ရန်ကုန်အနီး … မြို့နယ်အချို့ လက်ဖက်ရည်ဆိုင်များ DVB, VOA ပြခွင့်ပိတ်

fattyNovember 22, 20101min490

ရွှေပြည်သာတို့ ခရမ်း သုံးခွ …. အစရှိတဲ့မြို့နယ်များမှာရှိတဲ့ လက်ဘက်ရည်ဆိုင်တချို့မှာ ကိုယ့်ဆိုင်လာတဲ့ သူတွေရဲ့တောင်းဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်
ကိုကြည့်ချင်ကြတာရယ် ဘာတွေလုပ်နေလဲ ဘာတွေပြောလဲ သိချင်ကြတာကြောင့် … စလောင်းရှိတဲ့ဆိုင်တွေက ဖွင့်ပြကြတယ်ပြောပါတယ်။ အဲဒါကို ရဝတ ဥက္ကဌက
ဒီနယ်မြေမှာတော့ နိုင်ငံရေးတွေလုပ်နေကြပြီ မဖြစ်ဘူးဆိုပြီး မဝတ ကိုအကြောင်းကြား … မဝတ အမိန့်နဲ့ ပိတ်ခိုင်းပါတယ်တဲ့ဗျာ။

ကျနော်အရှည်ကြီးမပြောချင်တော့ပါဘူး … နိုင်ငံရေးမလုပ်ရ နားလည်အောင်မလေ့လာရဘဲနဲ့များ … ဘာကြောင့်ရွေးကောက်ပွဲ လုပ်ပေးနေတာလဲဗျာ …။ အဲဒီ ရဝတ က
ကြံ့ဖွတ်ကတဲ့ … ဥက္ကဌ ဖြစ်နေသူတွေကိုလေးစားပါတယ်။ ဒါပေမဲ့ လေ့လာကြပါအုံး … သူတို့ကိုလဲအပြစ်တော့ မပြောချင်တော့ပါဘူး… တခါက … ကျနော်အလုပ်လုပ်နေတုံးမှာ … တာဝန်အရ လူကြီးတချို့နဲ့တွဲပြီးလုပ်ရတယ် .. အကြာင်းက တပ်ချုပ်ကြီးလာမှာမို့ projector နဲ့ အကြာင်းအရာတခုကို ရှင်းလင်းဖို့လုပ်နေ
ကြတာ … မဟုတ်တာတွေဝိုင်းညာနေကြတာ … ကျနော့ကိုတော့ပြောပါတယ် ..ကျနော်တို့ မဆလ ခေတ်က အတွေးအခေါ်တွေကို မဖြောက်နိုင်သေးဘူးဗျာတဲ့ …။

ဒါကြောင့် ဦးနေဝင်းရဲ့သား ဖြိုးဝေဝင်းကိုယ်တိုင် ပြောပြီးပြီဘဲ … သူ့အဖေလိုမဖြစ်ကြပါစေနဲ့တဲ့ .. အောက်ကလဲဝိုင်းမညာကြနဲ့ အပေါ်ကလည်း အခြေအနေမှန်ကို
လေ့လာကြစေချင်ပါတယ်။ တိုင်းပြည်အတွက်ပါ …။