ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီး ၁၁၅ မိုင်စခန်းတွင် စက်သုံးဆီ အရောင်းဆိုင်၊ ကားဝပ်ရှော့နှင့် တည်းခိုခန်းများ ဖွင့်မည်

BayoteApril 6, 20101min702

ရန်ကုန်မြို့မှ ၁၁၅ မိုင်အကွာရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်တွင် နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားစခန်းရှိရာ ယခုအခါ ခရီးသည် များ စိတ်တိုင်းကျမှာယူစားသောက်နိုင်သည့် အဆင့်မြင့်စားသောက်ဆိုင်များ ဖွင့်လှစ်ထားသည့်အပြင် မော်တော်ယာဉ်များနှင့် ခရီးသည်များ ဆင် ပြေစေရန် ရည်ရွယ်၍ စက်သုံးဆီအရောင်းဆိုင်၊ ကားပြင်အလုပ်ရုံနှင့် အသေးစားတည်းခိုခန်းများပါ ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ ၁၁၅ မိုင် နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားစခန်းကို Rest Camp ဟုအမည်ပေးထားသည်။ စခန်းမှာ ရန်ကုန်မြို့နှင့် နေပြည်တော်အကြား အလယ်ဗဟိုတွင် တည်ရှိသဖြင့် နေပြည်တော်နှင့်လည်း ၁၁၅ မိုင် ကွာဝေးသည်။ အဆိုပါလမ်းပိုင်းကို ခရီးသည်တင် အဝေးပြေး မှန်လုံ လေအိတ် ကားကြီးများ အများဆုံးပြေးဆွဲမှုရှိသည်။ ရန်ကုန်မြို့သို့ ဦးတည်ပြေးဆွဲနေသော မန္တလေး၊ မုံရွာ၊ ပြင်ဦးလွင်၊ လားရှိုး၊ တောင်ကြီး၊ ပုဂံညောင်ဦး စသောမြို့များမှ ကားများနေ့စဉ်စီးရေ ၃၀ဝ ခန့် ပြေးဆွဲလျက်ရှိပြီး ဘုရားဖူးယာဉ်များအပါအဝင် အခြားယာဉ်ကြီး၊ ယာဉ်ငယ်များပါ ပြေးဆွဲလျက် ရှိသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် ၁၁၅ မိုင်စခန်းမှအပ ကျန်နေရာများတွင် ခရီးသည် တင်မှန်လုံ လေအိတ် ကားကြီး များ လုံးဝရပ်နားခြင်း မပြုတော့ရာ ရပ်နားယာဉ်များအဆင်ပြေရေးအတွက် စက်သုံးဆီအရောင်းဆိုင်၊ ကားပြင်အလုပ်ရုံနှင့် အင်းများကိုပါ ဖွင့်လှစ် ခွင့်ပြုခြင်း ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

2 comments

  • kai

    April 6, 2010 at 9:52 am

    ကောင်းပါတယ်။ ယူအက်စ်က အဝေးပြေးလမ်းတွေလည်း အဲဒီလိုတွေရှိပါတယ်။ တချို ့ဗမာတွေ ကားကြီးပေါ်ကနေ ဈေးရောင်းတဲ့ မုန့်ဈေးတန်းကားတွေမှာတောင် အလုပ်လုပ်ကြတယ်။

    သာမန်လူတယောက် အပေါ့သွားချင်လာတဲ့ အချိန်ကိုက် မိုင်တိုင်တွေမှာ အဲဒီလိုအပန်းဖြေ၊စခန်း၊ စားသောက်တန်းတွေ ထားပေးသင့်တာပေါ့။
    ဒါမှ ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလန်း ပိုရတာပေါ့။
    တခြားနေရာတွေ လုပ်ခွင့်ပိတ်တာက မကောင်းဘူးပေါ့။ တွက်ချေမကိုက်ရင် ဈေးကွက်စီးပွားရေးမှာ ဘယ်သူမှ အရူးလုပ်ပြီး ထမဖွင့်ဘူးလေ. အစိုးရက နေရာတကာ မောင်ပါကြီး လုပ်နေတာတော့ ခက်သဗျို ့..။

  • Yin Nyine Nway

    August 1, 2010 at 11:46 am

    ကောင်းတယ်
    နို့ မဟုတ်ရင် တော်တော် ဒုက္ခရောက်ရတယ်

Leave a Reply