အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ် ခံထားရသည့် အဆောက်အအုံများနှင့် ပတ်သက်၍ အသနားခံလွှာ တင်ပြခြင်းကို လက်မခံကြောင်း ကြေညာ

BayoteApril 6, 20101min735

ရန်ကုန်မြို့ရှိ အန္တရာယ်ရှိအဖြစ်သတ်မှတ်ခဲ့ပြီးသော အဆောက်အအုံများတွင် ဆက်လက်နေထိုင်မှုမှ ဖယ်ရှားပြီး အဆောက်အအုံများတွင် ဆက် လက်နေထိုင်မှုမှ ဖယ်ရှားပြီး အဆောက်အအုံ၏ သော့များအား လာရောက် အပ်နှံရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ နေထိုင် သူများကို အသိပေးချက်ထုတ်ပြန်ထားကြောင်းသိရှိရသည်။ ရန်ကုန်မြို့တွင်းရှိ ချို့ယွင်းပျက်စီးမှုများပြားသည့် အန္တရာယ်ရှိ အဆောက်အအုံများ သည် အန္တရာယ်ရှိသောကြောင့် သုံးရက်အတွင်းဖယ်ရှားရန် သက်ဆိုင်ရာအဆောက်အအုံနေသူများထံသို့

နှိုးဆော်စာများကို ပေးပို့ခဲ့ပြီး ဖြစ် ကြောင်းလည်း သိရသည်။ အဆိုပါအဆောက်အအုံများတွင် နေထိုင်သူများသည် အခန်းမှ ဖယ်ရှားပြီး အင်ဂျင်နီယာဌာန (အဆောက်အအုံ) စီမံချက်ဌာနခွဲသို့ သော့များ အပ်နှံရမည်ဖြစ်ကြောင်းသိရသည်။ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့ပြီးသော အဆောက်အအုံများကို သက်ဆိုင်ရာ ကန်ထရိုက်တာများက ဖြိုဖျက်၍ အသစ်ပြန်လည်ဆောက်လုပ်ရာတွင် အချို့မှာတစ်နှစ်နီးပါးကြာမြင့်မည်ဖြစ်ပြီး အချို့မှာတစ်နှစ်ခွဲအထိ ကြာမြင့် သည်များလည်း ရှိကြောင်း၊ သို့သော်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကမူတစ်နှစ်ခွဲခန့်ဖြင့် အဆောက်အအုံများကို အပြီး ဆောက် လုပ်၍ မူလ နေထိုင်သူများကို ပြန်ပေးရန် ညွှန်ကြားထားသည်ဟု ကန်ထရိုက်တာ တစ်ဦးကဆိုသည်။ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံပြိုကျ၍ နေထိုင်သူများသေဆုံးခဲ့သည့်သာဓကအချို့လည်းရှိခဲ့ဖူးကြောင်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လလယ်ပိုင်းက ရန်ကုန်မြို့ ရှိ အဆောက်အအုံ ၂၅ လုံးကို အန္တရာယ်ရှိအဆောက်အအုံများ အဖြစ် ထပ်မံ သတ်မှတ်ခဲ့ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီ ရ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

5 comments

  • kai

    April 6, 2010 at 9:58 am

    အင်္ဂလိပ်ခေတ်ကတည်းက ဂရန်တွေနဲ့မို့ ဘယ်သူကဘယ်လိုတွေဖန်တီးကြမလည်း မသိရပေမဲ့…
    သာမန်အားဖြင့်တော့.အဲဒါမျိုးအိမ်မှာနေသူတွေက သက်တန်းကုန်ဂရန်တွေ။ ဂရန်မရှိတာတွေ များမယ်ထင်ပါတယ်။

