မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်

ဆူးNovember 23, 20101min23113

မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ???

မေတ္တာရှင် – ငါ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက –

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

သန်း – ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် – အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း – အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် – မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က –

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၄။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သနာ္တန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သနာ္တန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သနာ္တန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သနာ္တန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။ ပညာတတ်က သူတို့သနာ္တန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။

သန်း – အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် – ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း – တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် – အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။

~~~

၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ – ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ အကျိုးအပြစ်ကို ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက် ဝေမျှလိုက်တာပါ။

13 comments

  • fatty

    November 23, 2010 at 11:25 am

    ကောင်းလှပါ၏။ ကျေးဇူးတင်ပါ၏။ ကိုယ်ပိုင်အတွေးအခေါ်နှင့်ရေးတတ်သလောက်ရေးတာမျိုးလဲ အားပေးချင်လှပါ၏။

  • weiwei

    November 23, 2010 at 11:32 am

    အဘနီရေးတာနဲ့ တူနေတော့ ဖတ်ပြီးသားကြီး ပြန်ဖတ်ရသလိုတော့ ဖြစ်နေပါတယ် … ဒါပေမယ့် ထပ်ခါ ထပ်ခါ ဖတ်ပြီး ပြုပြင်သင့်တဲ့ စကားတွေမို့ ၂ ခါဖတ်ရတာလဲ အကျိုးရှိပါ၏ …

  • mandalaythar

    November 23, 2010 at 2:06 pm

    တရုပ်ပြည်မှာ သူတို့သုံးနေကျ ပြောနေတဲ့ စကားတစ်ခွန်းရှိတယ်။ ကြီးပွားချမ်းသာတဲ့ လူမှာ ၂ မျိုး ၂ စားရှိတယ်တဲ့။ ၁ မျိုးက အရမ်း smart ဖြစ်ပြီးတော်တဲ့သူတဲ့ နောက်တမျိုးက ကမ်းကုန်အောင် ရက်စက်ကြမ်းကုတ် ကောက်ကျစ်စဉ်းလည်းတဲ့ သူမျိုးတွေ ချမ်းသာတယ်တဲ့။

    အဲတော့ မြန်မာတွေ အဲဒီ ၂ မျိုးထဲ မပါဝင်လို့ပေါ့..။

  • zawana

    November 23, 2010 at 3:15 pm

    ပါတဲ့သူတွေလည်း အများကြီးရှိပါတယ်ခင်ဗျ။

  • ထက်ထက်

    November 23, 2010 at 4:48 pm

    ဘာပဲဖြစ်ဖြစ် အနှစ်ချုပ်ကြည့်ရင် အသိပညာ ဗဟုသုတ နဲလို့ .. အသိဉာဏ်ရှိအောင် ကြိုးစားလေ့ကျင့်လိုက်ရင် အထက်က အချက် (၁၁) ချက်လုံး ပြည့်စုံပြီး ချမ်းသာသွားကြလိမ့်မယ် … လူတိုင်း လူတိုင်းမှာ တာဝန်ရှိတယ် … အားလုံးနိုးထပြီး ကြိုးစားသင့်ပြီ ..

  • kai

    November 23, 2010 at 7:39 pm

    Theravada
    From Wikipedia, the free encyclopedia

    Theravada (Pāli: थेरवाद theravāda, Sanskrit: स्थविरवाद sthaviravāda); literally, “the Teaching of the Elders” or “the Ancient Teaching”, is the oldest surviving Buddhist school. It was founded in India. It is relatively conservative, and generally closest to early Buddhism,[1] and for many centuries has been the predominant religion of Sri Lanka (about 70% of the population[2]) and most of continental Southeast Asia (Cambodia, Laos, Myanmar, Thailand). Theravada is also practiced by minorities in parts of southwest China (by the Shan and Tai ethnic groups), Vietnam (by the Khmer Krom), Bangladesh (by the ethnic groups of Baruas, Chakma, and Magh), Malaysia and Indonesia, while recently gaining popularity in Singapore and the Western World. Today Theravada Buddhists number over 100 million worldwide, and in recent decades Theravada has begun to take root in the West[3] and in the Buddhist revival in India.[4]
