Black Friday – သောကြာမဲ နေ့ ( နိုဝင်ဘာ ၂၇)

kaiNovember 25, 20091min991

Black Fridayကို သောကြာမဲ နေ့ လို့ဗမာလိုဘာသာ ပြန်လိုက်ပါတယ်။ “မဲ”ဆိုတာကို …မဲပေါက်သလို သူခိုးဈေးနဲ့ ပေါပေါရတာကိုတင်စားချင်သလို အမဲရောင်အဖြစ်လည်းတင်စားနိုင်လို ့ပါ။

ဖီလာဒဲဖီးယားမှာ ကားတွေအရမ်းရှုပ်၊ ရဲတွေအလုပ်ရှုပ်သမို ့ ပေးထားတဲ့အမည်ကို အခုတော့ အမေရိကန်ပြည်ထောင်စုတခုလုံး(ဈေးကွက်စိတ်ဝင်စားမှုရှိကြသမို ့)တွင်တွင်သုံးနေကြပါပြီ။

အမေရိကရောက် မြန်မာတွေ အခုလာမဲ့ သောကြာမှာ ဈေးဝယ်ထွက်ကြပါ။Thanksgiving၊ နေ့ရဲ့ နောက်က သောကြာနေ့ဟာ သောင်္ကြာမဲနေ့ဖြစ်ပါတယ်။ သာမန်အားဖြင့် နိုဝင်ဘာ နောက်ဆုံး သောကြာနေ့ဖြစ်ပါတယ်၊ ဈေးသိသိသာသာ သက်သာပါတယ်။ မနက်စောစောတော့ ထပေါ့နော..။
အခုတော့ Best Buy ကသောကြာမဲနေ့အတွက် ဖလိုင်ရာတင်ပေးလိုက်ပါတယ်။

BB

Twitter – http://twitter.com/blackfriday

တခြားသိသူတွေလည်း သူခိုးဈေးနဲ့ရမှာလေးတွေ လက်တို ့ကြစေချင်ပါကြောင်း…။

အမေရိကရောက် မြန်မာများအတွက်သာဖြစ်ပါတယ်။ တခြားနိုင်ငံကလူတွေ ဈေးပေါတာများ အင်တာနက်မှာရှာတွေ့ရင် အမေရိကကမိတ်ဆွေ၊ ဆွေမျိုးတွေ ဝယ်ခိုင်းပေါ့ခင်ဗျား။။
အထူးလျှော့ဈေးနဲ့ ပစ္စည်းတွေက မနက် ၄နာရီလောက်ကတည်းက တန်းစီဝယ်ကြရတာတွေလည်းရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်က Walmart မှာ ဂိတ်တခါးအဖွင့်တိုးဝှေ့ကြတာမို ့လူတယောက် သေသွားဖူးပါတယ်။ အဲဒီလောက်အထိတော့ မကောင်းဘူးပေါ့နော။

ကျုပ်တော့ ကန်င်နွန် ဖြစ်ဖြစ် နိုက်ကွန်ဖြစ်ဖြစ် အက်စ်အယ်လ်အာ ကင်မရာတခုလောက်တော့ ရှာနေပါတယ်။
ဈေးပေါတာတွေ့ရင် ပြောကြပါဦး။

ပျော်ရွှင်ဖွယ် အားလပ်ရက်များဖြစ်ပါစေ။

One comment

  • Kelvin

    November 26, 2009 at 5:04 pm

    Fry’s Black Friday Sale! Starts 5AM on 11/27!
    22″ Acer LCD Monitor $99 + Free Printer After Rebate
    23″ Viewsonic LCD Monitor 1080P $120 AR
    Gateway Netbook (ATOM N270, 1GB, 160GB 10.1″ LCD) $177
    EVGA 8400GS FREE After Rebate
    Inland Dual Fan Notebook Cooler FREE After Rebate
    Bluetooth Mini Adapter FREE After Rebate
    2GB USB Drive FREE After Rebate
    Inland Wireless Mouse and Keyboard $4.99 After Rebate
    Xbox 360 Elite + 7 Games $300
    Nintendo Wii + 4 Games $200
    Samsung (??) 46″ LCD HDTV 1080P (60hz?) $684
    7″ Digital Photo Frame $19
    Samsung 46″ LED HDTV (120Ghz) 1.2inch thin $1600
    26″ Viore LCD Monitor w/DVD player $294
    Macbook Pro 13″ (2.26ghz) + iPod Touch 8GB $1199
    AMD Phenom II 240 + MSI Mobo $40 After Rebate
    LG Blu-Ray Disc Player $77 (Thanks proro1974)
    Samsung Color Laser Printer CLP-315 $68 (Thanks proro1974)
    Lite-On IHES108-29 Blu-Ray Combo Drive $70 (Thanks proro1974)

Leave a Reply