နှစ်ခေါက် ပြန် ရိုက်ရသော ခေါင်းစဉ်…..

နေ ဘုန်းလျံNovember 22, 20101min1043

ရေးချင်တာတွေ ရှိလာပြန်တော့လဲ ရေး ရဦးမည် အကြောင်းကား အမှန်တရားအတွက် သာပင် ရတနာပုံ ဝက်မှာဆိုရင် ရန်သူရောမိတ်ဆွေပါ သွားလာလို့ရနေတဲ့ နယ် စပ်တခုလို့ဖြစ်နေတော့ စစ်ဘက်ဆိုင်ရာ လူတွေ က၊တကယ်အမှန်တရားနဲ့ လွတ်လပ်ခွင့် ကို လိုလားတဲ့ သခင်ဘက် လိုက်ပြီး တဖက် သတ် မစဉ်းတတ်တဲ့ လူတွေကို တချို့post တွေက စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်ဖြစ်စေတာတော့ ရင် ခံတယ်..။
ပြောချင်တာက နိုင်ငံတကာမှာစစ်ဘက် က လွှတ်ထားတဲ့လူတွေ ဗလပွ မီဒီယာတွေမှာလည်းရှိပါတယ်..။ ဆိုချင်တာ အတိုက် အခံလွှင့်တဲ့ နေရာတွေမှာတောင် ရှိနေပါတယ်..။နောက် PR ပတ်ပလစ် ရီးလေးရှင်းတွေလုပ်နေတဲ့ DR ,,,တွေကလည်း US မှာ အနှံဘဲ စစ်ဘက်ကို အထောက်အကူပြုနေတာတွေ ကိုဆိုချင်တာ ..။အဆိုတော် တွေ အနုပညာ သမားတွေ ၊စီးပွားရေး သမားတွေ ကအစ စစ်ဘက် ကို အကြောင်းအမျိုးနဲ့ဆက်နွယ်နေတာတွေ ၊နောက် နိုင်ငံရေး အမည့်ခံလုပ်နေတဲ့ စစ်ဘက်က လူတွေ လှုပ်ရှားနေတယ်ဆိုတာသိလာနေရတော့ သတိထားရမဲ့ လဝတွေကို မီဒီယာပေါ်မတင်မိဖို့အရေးကြီးပါတယ်…။မြန်မာတွေ ဟာ ထမင်းတလုပ်အတွက်နဲ့တော့ စားဖါး မလုပ်သင့်တာတော့ အမှန်ပါ အမှန်က ဘယ်တော့ မှ မမှားပါဘူး၊ မှားနေတဲ့လို့ယူဆခဲ့ရင်တနေ့ အမှန်ပြန်ရမှာပါ..။စစ် ဘက် ကိုထောက် ခံတဲ့ လူတွေ က လည်း ဘလော့တွေ လုပ် ဆဲ ဘာထူးမှာလဲ..။ဘာလုပ်ရမှာလဲ ဆိုတာစဉ်းစား တနေ့အားလုံး မပေါင်း သရွေ့ ကိုယ့်လူမျိုးတွေ ဘယ်တော့မှ ဦးမော့လာမှာမ ဟုတ်ဘူး ကျွန်ခောတ်က ဖေါ်လံဖားအလုပ်တွေလိုနောက် ဂျပန်ခောတ်က အလိုတော်ရိတွေလို မဖြစ်ခြင်ကြပါနဲ့ စစ်ဘက် ကို အားမပေးလို ထမင်း ငတ်တယ် ဆိုရင်လဲ ခင်ဗျားတို့မိသားစုမှ မဟုတ်တာ ကျုပ်မိသားစုလည်း အတူတူ ငတ်တာပါဘဲ..။ တကယ်တော့ နအဖ လိုစစ် ဘက် ကထမင်းကြွေးအလုပ် ပေးနေတယ်လို့မြင်ရင် အမေရိကန်ဗွီးရှင်းမှာ မျက် မှန်တပ်ဖို့ဆရာဝန်ပြပါ..။ပြည်သူတွေပိုင်တဲ့ သယံဇာတတွေ ပြည်သူတွေဆီက ရှိတဲ့ အခွန် အခတွေ နဲ့ တိုင်းပြည်က လည်ပတ် နေတာပါ နအဖ အိတ်ကနေ ဆိုက်ပြီး ရဲဘော်တွေ အရာခံ အကြပ် တွေက ထမင်းစားနေ ရတာမဟုတ်ကြောင်းသိစေချင်မိပါတယ်..။တကယ် ဆိုရင် ကိုတိုင် ထိမှနာတတ်တာထက် စာရင် သူတပါးဒုက္ခရောက် တယ်ဆိုရင် လဲ တရားမျှမျှ တတ စဉ်းသားနှိုင်ဖို့ကလည်း အသိတရားရှိ ဖို့ကလည်း လိုလေတော့ အား ရိုင်းရိုင်းလေး နဲ့ အမြင် ဘွင်းကနဲပေါ်အောင်ပြောရရင် ကိုယ့် ကိုကိုယ် ချီးထုတ်ဖြစ်မှန်းမသိဖြစ်နေတာ..။ ဒီ လူတွေကို လောက မောဟ တွေက ကာကွယ်ထားတာ ကို…။ဂေဇက်ရဲ့ အများ စုက အမှန် တရား ကို လိုလားသူများဟု ဟုယုံကြည်မိပါသည်..။ထိုအတွက် ကြောင့် နအဖ ကောင်းကြောင်းတွေ ဖတ်ခြင်မှာမဟုတ်ကြောင်း ရေးသူများလည်း ရပ်တန့်ဖို့ ကောင်းပါသည် ဟု ဆိုပါရစေ….။အမှန် တရားအတွက် အမြဲတမ်း လေးစားလျှက်..။

