ငါကွအမတ်၊ ယူထား ၆ ချက်

Good IdeaNovember 23, 20101min1487
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ – RNDP က ကျောက်တော်မြို့နယ် တိုင်းဒေသကြီးအမတ် ဦချမ်းငြိမ်းဟာ ဒီလ ၁၆ ရက်နေ့တုန်းက  ပုလင်းနဲ့ထုခံရ. ၆ ချက်ချုပ်လိုက်ရတယ်လို့ ထိုင်းအခြေစိုက် VOA သတင်းထောက် (ကျနော့် သူငယ်ချင်း) က ပြောပါတယ်။

ဦးချမ်းငြိမ်းက လက်ဘက်ရည်ဆိုင်ဖွင့်ထားပါတယ်။ ၁၆ ရက်နေ့ကပဲ ဆိုင်နားမှာ လူငယ်တွေ သောင်းကြမ်းနေကြတာကို သူက သွားကြိမ်းတယ်တဲ့။ “ဟေ့ကောင်တွေ ငါအမတ်နော်. မင်းတို့ ရုတ်ရုတ်မလုပ်နဲ့”လို့ သူစိတ်ရှိသလို ပြောဆိုကြိမ်းမောင်းပြီးသကာလ နောက်လှည့်လိုက်တာနဲ့ ချာတိတ်တွေက ပုလင်းနဲ့ ဆော်လိုက်တာ. ၆ ချက် ချုပ်လိုက်ရတယ် ဆိုပါရောလား။

“ငါကွအမတ်၊ ယူထား ၆ ချက်” ဟ။

အားလုံးကိုလေးစားလျက်

Good Idea

7 comments

  • KoNyeinChan

    November 23, 2010 at 12:30 pm

    ဝူး.. တော်သေးတယ် နာမည်ချင်း ပြောင်းပြန်ဖြစ်နေလို ့.. Good Idea ရေ အဲ့ဒီအမတ်နာမည်ပြန်မပြောင်းနဲ ့နော်..

  • kai

    November 23, 2010 at 10:04 pm

    အမတ်တွေဆိုတာ .. လူထုရဲ ့ကိုယ်စားလှယ်အခိုင်းခံတွေဆိုတာ ..
    ဒီလိုနဲ့ … အခြေခံကစလို့ ပြောင်းလဲနားလည်လာကြမယ်ထင်ပါတယ်..။
    လက်ပါနေတာတော ့.. အရှိန်နည်းနည်းလွန်တာပေါ့..။
    အဲဒီအမတ် လွှတ်တော်ထဲရောက်ရင် .. တခြားအမတ်တွေကို လက်သွားပါနေမှ . ထိုင်ဝမ်လွှတ်တော်လို ဖြစ်နေဦးမယ်..။ 🙂

  • photwenty

    November 24, 2010 at 2:39 am

    ထိုင်ဝမ်လွှတ်တော်ဆိုတာဘယ်လိုလဲ လူအများနားလည်အောင်ရှင်းပြပေးပါအုံးဗျာ
    အဲ.လိုကြီးတန်းလန်းထားခဲ.လို.ဘယ်ကောင်းပါ.မလဲ

  • Zaw Tun

    November 24, 2010 at 4:54 am

    ကို်ယ်စားလှယ်ဆိုတာကို သဘောမှ မပေါက်ကြတာကိုး။

  • char too lan

    November 24, 2010 at 5:07 am

    ကျနော်လဲ လမ်းထဲကရပ်ကွက်လူကြီးကို
    အဲလိုလေးတစ်ချက်လောက်ကစ်ချင်နေတာ 😉

  • satan137

    November 24, 2010 at 5:25 am

    အမတ်တောင် ၆ ချက်ဆိုရင်တော့ …ကျန်တာတွေမတွေးရဲတော့ပါဘူး

Leave a Reply