မြောက်ကိုရီးယားနဲ ့ တောင်ကိုရီးယား ဆော်ကုန်ကြပြီ

ဂ်စ္စူNovember 23, 20109min14111

ဆိုလ်း-November 23, 2010
မြောက်ကိုရီးယား နိုင်ငံသည် နိုဝင်ဘာလ ၂၃ ရက်နေ့ ကိုရီးယား စံတော်ချိန် နေ့လည် ၂ နာရီ ၃၄ မိနစ်က တောင်ကိုရီးယား ရေပိုင်နက် ဘက်ခြမ်းရှိ ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော တောင်ကိုရီးယားကျွန်း ယုံပြောင် (Yeonpyeong) သို့ လက်နှက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အချက် ၂၀ဝ ခန့်ထိမှန်ပြီး အိမ်ခြေများစွာ ပျက်စီးကာ တောင်ကိုရီးယား ဘက်မှလည်း ပြန်လည် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

http://patheincity.com/news//HLIC/74f51fd97bd3956d0b0ba4a257db2339.jpg

http://patheincity.com/news//HLIC/1b55575b1442fde10b9971f4d25b35d5.jpg

CNN သတင်းဌာန၏ ဖော်ပြချက်အရ တောင်ကိုရီးယား တပ်မတော်သား ၁၄ ဦးနှင့် အရပ်သာ ၂ ဦး ဒဏ်ရာရရှိပြီး တောင်ကိုရီးယား ဘက်မှလည်း ကာကွယ်သည့်အနေဖြင့် အချက် ၈ဝ ခန့် ပြန်လည်ပစ်ခတ်ကာ တိုက်လေယဉ်များ အသင့်ပြင်ထားကြောင်း သိရသည်။

http://patheincity.com/news//HLIC/dd16d3e44d0f6bce71d61f2ae13eb21c.jpg

တောင်ကိုရီးယား နိုင်ငံမြို့တော် ဆိုလ်းတွင် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က အစိုးရပိုင်း ထိပ်တန်း အကြီးအကဲများ၊ ကာကွယ်ရေး လုံခြုံရေးဆိုင်ရာ ဝန်ကြီးများ နှင့် အရေးပေါ် အစည်းအဝေး ခေါ်ဆိုခဲ့ပြီး နိုင်ငံ တစ်ဝှမ်းလုံးတွင် စစ်ပွဲမဟုတ်သော ကာလများ အတွင်း အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

http://patheincity.com/news//HLIC/8c5468a791e3e2673d85c8dc548a587b.jpg

http://patheincity.com/news//HLIC/106958f7c294131433ccf64ebcbaac2f.jpg

http://patheincity.com/news//HLIC/65a79c193417cc0f5eb53c8eda4018d9.jpg

BBC သတင်းဌာန၏ ဖော်ပြချက်အရ တောင်ကိုရီးယားဘက်မှ သေဆုံးသူ တပ်မတော်သား ၂ ဦးရှိပြီ ဖြစ်ကာ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က မြောက်ကိုရီးယား၏ အပြုအမူအပေါ် တိတိကျကျ တုန့်ပြန်ရန် အမိန့်ပေးထားပြီး တစ်ချိန်တည်းမှာပင် အခြေအနေကို ဒီထက်ပိုမို ဆိုးရွားမှု မပြင်းထန်စေရန် ညွှန်ကြားထားကြောင်း သိရသည်။

http://patheincity.com/news//HLIC/2d58226de3ac33f57026f3a8fd92a672.jpg

Source:

http://feedproxy.google.com/~r/patheincitynews/~3/-OuB6tWwcBs/

PatheinCity News | Source:AllKpop

စိတ်တော့မကောင်းဘူးဗျာ။
မြောက်ကိုရီးယားက အရင်စဆော်တာ။အောက်မှာ ဖတ်ကြည့်ပါ။
http://www.quigonjinn02.appspot.com/media.voanews.com/images/VOA--Buddhist_Ceremony-23_Nov1.jpg

