ဆော် ဆော် ဆော်သာဆော်

လှေထိုးလွှတိုက် လူမိုက်အားပေးတဲ့ဗျ တစ်နေ ့ကလေ မြောက်ကိုရီးယားက ဆော်လိုက် လို ့ တောင်ကိုရီးယားတွေကြွသွားတာ အားလုံးသိမှာပေါ့နော ဆော်တာလဲဆော် ပေါ့နော တော်တော်ညံ့တဲ့တောင်ကိုရီးယားစစ်သူကြီး ကိုယ်က စစ်ရေးပြနေတဲ့ဟာ ကိုယ်ဒီလိုလုပ်လို ့ဟိုက ကိုယ့်ကို ဆော်ရင် ဘယ်လိုပြန်ဆော်ရမယ်ဆိုတာ အပြီး တွက်ထားပေါ့ ခုတော့အဲ့လိုမဟုတ်ဘူး စစ်ရေးပြနေတုန်း ဟိုက ချထည့်လိုက်တော့ အောင်မလေး လို ့အော်မငိုယုံတစ်မယ်ဘဲ ပြန်ထုတယ်ပြောပါတယ် အလုံးရှစ်ဆယ် ဆိုလား နှမြောလိုက်တာ ဘုံးတွေ တန်ဆောင်တိုင်မှာ ဗျောက်အိုးလုပ်ရောင်းလိုက်ရ လမ်းရချည်ရဲ ့ ခုတော့ညောင်းသွားပါပြီ နောက်တစ်ယောက်အသစ်တဲ့ သူကတော့ ဆားဗစ်ရှိတယ်ဆိုဘဲ အဲ့သည်မှာ ဒေါခွီးနေကြတာက တောင်ရွာသားတွေနဲ ့စစ်သားတွေလေ ပြန်ချမယ်ပေါ့ မြောက်တွေကတော့ ဒို ့စစ်အာဏာရှင်တွေလေသံဘဲ မျက်ခွက်ခပ်မာမာဘဲ။
အဲ့သည်မှာ လုံးဝမမျှော်လင့်တာ တစ်ခု ဖြစ်လာတယ်ဗျို ့ ကိုဘားမားက ဘယ်သူ ့ကိုမှ ဘာမှ မပြောဘူး တောင်ကိုရီးယားနဲ ့စစ်ရေး လေ့ကျင့်မယ်ဆိုပြီး ရွက်လှေ အကောင်ကြီး တစ်စင်းကို ချက်ချင်းပို ့လိုက်တယ် ကြည့်ရတာ မင်းဘာကောင်လည်း ငါဘာကောင်လဲပေါ့ အဲ့သည်ချိန်မှာ ပေါက်ဖော်ကြီး ဘာအသံမှ မထွက်ဘူးဗျို ့ ကြည့်ရတာ ကိုဘားမားက ခပ်တည်တည်နဲ ့လုပ်ချလိုက်တော့ ကြောင်သွားပုံရတယ် နောက်နှစ်ရက်လောက်နေတော့ ဒို ့ ရေမြောင်းထဲ သေးလာပန်းရင် ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ လေပြည်ထိုးနေတယ် ဟိုကတော့ဘာမှ မပြောတော့ဘူး။
ကိုဘားမားနဲ ့တောင်ရွာသားတွေကတော့ စစ်ရေးပြဖို ့ဆုံးဖြတ်ထားပြီးပုံရတယ် မြောက်ရွာသကြီးကတော့ ဒို ့ဖက်ကို ဆော်ရင် အပီးဖြဲမယ်ဆိုပြီး ကျိန်းနေလေရဲ ့အဲ့သည်မှာ အချောင်နှိုက်တဲ့ပေါက်ဖော် ဒီတစ်ခါမှ လူမိတာဘဲဗျို ့စစ်မတိုက်ရဲဘူးထင်တယ် တစ်ခါမှ အရေးပေး ဦးဆောင်ပြီး မလုပ်ဘူးတဲ့ နှစ်ဖက်ညှိုနှိုင်းရေးကို လုပ်မယ်ဆိုဘဲ ကိုယ်စားလှယ်တွေ ဘာတွေလွှတ်လို ့ပေါ့။
ဘာဆက်ဖြစ်မယ်ဆိုတာကတော့ စိတ်ဝင်စားလာပြီဗျို ့။

8 comments

  • bigcat

    November 28, 2010 at 6:31 pm

    သူတို့တိုင်းပြည် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်ရင် ကကြီးမလေးတွေကို ဝင်ဆွဲကြရအောင်လား။

