အိမ်ထောင်ရှင်လင် အာခံတွင်း မယား စေဖို့

သင့်တင့်မျှတအရသာနဲ့ချက်ပြုတ်

လတ်ဆပ်တဲ့ အစားအစာ အမြဲလုပ်

ထမင်းစားချိန်ဆိုရေချမ်းလေးကမ်းလို့

ယင်မနားအောင် လက်ကလေးလှုပ် တာမှ မယား တဲ့

အိမ်ထောင်ရှင်လင် ကိုယ်အရေပြား မယား ရံ စေဖို့

အဝတ်တွေလဲဖွေးအောင်လုပ်

အိမ်ထဲမှာလဲဖုံမရှုပ်

အိမ်သာမှာဆိုမွှေးနေအောင်လုပ် တာမှ မယား တဲ့

အိမ်ထောင်ရှင်လင် လက် မယား စေဖို့

အပြောဆိုအနေထိုင်သိမ်မွေ.အောင်ထား

အပျော်အပါးဆိုအွန်လိုင်းမှာတောင်မပွါးနဲ့

ပေါင်ပေါင် ခါးခါး ကာလာ တင်တာမများ

ပုရိသတွေကြား တင်ပါးရင်သားလုံအောင် ထားမှ မယား တဲ့

အိမ်ထောင်ရှင်လင် သွေးသား မယား စေဖို့

ဆေးပေးမီးယူအမြဲသတိထား

ခြေဆုပ်လက်နယ်ဆိုတာဝတ္တရား

အိပ်ရာဝင်ဆန္ဒအတူထားပေးတာမှ မယား တဲ့

အဲဒီလို အိမ်ထောင်ရှင်လင် ဆန္ဒမယားအောင်ဖြည်.စည်းပေးနိုင်လို့

မယားလို့တင်စား တာတဲ့ (ဟုတ်လားမသိ)

လင် ဆိုသည်မှာ ကို ဖတ်ကြည့်ချင်ရင် ဒီမှာရေးထားပါတယ်

http://myanmargazette.net/?p=34072

About ကြယ်လေး

ကြယ်လေး has written 44 post in this Website..

   Send article as PDF