    http://en.wikipedia.org/wiki/Theravada

    ထေရဝါဒဗုဒ္ဓဘာသာ အဓိကကိုးကွယ်တဲ့နိုင်ငံတွေက .. Sri Lanka, Cambodia, Laos, Myanmar, Thailand
    – ကမ္ဘာ့အဆင်းရဲဆုံးအုပ်စုဝင်ထဲပါတာက ..၄နိုင်ငံ။
    – ပြည်တွင်းစစ်အရှည်ဆုံးရှိတာက ၂နိုင်ငံ
    – အာဏာရှိသူက စစ်အာဏာရှင်ဖြစ်ပြီး လူအသတ်ခဲ့ဆုံးတွေရှိတာက ..၄နိုင်ငံ။
    – ကမ္ဘာမှာ စစ်တပ်ကအာဏာသိမ်းအကြိမ်အများဆုံးတိုင်းပြည်တခုက .. ၁နိုင်ငံ။
    – ဘုရင်ရှိနေဆဲတိုင်းပြည်က ..တနိုင်ငံ…
    ==========
    Mahayana
    From Wikipedia, the free encyclopedia
    Mahāyāna (Sanskrit: महायान, mahāyāna, literally the “Great Vehicle”) is one of the two main existing branches of Buddhism and a term for classification of Buddhist philosophies and practice. Mahāyāna Buddhism originated in India.

    In the course of its history, Mahāyāna Buddhism spread from India to various other Asian countries such as China, Japan, Vietnam, Korea, Singapore, Taiwan, Nepal, Tibet, Bhutan, and Mongolia. Major traditions of Mahāyāna Buddhism today include Zen/Chán, Pure Land, Tiantai, and Nichiren, as well as the Esoteric Buddhist traditions of Shingon and Tibetan Buddhism.
    မဟာယာနကိုးကွယ်တာအများစုရှိတဲ့တိုင်းပြည်တွေက ..
    China, Japan, Vietnam, Korea, Singapore, Taiwan, Nepal, Tibet, Bhutan, and Mongolia
    ကမ္ဘာ့အချမ်းသာဆုံးတိုင်းပြည်တွေထဲ… အနည်းဆုံး ၅နိုင်ငံပါတယ်..။ အတည်ငြိမ်ဆုံး၊ အငြိမ်းချမ်းဆုံးတိုင်းပြည်တွေပါတယ်.။ အလှူနိုင်ဆုံးတိုင်းပြည်တွေပါတယ်..။
    – ဘုရင်ရှိနေဆဲတိုင်းပြည်က ..တနိုင်ငံ…

    ဗုဒ္ဓဘာသာချင်းတူတူမို့ .. မြန်မာတွေ မဟာယာနကနေ..အများကြီးလေ့လာယူသင့်တယ်ထင်တာပါပဲ..။
    – ဘုရင်ရှိနေဆဲတိုင်းပြည်တွေက အုပ်စုတွေထဲအချမ်းသာဆုံးတွေဖြစ်နေတယ်…။
    တလောက မဟာယနလို့ထင်ရတဲ့…ဦးဇင်းတပါး ဒီမှာ တရုတ်စာတွေသင်ပေးနေခဲ့တယ်..။ အဲဒီဦးဇင်းဆီချည်းကပ်မေးနိုင်ရင်ကောင်းမယ်ထင်တာပါပဲ..။
    မြန်မာပြည်ထဲမှာတော့ ..မဟာယာနကို လုံးဝပိတ်ထားတာမို ့.. မြန်မာလိုစာအုပ်တွေမရှိသလောက်ရှားနေမယ်ထင်မိပါတယ်..။

  • ဆူး

    November 24, 2010 at 2:15 am

    မဟာယန ကိုရီးယားတော့ စစ်ဖြစ်နေပြီ။
    မဟာယန အတွေးအမြင်တွေကို တင်ပြနိုင်ရန် ကြိုးစားနေပါကြောင်း အချက်အလက်တွေ စုစည်းနေပါတယ်။ နောက် ထပ်တင်ပေးပါ့မယ်။

  • weiwei

    November 24, 2010 at 2:45 am

    တရုတ်ကတော့ ဘာသာမရှိတဲ့ ကွန်မြူနစ်ဝါဒနဲ့ တံခါးဖွင့် စီးပွားရေးစနစ်ကြောင့် ချမ်းသာနေတာ …
    ကျွန်မကတော့ ရုပ်ပိုင်းချမ်းသာတာထက် စိတ်ပိုင်းချမ်းသာတဲ့ ထေရဝါဒဗုဒ္ဓဘာသာကို နှစ်သက်တယ် … ဗမာပြည်မှာမွေးပြီး ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ခွင့်ရတာ ကံအကောင်းဆုံးလူသားလို့ပဲ သတ်မှတ်တယ် …

  • Zaw Tun

    November 24, 2010 at 4:44 am

    အလွန်ကောင်းတဲ့ အကြောင်းအရာဖြစ်ပါတယ်

  • naywoonni

    November 24, 2010 at 6:04 am

    ကျွန်တော်ကြားဖူးတာတစ်ခုရှိတယ်……
    ဆိုင်လာမဆိုင်လားတော့မသိဘူနော်……ကျွန်ေတော်တို့သူငယ်ချင်းတွေကြားမှာပြေနေကြစကား
    တစ်ခွန်းပါ……..”ချမ်းသားဖို့အကြောင်းအချိန်နှစ်ချိန်နဲ့ကိုက်ညီရင်ချမ်းသာနိုင်တယ်တဲ့……….
    အဲဒါကတော့ခောတ်ပျက်တဲ့အချိန်ရယ်…တိုင်းပြည်ပြန်လည်ထူထောင်တဲ့အချိန်ရယ် ……………”တဲ့
    လူတွေချမ်းသာဖို့အချိန်တိုင်းခောတ်ပျက်ပြီးအချိန်တိုင်းတိုင်းပြည်ပြန်လည်ထူထောင်နေရမလိုပဲနော်……..
    ဂိမ်းဆော့သလိုမျိုးပေါ့……………………..

  • moethidasoe

    November 24, 2010 at 6:12 am

    တခြားနိုင်ငံတွေ ကြီးပွားတာဟာ မဟာယနကြောင့် မဟုတ်ပါဘူး .. ဆူး ရေးထားတဲ့ အချက်တွေထဲက လိုက်နာခဲ့တဲ့ အချက်တွေ များလို့ပါ .. မြန်မာတွေ ဆင်းရဲကြတာလဲ ထေရဝါဒကြောင့် မဟုတ်ပါဘူး .. စိတ်ဓါတ် မှန်အောင် မထားကြလို့ .. ခေတ်အဆက်ဆက် နိမ့်ကျတဲ့ စိတ်ထားတွေကြောင့် .. (စနစ်တွေက တကယ် ကောင်းခဲ့ပါတယ် .. အကောင်အထည်ဖော်ရမယ့် စိတ်ဓါတ် ညံ့လို့ပါ) ..

  • bigcat

    November 24, 2010 at 6:29 am

    အန်တီဆူး ချမ်းသာသထက် ချမ်းသာလာရင် ကြောင်ကြီးကိုမမေ့ပါနဲ့။

Leave a Reply