ကမ္ဘောဒီးယားနိုင်ငံမှာ မနေ့က လူအုပ်ပိ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းဖွယ် ဆုတောင်းပွဲ တရပ်ကို ဒီနေ့ ကျင်းပခဲ့တဲ့ အချိန်မှာပဲ သေဆုံးသူ ဦးရေဟာ ပိုပြီး များလာနေပါတယ်။ ကမ္ဘောဒီးယား အစိုးရက အခုချိန်ထိ သေဆုံးရသူ အရေအတွက်ဟာ ၃၇၈ ယောက် ရှိသွားပြီလို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေဟာလည်း ရာနဲ့ချီပြီး ရှိနေတယ်လို့ ဆိုပါတယ်။ အခုလို ဝမ်းနည်း ကြေကွဲမှုကြီး ဖြစ်ရတာကတော့ ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်စဉ် ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပတဲ့ ရေကစားပွဲကြီး အပြီး လူအုပ်ကြီးက ဝရုန်းသုန်းကားနဲ့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရင်းနဲ့ တယောက်ကို တယောက် ပိပြီး အခုလို လူ ရာနဲ့ချီ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်က ဗွီအိုအေ သတင်းထောက် ရောဘတ် ကာမစ်ကယ်လ် (Robert Carmichael) ပေးပို့ထားတဲ့ သတင်းကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ဖနွမ်းပင်မြို့က တံတားတခုပေါ်မှာ လူအုပ်ပိ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းဖွယ် ဆုတောင်းပွဲတခုကို ဒီနေ့ နေ့လယ် လုပ်နေရာမှာ ဗုဒ္ဓဘာသာ သံဃာတော် အပါး ၅၀ဝ က ဝတ်ရွတ်ခဲ့ကြပါတယ်။ ဒီကြေကွဲမှုကြီး ဖြစ်အပြီး ၂၄ နာရီအတွင်းမှာပဲ ကမ္ဘောဒီးယား အစိုးရက တိုင်းပြည်ရဲ့ အပျော်ရွှင်ရဆုံး ပွဲတော်တခုမှာ လူအများအပြား ဘယ်လိုဘယ်ပုံ သေဆုံးခဲ့ရတယ် ဆိုတာကို စုံစမ်းစစ်ဆေးဖို့ ကော်မတီတခု ဖွဲ့လိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာ ဆယ်စုနှစ် များစွာအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တခု ဖြစ်ပါတယ်။ သေဆုံးခဲ့ရသူ အများစုဟာ လူငယ်တွေ ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေနဲ့ အသက် ၂ဝ ကျော် အရွယ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ဖနွမ်းပင်က ရေကစားပွဲကို လာကြတဲ့ လူပေါင်း ၂,၀၀၀,၀၀ဝ ထဲက ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ မိုးရာသီ အဆုံးသတ်အဖြစ် လုပ်တဲ့ပွဲတော် ဖြစ်ပါတယ်။

၁၉ နှစ်သာ ရှိသေးတဲ့ ဘူဝပ် ပန်ညာ (Buot Panha) က ဖနွမ်းပင်မြို့မှာ လူတွေ အများအပြား တင်ထားတဲ့ ကာလ်မက်တ် (Calmette) ဆေးရုံကို ရောက်နေပါတယ်။ သူ့သူငယ်ချင်း ၂ ယောက် ပြန်ဆင်းလာမှာကို စောင့်နေတာ ဖြစ်ပါတယ်။ တနင်္လာနေ့က ည ၉ နာရီ ပြီးတာနဲ့ ဒီတံတားပေါ်က လူအုပ်ကြီးကြားမှာ သူနဲ့ သူ့သူငယ်ချင်းတွေ ပိတ်မိသွားပါတယ်။ သူ့ဘေးမှာ ကြောက်လန့်နေတဲ့ လူအုပ်ကြီးဟာ လွတ်ထွက်နိုင်ဖို့ ကြိုးစား အော်ဟစ်နေချိန်မှာ အသက်ကိုတောင် ဝအောင် သူတို့ မနည်းရှူခဲ့ရတယ်လို့ ဆိုပါတယ်။

သူကတော့ အရပ်ရှည်တော့ တခြားလူတွေထက် ခေါင်းထောင်ထွက်နိုင်ပြီး အသက်ရှူနိုင်ခဲ့တဲ့အတွက် အခုလို အသက်ရှင်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ အရပ်ပုတဲ့လူတွေ အတွက်ကတော့ အခုလို မရှူနိုင်ခဲ့ပါဘူး။ သူပြောတာက ဒါကြောင့်မို့ သေဆုံးသူခဲ့ရသူရဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ ဆက်ပြောတာက အခုလို ဖြစ်ရတာ ဖနွမ်းပင်က ရေကစားပွဲမှာ ပထမဆုံး ဖြစ်တာပါ၊ အခုလိုဖြစ်မယ်လို့ သူ လုံးဝ မထင်ခဲ့ကြောင်း ပြောပါတယ်။ လူတွေ အခုလို အများအပြား သေဆုံးခဲ့ရတာ မယုံနိုင်စရာပဲလို့ သူက ဝမ်းနည်းကြေကွဲဖွယ် ပြောပါတယ်။

