Black Friday weekend – RSS News

kaiNovember 22, 20101min19513

ယူအက်စ်မှာတော့ လူ၁၃၈သန်း အခုလာမဲ့ ဘလက်ခ်ဖရိုက်ဒေးမှာဈေးထွက်ဝယ်မယ်ဆိုပါတယ်..။ ယူအက်စ်က မြန်မာတွေလည်း ပေါချောင်ကောင်းများတွေ့ကြပါရင် သတင်းပေးကြစေလိုပါတယ်..။
ပုံမှန်ထက်ဈေးအများကြီးချတဲ့ အဲဒီလိုနေ့မျိုုးကို (အရောင်းမြင့်တင်ရေးအတွက်)မြန်မာတွေအတုယူပြိး မြန်မာ့ဘလက်ခ်ဖရိုက်ဒေး တရက်လုပ်သင့်ပါကြောင်း…[hungryfeed url=”http://news.google.com/news?pz=1&cf=all&ned=us&hl=en&q=black+friday&cf=all&output=rss”]

13 comments

  • shwepyiaye

    November 22, 2010 at 7:47 pm

    အီလက်ထရွန်းနစ်ပစ္စည်းဆိုရင်တော့ Best Buy ပဲဗျို့……

  • kai

    November 22, 2010 at 9:27 pm

    shwepyiaye:
    အီလက်ထရွန်းနစ်ပစ္စည်းဆိုရင်တော့ Best Buy ပဲဗျို့……  

    အခုထိ.. ဖလိုင်ယာ မထွက်သေးဘူးထင်တယ်..။ မတွေ့မိဘူး..။

  • bigcat

    November 23, 2010 at 2:30 am

    ကိုခိုင်လည်း မန်းလေးဂေဇက်ကို ပရိုမိုးရှင်းလုပ်တဲ့အနေနဲက လာမဲ့သောကြာနေ့မှာတင်မဲ့ ပို့စ်တိုင်းကို ပွိုင့်၈၀ဝပေးမယ်လို့ ကြေငြာကြည့်လိုက်ပါလား။ အားပေးပါ့မယ်။

  • weiwei

    November 23, 2010 at 2:39 am

    ဒီပို့စ်နဲ့တော့မဆိုင်ဘူး .. မြန်မာပြည်ကိုပို့တဲ့ တရုတ်ပစ္စည်း quality နဲ့ တရုတ်ပြည်တွင်းမှာသုံးတဲ့ပစ္စည်း quality ကွာတယ် … တံဆိပ်လဲတူ ပုံစံလည်းတူပြီး ဒီမှာ ဝယ်ရင် ပိုဈေးကြီးတယ် … promotion ဘယ်လောက်လုပ်လုပ် ဈေးကြီးနေတုန်းပဲ …
    promotion လုပ်တဲ့ နည်းကလဲ အစုံပဲ …

  • maungmoenyo

    November 23, 2010 at 2:48 am

    Black Friday ၏သားကောင်များဖြစ်တော်မူကြကုန်သော…အချိုအချောင်ကိုမီးထွန်းရှာသောအလေ့အထကိုအထုံပါတော်မူကြကုန်သော..သကောင့်သား…Mandalay Gazette ဝင်များအားလုံး..ကိုခိုင်အပါအဝင်….အပေါင်းတို့…။
    နိုင်ငံရေးအငြင်းအခုန်တို့ကိုခေတ္တဘေးချိတ်ကြပြီး…လာမည့် Thursady အတွက်သတင်းဖလွယ်ကြပါစို့…
    best buy ကလောလောလတ်လတ် post တင်တာတွေ့လိုက်ရကြောင်းပါ…။
    http://bestbuy.shoplocal.com/bestbuy/default.aspx?action=entryflash&

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 23, 2010 at 2:55 am

    (အရောင်းမြင့်တင်ရေးအတွက်)မြန်မာတွေအတုယူပြိး မြန်မာ့ဘလက်ခ်ဖရိုက်ဒေး တရက်လုပ်သင့်ပါကြောင်း)(သတ်ပုံသတိထားစေခြင်ပါသည်)
    ဆရာကြီးရယ်ကြည့်ပြီးတော့လည်းလုပ်ပါဦး
    ဒေသကုန် ဓညင်းသီးအိုးစိမ်နဲ ့မျှစ်ချဉ် သစ်တိုသီးအိုးစိမ် တောင်လှိုင်လှိုင်မထွက်တော့တဲ့
    (ကိုယ့်နိုင်ငံမှာ အုန်းသီးရှိတာတောင် သူများနိုင်ငံက အုန်းနို ့ရယ်ဒီမိတ်ကို ဝယ်စားနေကြရတဲ့ဘဝမှာ)
    လွန်လေပြီးသော အိန္ဒိယနိုင်ငံ ၏ ခေါင်းဆောင်ကြီး ဂန္ဒီရဲ ့သဘောတွေကို တင်ပြရင်တောင် အကျိုးဖြစ်ပါလိမ့်မယ်လို ့တော့ပြောကြည့်တာပါ
    သို ့မဟုတ်လို ့ကတော့ အရောင်းမြှင့်တာနဲ ့ပေါက်ဖော်ကြီးရဲ ့….ဒန်ဒန်ဒန်…..တန်

