ဆော်ဒီသို့ တင်ပို့သော ဆိတ်သားများ reject ထိ

fattyNovember 29, 20101min16312

မြန်မာနိုင်ငံမှ ဆော်ဒီသို့ လွန်ခဲ့သောလက တင်ပို့ခဲ့သော ဆိတ်သားများ ကွန်တိန်နာ ၃ လုံး
ကို လက်မခံနိုင်လို့ ဖျျက်ဆီးပြစ်ရမလား(သို့) ပြန်လည်ပို့ပေးရမလား ဟု အမေးခံရကြောင်း
တင်ပို့သည့်ကုမ္ပဏီ GRAND WIN မှ သိရပါသည်။ အဆိုပါကုမ္ပဏီသည် ဆိတ်သားများ တင်ပို့နေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ယခုကဲ့သို့ မကြုံဖူးခဲ့ကြောင်း။ တင်ပို့သည့်ဆိတ်သားများမှာလည်း ဟာလာလုပ်ပြီးသည့် ထောက်ခံချက်အပြည့်အစုံပါ
ဝင်ကြောင်းသိရသည်။ (ဟာလာ လုပ်ပြီးသည့် ထောက်ခံချက်ကို ဗလီဆရာများ အဖွဲ့မှ
ထောက်ခံခြင်းဖြစ်သည် ) ပို့ကုန်အတွက်ငွေကြိုတင်ရရှိပြီးဖြစ်ရျ် တင်ပို့သူဘက်မှ လက်ငင်းနစ်နာမှုမရှိသော်လည်း … customer ဆုံးရှုံးမှုဖြစ်မှာစိုးရိမ်နေကြာင်းသိရသည်။
ဆော်ဒီ ဘက်မှ reject လုပ်ရသည့် အကြောင်းပြချက်ကိုယခုထိ မသိရသေးပေ။

12 comments

  • ဆူး

    November 29, 2010 at 3:24 am

    ရေခဲ ရိုက်ပြီး ပြန်သယ်.. ဒီမှ ဆိတ်သားခြောက် လုပ်ပြီး ပြန်ရောင်း..
    ဆိတ်သား အမွကြော် ဆိတ်သား အကြွတ်ကြော် စုံနေအောင် လုပ်လို့ရတယ်

  • etone

    November 29, 2010 at 4:07 am

    မဆူး မယုံဘူး လုပ်ပြ မြည်းကြည့်မယ် 😀

  • thidar

    November 29, 2010 at 4:07 am

    ဒီသတင်းထွက်လာတော့ Grand Win အနေနဲ့ နည်းနည်းတော့ သူများပြောစရာဖြစ်သွားတာပေါ့နော်.

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 29, 2010 at 4:32 am

    (ဆော်ဒီ ဘက်မှ reject လုပ်ရသည့် အကြောင်းပြချက်ကိုယခုထိ မသိရသေးပေ)
    အကြောင်းပြချက်သိပြီးမှ ရီအက်ရှင်(ဟုတ်မဟုတ်တော့တိဝူးခေတ်မှီအောင်ဘိုလိုဆော်လိုက်တာ 🙂 ) လာမယ်ထင်တယ်။

  • bigcat

    November 29, 2010 at 5:49 am

    ကျနော်တို့ဆီမှာ ဆိတ်သားဈေးကြီးတယ်ဗျ။ ဟာလာဆိတ်သား လတ်လတ်ဆတ်ဆတ် တပေါင်ကို ၅ဒေါ်လာကျော် ပေးရတယ်။ ရေခဲရိုက်ပြီးသား အဆီအသားအရိုး ရောလျက်သားဆိုရင်တော့ ပေါပါတယ် ၂ဒေါ်လာကျော်လောက်ပဲ ရှိတယ်ထင်တယ်။

    • kai

      November 29, 2010 at 8:08 am

      ကိုကြောင်ကြီးဆိုလိုချင်တာက .. ရေခဲရိုက်ပြီးသား အဆီအသားအရိုး ရောလျက်သားတပေါင် ၇၅ဆင့်နဲ့ ယူအက်စ်အရောက်ဆို ဝယ်ယူပါမည့်အကြောင်း။

  • ဆူး

    November 29, 2010 at 6:18 am

    ဆိတ်သားကတော့ မဆလာ နိုင်မှ စားကောင်းတာ..

  • ဆူး

    November 29, 2010 at 9:04 am

    ပြောလို့သာ ပြောတာ အသားထဲမှာ ဝက်သား အမဲသား ကြက်သား ငါး တို့ထက် ဆိတ်သားက ဈေးအကြီးဆုံးဘဲ။

  • KoNyeinChan

    December 2, 2010 at 2:43 am

    ဆူးရေ.. လူအတော်များများက ဆိတ်သားစားကောင်းတယ်လို ့ထင်ထားတာ.. ကြောင်သားက ပိုစားကောင်းတယ်.. တရုတ်တို ့ ဗီယက်နမ်တို ့မှာဆို အရမ်းဈေးကြီးဆိုဘဲ.. BigCat ကြီးကို စမ်းချက်ကြည့်ပါလား ကြောင်သားအရသာဘယ်လိုလဲလို ့.. 😀 😛

  • bigcat

    December 2, 2010 at 5:33 am

    ကြိုပြောထားမယ် ကျုပ်အသားကို ချက်စားမယ်ဆိုရင်တော့ ဆေးခြောက်မထည့်နဲ့နော်၊ နဂိုထဲက ဆေးခြောက်ဝ နေတဲ့အသားမိုလို့။

  • ဆူး

    December 2, 2010 at 1:05 pm

    ဆေးခြောက် ထည့်ချက်ရင် ကြားဘူးတာလေး ဝင်ပြောအုန်းမယ်။
    ဆေးခြောက်ထည့်ချက်ရင် အသားဘဲ စားပြီး ဆေးခြောက် အဖတ်လွတ်ပစ်တယ်လို့ ပြောတယ်။ အဖတ်စားရင် ဘယ်လို နေမလဲ ဆိုပြီး စားဘူးတဲ့ လူငယ်နှစ်ယောက် ပြောတာကတော့.. စားပြီး ကတည်းက အရူးလိုဘဲ.. ရီချင်နေတယ်.. ညနေစောင့် နေလုံးကြီးကိုကြည့်ရင် နေလုံးက ကြီးလိုက်သေးလိုက်.. ဘာမြင်မြင် ရီချင်နေတာဆိုဘဲ.. ဆိုးလွန်းလို့.. လူကြီးက အိပ်ဆေးတိုက်ပြီး အိပ်ခိုင်းလိုက်ရတယ်တဲ့.. နောက်တနေ့ မိုးလင်းတော့ ခေါင်းတွေ အသေကိုက်တယ် ဆိုလားဘဲ.. စားဘူးတဲ့ လူတွေ ဘယ်လိုနေလဲ ပြောကြပါအုန်း။

Leave a Reply