Black Friday weekend – RSS News
ယူအက်စ်မှာတော့ လူ၁၃၈သန်း အခုလာမဲ့ ဘလက်ခ်ဖရိုက်ဒေးမှာဈေးထွက်ဝယ်မယ်ဆိုပါတယ်..။ ယူအက်စ်က မြန်မာတွေလည်း ပေါချောင်ကောင်းများတွေ့ကြပါရင် သတင်းပေးကြစေလိုပါတယ်..။
ပုံမှန်ထက်ဈေးအများကြီးချတဲ့ အဲဒီလိုနေ့မျိုုးကို (အရောင်းမြင့်တင်ရေးအတွက်)မြန်မာတွေအတုယူပြိး မြန်မာ့ဘလက်ခ်ဖရိုက်ဒေး တရက်လုပ်သင့်ပါကြောင်း…[hungryfeed url=”http://news.google.com/news?pz=1&cf=all&ned=us&hl=en&q=black+friday&cf=all&output=rss”]
http://www.tigerdirect.com/email/wem2485.asp?SRCCODE=wem2485BY&cm_mmc=Email-_-Main-_-wem2485-_-tigeremail
ပင့်ခ်ဖရိုက်ဒေးတဲ့..
http://www.amazon.com/Black-Friday-After-Thanksgiving-Sale/b/ref=gbbf_stripe2?ie=UTF8&node=384082011&pf_rd_m=ATVPDKIKX0DER&pf_rd_s=goldbox-ads2&pf_rd_r=01KEJTG0KKQ4ANJHDPTX&pf_rd_t=701&pf_rd_p=1281545202&pf_rd_i=20
Was this answer helpful?
LikeDislikeအီလက်ထရွန်းနစ်ပစ္စည်းဆိုရင်တော့ Best Buy ပဲဗျို့……
Was this answer helpful?
LikeDislikeအခုထိ.. ဖလိုင်ယာ မထွက်သေးဘူးထင်တယ်..။ မတွေ့မိဘူး..။
Was this answer helpful?
LikeDislikeကိုခိုင်လည်း မန်းလေးဂေဇက်ကို ပရိုမိုးရှင်းလုပ်တဲ့အနေနဲက လာမဲ့သောကြာနေ့မှာတင်မဲ့ ပို့စ်တိုင်းကို ပွိုင့်၈၀ဝပေးမယ်လို့ ကြေငြာကြည့်လိုက်ပါလား။ အားပေးပါ့မယ်။
Was this answer helpful?
LikeDislikeဒီပို့စ်နဲ့တော့မဆိုင်ဘူး .. မြန်မာပြည်ကိုပို့တဲ့ တရုတ်ပစ္စည်း quality နဲ့ တရုတ်ပြည်တွင်းမှာသုံးတဲ့ပစ္စည်း quality ကွာတယ် … တံဆိပ်လဲတူ ပုံစံလည်းတူပြီး ဒီမှာ ဝယ်ရင် ပိုဈေးကြီးတယ် … promotion ဘယ်လောက်လုပ်လုပ် ဈေးကြီးနေတုန်းပဲ …
promotion လုပ်တဲ့ နည်းကလဲ အစုံပဲ …
Was this answer helpful?
LikeDislikeBlack Friday ၏သားကောင်များဖြစ်တော်မူကြကုန်သော…အချိုအချောင်ကိုမီးထွန်းရှာသောအလေ့အထကိုအထုံပါတော်မူကြကုန်သော..သကောင့်သား…Mandalay Gazette ဝင်များအားလုံး..ကိုခိုင်အပါအဝင်….အပေါင်းတို့…။
နိုင်ငံရေးအငြင်းအခုန်တို့ကိုခေတ္တဘေးချိတ်ကြပြီး…လာမည့် Thursady အတွက်သတင်းဖလွယ်ကြပါစို့…
best buy ကလောလောလတ်လတ် post တင်တာတွေ့လိုက်ရကြောင်းပါ…။
http://bestbuy.shoplocal.com/bestbuy/default.aspx?action=entryflash&
Was this answer helpful?
LikeDislike(အရောင်းမြင့်တင်ရေးအတွက်)မြန်မာတွေအတုယူပြိး မြန်မာ့ဘလက်ခ်ဖရိုက်ဒေး တရက်လုပ်သင့်ပါကြောင်း)(သတ်ပုံသတိထားစေခြင်ပါသည်)
ဆရာကြီးရယ်ကြည့်ပြီးတော့လည်းလုပ်ပါဦး
ဒေသကုန် ဓညင်းသီးအိုးစိမ်နဲ ့မျှစ်ချဉ် သစ်တိုသီးအိုးစိမ် တောင်လှိုင်လှိုင်မထွက်တော့တဲ့
(ကိုယ့်နိုင်ငံမှာ အုန်းသီးရှိတာတောင် သူများနိုင်ငံက အုန်းနို ့ရယ်ဒီမိတ်ကို ဝယ်စားနေကြရတဲ့ဘဝမှာ)
လွန်လေပြီးသော အိန္ဒိယနိုင်ငံ ၏ ခေါင်းဆောင်ကြီး ဂန္ဒီရဲ ့သဘောတွေကို တင်ပြရင်တောင် အကျိုးဖြစ်ပါလိမ့်မယ်လို ့တော့ပြောကြည့်တာပါ
သို ့မဟုတ်လို ့ကတော့ အရောင်းမြှင့်တာနဲ ့ပေါက်ဖော်ကြီးရဲ ့….ဒန်ဒန်ဒန်…..တန်
Was this answer helpful?