3 comments

  • shwepyiaye

    November 22, 2010 at 7:54 pm

    မကောင်းတဲ့သူဆိုတာနေရာတိုင်း..လူမျိုးတိုင်း…တိုင်းပြည်တိုင်းမှာရှိပါတယ်ခင်ဗျ…
    ကိုယ်ရဲ့လက်ချောင်းတွေတောင်အတိုအရှည်မညီသေးတာပဲဗျာ….
    အဲ့မကောင်းတဲ့သူကိုသာလိုက်ရေးနေရရင်တော့ဆုံးမှာမဟုတ်ဘူး…
    ဒါပေမဲ့စိတ်မကောင်းဖြစ်ရတာကဗမာလိုရေးတဲ့ဝက်ဆိုဒ်တွေမှာ…
    တချို့တွေရေးတဲ့စာသားတွေက လူငယ်တွေမဖတ်သင့်တဲ့
    လမ်းမှားကိုပို့ပစ်မဲ့. ဆိုဒ်လောက်အဆင့်ပဲရှိတယ်..

  • နေ ဘုန်းလျံ

    November 23, 2010 at 12:13 am

    ရွှေပြည်အေး လို သိပြီးသားလူတယောက်အတွက် ဆိုရင် ဒီပိုစ့်က ပါးပါးလေးပါ.. ဒါပေမဲ့ မကောင်းတာ ကို မကောင်း ဘူးလိုပြောရမှာ က လောကနိယာမ တခုပါ မကောင်းတဲ့ လူတွေကို မသိခြင်ယောင် ဆောင်ပြီးနေ မယ် ဆိုရင် မကောင်းဘူးလို့ မသိသေးတဲ့ လူအတွက် က အန္တရယ် ဆိုတာ တေ့ာနားလည်ပေးသင့်တယ်..။လူ ဆိုတာ အမြင်တွေ ကွာနေ လို့ တွေးအခေါ်တွေအမျိုးမျိုးရှင် သန် လာကြတာ က မ္ဘာမြေကြီး တိုးတက် ဖို့ အတွက် ဆိုတာတော့ စဉ်းစားစေချင်တယ် အမှန် တရားကို အသုံးပြုရမယ်ဆိုရင် ယဉ်ကျေး မှု့တော့ နည်း နေ လိမ့်မယ် ဒါ
    ပေမဲ့ အဲတာဟာ အမှန်တရားဖြစ်နေတယ်ဆိုရင် ဘယ် လိုဆက် သွယ် မှာလဲ?နောက် ခင်ဗျားအနေ နဲ့ မပွင့်မလင်း ရေးမဲ့ အစား ဘယ် စာက ဘယ်လိုနိမ့်ကြနေတယ် ဆိုတာ ရှင်းလင်း အောင်ပြော သင့်တယ် ဝေ ဘန် ရေးသမားဆိုတာ အမှန် ကို တည့်ပေး နိုင်သလို ကုန်း ဆင်းတွေ ကိုလဲ ဆန္န ကြောင့် ဘီး တပ် နေ သလိုဖြစ်နေ နှိုင်တယ်….။

Leave a Reply