ဘူဝပ်ဟာ ကလေး ၂ ဦးနဲ့ ပိတ်မိနေတဲ့ အမျိုးသမီးတဦးကို ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူမက ကယ်ပါ၊ ကူပါလို့ တစာစာ အော်နေခဲ့ပါတယ်။ ဘူဝပ်ကတော့ အရပ်ရှည်တော့ ကလေးတဦးကို ဆွဲပွေ့ယူပြီး လူအုပ်ရဲ့ အပေါ်ကို မတင်လိုက်ပါတယ်။ ကလေး အသက်ရှူနိုင်အောင် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ တချို့လူတွေက တခြားလူတွေအတွက် တံတားပေါ်မှာ နေရာရနိုင်ဖို့၊ နေရာချဲ့ပေးနိုင်ဖို့အတွက် တံတားပေါ်ကနေ တချို့ ရေထဲ ခုန်ချဖို့ ပြောလာပါတယ်။ ဒါကြောင့် သူက ကလေးကို မိခင်ထံ ပြန်ပေးခဲ့ပြီး ရေထဲကို ခုန်ချခဲ့ရပါတယ်။

ဘူဝပ်လိုပဲ တချို့လူတွေကတော့ ကံကောင်းသွားခဲ့ပါတယ်။ ရေထဲကို ခုန်ချရာကနေ ကမ်းကိုကူးပြီး အသက်ရှင်သွားခဲ့ရပါတယ်။ ဒါပေမဲ့ အများစုကတော့ မလှုပ်နိုင်တော့ဘဲ ပိတ်မိပြီး သေဆုံးခဲ့ကြရပါတယ်။ ဘူဝပ်က ခုနက မိခင်နဲ့ ကလေး ၂ ဦး သေဆုံးသွားခဲ့မယ်လို့ စိုးရိမ်နေပါတယ်။

“ကလေးရော မိခင်တွေပါ သေဆုံးသွားမယ်။” လို့ သူက ပြောခဲ့ပါတယ်။

အစိုးရ အရာရှိတွေကတော့ ရွက်ဖျင်တဲကြီး ၂ ခုကို ဆေးရုံနားမှာ ထိုးထားပါတယ်။ ရွက်ဖျင်တဲကြီး တခုမှာတော့ အမည်မသိသေးတဲ့ အလောင်း ၅ဝ ကို ပုံပြီး အဝတ်ဖြူတွေနဲ့ အုပ်ထားပါတယ်။ ရဲတွေက သေသူတွေရဲ့ လက်ဗွေတွေကို ယူနေပါတယ်။ အနားမှာတော့ ရာနဲ့ချီတဲ့ မိသားစု အဖွဲ့ဝင်တွေက ထိုင်ပြီး ငိုကြွေးနေကြပါတယ်။

ဘူဝပ်က အခုလို ရေကစားပွဲမှာ ဖြစ်ရတာဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး နောက်ဆုံးလည်း ဖြစ်မှာပါလို့ ဆိုပါတယ်။ သူ့အနေနဲ့ နောက်တခေါက် ရေကစားပွဲကို ထပ်သွားတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Source:http://www.voanews.com/burmese/news/cambodia-110148854.html

http://i52.tinypic.com/2ah8y9g.jpg

ဒီကနေ့နေ့လည်၂နာရီခွဲကျော်ကျော်လောက်က မြောက်ကိုးရီးဘက်မှ တောင်ကိုးရီးယားနိုင်ငံရှိ yeonpyeong ကျွန်းသို့ ဒုံးလက်နက်များဖြင့် အချက်ပေါင်းများစွာ စတင်ပစ်ခတ်ခဲ့ရာ လူနေအိမ်ပေါင်းများစွာမီးလောင် ပျက်ဆီးပြီး တောင်ကိုးရီးယားစစ်တပ်မှကမ်းခြေစောင့် စစ်သား(၂)ဦးသေဆုံးပြီး အရပ်သား(၃)ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး၁၅ယောက်မှာသိပ်မပြင်းထန်သောဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူဦးရေဟာ ဒီထက်ပိုမိုလာနိုင်ဖွယ်ရှိတယ်လို့လည်း တောင်ကိုးရီးယားအသံလွှင့်ဌာနKBSမှထုထ်လွှင့်သွားပါတယ်။ မြောက်ကိုးရီးယားဘက်က ပစ်ခတ်မှုဟာ နေ့လည် ၄နာရီခွဲအချိန်ထိ ပစ်ခတ်မှုအကြိမ်ပေါင်း (၂၀၀)လောက်ရှိတယ်လို့ပြောဆိုပါတယ်။