  • char too lan

    November 23, 2010 at 5:36 am

    အဲလိုနေ့မျိုးသာရှိလို့ကတော့ထွက်လာပါလိမ့်မယ် အစုတ်တွေ တနေ့က နာမည်ကြီးစတိုးဆိုင်တစ်ခုကနေ ဖိနပ်ဝယ်လာတယ် ဒီနေ့ရုံးကိုစီးလာတော့ လမ်းမှာပြတ်သွားတယ် ဖိနပ်ကိုင်ပီးရုံးအထိလျှောက်ခဲ့ရတယ် ခုလေးတင်ပဲ ဘိုကလေးဈေးနားကချုပ်ဆိုင်မှာ ချုပ်သွားချုပ်ထားခဲ့တယ် ပီးရင်ပြန်သွားယူရအုံးမယ် ကဲဘယ်လိုလုပ်ကြလဲ ပိုက်ဆံကိုအဲလိုလိမ်ယူမှရကြတော့မှာလား ????

    • kai

      November 23, 2010 at 6:57 am

      ပြောချင်တာက..
      ဘာသာရေးနွယ်တဲ့ ခရစ်စမတ်၊ ဘာလင်ိုင်းဒေးတွေမှာ အရောင်းမြှင့်တာနဲ့စာရင် … ဒီလိုကြီးတည့်တည့်ချတာက ပိုအတုခိုးဖို့မကောင်းဘူးလားလိုပပါ..။
      ယူအက်စ်ရဲ့ .. အရောင်းမြင့်တင်ရေးမှာ အားသာချက်က .. ဝယ်တဲ့ပစ္စည်းကို ..ရီတန်း( ပြန်ပေး) လို့ရတာပါပဲ.။
      မယုံရင် ကိုကြောင်ကြီးမေးကြည့်ပါလား…။
      အသိမိတ်ဆွေတွေ အိမ်လာလည်ရင်..အိပ်ယာတွေစောင်တွေ..သွားဝယ်ပြီး ဧည့်သည်ပြန်မှ ..ဆိုင်ပြန်သွားပေးတာ..။
      ဆိုင်ကိုလည်း … အဲဒါတွေနဲ့အိပ်တာ ..နှာခေါင်းယားလို့ဆိုပြီး တရားစွဲမယ်ဘာမယ်နဲ့ ခြိမ်းချောက်ခဲ့သေးတယ်..။

  • ဆူး

    November 23, 2010 at 7:53 am

    ပြန်ပေးရင် ဈေးနိမ်လား ဟင်

  • kai

    November 23, 2010 at 9:16 am

    သာမန်အားဖြင့်တော့ ငွေမနှိမ်ပါဘူး..။ ပေးထားတဲ့ငွေအကုန်ပြန်ပေးပါတယ်..။ တချို ့ဆို ၃လအထိ သုံးထားပြီး ပြန်ပေးလည်းရတယ်..။ ဗူးဖေါ့တော့ ပြန်ပါရမယ်ပေါ့..။
    ပေါက်ပြဲ၊ ပျက်စီးနေရင်လည်း အကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ ပြောပြီး ငွေပြန်တောင်းရတာပေါ့..။
    လက်ခံတဲ့ကောင်တာက ဝန်ထမ်းလည်း သူ့ငွေမှမဟုတ်တာ.. ပြီးပြီးရော ..ပြန်အမ်းတာတွေများပါတယ်..။
    အဝတ်တွေဆိုရင်တော့ .. တွဲလောင်းချိပ်ထားတဲ့ဈေးနှုန်း တဂ်လေးကိုဖြုတ်လိုက်ရင် ဆိုဒ်အရွယ်မတူလို့လဲတာဆိုရင်တော့ ရပေမဲ့..ငွေပြန်လိုချင်ရင် တော်တော်ပြောရမယ်.။

    စကားမစပ်..သတင်းတွေမှာ ..တောင်-မြောက် ကကြီးတွေပစ်ခတ်နေကြတာတွေ့လို့..။ စစ်များထဖြစ်နေကြသလားပဲ..

  • ဆူး

    November 23, 2010 at 9:21 am

    ဒါဆို ဆိုင်မှာ အသစ်ဝယ်လည်း အခန့် မသင့်ရင် သူများသုံးပြီးသား ဖြစ်နိုင်တာပေါ့.. ဟုတ်လား..

    • kai

      November 23, 2010 at 9:29 am

      ွှအဲလိုဆို.. ပြန်ရီတန်းလုပ်လိုက်ပေါ့..။:)
      နောက်တာပါ.။
      ရီတန်းတွေကို .. ပြန်စစ်ပြိး refurbishedဆိုပြိး ဈေးနည်းနည်းချရောင်းတတ်တယ်..။ လျှပ်စစ်ပစ္စည်းတွေပြောပါတယ်..။
      တချို ့ကတော့ ..ပါတဲ့ပစ္စည်းစာရင်းပြန်တိုက်ကြည့်ပြီး ..မှန်ရင်တိတ်နဲ့ထပ်ပိတ်ပြိးရောင်းတာပဲ..။Double Taped ဖြစ်နေတာပေါ့..။
      ဝယ်ရင်.. ဗူးရဲ့တိပ်ဟာ ဒပ်ဘယ်တိပ်ဟုတ်မဟုတ်စစ်ပြိးဝယ်ပေါ့..။

Leave a Reply