    ပြန်ဆောက်တဲ့အခါ..ငလျှင်ဒဏ်ခံနိုင်တဲ့ တိုက်တွေ ဆောက်ဖို ့၊ ကားရပ်ဖို ့နေရာတွေပါထည့်ဆောက်ဖို ့၊ ရေဆိုး၊မိလ္လာစံနစ်ပါ သေချာလုပ်ဖို ့တိုက်တွန်းလိုက်ချင်ပါတယ်။
    ဖြစ်နိုင်ရင်တော့ အောက်ထပ်က ရှောပင်းမောကြီးနဲ့ အပေါ်ပိုင်းက လူနေအိမ်ခန်းတွေဖြစ်တဲ့ တိုက်သစ်တွေနဲ့ မြင်ချင်မိတာပါပဲ။
    ရန်ကုန်ကိုလေ..။

  • susunosuki

    April 17, 2010 at 4:09 pm

    နေတာတော့မနေသင့်တော့ပါဘူး
    ပြောင်းရွှေ့စရိတ်မတတ်နိုင်သူတွေကို အစိုးရ က ငွေထုတ်ချေးသင့်ပါတယ်

  • etone

    May 22, 2010 at 8:13 am

    အင်းလေ လျှပ်တစ်ပြတ်စစ်ပြီးပြောင်းရမယ်ဆိုတော့ ပိုက်ဆံအဆင့်သင့်လက်ထဲမှာမရှိရင်ဘယ်လိုလုပ်မလဲနော် ။
    အစိုးရက ထုတ်ချေးသင့်တယ် susunosuki ပြောသလိုပဲ။

  • Yin Nyine Nway

    August 1, 2010 at 11:44 am

    ဪ ဪ.. သူတို့ ကလည်း အန္တရာယ် ရှိလို့ ပေးမနေပါဘူးဆိုနေမှ
    ပြိုကျမှ

  • winne

    August 1, 2010 at 12:30 pm

    ဝင်းနီလည်း အရင်က မြို့ထဲက တိုက်တခုမှာ နေတာ အဲဒီအိမ်က ပြောင်းလာတာဆိုအခု ၁၅နှစ်လောက် ရှိနေပြီ အဲဒီတုန်းကတောင် အိမ်က ၈ဝကျော် သက်တမ်းရှိနေလို့ မနေချင်တော့လို့ အိမ်ပြောင်းတာ အခုထိတော့ လူတွေက စီးပွားရေး အချက်ကျလို့ နေကြတယ် အမှန်ဆို နေခဲ့တဲ့ သက်တမ်းနဲ့ အတွေ့အကြုံအရ အိမ်တွေက ရေယိုတာတွေ ဖြစ်နေကြတာ အိမ်နောက်ဘက်တွေက မီးဖိုချောင်တွေက သုံးကြတော့ ရေတွေက ဘယ်က ယိုနေမှန်းမသိဘူး အိမ်သာတွေက ပိုက်ပေါက်ရင်လည်း နံသေးတယ် လူတွေက မဖြစ်တော့လည်း သည်းခံနေကြတာပေါ့လေ။ အိမ်တွေကတော့ ထုထည်တော်တော် ကြီးမားပြီး အင်္ဂလိပ်ခေတ်က ဆောက်ထားကြတာ ဆိုတော့ အုတ်ဘဲပါတယ် သံ မပါဘဲ သစ်သား တိုင်လုံး အကြီးကြီးတွေနဲ့ ဆောက်ထားတာ ခိုင်တော့ ခိုင်မာတယ်။ နောက်ဆောက်တဲ့ အိမ်အသစ်တွေကတော့ တိုက်အမြင့်နဲ့ ကားရပ်နား နေရာတွေပါ ထည့်သွင်းပြီး ဆောက်သင့်တယ် အခုခေတ်ကလည်း ဈေးတွေဆောက် ကားအတွက် နေရာထည့်ဆောက်ထားလည်း ရောင်းခါနီကျတော့တော့ လောဘ အတောမသတ်နိုင်ဘဲ ဆိုင်ခန်းတွေ လုပ်ပစ်ပြီး ရောင်းလိုက်တော့ ကားတွေ ရပ်စရာ နေရာမရှိဖြစ်ပြီး ကားတွေ ကြပ်ကုန်တာ။

Leave a Reply