တောင်ကိုးရီးယားစစ်တပ်မှလည်း ဒုံးလက်နက်များဖြင့် အချက်ပေါင်း၈ဝခန့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ညနေ ၆နာရီအချိန်မှာတော့ တိုက်ပွဲမှာရပ်ဆိုင်းသွားပါတယ်။ နိုင်ငံ ၏ အချို ့နေရာများ ကို အရေးပေါ်အခြေအနေ သတ်မှတ်ထားပြီး တောင်ကိုးရီးယား ပူးတွဲတပ်မများ အသင့်ပြင်ထားကြောင်း တောင်ကိုးရီးယားမီဒီယာများမှ ပြောဆိုနေကြပါတယ်။ ထိုကျွန်းမှာနေထိုင်နေကြတဲ့ သူများဟာငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးနေထိုင်နေကြသူများဖြစ်ပါတယ်။

Credit to Feedom News Group

Smoke billows from Yeonpyeong island near the border with North Korea.Smoke billows from Yeonpyeong island near the border with North Korea. Photo: AP

NORTH Korea’s young dictator-in-waiting has burnished his leadership credentials by launching a deadly artillery raid on South Korean territory, causing Seoul to scramble F16 jet fighters and return fire.

Two South Korean marines were killed and at least 15 people were wounded as shells rained down on Yeonpyeong island, off the north-west coast of South Korea.

Hundreds of terrified residents huddled in bunkers or fled by boat as buildings and trees went up in flames and smoke billowed above the island.

Advertisement: Story continues below // <![CDATA[

//

The attack occurred half way between Seoul and the Yellow Sea location where 46 South Korean sailors were sunk in a torpedo attack in March.

Seoul returned fire with 80 shells and scrambled fighter jets over the island. It also put its military on the highest alert level as President Lee Myung-bak ordered officials to ”respond sternly” but to avoid aggravating the situation.

Pyongyang last night claimed Seoul had fired first. ”The South Korean enemy, despite our repeated warnings, committed reckless military provocations of firing artillery shells into our maritime territory,” the North’s military command said.

It said the North would ”continue to make merciless military attacks with no hesitation if the South Korean enemy dares to invade our sea territory by 0.001 mm. It is our military’s traditional response to quell provocative actions with a merciless thunderbolt”.

The attack added to fears set off last week when the North revealed a previously unknown uranium enrichment facility.

The attack on the island drew international condemnation and prompted plans for an emergency session of the United Nations Security Council.

Washington called on North Korea to ”halt its belligerent action” and ”fully abide” by the armistice deal that ended the 1950-53 Korean War.

”The United States is firmly committed to the defence of our ally, the Republic of [South] Korea, and to the maintenance of regional peace and stability.”

In Japan, which has long had difficult relations with the reclusive state, Prime Minister Naoto Kan ordered his government to prepare for any eventuality.

In Canberra, Prime Minister Julia Gillard expressed ”grave concern at this dangerous provocation by North Korea” and said the government was consulting with South Korea, Japan and the US over the situation.

Foreign Minister Kevin Rudd also expressed fear. ”This is bad for the stability and security of the region,” he told Sky News.

China, Pyongyang’s only major ally, urged a resumption of six-nation talks aimed at ending the North’s nuclear program. ”We express concern over the situation,” a foreign ministry spokesman said. ”It is China’s consistent and firm position to realise de-nuclearisation on the [Korean] peninsula through dialogue and consultation.”

Zhang Liangui, a North Korea expert at Beijing’s Central Party School, told The Age that Kim Jong-un, 26-year-old son of dictator Kim Jong-il and his anointed successor, was deliberately destabilising his environment to mobilise the military and consolidate his power. There have been previous skirmishes along the border but the stakes are getting higher.

Yesterday’s exchange comes days after North Korea revealed the existence of a uranium enrichment facility to an American scientist. Siegfried Hecker told The New York Times he was ”stunned” by the plant’s sophistication, which North Korea said was operating 2000 centrifuges.

If verified, this would take Pyongyang towards building far more powerful warheads than the eight to 12 plutonium-based warheads it is estimated to have built over the past five years.

Stephen Bosworth, the US Special Representative for North Korea, arrived in China last night to brief officials on Pyongyang’s new enrichment facilities.

North Korea is believed to lack technology to shrink warheads and deliver them accurately, but it still has one of the world’s largest concentrations of conventional weapons lined along the 38th parallel.

While China does not support Pyongyang’s nuclear program, it has repeatedly sheltered it from international punishment and allegedly failed to strictly enforce anti-proliferation measures. China has twice hosted Kim Jong-il this year and generally pushed for closer ties.

North Korea’s behaviour will be an embarrassment for China as President Hu Jintao prepares to visit Washington in January, the first official head of state visit since 1997.

Professor Zhang said the latest episode was unlikely to escalate because the North was mainly ”venting anger”. He said it wanted concessions from Seoul and recognition from the global community.

