လက်ဘက်ရည်ဆိုင်များ DVB, VOA မပြရ

fattyNovember 22, 20101min26811

ရွှေပြည်သာတို့ ခရမ်း သုံးခွ …. အစရှိတဲ့မြို့နယ်များမှာရှိတဲ့ လက်ဘက်ရည်ဆိုင်တချို့မှာ ကိုယ့်ဆိုင်လာတဲ့ သူတွေရဲ့တောင်းဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်
ကိုကြည့်ချင်ကြတာရယ် ဘာတွေလုပ်နေလဲ ဘာတွေပြောလဲ သိချင်ကြတာကြောင့် … စလောင်းရှိတဲ့ဆိုင်တွေက ဖွင့်ပြကြတယ်ပြောပါတယ်။ အဲဒါကို ရဝတ ဥက္ကဌက
ဒီနယ်မြေမှာတော့ နိုင်ငံရေးတွေလုပ်နေကြပြီ မဖြစ်ဘူးဆိုပြီး မဝတ ကိုအကြောင်းကြား … မဝတ အမိန့်နဲ့ ပိတ်ခိုင်းပါတယ်တဲ့ဗျာ။

ကျနော်အရှည်ကြီးမပြောချင်တော့ပါဘူး … နိုင်ငံရေးမလုပ်ရ နားလည်အောင်မလေ့လာရဘဲနဲ့များ … ဘာကြောင့်ရွေးကောက်ပွဲ လုပ်ပေးနေတာလဲဗျာ …။ အဲဒီ ရဝတ က
ကြံ့ဖွတ်ကတဲ့ … ဥက္ကဌ ဖြစ်နေသူတွေကိုလေးစားပါတယ်။ ဒါပေမဲ့ လေ့လာကြပါအုံး … သူတို့ကိုလဲအပြစ်တော့ မပြောချင်တော့ပါဘူး… တခါက … ကျနော်အလုပ်လုပ်နေတုံးမှာ … တာဝန်အရ လူကြီးတချို့နဲ့တွဲပြီးလုပ်ရတယ် .. အကြာင်းက တပ်ချုပ်ကြီးလာမှာမို့ projector နဲ့ အကြာင်းအရာတခုကို ရှင်းလင်းဖို့လုပ်နေ
ကြတာ … မဟုတ်တာတွေဝိုင်းညာနေကြတာ … ကျနော့ကိုတော့ပြောပါတယ် ..ကျနော်တို့ မဆလ ခေတ်က အတွေးအခေါ်တွေကို မဖြောက်နိုင်သေးဘူးဗျာတဲ့ …။

ဒါကြောင့် ဦးနေဝင်းရဲ့သား ဖြိုးဝေဝင်းကိုယ်တိုင် ပြောပြီးပြီဘဲ … သူ့အဖေလိုမဖြစ်ကြပါစေနဲ့တဲ့ .. အောက်ကလဲဝိုင်းမညာကြနဲ့ အပေါ်ကလည်း အခြေအနေမှန်ကို
လေ့လာကြစေချင်ပါတယ်။ တိုင်းပြည်အတွက်ပါ …။

11 comments

  • နေ ဘုန်းလျံ

    November 22, 2010 at 3:43 pm

    ဦးဖက်တီးရေ ဒီသတင်းလေးတွေ က မဆိုးဘူးမှို့ Nikon D7000 ကြီးများတောင် Zoom 200mmf/2GED VR II နဲ့ ဝယ်ပေးချင်တဲ့ စိတ်ဖြစ်သွားတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 23, 2010 at 3:27 am

    (ဦးနေဝင်းရဲ့သား ဖြိုးဝေဝင်းကိုယ်တိုင် ပြောပြီးပြီဘဲ … သူ့အဖေလိုမဖြစ်ကြပါစေနဲ့တဲ့ .. အောက်ကလဲဝိုင်းမညာကြနဲ့ အပေါ်ကလည်း အခြေအနေမှန်ကို
    လေ့လာကြစေချင်ပါတယ်) ဆိုတော့
    ဦးနေဝင်းက တိုင်းပြည်ကို ကောင်းအောင်လုပ်တာ အောက်လက်သားတွေဝိုင်းလိမ်လို ့ခံလိုက်ရတယ်လို ့
    သူ ့အဖေကို သူ ရီကာဗာ ပြန်လုပ်တယ်လို ့ရော မြင်ကြည့်လို ့မရနိုင်ဘူးလား
    အဆိုးမြင်ဝါဒ ကိုလက်ကိုင်ထားတာတော့ဟုတ်ပါဘူးနော်
    ယ္ခု ဦးနေဝင်းရဲ ့ သမီးကိုယ်တိုင်ကိုက ဦးနေဝင်းရဲ ့ဓာတ်ပုံကြီးကို အိမ်ဦးခန်းမှာ အပီချိတ်ဆွဲထားပြီး
    (တစ်နေ ့ဒို ့အာဏာပြန်ရလာတဲ့တစ်နေ ့ကြရင်တော့)
    အဲ့ဒလိုဂျီး ကြိမ်းဝါးတာကို ထောက်ရှုခြင်းအားဖြင့်
    ထိုသူ၏ အဆိုသည် ရင်တွင်းဖြစ် ဟူ၍ ဖြစ်မည်မထင်ကြောင်းပါခင်ဗျား။