    • etone

      November 29, 2010 at 5:22 am

      ကိုကြောင်ကြီးကလည်း နေ့နံတူ က ကြီးမတွေ ဝင်ဆွဲဖို့လုပ်နေပါလား ။ ဟိုက ကြောင်စွပ်ပြုတ်လုပ်သောက်လိုက်မှဖြင့် .. တကတည်းနော် ။

  • နေ ဘုန်းလျံ

    November 28, 2010 at 11:50 pm

    ပေါက်ဖေါ်ဆိုတာ သူများတွေ ပေါက် ပြဲ ကွဲ ထွက်မှ အကျိုးရှိတဲ့ ကောင်တွေဘဲ ဗျာ ဒီလိုပေါ့ အားသေး တဲ့ လူ ဆိုရင် ဒီကောင်တွေ ဖြဲချောက်တာ…

  • maungmoenyo

    November 29, 2010 at 2:40 am

    ပေါက်ဖေါ်တွေဘယ်နေရာရောက်ရောက်ကြီးပွားနေကြတာ၊ ထူးချွန်နေကြတာကြည့်။ အားကျစရာ၊ မနာလိုစရာ။ ချင်းတောင်လိုနေရာမျိုးတောင်ကုန်စုံဆိုင်ဆိုသူတို့ဘဲ။
    Obama အစိုးရအဖွဲ့က စွမ်းအင်ဝန်ကြီး Kevin Chu ဟာ နိုဗယ်လ်ဆုကို physics နဲ့ရတာပါ။ မိဘနှစ်ပါးစလုံးက First generation American-Chinese တွေပါ။ မိဘနှစ်ပါးစလုံးChemists တွေဖြစ်ပြီူအဖေက Nobel ဆုလျာထားခြင်းခံရသူဆိုကတည်းကခေသူမဟုတ်ဆိုတာကြည့်ပါ။ မွေးချင်းပေါက်ဖေါ် (၆) ယောက်ရှိပါတယ်။ မောင်နှစ်မတစ်ဦးချင်းဟာ အမေရိကားမှာ အနဲဆုံး (အနဲဆုံးနော်၊ ပိုချင်ပိုမယ်) PhD ဘွဲံကို(၁)ခုစီပိုင်ဆိုင်ကြတယ်လို့ဆိုပါတယ်။ interview တခုမှာ Steven Chu ကိုမေးပါတယ်။ ခင်ဗျားတို့မိသားစုစုံထမင်းဝိုင်းမှာ ဘာကိစ္စများဆွေးနွေးကြလဲလို့မေးတော့၊ သိပ္ပံပညာနဲ့မဆိုင်တဲ့ကိစ္စကိုအဓိကထားဆွေးနွေးကြတယ်ပြောပါတယ်။ သိပ္ပံပညာကိစ္စဆွေူးနွေးကြရင်ငြင်းလို့ခုတ်လို့ရန်ဖြစ်လို့မဆုံးလို့ဆိုပါတယ်။
    အဲ့ဒါသာကြည့်ပေါက်ဖေါ်များတော်ကြပုံ..။
    မောင်မိုးညိုလဲအားကျမခံ..ကြွားလိုက်ပါတယ်…ကျုပ်လဲအဝက်သားပါတယ်လို့…။ (သူများကိုရန်တိုက်ပေးပြီးဘေးကလက်ခုပ်လက်ဝါးတီးတဲ့ပြည်မကြီးကပေါက်ဖေါ်ကြီးတော့မဟုတ်ကြောင်းပါခင်ဗျား။)

  • မှော်ဆရာ

    November 29, 2010 at 3:27 am

    ကျွန်တော်ကတော့ ဘေးကကောင်တွေ ဝင်ရှုတ်နေတာ သဘောမကျဘူး
    တောင် နဲ့ မြောက်က ညီအကိုတွေပဲ။ အခြေအနေ မကောင်းတုန်းတော့
    ချမှာပေါ့ ၊ နှက်မှာ ပေါ့ ။ ဒါပေမယ့် ဘေးကကောင်တွေက ဒုတ်ယူမလား ၊ ဓားယူမလား၊ မင်းကိုချရင် ငါမခံဘူး မလုပ်နဲ့လေ။ အဲဒါ ပိုဆိုးတယ်။
    အဲဒါ ဗိုက်ငှားပြီး ဓားထိုးခံခိုင်းနေတာလို့ ထင်တယ်။
    ပြီးတော့ တောင်နဲ့ မြောက်ကို တည့်စေချင်ပြီ ။ သူတို့ ရုပ်ရှင်တွေ ၊ စစ်ကားတွေမှာ ပြန်လည်သင့်မြတ်ရေး သဘောတရားတွေ သနားလောက်အောင် တွေ့ရတယ်။
    ငါသာမှန်တယ်။ ငါ့ဦးဆောင်မှုနောက်က လိုက်ရမယ်ဆိုတဲ့ ခေါင်းဆောင်တွေကြောင့် အခုထိ အဲဒီလို ဖြစ်နေတယ်ထင်တယ်ဗျာ။။။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 29, 2010 at 4:48 am