North Korea does not recognise the border unilaterally drawn by the UN at the close of the Korean War. The two Koreas have fought three bloody skirmishes near the maritime border in recent years.

With AGENCIES

Source:http://www.theage.com.au/world/korea-tensions-soar-as-deadly-attack-launched-20101123-185mx.html?from=age_sb

11 comments

  • ကိုဘကောင်း

    November 23, 2010 at 5:38 pm

    Mandalay ဂေဇက် ခင်ဗျား .. Freedom News Group က သတင်း ကို ကူးယူဖော်ပြတာ Credit ပေးသင့်ပါတယ် ..ကျင့်ဝတ် အရပေါ့ ဒီသတင်း က ဒေါင်းမန် ဟုန် ကိုယ်တိုင် Freedom News Group က ကူးယူသွားတာပါ

  • kai

    November 23, 2010 at 6:51 pm

    အင်း… ရှုပ်ကုန်ပါပြီ။
    ပို့စ်တင်သူခင်ဗျား..။ အပေါ်ကပေးထားတဲ့ ခရက်ဒစ်က မှားနေပါတယ်တဲ့..။ဘာသာပြန်ရတာလည်း မလွယ်တာမို ့.. မူရင်းပြန်သူကို ခရက်ဒစ်ပြန်ပြင်ပေးစေလိုပါတယ်ခင်ဗျား..။

  • ကြယ်လေး

    November 23, 2010 at 9:22 pm

    Mandalay ဂေဇက် ကကူးလာတာမဟုတ်ပါဘူး

    ကိုPaukPhaw ကမသိသေးတဲ့ မြန်မာလူမျိုးတွေ သိရအောင်ကူးယူမျှဝေတာပါ

    Mandalay ဂေဇက် က မန်ဘာ PaukPhaw ခင်ဗျား လို့ တိုင်တည် ပြောတာပိုသင့်တော်ပါမယ်

    ကူးတဲ့သူက ဒေါင်းမာန်ဟုန်ကကူးလာတာ ဒေါင်းမာန်ဟုန်ကိုညွှန် ထားတယ်

    ဒေါင်းမာန်ဟုန်ကိုလိုက်သွားရင် FNG ကမူရင်းဆိုတာသိမှာပဲ

    နေပါအုံး

    ဒီလိုသတင်းကကိုယ့်မြန်မာလူမျိုးတွေ အမြန်သိသင့်တဲ့ သတင်းမျိုးမဟုတ်ဘူးလား

    စစ်ရေးသတင်းပဲ ကိုရီးယား ရောက်မြန်မာလူမျိုးတွေ မြန်မြန်ဖတ်မိတော့ကောင်းတာပေါ့

    သတင်းပထမစိုက်ဖန်တီးတင်တဲ့သူကော ကူးယူမျှဝေတဲ့သူကော ကိုယ့်ဝါသနာ ကိုယ် တတ်တဲ့ပညာနဲ့တဖက်တလမ်းက ကိုယ်.လူမျိုးတွေ ကိုကူညီပံ့ပိုးတာမျိုးဆိုကောင်းမယ်

    ကိုယ့်နာမည်ရဖို့ ကိုယ် ့ website နာမည်ရဖို့ စပွန်စာရဖို့ မျှော်ကိုးပြီးလုပ်တာမျိုးတော့မဖြစ်စေချင်ဘူး

    မျက်စိပိတ် နားပိတ်ခံနေရတဲ့ မြန်မာလူမျိုးတွေအတွက် သတင်းလျှင်မြန်စွာ စီးစင်းမှူကိုပိုအားပေးပါတယ်

    ဖန်တီးသူတွေကိုလဲကျေးဇူးတင်ပါတယ်

  • PaukPhaw

    November 24, 2010 at 3:27 am

    တာဝန်သိပြည်သူ ကိုဘကောင်းရေ
    Credit ပေးတာ အတင်းမှားခိုင်းနေလို ့ ပြန်ပြင်ပေးထားပါတယ်ခင်ဗျ။
    ဒါပေမဲ့…ကျနော်မျိုးကြီး ဒေါင်းမာန်ဟုန်ကနေ ၏၊သည်၊မ၍ ကူးယူဖော်ခဲ့တာတော့ အမှန်ပဲ ဖြစ်လို ့ဒေါင်းမာန်ဟုန်ကို Credit ပေးခဲ့တာပါ။
    FNG မှာလဲ ဒီသတင်းကိုတွေ ့ပါတယ်။သို ့သော်လဲ
    FNG ကို ရတနာပုံက လူတော်တော်များများ သိနေပြီဖြစ်တဲ့အတွက် FNG က
    သတင်းကို မယူပဲ ဒေါင်းမာန်ဟုန်ကနေ ယူခဲ့တာလဲ ဖြစ်ပါတယ်။
    ကျနော်လဲ မူရင်းရေးသားသူကိုပဲ စေတနာဗလပွနဲ ့ Credit ပေးချင်တာအမှန်ပါခင်ဗျ။

