မယား ဆိုသည်မှာ?

ၾကယ္ေလးNovember 23, 20101min1325


အိမ်ထောင်ရှင်လင် အာခံတွင်း မယား စေဖို့

သင့်တင့်မျှတအရသာနဲ့ချက်ပြုတ်

လတ်ဆပ်တဲ့ အစားအစာ အမြဲလုပ်

ထမင်းစားချိန်ဆိုရေချမ်းလေးကမ်းလို့

ယင်မနားအောင် လက်ကလေးလှုပ် တာမှ မယား တဲ့

အိမ်ထောင်ရှင်လင် ကိုယ်အရေပြား မယား ရံ စေဖို့

အဝတ်တွေလဲဖွေးအောင်လုပ်

အိမ်ထဲမှာလဲဖုံမရှုပ်

အိမ်သာမှာဆိုမွှေးနေအောင်လုပ် တာမှ မယား တဲ့

အိမ်ထောင်ရှင်လင် လက် မယား စေဖို့

အပြောဆိုအနေထိုင်သိမ်မွေ.အောင်ထား

အပျော်အပါးဆိုအွန်လိုင်းမှာတောင်မပွါးနဲ့

ပေါင်ပေါင် ခါးခါး ကာလာ တင်တာမများ

ပုရိသတွေကြား တင်ပါးရင်သားလုံအောင် ထားမှ မယား တဲ့

အိမ်ထောင်ရှင်လင် သွေးသား မယား စေဖို့

ဆေးပေးမီးယူအမြဲသတိထား

ခြေဆုပ်လက်နယ်ဆိုတာဝတ္တရား

အိပ်ရာဝင်ဆန္ဒအတူထားပေးတာမှ မယား တဲ့

အဲဒီလို အိမ်ထောင်ရှင်လင် ဆန္ဒမယားအောင်ဖြည်.စည်းပေးနိုင်လို့

မယားလို့တင်စား တာတဲ့ (ဟုတ်လားမသိ)

လင် ဆိုသည်မှာ ကို ဖတ်ကြည့်ချင်ရင် ဒီမှာရေးထားပါတယ်

လင် ဆိုသည်မှာ

5 comments

  • unclegyi1974

    November 23, 2010 at 12:30 pm

    လေးကြယ်ရေ ဦးအတွက်လဲတယောက်လောက်
    မှတ်ထားပေးစမ်းပါ

  • kopauk mandalay

    November 23, 2010 at 3:04 pm

    အဟုတ်မှတ်ပြီး ပွားလို်က်မှ ကြီးမှ ဒုက္ခတွေများနေအုံးမနော်

  • The Reds

    November 23, 2010 at 3:21 pm

    ဟီး ဟီး …. အဲ. လို မျိုး မ ယား ရှာ ထား အုန်း မ … ရှိ ပါ. မ လား တောင် မ သိ ဝူး ..

  • etone

    November 24, 2010 at 2:31 am

    နောက်မယားဆိုတာလည်း ရှိသေးတယ်…
    အဒေါ်တွေနဲ့ ကျိုက်ထီးရိုးသွားတုန်းက နောက်မယားရမယ် နောက်မယားရမယ်လို့ ကော်မလေးတွေအော်ရောင်းနေတော့ နားထဲတောင် ကန့်လန့်ဖြစ်သွားတယ် ဘယ်နှယ့်ဒီကောင်မလေး လင်လိုချင်တာ လူကြားထဲအော်ရသလဲပေါ့နော်… နောက်မှ မေးကြည့်တော့ ယားရင်ကုတ်တဲ့ သစ်သားနဲ့လုပ်တဲ့လက်ပုံစံတုတ်သေးလေးကို ပြောတာပါတဲ့ ။ ကိုယ်တွေသိထားတာတော့ ယားကုတ်လို့ခေါ်တာပေါ့ …
    အဲ့ဒီမှာတော့ လူတွေစိတ်ဝင်စားအောင် နောက်မယားဆိုပြီးအော်ရောင်းတာပေါ့ ..။ နောက်ကျောမယားအောင် ကုတ်ရတဲ့တုတ်လေးမို့လို့ နောက်မယားလို့ခေါ်တာပါတဲ့ … 😀

  • white

    November 24, 2010 at 3:41 am

    “ယောက်ျားရမယ်” ….. “ယောက်ျားရမယ်” ဆိုတာလည်း ရှိတယ်လေ။
    ကျွန်တော် တစ်ရက်က မြို့ထဲကနေပြန်လာတော့ မိုးချုပ်နေပြီ။ ကားဂိတ်တစ်ခုမှာ အမြန်ယာဉ်အနေနဲ့မောင်းတဲ့ ဒတ်ဆန်းကားလေးတွေနားမှာ အော်နေတာက “ယောက်ျားရမယ်” ….. “ယောက်ျားရမယ်” တဲ့။
    နောက်မှ မေးကြည့်လို့သိရတာက ကားစီးတဲ့ထိုင်ခုံတွေ ပြည့်နေလို့ နောက်က တွယ်စီးဖို့ ယောက်ျားလေးပဲ ရတော့မယ်လို့ ပြောတာတဲ့လေ။

Leave a Reply