  • fatty

    November 23, 2010 at 4:42 am

    သားဆိုတော့လဲ အဖေက စောက်သုံးကိုမကျပါဘူးဗျာလို့ တော့ ဘယ်ပြောပါ့မလဲနော …။ အပေါ်မှာဘဲ ယစ်မူးနေတုံး
    အောက်ကလဲ ပင့်ကြတဲ့ အကျင့်ကို သတိပေးတာထင်ပါရဲ့ ။

  • fatty

    November 23, 2010 at 4:48 am

    ဒီမှာ point ပြည့်ရင် ဝယ်မယ်ဗျ။

  • တိုင်းပြည့်ကျေးဇူးရှင်အမောင်စစ်သည်

    November 23, 2010 at 6:19 am

    ခင်ဗျားတို့ကဘာကောင်တေလဲ နိုင်င့တော်အကျီးအကဲတေကိုပြောခြင်ရာပြောနေရအောင်
    ဘိုကျီးနေဝင်နဲ့လက်ရှိနိုင်ငံရေးက အခုဗိုလ်မူးချုပ်ကျီးဦးသန်းရွေရဲ့ကိစ္စပါ
    အဲဒီ DVB, VOA တေက မြေပော်မြေအောက်ဖျက်သမားတေကို အားပေးတယ်စိုတာ ခင်ဗျားမသိဘူးလား
    ဟိုးအပော်ကကောင်ကတော်တော်မိုင်ရိုင်းတာဘဲ ခင်းဗျားအဖိုးလောက်ရှိတဲ့ဗိုလ်ချုပ်ကျီးကို အဲ့လိုလုပ်ထားတော့
    ခင်ဗျားတို့ကတော်တော်ရင်ကျေးပါလား
    ဟိုအရူးကောင်ဂျပုကရော ခဗျားပဲုံစံနဲ့ ဘိုချုပ်ကျီးရဲ့ဒတ်ပုံက တူသလားတန်သလား
    အောက်တန်းကျတဲ့ကောင်တေ
    ဒီnayphonehlan နဲ့ဂျိုကောင်ငပုရဲ့ဒတ်ပုံကို ပြောင်းလဲပေးဘို့
    တောင်ဆိုပါတယ်

  • bigcat

    November 23, 2010 at 6:24 am

    သားမောင်စစ်သည်ဆိုတဲ့ကောင် သိပ်မရိုးဘူး။ မဟုတ်မလွဲရော ကိုအောင်ပုများ ဝင်နှောက်နေသလား။

  • တိုင်းပြည့်ကျေးဇူးရှင်အမောင်စစ်သည်

    November 23, 2010 at 7:02 am

    ဟုတ်တယ်ကျပ်မိုက်ကယ်ေဂျာ်နီအောင်ဘုဘဲဘာဖြသ်လဲ

  • char too lan

    November 23, 2010 at 7:17 am

    ရှာ 123 နဲ့ဖအေမတူ အမေကွဲလားမသိဘူးနော် မရိုးတာတော့အမှန်ပဲ ဦးကြောင်ကြီးရေ~~ ဖြိုးလို ကြောင်ကြီးကြောက်ကြောက် ကဗျာတစ်ပိုဒ်လောက်ချီးမြှင့်ပါအုံးလားဗျာ 😉

  • kai

    November 23, 2010 at 7:24 am

    DVB, VOA, BBC, RFA တွေကို လူမကြည့်စေချင်ရင် …တော်တော်လွယ်ပါတယ်..။
    သူတို့လွှင့်မဲ့သတင်းတွေ ..ပြည်တွင်းက တီဗီမှာ ကြိုလွှင့်လိုက်ပေါ့..။
    အခုဆို ..ပုဂ္ဂလိကလက်ထဲ..တီဗီချာနယ်တွေအများကြီး.. ခွင့်ပြုနေတယ်ဆိုတော့လေ..။

    ဒါလေးများ..။ 🙂

  • ဆူး

    November 23, 2010 at 8:00 am

    ဒါလေးများ.. အဲဒိ ဌာနတွေ အပိုင်ဝယ်လိုက်လေ.. ပြီးရင် စီစစ်ရေးက လူတွေ ခွင့်ပြုမှ လွင့်ခိုင်းပေါ့.. ဒီလောက် လွယ်တာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 23, 2010 at 10:45 am

    ဪ…ဪ…ဪ
    ဂလိုလား
    ရပါတယ်

Leave a Reply