    တစ်လက်စထဲ ဒေါင်းမာန်ဟုန်ကပဲ updated news လေးတွေ ့တာနဲ ့
    မန် ့ခ် ခဲ့ပါတယ်။

    မြောက် ကိုရီးယား နှင် ့ တောင်ကိုရီးယား ပစ်ခတ်မှူ တွင် တောင်ကိုရီးယား မရိန်းတပ်သား ၂ ဦး အသက် Sergeant Seo Jeong-woo ၂၂ နှစ် နှင် ့ Private 2nd Class Moon Kwang-wook ၂ဝ နှစ် သေဆုံးပြီး ၁၆ ဦးဒဏ်ရာ ရကာ ထိုအထဲမှ ၆ ဦး ဒဏ်ရာ ပြင်းထန် စွာရရှိခဲ ့သည်
    အရပ်သား ၃ ဦး လည်းဒဏ်ရာရရှိခဲ ့ပြီး အိမ် များ နှင် ့ သိုလှောင်ရုံ (ဂိုထောင်) များလဲ မီးလောင်ခဲ ့သည် တောမီးများလဲ လောင်ကြွမ်း နေပြီး ရန်ဖျောင်း ကျွန်း တစ်ကျွန်း လုံး မီးများ ပြတ်တောက် သွားခဲ ့သည် ။ အရပ်သား များကို အင်ချွန်း သို ့ရွှေ ့ပြောင်းပေးထားပြီး အချို ့ အရပ်သားများကို ဘန်ကာများသို ့ ပြောင်းရွှေ ့ ပေးထားခဲ ့သည် ။ နေ ့လည် ၂ နာရီ ၃၄ မီးနစ်တွင် ပထမအကြိမ်ပြစ်ခတ်ခဲ ့ပြီး ၂နာရီ ၄၉ မီနစ် အထိ အချက် ၂ဝ ပျော်ပြစ်ခတ်ခဲ ့သည် ။ ၃ နာရီ ၁ဝ မီးနစ် မှ ၄၁ မီး နစ်အထိ ဒုတိယ အကြီမ် ပြစ်ခတ်ခဲ ့သည် ။ မရိန်းတပ် အတွင်း K 9 ( တင် ့ကား)အမြောက် တပ် လက်နှက်တိုက် ၊ စစ်တန်းလျား နှင် ့ အနီး ရှိ အိမ် များပေါ်သို ့ ကျရောက်ခဲ ့သည် ။ ရန်းဖျောင်းကျွန်း မှ ၁၂ ကိလိုမီတာ ဂဲ ဘော်ရီ အမြောက် စခန်းမှ မှပြစ်ခတ် ခဲ ့သည် ။ တောင်ကိုရီးယားမှ လဲ အချက် ၈ဝ ပြန်လည်ပစ်ခတ်ခဲ ့သည် ။ အဆိုပါယန်းဖောင်းကျွန်း သည် နယ်ကြားမျည်း NLL မှ ၁-၅ ကီလိုမီတာ အကွာ တွင် တည်ရှိသည် ။ အဆိုပါ အမြောက်တပ် မှ K 9 တင် ့ကားများ များ သည် နံနက် ၈ နာရီ အချိန်မှ စတင်၍ ပင် လယ်ပြင်သို ့ ပစ်ခတ် စစ်ရေး လေ ့ကျင် ့နေချိန်ဖြစ်သည် ။ အဆိုပါ စစ်ရေး လေ ့ကျင် ့မှု ့သည် ၂၂ ရက်နေ ့မှ လ ကုန်သည် အထိ လေ ့ကျင် ့ရန် ဖြစ်သည် ။ ယနေ ့ တိုက်ခိုက် မှု ့ကြောင် ့ အဆိုပါ စစ်ရေးလေ ့ ကျင့် မှု ့ ရပ်တန် ့ မည် မဟုတ်ဟု တောင်ကိုရီးယား စစ်ရုံးမှ ထုတ်ဖေါ်ပြောကြားခဲ ့သည် ။ အဆိုပါ ကျွန်း တွင် မီးသတ်ကား တစ်စီးသာရှိ သည် ။ အင်ချွန်း မြို ့ မှ မီး သတ်ကား နှင် ့ လူနာတင် ယာဉ် များ ပို ့ဆောင်လျှက် ရှိသည် ။ မြောက်ကိုရီးယား အသံလွင် ့ဌာ မှ တောင်ကိုရီးယားမှ စတင်ပြစ် ခတ် ခဲ ့သည်ဟု ကြေညာခဲ ့သည် ။ မြောက်ကိုရီးယား မှ ထိခိုက်မှု ကို ထုတ်ဖေါ်ပြောကြား မှု ့ မရှိပေ ။