LikeDislikeအဲလိုနေ့မျိုးသာရှိလို့ကတော့ထွက်လာပါလိမ့်မယ် အစုတ်တွေ တနေ့က နာမည်ကြီးစတိုးဆိုင်တစ်ခုကနေ ဖိနပ်ဝယ်လာတယ် ဒီနေ့ရုံးကိုစီးလာတော့ လမ်းမှာပြတ်သွားတယ် ဖိနပ်ကိုင်ပီးရုံးအထိလျှောက်ခဲ့ရတယ် ခုလေးတင်ပဲ ဘိုကလေးဈေးနားကချုပ်ဆိုင်မှာ ချုပ်သွားချုပ်ထားခဲ့တယ် ပီးရင်ပြန်သွားယူရအုံးမယ် ကဲဘယ်လိုလုပ်ကြလဲ ပိုက်ဆံကိုအဲလိုလိမ်ယူမှရကြတော့မှာလား ????
Was this answer helpful?
LikeDislikeပြောချင်တာက..
ဘာသာရေးနွယ်တဲ့ ခရစ်စမတ်၊ ဘာလင်ိုင်းဒေးတွေမှာ အရောင်းမြှင့်တာနဲ့စာရင် … ဒီလိုကြီးတည့်တည့်ချတာက ပိုအတုခိုးဖို့မကောင်းဘူးလားလိုပပါ..။
ယူအက်စ်ရဲ့ .. အရောင်းမြင့်တင်ရေးမှာ အားသာချက်က .. ဝယ်တဲ့ပစ္စည်းကို ..ရီတန်း( ပြန်ပေး) လို့ရတာပါပဲ.။
မယုံရင် ကိုကြောင်ကြီးမေးကြည့်ပါလား…။
အသိမိတ်ဆွေတွေ အိမ်လာလည်ရင်..အိပ်ယာတွေစောင်တွေ..သွားဝယ်ပြီး ဧည့်သည်ပြန်မှ ..ဆိုင်ပြန်သွားပေးတာ..။
ဆိုင်ကိုလည်း … အဲဒါတွေနဲ့အိပ်တာ ..နှာခေါင်းယားလို့ဆိုပြီး တရားစွဲမယ်ဘာမယ်နဲ့ ခြိမ်းချောက်ခဲ့သေးတယ်..။
Was this answer helpful?
LikeDislikeပြန်ပေးရင် ဈေးနိမ်လား ဟင်
Was this answer helpful?
LikeDislikeသာမန်အားဖြင့်တော့ ငွေမနှိမ်ပါဘူး..။ ပေးထားတဲ့ငွေအကုန်ပြန်ပေးပါတယ်..။ တချို ့ဆို ၃လအထိ သုံးထားပြီး ပြန်ပေးလည်းရတယ်..။ ဗူးဖေါ့တော့ ပြန်ပါရမယ်ပေါ့..။
ပေါက်ပြဲ၊ ပျက်စီးနေရင်လည်း အကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ ပြောပြီး ငွေပြန်တောင်းရတာပေါ့..။
လက်ခံတဲ့ကောင်တာက ဝန်ထမ်းလည်း သူ့ငွေမှမဟုတ်တာ.. ပြီးပြီးရော ..ပြန်အမ်းတာတွေများပါတယ်..။
အဝတ်တွေဆိုရင်တော့ .. တွဲလောင်းချိပ်ထားတဲ့ဈေးနှုန်း တဂ်လေးကိုဖြုတ်လိုက်ရင် ဆိုဒ်အရွယ်မတူလို့လဲတာဆိုရင်တော့ ရပေမဲ့..ငွေပြန်လိုချင်ရင် တော်တော်ပြောရမယ်.။
စကားမစပ်..သတင်းတွေမှာ ..တောင်-မြောက် ကကြီးတွေပစ်ခတ်နေကြတာတွေ့လို့..။ စစ်များထဖြစ်နေကြသလားပဲ..
Was this answer helpful?
LikeDislikeဒါဆို ဆိုင်မှာ အသစ်ဝယ်လည်း အခန့် မသင့်ရင် သူများသုံးပြီးသား ဖြစ်နိုင်တာပေါ့.. ဟုတ်လား..
Was this answer helpful?
LikeDislikeွှအဲလိုဆို.. ပြန်ရီတန်းလုပ်လိုက်ပေါ့..။:)
နောက်တာပါ.။
ရီတန်းတွေကို .. ပြန်စစ်ပြိး refurbishedဆိုပြိး ဈေးနည်းနည်းချရောင်းတတ်တယ်..။ လျှပ်စစ်ပစ္စည်းတွေပြောပါတယ်..။
တချို ့ကတော့ ..ပါတဲ့ပစ္စည်းစာရင်းပြန်တိုက်ကြည့်ပြီး ..မှန်ရင်တိတ်နဲ့ထပ်ပိတ်ပြိးရောင်းတာပဲ..။Double Taped ဖြစ်နေတာပေါ့..။
ဝယ်ရင်.. ဗူးရဲ့တိပ်ဟာ ဒပ်ဘယ်တိပ်ဟုတ်မဟုတ်စစ်ပြိးဝယ်ပေါ့..။
Was this answer helpful?
LikeDislike