    မှန်တယ်ဗျို ့
    ပေါက်ဖော်ကြီးက အစကတည်းက သူများကိစ္စမှာ ခိုးကြောင်ခိုးဝှက် ငိုစားရီစား နှစ်ဖက်စားထားတာ လေ
    လူရှေ ့သူရှေ ့မှာ အသံကောင်းဟစ်ပြီး နောက်ကွယ်မှာကမ်းကုန်အောင် ကောက်ကျစ်ထားတဲ့သူတွေဘဲ
    လွန်ခဲ့တဲ့ လတွေတုန်းကလည်း သူတို ့အပေါင်းပါတွေ ကြက်တစ်ခုန်အရောက် မြင်းတစ်ပြေး မြင်းနှစ်ပြေး
    ဒူးလေးတွေ ပြစ်ပြနေကြတဲ့အချိန် ကိုဘားမားက လကမ္ဘာ ကို ရေရှာတယ်ဆိုပြီး ဂဲနဲ ့ထုပြလိုက်တော့
    အားလုံးငြိမ်သွားကြတာကလား
    ဒုတိယကမ္ဘာစစ် တုန်းက မင်းတို ့လေးဂွတွေ ဂျင်ကလိတွေ ဘဲသုံးတတ်သေးတဲ့ ကောင်တွေ ကငါ့ကို လာဖြဲချောက်တာလား
    လို ့ပြပေးလိုက်ပုံလဲပါမယ်ထင်တယ်
    ဘာဖြစ်ဖြစ်ပါ ဒီစစ်ရေးပြမှု ့မှာ မြောက်က ဘယ်လိုတုံ ့ပြန်မယ်
    ရှရှား နဲ ့ယူရိုဂရုက ဘယ်လို ဝင်လာမယ်က အဖြေဖြစ်မှာပါ
    ပြောသာ ပြောတာပါ ဒီပွဲက မဖြစ်ပါဘူး
    တစ်ရုပ်တို ့တောင်တို ့က ဘဏ်ငွေကြေးထိခိုက်မှု ့တွေ သုံးသပ်တယ်ဆိုတော့
    ဥစ္စာရူးနေပုံရသေးတယ်
    သဘောကျတာက ဘယ်တုန်းကမှ ဖြန်ဖြေပေးဘို ့မလုပ်တဲ့ ပေါက်ဖော်က
    ကိုဘားမား ခပ်တည်တည်ကြီး လုပ်ချလိုက်တာကိုတော့ လန် ့သွားပုံရတယ်။

  • kopauk mandalay

    November 29, 2010 at 7:58 am

    ဗမာစကားပုံလှလှလေးရှိပါသဗျာ။
    ဘာတဲ့ ” နတ်ကရာ ကျီးမော့”တဲ့။
    အခုကျုပ်တို့လဲ အဲလိုဖြစ်နေပြီထင်တာဘဲ။
    ဘယ်နိုင်ငံကြီးက မှ ကျနော်တို့ ဆင်းရဲတဲ့နိုင်ငံတွေအပေါ် သူတို့အတွက် အကျိုးမရှိဘဲစေတနာထားမယ်မထင်ပါ။
    အခုလဲ သူတို့ လက်နက်တွေရောင်းရအောင်ရယ် အသစ်ထွင်ထားတာတွေကောင်းမကောင်းစမ်းချင်တာရယ်သိချင်လို့ စစ်ပွဲဖန်တီးတယ်လို့ ထင်ပါတယ်။

  • kai

    November 29, 2010 at 8:44 am

    လောလောဆယ်တော့ ..အဲဒီရွက်သင်္ဘောကြီးလွှတ်ခ ..ဂျပန်ဆီက .. တောင်ကိုရီးယားဆီက ဘီလီယံဆွဲချသွားပါပြီ။
    တရုတ်ကြီးကလည်း အားကျမခံ မြောက်ဆီက ဆွဲချပါလိမ့်မယ်..။ ဆွဲချစရာမရှိရင်တော့ ..လူတွေခေါ်ခိုင်းမှာပေါ့..။

    ဆိုတော့.. ဒီဂိမ်းပလေးက …
    မြန်မာပြည်ဖက် မရွေ ့လာရင် ကံကောင်းသေးတယ် ထင်မိတာပါပဲ..။

Leave a Reply