    http://world.kbs.co.kr/korean/news/news_photo_detail.htm?No=15648

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 24, 2010 at 4:12 am

    မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားပိုင်နက် လူနေထူထပ်တဲ့ ကျွန်းပေါ်ကို အမြောက်နဲ့ တရစပ် ပစ်ခတ်ခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ်က ပြန်လည် ပစ်ခတ်နေကြသလို ဂျက်တိုက်လေယာဉ်တွေ ဝေဟင်မှာ ပျံသန်း ကာကွယ်နေကြပါပြီ။

    နှစ်ဘက်အကြား ဒီတိုက်ခိုက်မှုဟာ အပြင်းထန်ဆုံးဖြစ်ပြီး တောင်ကိုရီးယား စစ်သား ၂ ယောက် သေဆုံး၊ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဒါ့အပြင် အဲဒီ ယောင်ဖြွန်းကျွန်း (Yeonpyeong) က လူနေအိမ် အတော်များများ မီးသင့်ပြီး အရပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    ကျွန်းသူ ကျွန်းသား ၁,၀၀ဝ ကျော်ကို အရေးပေါ် ခိုလှုံရေး စခန်းတွေကို ရွှေ့ပေးခဲ့ရပါတယ်။

    တောင်ကိုရီးယား သမ္မတ အီမြောင်ဘက်ခ် (Lee Myeung-bak) က အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ပြီး နှစ်ဘက် အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကို ဟန့်တားနိုင်ရေး လုံခြုံရေးရာ ဝန်ကြီးတွေ၊ တခြား တာဝန်ရှိသူတွေနဲ့ တိုင်ပင်နေပါတယ်။

    မြောက်ကိုရီးယားရဲ့ အခုလို တိုက်ခိုက်မှုဟာ စစ်ရေးအရ ရန်လိုမှုကို ပြတ်ပြတ်သားသား ပြသလိုက်တာဖြစ်ပြီး ဆက်ပြီး တိုက်နေမယ်ဆိုရင် ဒီ့ထက်မက ပိုဆိုးနိုင်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေး လိုက်ပါတယ်။

    မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ အခုလို ရန်လိုတဲ့ လုပ်ရပ်ကို ရပ်တန်းကရပ်ပါလို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပြီး တောင်ကိုရီးယားနိုင်ငံကို ကာကွယ်ရေး အမေရိကန် ပြည်ထောင်စုက တာဝန်ယူထားတာကို ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

    မြောက်ကိုရီးယားနိုင်ငံ ကမ်းခြေနဲ့ ၈ မိုင်အကွာ ပင်လယ်ဝါအတွင်းက ယောင်ဖြွန်းကျွန်း(Yeonpyeong island) ပေါ်မှာ တောင်ကိုရီးယားက နှစ်စဉ်လုပ်နေကျ စစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတဲ့အချိန်မှာ အခုလို တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ကန့်ကွက်နေပါတယ်။

    တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုအတွင်းမှာ လေ့ကျင့် ပစ်ခတ်မှုတွေဟာ ပင်လယ်ဝါဘက်ကို ဦးတည် ပစ်ခတ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဘက်ကို မပစ်ခတ်ခဲ့ဘူးလို့လည်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
    http://www.voanews.com/burmese/news/north-south-korea-110113554.html
    ဒါကတော့ ကျွန်တော်တို ့ပြည်သူ ့အချစ်တော် VOA မြန်မာပိုင်းကပါခင်ဗျ
    ကျွန်ုုပ်အမြင်ဟာဆိုရင်ဖြင့် အမေရိကန်နှင့်အလွန်ပဏာရသော တောင်လူသားများကို မြောက်လူသားများနှင့်ပေါင်းစည်းရေးကို
    ပေါက်ဖော်ကြီးမှ ကြည်ဖြူမည်မထင် (မြောက်တွေမွဲတော့ သူဈေးရောင်းရမယ် အမေရိကန်တွေရဲ ့ဒီမိုကရေစီ စီးကြောင်းတွေသူတို ့ရွာထဲမဝင်နိုင်)
    ဂျပန်နှင့်တောင်၏ မကြည်မကြည် အခြေနေတွင် ပေါက်ဖော်ကြီး ကအခွင့်ရေးကို ဆုပ်ကိုင်ထားပြီး
    ကိုဘားမားနှင့်ကျွန်ုပ်တို ့ဘော်ဘော်ဖြစ်မည့်အရေးကို အားကြိုးမာန်တက် ဟန် ့တားနေပါသည်ဟု သုံးသပ်လိုက်ပါသည်။
    ဒါကတော့ မန်းလေးဂေဇက်၏ အဆင့်မြင့်ထိပ်တန်းသတင်းထောက် အမေရိကန် အာရှဒေသ အထူး(အလွန် ့အလွန်တော်သော)
    ပညာရှင် မိုက်ကယ်ဂျော်နီအောင်ပု ၏ ဂြိုလ်တုမှ တိုက်ရိုက်ပေးပို ့သောသတင်ဖြစ်ပါသည်။

