 11:28 am

    သွေးရိုးသားရိုး မဟုတ်ဆို.. အမတော် အုန်းထမင်း စားတော် မူတယ်လေ.. အုန်းထမင်း စားတော်မူပြီး ၁နာရီ အတွင်း ဇာတိပြလာလို့… ဘုန်းကနဲ မလဲခင် အမတော်ကို အသိပေးလိုက်တာပါ အမတော်…

  • kopauk mandalay

    November 22, 2010 at 4:32 pm

    အဲဒါစိတ်ကဖြစ်တာ ထင်တာဘဲ။ဘူးထဲမှာပါတဲ့ အုန်းသီးက အနံ့ဘဲပါတယ်လို့ ကြားဘူးတာဘဲ။
    ဖောက်တော့ မစားဘူးဘူး ။
    ဝေမမရေ သူများပြောတာမယုံဘူး။
    ညည်းပြောမှယုံမှာ။

  • weiwei

    November 22, 2010 at 4:38 pm

    အုန်းရည်က တံဆိပ်အမျိုးမျိုးရှိတယ် … ကျွန်မဝယ်သုံးနေကျ အုန်းရေကတော့ တော်တော်ပျစ်ပြီး အရသာပါကောင်းတယ် … တစ်ဗူးကို ၉ ယွမ် .. ဗမာငွေ ၁၃၀ဝ ကျပ်လောက်ပေးရတယ် …
    ရန်ကုန်မှာတော့ ယိုးဒယားကလာတဲ့ အုန်းရည်ဗူးတွေ အမှုန့်ထုတ်တွေကို အလွယ်တကူသုံးကြတယ် …

    တရုတ်ပြည်က ပွဲတော်တစ်ခုမှာ အုန်းထမင်းနဲ့ကြက်သားဟင်းချက်ပြီး သွားရောင်းဖူးတယ် … အလွန်ရောင်းကောင်းပါကြောင်း …

  • kai

    November 22, 2010 at 9:25 pm

    ယူအက်စ်က အုန်းသီးဘူးတွေကတော့ .. တကယ်အုန်းသီးသုံးထားပါတယ်..။
    ဗူးထဲက ingredient ရေးထားတာ ဖတ်ကြည့်တော့ ..အစစ်တွေလို့ ပြောတာပဲ..။

    မဝေ …အုန်းထမင်းက အရောင်စပ်တာ ..တော်တော်လှသွားတာပဲ..။
    အုန်းထမင်းနဲ့ကြက်သားဟင်း..အလွန်ရောင်းကောင်းပါကြောင်း ..ဆိုထားတဲ့အတွက်…
    နောက်တခေါက်ဆို ကြက်သားဟင်းချက်ပြနော…။

  • ဆူး

    November 23, 2010 at 3:00 am

    မြန်မာ နိုင်ငံ က စတိုးဆိုင်ကြီးတွေမှာ အုန်းသီး ညှစ်ပြီးသား ရယ်ဒီမိတ်ဘူးတွေ ရပါတယ်။ အုန်းသီး အစစ်ပါ။ များများစားရင် သွေးတိုးတယ်။ ဆူးကတော့ သွေးမတိုးတတ်သေးပါဘူး။
    လူကြီးတွေ ရှိတော့ သိတတ်သော အားဖြင့် နောက်ထားတာပါ။ ဟုတ်တယ်မလား ဦးကြီး ဘကြီးတို့.. အသံပေးကြအုန်းလေ.. ဦးကြီး ဘကြီးတို့.. သွေးတိုးတတ်တယ် မဟုတ်လား..
    မြန်မာပြည်မှာ နေတဲ့ လူသာ မှန်ရင်တော့ အုန်းသီး တလုံး ညှစ်ပြီးသား မှ ၆၀ဝ ၇၀ဝ အလွန်ဆုံး ၈၀ဝ ပေါ့.. အုန်းကြီး အလုံးကြီးကြီး ဆိုတော့ အများကြီးရပါတယ်။ ရယ်ဒီမိတ်ကို ၂၀၀ဝ လောက်ပေးဝယ်တော့ဘူး။ မျက်စိရှေ့မှာတင် ကြိတ်ထားတာဘဲ ဝယ်သုံးတော့မယ်။ တာရှည်ခံဆေးတွေပါရင် ကြားထဲက အချောင် အသက်က တိုနိုင်သေးတယ် လို့ ကြားဘူးတာဘဲ။

  • weiwei

    November 23, 2010 at 3:09 am

    ဆူးလိုလူတွေများများရှိရင် နိုင်ငံ့စီးပွားရေး ဦးမော့လာနိုင်တယ် .. ကျန်းမာရေးကဏ္ဍလဲ ပိုတိုးတက်လာနိုင်တယ် … အုန်းသီးရည်ကတော့ တရုတ်ပြည်မှာ အစစ်မရှိလို့ … တခြားအစားအစာတွေကို တာရှည်ခံရယ်ဒီမိတ်များကို မစားဘူး … မည်သည့်အစားအစာကိုမဆို ကိုယ်တိုင်ခပ်လွယ်လွယ်လုပ်နည်းများဖြင့် လုပ်ကိုင်စားသောက်တယ် … ကျန်းမာရေးလဲစောင့်ရှောက်ရာရောက် .. ငွေကြေးလဲချွေတာရာရောက်တာပေါ့ …

Leave a Reply