  • kai

    November 24, 2010 at 6:43 am

    တော်တယ်ဗျာ…။ အောင်ဘုရဲ့ … ဂြိုလ်တုသတင်း…။
    မြန်မာပြည်ဟာ တောင်မြောက်ကိုရိးယား၊ တောင်မြောက်ဗီယက်နမ်တွေကို သေသေချာချာကြည့်ဖို့ကောင်းတယ်..။
    တရုတ်ပြည်မဟာ သူ့ရဲ့ ပင်လယ်ထွက်ပေါက်ကို ဘယ်တော့မှ အကျခံခဲ့တာမဟုတ်ဘူး။
    ဆိုတော့ .. စစ်အေးကာလက …ပါဝါကြီးတွေငြိကြပြီဆိုတဲ့ ခေတ်က ကြားထဲက…အဲဒီနိုင်ငံတွေ ၂ခြမ်းပြတ်ကုန်တာဖြစ်ပါတယ်..။
    အခုတော့ ဗီယက်နမ်က ..မြောက်ကအနိုင်ရလို့.. ဗီယက်နမ်တခုထဲဖြစ်နေတာမြင်ရတယ်ပေါ့နော..။ကိုရီးယားကတော့ မြီးပြတ်အိမ်မြောင်ဖြစ်နေတုန်းပေါ့..။

    ချကြပြီဟေ့ဆိုရင် .. တရုတ်က ပရော့စ်စီဝါး (proxy war)လုပ်မှာမို ့ ..မြေဇာပင်က .. အဲဒီနိုင်ငံသားတွေပါပဲ.။
    အခုကိစ္စမှာ .. အိုဘားမားက ..တရုတ်သမ္မတဆီဖုန်းခေါ်ပြီးလောက်ပြီ ထင်ပါကြောင်း… ယူအက်စ်ရဲ့လောလောဆယ် စီးပွားရေးအခြေအနေအရ … မြောက်က တောင်ကိုသိမ်းလိုက်ရင်လည်း .. ခံရယုံသာ ရှိပါတယ်ဆိုတဲ့အကြောင်း.. ။

  • bigcat

    November 24, 2010 at 6:50 am

    လူတွေမိုက်လုံးကြီးပြီး တဒုန်းဒုန်းတဒိုင်းဒိုင်းလုပ်တာနဲ့ ကြားကကြောင်တွေအချောင် အိပ်ရေးပျက်ကြတော့မှာပဲ။

  • လင်းဝေကျော်

    November 24, 2010 at 8:15 am

    မြောက်ကတောင်ကိုသိမ်းရင်တော့ သေပါပြီ။
    တောင်က မြောက် ကို သိမ်းရင်တော့ မြန်မာပြည်ကို ပါရိုက်ခတ်မှုရှိလာနိုင်တယ်။
    သို့သော် မြောက်ပြည်ဟာ လှိုဏ်ခေါင်းတွေထဲကနေ ပျောက်ကျားစစ်ပြန်ခုခံနိုင်တယ်။
    သို့မဟုတ် တကယ်တိုက်ရင် စစ်သားတွေအားလုံး တောင်ပြည်ဘက်ပြောင်းလို့ မတိုက်ပဲရှုံးသွားနိုင်တယ်။

  • eros

    November 24, 2010 at 10:39 am

    သောက်ကြိုးနဲ၊ မြောက်ဘက် တရုတ်ပါမယ်။ တောင်ဘက်က ကန်ပါမယ်။ တတိယကမ္ဘာစစ်မဖြစ်ပါစေနဲ့။

  • Cedric Diggory

    November 24, 2010 at 10:56 am

    စတုတ္ထကမ္ဘာစစ်မဟုတ်ဘူးလား

  • paukpauk

    November 24, 2010 at 12:28 pm

    ကျုပ်ကတော့ မြောက်ဘက်ကမြောက်ကိုရီးယား..
    တောင်ဘက်က…. မဖြစ်ပါစေနဲ့ပဲ အမောင်စစ်သည်ကို ပြောချင်တာ။
    ဒါပဲ။

Leave a Reply